လူတိုင်း မှားတတ်ကြပါတယ်နော်..
ကျွန်တော်လဲ မှားတတ်တာဘဲ..
ခင်ဗျားတို့လဲ မှားတတ်ကြတာဘဲ..
ကိုယ့်ကြောင့်လဲ မှားတတ်တာဘဲ
စက်ကြောင့်လဲ မှားတတ်တာဘဲ..
မှားတဲ့အခါ……
“ဟလိုဟလို…”
” ဒေါ်လုံးကြီးတင်ရှိလား..”
” ဖုန်းမှားနေပါတယ်…”
” ဂျလောက် ဂွပ် ..”
မှားတယ်လို့ပြောတာကို ခင်ဗျားက ဘာမှပြန်မပြောဘဲ ဂွပ်ဆို ချပစ်တတ်တဲ့သူလား…
“ဟလိုဟလို…”
“ရန်ကနားရေရန်ကနားရေ ဂန်ဂျီမကို ဖုန်းပေးလိုက်စမ်း..”
“အကို ဖုန်းမှားနေတယ်..”
“အေး မရှိရင် ဗေတားကို ပေးပြောလိုက်..”
“ဟေ့လူ ဖုန်းမှားဆက်နေတယ်လေဗျာ..”
“အော်..ဟုတ်လား…”
“ဂွပ် ဂျလောက်.”
ဖုန်းမှားတာကို နှစ်ခါလောက်ပြောမှ ဟုတ်လား ဆိုပြီး ဖုန်းချပစ်တတ်တဲ့ သူမျိုးထဲ ခင်ဗျား ပါသလား..
“ဟလို…”
“ဟလို..ဟလို..ဒေါ်လေးတို့အိမ်ကလား. ”
“ဘယ်သူ့ဆီဆက်တာလဲခင်ဗျား..”
မေးရတော့တာပေါ့.. အိမ်မှာက ဒေါ်လေး ၂ယောက်တောင်ရှိတာကိုး..
” အဲတော့.. ဖုန်းမှာနှိပ်မိပြန်ပြီနဲ့တူပါရဲ့..ဂွပ် ဂလောက်..”
ခင်ဗျားက သူဘာသာသူပြော သူဘာသာသူ ဂလောက် သွားတဲ့သူမျိုးလား …
” ဟလို..”
” ဟေ့ မောင်မျိုး..ငါ ဘဦးပါကွ..မင်း ဘယ်ရောက်နေလဲ..”
” ဖုန်းမှားနေတယ်ဗျ.. မောင်မျိုးမဟုတ်ပါဘူး..”
“မှားစရာလား.. ငါဖုန်းနံပါတ်နှိပ်တာ မမှားဘူးကွ..”
” ကျွန်တော့ဆီ မှားပြီး ရောက်နေတယ်ဗျ..”
” အေး ဒါဆိုလဲ ပြီး ရော…ဂွပ် ဂျလောက်..”
မှားပါတယ်ဆိုတာ ပြန်ငြင်းပြီး အထက်စီးနဲ့ ဂွပ် ဆို ဖုန်းချပစ်တတ်တဲ့သူလား..
“ဟလိုဟလို…”
” ဒေါ်လေးတင် ရှိလားဟင်..”
“အကို ဖုန်းမှားနေတယ်..”
” ဟုတ်လား.. ဆောရီးနော်.”
“ဂွပ် ဂျလောက်.”
အဲလို ကိုယ့်အမှားကို မှားမှန်းသိပြီး တောင်းပန်တတ်တဲ့ သူမျိုးက ရှားပါတယ်ဗျ..
အဲလို လူ စာရင်းထဲ မှာ ခင်ဗျား ပါနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်…
“ဂွပ် ဂျလောက်.”

နွေဦး ခံစားခဲ့ရလို့ပါ..

နွေဦး

About နွေဦး

has written 92 post in this Website..

နွေဦးရဲ့ ရင်ထဲက မွေးလာတဲ့ သားတွေကိုကိုယ်တုံးလုံးနဲ့ ရွာထဲလွှတ်တတ်သူပါ ။ အမြင်မတော်သူ ရွာသူကြီးကအစ ရွာသူရွာသားအားလုံး အမြင်မတော်တာရှိက ချစ်လို့ဖြင့်မညှာ မုန်းလို့ဖြင့် မနာစေဘဲ ရိုက်နှက်ဆုံးမကြပါလို့....