welgoof

ကြိုဆိုပါတယ်


ဧရာဝတီမြစ်ဆုံနဲ့ပတ်သက်ပြီးဆရာဦးထွန်းလွင်က မိန့်ခွန်းတွေပေးခဲ့ပါတယ်၊ခုလဲ
မြစ်ဆုံရေကာတာအပါအဝင်ဧရာဝတီကရေကာတာစုစုပေါင်း ခုနှစ် လုံး ကိုလုံးဝ
ရပ်ပြစ်ဘို့Facebook ဖေ့ဗုက်မှာ ” ကြိုက်” လက်မှတ် လိုက်စည်းရုံးနေတာတွေ့
ရပါတယ်၊

မိုးဇလ ညွှန်ချုပ်ဟောင်း (မိုးလေဝသ ပညာရှင်) လုပ်သက် ၄၅ နှစ် ဝါရင့်ပြီး
ပါရဂူဘွဲ့နှစ်ထပ်ကွမ်းဆွတ်ခူးသူ လဲဖြစ်၊မိုးလေဝသ သီတင်းကိုနှစ်ပေါင်းများစွာ
အသံလွှင့်ပေးခဲ့သူ လဲဖြစ်ကာ အထူးဘဲ ဂုဏ်ပြုလေးစားထိုက်သူလို့
ပြောပါရစေ၊

ရေကာတာ ခုနှစ်လုံး တောင်မှ ရပ်ပစ်ဘို့ ဆိုလို့တော်တော်အံ့ဩမိပါတယ်၊
မလွန်ဘူးလား? ဆိုပြီး ဆရာကြီးရဲ့အကြောင်းပြချက်တွေကိုလိုက်
လေ့လာကြည့်ပါတယ်၊

ဆရာကြီးရဲ့ပညာ အတွေ့အကြုံနဲ့ဟာသတွေ၊ စေတနာနဲ့ သတ္တိတွေကလဲမိန့်ခွန်း
မှာပေါ်လွင်နေပါတယ်၊

၂၀၁၁ က မိန့်ခွန်းတွေဖြစ်လို့ တူညီချက်တွေ ရှိသလို၊ခု ၂၀၁၆ နဲ့ကွဲပြားနေတာ
ကိုလဲတွေ့ရပါတယ်၊တိုင်းရေးပြည်ရေးဖြစ်လို့ ၎င်းကွဲပြားချက်တွေကိုဘဲတင်ပြ
လိုပါတယ်၊

၁၊ အခြေအနေ မတူ တော့ပါ

my191

 

nld1

စစ်သားလူထွက် အစိုးရ မဟုတ်တော့ပါ၊ လူထုတင်မြောက်ပြီး လူထုကိုအကျိုးပြု
မဲ့ ဒီမိုကရေစီ အစိုးရပါ၊၎င်း ရဲ့လူထုကြီးပွါးရေးစီမံကိန်း အောင်မြင်ရအောင်
အားပေးဘို့လိုပါတယ်၊တနည်းအားဖြင့်ဆိုရင် စာအုပ်ကြီးနဲ့တင်းကြပ်စွာကိုင်
တွယ်မဲ့အစား သက်ညှာစွာနဲ့ပူးပေါင်းဆောင်ရွက်ဘို့ပါ၊

 

 


၂၊ မြစ်ဆုံပတ်ဝန်းကျင်မှာ ငလျင်လှုပ်တာ များတယ်၊ဖြစ်ဘို့လဲများတယ်လို့ဆို
ပါတယ်၊Sumatra ring of fire နဲ့ဆက်စပ်နေပြီး အင်အားပြင်းငလျင်ဒဏ်ကို
နောင်ခံရမှာဖြစ်လို့ မြစ်ဆုံရေကာတာ မလုပ်သင့်ကြောင်းပြောပါတယ်၊

ဒီနေရာမှာ With due respect လေးစားစွာတင်ရမယ်ဆိုရင် ဆရာကြီးက
အကြီအကျယ်လွဲမှားနေပါပြိ၊ဘာပြုလို့လဲ?

ဆရာကြီးကပရိသတ်တွေကို တင်ပြတဲ့ပုံ

 

my192

 

 

dtleq1
ကျွန်တော်ကတင်ပြတဲ့အမေရိကန်USGS ငလျင်တိုင်းတာရေးဌာနကပုံတွေ
ရှေ့ပိုင်းကဆောင်းပါး အမှတ်စဉ် ၂၊၃၊၄ မှာပြန်ကြည့်ပေးပါ၊

http://mandalaygazette.com/223705
http://mandalaygazette.com/223743
http://mandalaygazette.com/223760

ဆရာကြီးရဲ့ပုံက ရစ်တာ စကေး မ ပါ ပါ၊ လှုပ်တာကိုမသိသာ တဲ့ အနိမ့်တန်းစား
အင်အားပျော့ငလျင်တွေဘဲ ဖြစ်မှာပါ၊ထဲ့တွက်ဘို့တောင် မလိုတဲ့အတန်းအစားလို့
အများက ယူဆကြတယ်၊လူနဲ့အဆောက်အအုံတွေကိုမထိခိုက်ပါ၊

 

my193

sagaing1MGsjun1931

စစ်ကိုင်း ငလျင်ကျောက မြစ်ဆုံနဲ့ မိုင် ၈၄ လောက် ဝေးတယ်၊ပြီးတော့
အနှစ် ၁၁၆ ကျော်ကာလမှာ ရစ်တာ ၆.၃ နဲ့ ၂ နှစ် ကြိမ်သာ လှုပ်ခဲ့တယ်၊

my195

ring1ring2ring4ring5

 


စစ်ကိုင်းငလျင်ကျော က စူမတ်တရွာ ring of fire လိုမထူထပ်ပါ၊ပါးပါးလေးပါ၊
ကချင်ပြည်နယ်လဲရောက်ရော “မြင်းအမြီး”က အမျဉ်လို ပိုပြီး “ပါး”ကာ ပြတ်တောက်
ပြတ်တောက်နဲ့ ဆိုတော့ ငလျင်စွမ်းအား မရှိသလောက်ပါ၊ငလျင်လဲဖြစ်ခဲပါတယ်၊

subduction
ရှေ့ဆောင်းပါးမှာSubduction ဆိုတဲ့ မြေထု ပလိတ် ပြား Plates ထိပ်တိုက်ရင်ဆိုင်ပြီးငုတ်လျှိုးဝင်မှဆိုတော့ မြန်မာပြည်ဘက်မှာ ဒီလိုမျိုးမရှိပါ၊ဒါကိုမူတည်ပြီးလိုက်ရပ်ခိုင်းရင် မှားမှာသေချာတယ်၊

 

my196

 

 

 

၃၊ရေကာတာ ၇ လုံး ကို လုံးဝရပ်
ဆရာကြီးရဲ့မိန့်ခွန်းတွေက ဟာသ မြောက်ပါတယ်၊ရပ်ပစ်ဘို့တောင်းဆိုတာ
က ၂၀၁၆ ခုနှစ်ထုတ် အမေရိကန် စွမ်းအားဝန်ဌာနရဲ့မျှော်မှန်းချက်အစီရင်ခံစာနဲ့
ယှဉ်လိုက်ရင် အကြီအကျယ်ကွဲပြားနေပါတယ်၊ အမေရိကန်ဝန်ကြီးဌာနနဲ့ဝန်
ကြီး ကိုဘဲ ဟားရမလား စိတ်ကူးမိတယ်၊ ဒါမှမဟုတ်ဆရာကြီးကဘဲ
ဟာသ လုပ်ပြန်ပြီလား တွေးမိတယ်၊

မိုးလေဝသ တနေရာသာမဘဲ ရေကာတာ စွမ်းအင်မှာ ဘက်စုံပြောင်မြောက်ကျွမ်းကျင်သူ
ရာချီနဲ့၂ နှစ်ခွဲတောင်အချိန်ပေး စုစည်းကာထုတ်ပြန်တဲ့အစီရင်ခံစာမို့ မှားမဲ့ပုံမရှိပါ၊
အမေရိကန်စွမ်းအား ဝန်ကြီးကမှားမယ်လဲမဟုတ်ပါ၊

၎၊ အမေရိကန်က ရေကာတာ အသစ်တွေ မဆောက်တော့ဘဲ ပြန်တောင်
ဖျက်နေတယ်လို့ဆိုပါတယ်

my197
Hydropower Vision seeks to establish a long-term roadmap for the future of the United States’ hydro sector that not only advances the country’s low-carbon economy, but also leverages renewable energy sources with the ultimate goal of increasing the U.S.’ capacity from a cumulative 101 GW to nearly 150 GW of reservoir, run-of-river and pumped-storage hydropower by 2050.
Per the report’s findings, growth potential can be attributed to:
4.8 GW of new development on non-powered dams;
6.3 GW in upgrades on existing hydropower;
35.5 GW of new pumped-storage projects; and
1.75 GW in new stream-reach developments.

—-

၇၅၀၀၀ မှ ၈၀၀၀၀ ထိရှိပြီး၊တလုံးတလေဘဲဟောင်းလို့ဖျက်တာကမပြောပလောက်ပါ၊

အထက်ပါ အမေရိကန်ဝန်ကြီးဌာနကအစီရင်ခံမှာ လျှပ်စစ် ရေကာတာအသစ်လဲမြောက်မြား
စွာ တိုးမြှင့်ပြီး တည်ဆောက်မယ်၊ အဟောင်းတွေကိုလဲမွမ်းမံတိုးချဲ့အုံးမယ် (ရေလျှပ်စစ်စွမ်း
အား ၅၀% ထိ ထပ်တိုးမယ်လို့ရေးထားတယ်)၊

 

my198
“Hydropower has provided clean, affordable and reliable electricity in the United States for more than a century, and pumped-storage complements today’s rapidly growing variable technologies such as wind and solar,” said Secretary of Energy Ernest Moniz, who also declared that it was time to “pick up the covers off of this hidden renewable that’s right in front of our eyes” during NHA’s annual conference in 2014.

——

ဝန်ကြီးကရေကာတာထုတ်လျှပ်စစ်ကိုချီးမွမ်းခန်းတွေကိုဘတ်နိုင်တယ်၊ခေတ်မစားတော့ပါဆိုရင်
တော့ လုံးဝ မှားယွင်းနေပါ့မယ် ဆရာကြီးရဲ့၊ရှေ့က အာဖရိက နဲ့အခြားနိုင်ငံကရေကာတာ
အကြောင်းရေးထားတဲ့ဆောင်းပါးကိုကြည့်ပေးပါရန်၊


အမေရိကန် က ၇၅၀၀၀ မှ ၈၀၀၀၀ ထိ ရေကာတာ လုံးရေ နဲ့နှိုင်းရင် မြန်မာက ဇီးစေ့နဲ့မြင့်မိုရ်
တောင် ပါဘဲ၊သူများချောက်လုံးနဲ့ပုံကြီးချဲ့တာကို ခံနေရတယ်၊အမေရိကန်က နှစ်တရာ
သက်တမ်း ကျော်တိုင်းဂုဏ်ပြုတဲ့ ရေကာတာအကြီးစား နောက်တိုး ဇယားသစ် ကို ကြည့်ပါ၊

 

my199

 

hof1hof2hof3hof4
၅၊ ရန်စီ မြစ် ကော နိုင်မလား?


မြစ်ဆုံရကာတာ လုပ်ရင် မြစ်ကောမယ်၊ ခန်းခြောက်မယ် ဆိုပြီး တရုပ်
ပြည်ကရန်စီမြစ်အချို့နေရာကပုံတွေကို ဆရာကြီးက တင်ပြတယ်၊
ကမ္ဘာမှာ အရှည်လျားဆုံးမြစ် ၃ မြစ် မှာပါဝင်လို့ မြစ်အစိတ်အပိုင်း မြစ်စွယ်
အပိုင်း အချို့ကပုံတွေဖြစ်ပေမဲ့ ရန်စီမြစ်တခုလုံးကိုသိမ်းကြုံးပြီး မ ပြောနိုင်ပါ၊
ဘာကြောင့်လဲ?

 

my200

bjwaterdiv1

ဆရာကြီးသိနိုင်အောင်ရန်စီမြစ်က မခန်းခြောက်တဲ့အပြင်
အနဲဆုံး မိုင် ၆၀၀ (ရန်ကုန်မန္တလေး က ၃၅၇ မိုင် ၂ ဆလောက်) ဝေးတဲ့ ပေဂျင်း မြို့တော်
ဆီ ရေမြောင်းလမ်းကြောင်း ၃ ကြောင်းနဲ့ရေပို့မယ်၊ ၂၀၁၄ က တကြောင်း

 

my201

bjwater2


၂၀၁၅ ဖေဖာဝါရီ လ ကတကြောင်းနဲ့စ ပို့နေပြီ၊3 Gorges Dam ပြီးရင် ဒုတိယလိုက်တဲ့တရုပ်ပြည်က
ဧရာမ စီမံကိန်း ပါဘဲ၊ ရန်စီမြစ်ကကောမယ်ဆိုတာ၊ဧရာဝတီ ကောမယ်၊ ခမ်းခြောက်

မယ် ဆိုတာ အနောက်နိုင်ငံတွေက မလိုမုန်းထား မ နာလိုစိတ်နဲ့ပြောတာပါ၊

my202

 

bjwater3

bjwater5


 

၆၊ ရေမှလျှပ်စစ် အစား နေစွမ်းအားလေစွမ်းအားမှလျှပ်စစ်
သဘာဝ ဝန်းကျင်ကို မထိခိုက်လို့နိုင်ငံတိုင်းကလက်ခံကြတယ်၊ သို့သော်
တယူနစ်ချင်း ထုတ်လုပ်မှုကုန်ကျစရိတ်က ရေစွမ်းစား ထက်ကြီးလို့ လက်
တွေ့မှာမတတ်နိုင်ပါ၊
အမေရိကန် သုတေသနကတွေ့ရှိချက်

 

my203
Table 8.4. Average Power Plant Operating Expenses for Major U.S. Investor-Owned Electric Utilities, 2004 through 2014 (Mills per Kilowatthour)
Hydroelectric  11.90 Mills per Kwh      1.19 c  per Kwh
Nuclear 26.79 Mills over Kwh                2.68 c per Kwh

Fossil steam 39.04 Mills per Kwh        3.90 c per Kwh

Gas               42.60  Mills per Kwh         4.26 c per Kwh

 
ရေအားလျှပ်စစ် ကို သက်သာစွာနဲ့ ထုတ်လုပ်နိုင်တယ်၊ တစ် စင့် cent သာသာ ပါ၊
ကျန်တာတွေက ထုတ်လုပ်မှုစာရိတ်ကြီးတယ်၊ နှစ်ပြန်ကျော်မှ လေး ပြန်လောက်
ရှိတယ် (၂ စင့် cent မှ ၄ စင့် cent ထိ)၊
လက်တွေ့ မ ကျ၊ တွက်ခြေ မကိုက် ပါ၊ပြည်သူကလက်မခံ၊ လက်လှမ်းမမှီ၊
တန်ရာတန်ရာနဲ့ဘဲလုပ်ရမှာပါ၊စိတ်ရှိတိုင်း မဖြစ်နိုင်ပါ ဆရာကြီးရဲ့

my204
အမှားနဲ့အမှန်ကိုသိလာလို့ဘာလုပ်ကြမလဲ?
ပြည်သူတို့ရဲ့အကျိုးတွေကိုရည်စူးပြီး
အောက်ပါနှစ်ရပ်ကိုလုပ်ပေးရုံပါ၊ ပန်ကြားလွှာမှာ

၁၊ “ကြိုက်” ” like ” ကိုနှိပ်ပေးပါ၊၊ (လွယ်လွယ်လေးပါ)

၂၊ ဖြစ်နိုင်ရင် ပန်ကြားလွှာ မှာ”လက်မှတ်ထိုး” ထောက်ခံပေးပါ၊
နံမယ် မ ဖော် စေလို “Anonymous ” လဲရတယ်

https://www.gopetition.com/petitions/support-myitsone-construction-မစဆရကတဆကလပပ.html

my205

 

About Kyaemon

Kyae Mon has written 658 post in this Website..

Likes to post news and educational items.