ဒ်ါစု ယူအက်စ်ခရီး တန့က ပြန်လာတာ့ ဝှီးချဲလ်နဲ့ အိမ်ပြန်ရတယ်၊ လာစာင့်ကြိုသူတွကို နှုတ်မဆက်နိုင်ဘူး။ အဲဒါ ဘာဖြစ်လဲဗျာ။ နိုင်ငံတာဝန် ပိနတဲ့ အသက်၇၀အရွယ် အဘွားအိုတဦး နေ့ဝက်လောက် လေယဉ်စီးလို့ ပင်ပန်းဒဏ်ထိတာ၊ သူများတွေလို ပြည်ပခရီးထွက် ဆိုပြီး တော်အိလျော်အိ မနေခဲ့တာ သူလုပ်ခဲ့တဲ့ အစီစဉ်ဇယား ကြည့်ရင်၊ သတင်းထုတ်ပြန်မှုတွေကြည့်ရင် သိတာပဲ။  ကိုယ့်လူတွေက သဲသဲလှုပ် ကာကွယ်ပြနေတော့ ခက်တယ်။ လူသားတဦး အိုမင်းလာရင် ပင်ပန်းတဲ့ဒဏ် ခံရတာ ဆန်းသလား။ မီဒီယာက သူ့အလုပ် သူလုပ်မယ်၊ သတင်းဝေဖန်ချက်ရေးမယ်။ ကြိုက်သူ မကြိုက်သူ အသံစုံထွက်မယ်။ ခုဖြစ်နေပုံက သိပ်စန်းစန်းတင့်လွန်းတော့ မုန်းသူမပြောနဲ့ ကိုယ်တောင် တခါခါ ဝင်ရိုက်ချင်တယ်။

မှောင်နေရင်လေ မီးထွန်းလိုက်

မှောင်နေရင်လေ မီးထွန်းလိုက်

လေဆိပ်မှာ မီးအမှောင်ချထားလိုက်တာ ပိုဆိုးစေတယ်။ ကြည့်ရတာ ဘွားဒေါ် ခေါင်းတောင် ထောင်နိုင်ပုံမရ။ ဟုတ်တယ် ဘာဖြစ်လဲ၊ ပင်ပန်းလို့ လဲတာ ခွင့်လွှတ်ကြမှာပေါ့၊ သနားစိတ်တောင်ပိုအုံးမယ်၊ လုပ်တတ်ရင်။ အဲဒီအခါကြ မကောင်းပြောမည့်သူ အသံတိတ်သွားမယ်။ အိမ်အကူခလေး၂ယောက် ပြသနာကိုပဲကြည့်၊ အဦးပိုင်းမှာ အင်းဝအပ်ချုပ်ဆိုင်နဲ့ အန်အယ်လ်ဒီ သက်ဆိုင်သလို ပုံတွေတက်လာတော့ ဖွတ်နဲ့မျိုးညစ်တွေ အူလိုက်ဟောင်လိုက်တာ။ သူတို့အဘ ဦးသိန်းစိန်လက်ထက်တင်ထားတဲ့ လူ့အခွင့်ရေးကော်မရှင်နဲ့လည်း နွယ်ရော စောင်သံတွေတိတ်ကုန်ပြီ။ ဘွားဒေါ်ကိစ်စလည်း ဒီသဘောပဲဖြစ်မှာ။ ကိုယ့်ဖက်က မလုပ်တတ် သောက်ကဲပိုတော့ ဟိုကဖိနင်းရော။ ပွင့်လင်းပါ၊ မလိုအပ်ဘဲ ဖုံးဖိမထားရ။ အန်အယ်လ်ဒီအစိုးရ သမိုင်းကြောင်းသည် အာဏာရှင်အဆိုးဓမြ သမိုင်းကြောင်းနဲ့ မတူစေနဲ့။ လူ့အခွင့်အရေး လေးစားလျင် လူသားဆန်ပြပါ။

ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရုပ်ရှင်ရိုက်ဖို့ ဇာတ်ညွှန်း ဟောလိဝုဒ်ပို့တော့ နိုင်ငံခြားသားဒါရိုက်တာ မေးတယ်၊ နင်တို့ ဗိုလ်ချုပ်က ဘုရားလားတဲ့။ ဇာဂနာရေးတဲ့ စာထဲ ဖတ်ဖူးတာပါ။ ခုလည်း မေးချင်တယ် နီတို့ ဒေါ်စုက ဘုရားမယ်တော်လားလို့စ်….။ 

ပုံ – ဘွားဒေါ်အား လေ့လာစောင့်ကြည့်နေသူ နိုင်ငံရေးသုခမိန်ကြောင်ကြီး… ငါကွ

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 586 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး