ကျုပ်ဦးလေး က ဧရာဝတီ တိုင်း

ကရင်ရွာ တစ်ရွာမှာ နေသည်

တစ်နေ့……………………..

ရန်ကုန်ကို အလယ်  တက်လာသည်

 

သူက ရွာတွင်

အကြမ်းပ်တမ်းစီးလို့ရသည့်

တော်ရုံနှင့် သဲကြိုးမပြတ် နိုင်သည့်

ဖိနပ်တစ်ရံ ၀ယ်ခြင်ကြောင်း ပြောသဖြင့် …….. ထိုအချိန်က အကြမ်းခံသော

“မြင်းကြယ်“ဖိနပ်  ၀ယ်စီးဟုပြော လိုက်သည်

 

ဆိုင်သို့ ကိုယ်တိုင်လိုက်ဝယ်ပေးသည်

ထိုအချိန်က မြင်းကြယ် တစ်ရံ ၁၈၀ ကျပ်ပေးရသည်

တော်ရာနံပါတ်ကို ရွေး ခြေထောက်စွပ်ကြည့်  မျိုးစုံ စမ်းသပ်ပြီးသော်

 ဦးလေးခြေထောက်ဖြင်  ဖိနပ်နံပါတ် ၁၂ ဆိုဒ်ဖြင့်တော်လေ၏

 

ဦးလေးမှ ကျန် ဖိနပ်ဆိုဒ် အသေး ဈေးနှုန်းကိုမေးလေးရာ

အသေးဆိုဒ်လဲ ၁၈၀ ဆိုဒ် အကြီး လဲ ၁၈၀ ဦးလေးနဲ့ တော်တဲ့ ဆိုဒ်လဲ ၁၈၀ ဟု

ဆိုင်ရှင် မှ ရှင်းလင်းစွာဖြေလေသည်။။

ဦးလေး ကျွန်တော့ကို ပြောသည်……

“ငါ့တူ ကောင်ရေ  ပိုက်ဆံပေးရတာခြင်း အတူတူ ကြီးတာဘဲုယူမယ် ကောင်ရေ“

ဖိနပ်ဆိုဒ် ၂၀ ကို ၀ယ်လေသည်…..@@@@@@@@@

 

ရွာပြန်ရောက်တော့မှ  သူဖနှောင့်ထက် ပိုရှည် နေသော ဖိနပ်

အပိုင်းအား ဓါးဖြင့်ဖြတ်၍ စိးမည်ဖြစ်ကြောင်း ရှင်းပြလေသည်။။။

 

ဘာမှ မဟုတ်တဲ့အကြောင်းအရာတစ်ခု ကိုရေးပြခြင်းဖြစ်သော်လည်း

ယခုစာပိုဒ်ပါ  အကြောင်းအရာ အားဖတ်ရှု၍ မည်သည့်

အတွေး

အမြင်

ခံစားမှု တစ်ခုခု ရရှိ ကြလျှင်ဖြင့်……..

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ဘီလူး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

 

About “ဘီလူးကြီး”ogre

has written 201 post in this Website..

စားချင်တာစား..ဦးနှောက်တော့လာမစားနဲ့ www.ogre08.blogspot.com