မနေ့က ကြားရတဲ့သတင်းပေါ့

“၀တ်ရွတ်စဉ် အသံချဲ့စက် မိုက်ကြိုးဖြုတ်ခဲ့သူ နိုင်ငံခြားသား အမှု ဆက်လက်စစ်ဆေး”

သာသနာညှိုးနွမ်းစေမှုနဲ့အတိုင်ခံထားရတာပေါ့

ဒီအမှုမှာ နိုင်ငံခြားသားဘက်ကဖြေရှင်းချက်က သူအိပ်ရေးပျက်နေတဲ့အတွက် အသံချဲ့စက်အသံကြောင့်စိတ်အနှောက်အယှက်ဖြစ်တဲ့အချိန်မှာ

သွားပြောမယ့်ဘာမှပြန်မပြောတဲ့အတွက် ၀တ်ရွတ်နေမှန်းမသိတဲ့အတွက် ကြိုးဖြုတ်ခဲ့တယ်ပေါ့

၁) နိုင်ငံခြားသားဖြစ်တဲ့အတွက် ၀တ်ရွတ်နေတာလား ဘာလား သိချင်မှသိမယ်

၂) ဓမ္မာရုံမှာဆိုတော့ ဘုရားစေတီလိုမဟုတ်တဲ့အတွက် သာသာရေးအဆောက်အဦးဖြစ်မှန်းသိချင်မှသိမှာပေါ့

၃) ကိုယ်အိပ်ရေးပျက်နေတဲ့အချိန် အရမ်းအိပ်ချင်နေတဲ့အချိန်မှာ အသံချဲ့စက်မပြောနဲ့ စကားကျယ်ကျယ်ပြောတာ ခြေသံပြင်းပြင်းသံတွေတောင်နားခံနိုင်မှာမဟုတ်ဘူး

သူ့ဘက်လိုက်ပြောတာရယ်လို့မဟုတ်ဘူး ပြီးတော့ သူအရမ်းမှန်ပါတယ်လို့တော့မဆိုလိုပါဘူး ဒါပေမယ့် ကြားရတာ မတရားသလိုဖြစ်နေလို့ မနေနိုင်လို့ပြောချင်တယ်

 

ဒီလိုလူမျိုးကို တရားစွဲရင် ဘာလို့လူရွင်တော်တွေ ၊ အလှူခံအကြောင်းပြပြီး ခေတ်သီချင်းတွေနဲ့မူးရူးပြီးဒွန့်နေကြတဲ့သူတွေ က ဘာလို့တရားစွဲမခံရတာလဲ

ဘုန်းကြီးပျံပွဲ၊ ဘုရားပွဲ ၊ အလှူပွဲ တွေမှာ ကကြတဲ့ ဇာတ်သဘင်မှာ လူရွှင်တော်တစ်ချို့ ဘုန်းကြီးလေသံနဲ့ အချစ်သီချင်းတွေကို ရွတ်ဖတ်နေကြတာ ကတော့ သာသနာမညှိုးနွမ်းစေဘူးလား။

၁) ဘုန်းကြီးလေသံတောင်မှ နာမည်ကြီးဆရာတော်တွေရဲ့လေသံ တုပြီး ပြတ်လုံးထုတ်တာ

၂) အဲလိုပြတ်လုံးထုတ်နေတဲ့သူတွေက မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်တွေ

၃) ဘယ်လိုအရာကိုပြတ်နေကြတယ် ဆိုတာကို ကောင်းကောင်းနာလည်တဲ့သူတွေ

၎) အလှူခံနဲ့ PSY ရဲ့ Opa Ganamstyle/Gentlemen နဲ့ဘာဆိုင်လဲ

အစရှိသဖြင့်ပေါ့ အဓိကကတော့ သာသနာမညှိုးနွမ်းစေမှု ဆိုတဲ့ဥပဒေက ဘာသာခြား ၊ လူမျိုးခြားတွေက အတွက်ပဲလားဆိုတာတော့ မသဲကွဲဘူးဗျာ

 

 

မှတ်ချက်။ ။ဘာသာတရားကိုပုတ်ခတ်ခြင်းမဟုတ်ပါ။ ဘာသာတရားကိုခုတုံးလုပ်ပြီး လူမျိုးရေးခွဲခြားသူများကိုသာရည်ရွယ်ပါသည်။

Foolish Girl

About Foolish Girl

C K has written 54 post in this Website..