နွေးထွေးတဲ့ပွေ့ဖက်မှုတခုက ကိုယ်ချစ်ရတဲ့သူ ကိုလုံခြုံစေတယ်
ညစ်နွမ်းတဲ့ပွေ့ဖက်မှုတခုကကျ ကိုယ်ချစ်ရတဲ့သူ ရဲ့ဘဝကိုကိုစွန်းထင်းစေတယ်
နားလည်ပေးတဲ့စကားတခွန်းက ကိုယ်ချစ်ရတဲ့သူ ကိုအားတက်စေတယ်
အပြစ်တင်တဲ့စကားတခွန်းကကျ ကိုယ်ချစ်ရတဲ့သူ ကိုသိမ်ငယ်သွားစေတယ်
အားပေးတဲ့စကားတခွန်းက ကိုယ်ချစ်ရတဲ့သူ ကိုခွန်အားဖြစ်စေတယ်
လစ်လျူရှူတဲ့စကားတခွန်းကကျ ကိုယ်ချစ်ရတဲ့သူ ကိုစိတ်အားငယ်စေတယ်

ဂရုစိုက်တဲ့အပြုအမူတခုက ကိုယ်ချစ်ရတဲ့သူ ကိုကြည်နူးစေတယ်
အမှတ်တမဲ့အပြုအမူတခုကကျ ကိုယ်ချစ်ရတဲ့သူ ကိုဝမ်းနည်းစေတယ်
တွဲခေါ်တတ်တဲ့လက်တစုံက ကိုယ်ချစ်ရတဲ့သူ ကိုဘဝမှာရင်ဆိုင်ရဲစေတယ်
ချန်ထားတတ်တဲ့လက်တစုံကကျ ကိုယ်ချစ်ရတဲ့သူ ကိုဘဝမှာကြောက်ရွံ့စေခဲ့တယ်လေ

ဒုက္ခတွေအမျိုးမျိုးထဲက ကိုယ်ချစ်ရတဲ့သူ ရဲ့လက်ကိုမလွှတ်တမ်း ဆုပ်ကိုင်ထားတဲ့လူ
အပြစ်တွေလုပ်တဲ့အခါ အပြစ်တင်တာထက် နားလည်မှုပေးတတ်တဲ့လူ
စိတ်ဓာတ်ကျအားငယ်တဲ့အခါ ဂရုတစိုက်နဲ့အားပေးတတ်တဲ့လူ
အဲဒီလိုလူဟာ မိမိအတွက်ချစ်သူအပြင် ဘဝမှာသင့်တော်တဲ့လက်တွဲဖော်တယောက်ပါပဲ

အခက်အခဲဖြစ်ချိန်ရှောင်ပြေးတတ်သူ ၊ ဒုက္ခတွေ့ချိန်ချန်တတ်သူ ၊
အမှားလုပ်ချိန် အပြစ်တွေသာပြောတတ်သူ
အဲဒီလိုဆိုရင်တော့ အဲဒီလိုလူဟာ မိမိအတွက် ချစ်သူသာဖြစ်မှာပါ

လူဖြစ်လာတာနဲ့ ပြသနာဆိုတာတစ်ခုမဟုတ်တစ်ခုကြုံနေရမှာပဲ
ဇာတ်ကားတွေထဲကလို အိမ်ထောင်တစ်ခုအစပြုလိုက်တာက
ပြသနာတွေချုပ်ငြိမ်းသွားတဲ့ Happy Ending မဟုတ်သေးဘူး Beginning of the life ပါ
အဲဒီအချိန်ကျရင် မကြုံဘူးမတွေ့ဘူးသေးတဲ့ ပြသနာတွေကထပ်ပြီးစောင့်နေဦးမှာဘဲ
ဒီတော့ အပေါ်မှာပြောခဲ့သလိုပဲ
ကိုယ့်အတွက် ချစ်သူ လိုအိမ်ထောင်ဖက်မျိုးက ကိုယ်နဲ့အတူတူ ဒုက္ခတွေကြုံလာရင် အတူတူခါးစည်းပြီးခံပေးနိုင်မှာလား????
ကိုယ့်အတွက် လက်တွဲဖော် လိုအိမ်ထောင်ဖက်မျိုးက ကိုယ်နဲ့အတူတူ ဒုက္ခတွေကြုံလာရင် အတူတူခါးစည်းပြီးခံပေးနိုင်မှာလား????

သေချာစဉ်းစားကြည့်ပါ
ဒါ့ကြောင့်
ကိုယ့်ချစ်သူကိုတကယ်ချစ်ရင်
တကယ်မြတ်နိုးတယ်ဆိုရင်
သူ့အတွက် အကောင်းဆုံး လက်တွဲဖော်ဖြစ်နိုင်အောင် ဖြစ်ထိုက်အောင်
မိမိအပြုအမူတွေဆင်ခြင်ဖို့လိုပါတယ်

Foolish Girl

About Foolish Girl

C K has written 54 post in this Website..