Pattaya ရဲ့  shopping mall အသစ် Harbor

Habor Mall Pattaya ဟာ ဖွင့် လှစ် ခဲ့ တာ လ အတန် ငယ် ရှိ ပါ ပြီ

မအား မလပ် သေး တာ နဲ့  မရေး ဖြစ် သေး တာ ပါ။

ထူး ခြား ချက် ကတော့  အရှေ့တောင်အာရှမှာ အကြီးမားဆုံး Indoor

ကစားကွင်း ပါ ဝင် တဲ့  shopping mall ဖြစ် ပြီး Harbor Mall Pattaya

မှာ ဟိုတယ်၊ စားသောက်ဆိုင်နဲ့ ရုံးခန်းများလည်း ရှိပါတယ်။

Habor Mall Pattaya မှာ ဈေး ဆိုင် များ နဲ့ ကစား စရာ မျိုး စုံရှိ တဲ့

နေရာ ဖြစ်ပါတယ်။ ဖက်ရှင်ကျလှပတဲ့ အ၀တ်အစားများကိုလည်း

ရောင်းချပေးပါ ပြီး ဈေးဝယ် ရင်း မိသားစု အပန်း ဖြေလို့ ရအောင်

ရည်ရွယ်တည်ဆောက်ထားပါတယ်။

အထပ် ၈ ထပ် ရှိ သည့်  shopping mall တစ် ခု အဖြစ်

တည်ဆောက်ထားပါတယ်။

Habor Mall Pattaya ၏ ထူး ခြား သည့် ကစားကွင်းများ

၁။ Harbor Land

Harbor Land ဟာ အာရှမှာတော့ အကြီးမားဆုံး Indoor

ကစားကွင်းဖြစ်ပါတယ်။ ကလေးများအတွက် ကစားစရာမျိုးစုံရှိပါတယ်။

ကစားစရာများဟာ ဥရောပအဆင့် လုံခြုံမှုရှိပါတယ်။ အာရှမှာ

အမြင့်ဆုံး လျှောရှိပါတယ်။ ဒီလို လျှောပေါင်း ၂၀ ကျော်ရှိတာကလည်း

အာရှမှာ အများဆုံး စံချိန်ဖြစ်ပါတယ်။

၂။ Rope Courses

ကြိုးများ ချိတ်ဆွဲထားတဲ့ ကစားစရာများဖြစ်ပြီး ထိုင်းနိုင်ငံမှာ

ပထမဆုံး ဖြစ်ပါတယ်။ ကလေးများ ခန္တာကိုယ်ကို ထိန်းညှိနိုင်ဖို့ ဖြစ်ပါတယ်။

၃။ Deep Climbing Gym

၁၀ မီတာ မြင့်တဲ့ နံရံ ( တောင်အတု ) ကို တွယ်တက်ရတဲ့

ကစားနည်းဖြစ်ပါတယ်။ နံရံမှာ ရေအောက် ရှုခင်းကို ရေးဆွဲထားပါတယ်။

၎။ Kidzoona & Molly Fantasy

ဂျပန်က တင်သွင်းထားတဲ့ ကလေးကစားစရာများကို ထားရှိပေးထား

ပါတယ်။ ဂျပန်ရဲ့ နောက်ဆုံးထုတ် ကလေးကစားစရာများ ဖြစ်ပါတယ်။

၅။ Harbor Learn & Play

အာရှ အရှေ့ပိုင်းမှာတော့ အကြီးမားဆုံး ကလေး စာသင်ပေးတဲ့

စင်တာ ဖြစ်ပါတယ်။ ကစားစရာများနဲ့ တွဲဖက် သင်ကြားပေးပါတယ်။

၆။ LED Slider

ကလေးများ လျှောစီး ကစားရတဲ့ ကစားကွင်းဖြစ်ပါတယ်။

၇။ International Food Garden

နိုင်ငံတကာမှ အစားအစာများကို မြည်းစမ်းနိုင်မယ့် နေရာ ဖြစ်ပါတယ်။

အစားအစာများကို ဆန်းသစ်တီထွင်ထားတဲ့အတွက် အရသာ အသစ်များ

ကို ခံစားရမှာ ဖြစ်ပါတယ်။

၈။ Meeting Point

စတိုင်မျိုးစုံနဲ့ ကော်ဖီဆိုင်များစွာ ရှိပါတယ်။ ကားအစီးပေါင်း ၁၀၀၀ အတွက်

ပါကင်ရှိပါတယ်။ အခမဲ့ ၀ိုင်ဖိုင် ပံ့ပိုးပေးထားပါတယ်။

၉။ The Rink and Snow Land

အရှေ့ အာရှရဲ့ ပထမဆုံး ကမ္ဘာ့ အဆင့်မီ ရေခဲပြင် စကိတ်စီးလို့ရတဲ့

ကစားကွင်းဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ အကြီးမားဆုံး ရေခဲပြင်

စကိတ်ကွင်း ဖြစ်ပါတယ်။

မိ သား စု သွား ရောက် အပန်း ဖြေ ဖို့  အကောင်း ဆုံး shopping mall တစ် ခု

ဖြစ် ကြောင်း ဖော် ပြ လိုက် ပါတယ်

#credit : The Traveller

About သျှားသက်မာန်

Shar Thet Man has written 157 post in this Website..