happy-family-on-carpet

stock-photo-father-preparing-family-breakfast-in-kitchen-156648308

xdad-breakfast-jpgq1465402572-pagespeed-ic-vn6yox-gzt

stock-photo-a-modern-family-using-a-digital-tablet-while-having-breakfast-in-the-kitchen-mom-dad-and-their-417085798

-တကယ်တော့ ဒီပို့စ်က ဖေ့စ်ဘွတ်မှာ တင်ထားတာပါ…

-ဖြစ်ပုံက ဒီလိုပါ…

-အချိန်နည်းနည်းအားတာနဲ့ နေ့လည်စားထမင်းချိုင့်ကို လင်မယားနှစ်ယောက် ဦးသူဆေးနေကြပါ…

-တရက်ကျတော့ ရုံးထဲက တယောက်က ချိုင့်ဆေးတာ မိန်းမတွေအလုပ်လေတဲ့…

-ဒါနဲ့ ကျွန်တော်လဲ ပြောပါတယ်… ဒါဆို ကျွန်တော့်မိန်းမ ဘာလို့ အလုပ်လာလဲလို့…???

-လစာ မလောက်လို့လေတဲ့…

-ယောကျာင်္းအလုပ်ဖြစ်တဲ့ စီးပွားရှာတာကို မိန်းမက လိုက်လုပ်နေရတော့ မိန်းမအလုပ်လို ဖြစ်နေတဲ့ သတ်မှတ်ထားတဲ့ ချိုင့်ဆေးခြင်းကို ကျွန်တော်လုပ်တာ မျှတပါတယ်…

-ဒါနဲ့ပဲ

-“နားတော့ နည်းနည်းခါးမယ်ဗျ ကိုယ့်ထမင်းကိုယ်စားပြီး ကြီးဒေါ်နွားကျောင်းချင်သူများတချို့အတွက်တော့… ကိုယ်ကိုယ်တိုင်ရော အောင်မြင်တဲ့ မိသားစုတခု တည်ထောင်နိုင်ပြီလား အရင်မေးပါ… မိသားစုအတွက်၊ မျိုးဆက်အတွက် ဘာ Plan တွေ ဆွဲထားပြီလဲ… သူလိုကိုယ်လိုနဲ့တော့ ဂိုက်လာမဖမ်းပါနဲ့….

-ကိုယ်လင်ကိုယ်မယားကွယ် အဆင်ပြေပြီး လင်အလုပ် မယားအလုပ်မခွဲခြားတာပဲ မှားနေသလိုလိုနဲ့… ဒါဆို ပြန်မေးမယ်… ကိုယ်တိုင်ကရော တာဝန်ကျေလို့လား… ခုခေတ်က ဖခင်တယောက်တည်းလုပ်စာနဲ့ တအိမ်လုံး စားလောက်တဲ့ ခေတ်မဟုတ်ဘူးလေ… လင်ရောမယားရော ဒိုးတူပေါင်ဖက်လုပ်နေရတာလေ… အလုပ်သွားလဲ အတူတူ အလုပ်ပြန်လဲ အတူတူကို အိမ်ရောက်တော့ ငါဟဲ့ယောကျာင်္း အိမ်ခေါင်းရင်းမှာ အိမ်ဦးနတ်ဆိုပြီး မိန့်မိန့်ကြီးထိုင်နေလို့ သင့်တော်မလား…??? လောက်ငအောင် ရှာပေးနိုင်တောင် မလုပ်သင့်ပါဘူး…သူပန်းကန်ဆေးရင်တောင် ကိုယ်က ရေစစ်ပေးတာ… သူအ၀တ်လျှော်ရင်တောင် ကိုယ်က ကူလှမ်းပေးတာမျိုးက ဘာပင်ပန်းလဲ??? ဘယ်လောက် အချိန်ပေးလိုက်ရလို့လဲ…??? အဲလိုမဟုတ်ရင် ဘာလို့ လင်မယားလုပ်ဦးမလဲ… တဦးတည်းသီးသန့်နေပေါ့…

-အိမ်ထောင်တခုတည်ထောင်ပြီ ၂ ဦးပေါင်းဖက်ပြီဆိုကတည်းက ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီပေါ့… ဒါမျိုးကျတော့ မလုပ်ချင်ဘဲ ချစ်တယ် ချစ်တယ် ပြောတယ်ဆိုရင်တော့ သူ့အချစ်က အတ္တအချစ် မိမိကိုယ်ကိုယ်ကို ပိုချစ်တဲ့ အချစ်ပဲ ဖြစ်မယ်… ဒါမျိုးကို သဘောကျနေတဲ့၊ သဘာဝတရားပဲလို့ထင်နေတဲ့ အမျိုးသမီးတွေ(ကြီးဒေါ်တွေ) Wake Up!!! ဒါက မဟာပုရိသတွေ အုပ်စိုးတဲ့ ခေတ်၊ နိုင်ငံမဟုတ်ဘူး… သိပ်ခေတ်မှီတဲ့ အားအရမ်းကျနေရတဲ့ သူများနိုင်ငံတွေမှာ အဖေက မနက်စာပြင်ပေးနေတာ၊ ကလေး ကျောင်းလိုက်ပို့ပေးတာတွေ အတုယူကြစမ်းပါ… ကိုယ်သက်သာရင်ပြီးရော မိန်းမကို မညှာရင်… အဲဒီမိန်းမက ကိုယ့်ကိုယူပြီး ကိုယ့်ထမင်းကိုယ်စား ကိုယ်စရိတ်နဲ့ကိုယ် သံဝါသ လာအပြုခံတာပေါ့ ဟတ်လား… စဉ်းစဉ်းစားစားလဲ ပြောကြပါဗျာ… ဒါကိုမှအချစ်ပါဆိုပြီး ဇွတ်ငြင်းရင် တခွန်းပဲ ပြောမယ် (ဆီပုလင်းခါးထိုးအချစ်)လို့…

-ps: စကားလုံး နည်းနည်းကြမ်းသွားရင် ခွင့်လွှတ်ပါ… ဒါမှလဲ မြင်တော့မှာလေ…
တဦးနဲ့ တဦး နားလည်မှုနဲ့ တည်ဆောက်ထားတဲ့ Happy Family ကို ရည်ညွှန်းပါတယ်…
မိဘလုပ်သမျှ သားသမီးက ကြည့်ထားပြီး ပြန်လည်ပြုမူတတ်လို့ ကိုယ့်ကောင်းမှ မျိုးဆက်ကောင်းမယ်လို့ သိထားပေးပါ… :)
ကျေးဇူးတင်ပါတယ်…”

-အဲ့ပို့စ်တင်မိသွားပါတယ်… :)

– ခုကတည်းက အဲလို Relation မတည်ဆောက်ထားရင် အသက်တွေကြီးလာလို့ သူလဲ မလုပ်နိုင် ကိုယ်လဲ မလုပ်နိုင်အချိန်မှာ တယောက်နဲ့ တယောက်ပဲ နားလည်တော့တဲ့ တချိန်မှာ သူလုပ်နေတာ ကိုယ်မကြည့်ရက် ကိုယ်ကလဲ လုပ်သားမကျရင် သူ့ကို ဒုက္ခပေးသလိုဖြစ်နေမှာပေါ့… သူအတွက်လဲ ချိုမြိန်ဖွယ်အချစ် ဘယ်ဖြစ်မလဲ… သားသမီးတွေ ကိုယ်စီအိမ်ထောင်ကျ အိမ်ခွဲနေသွားရင် ကျန်ခဲ့မှာ ကိုယ်လေ အဘိုးကြီး အဘွားကြီး လင်မယားလေ… အဲအချိန်သူက ထမင်းစားဖို့ ခူးခပ်နေချိန် ကိုယ်က လက်ကလေးရေဆွတ်ပြီး ထိုင်စောင့်နေလို့ ဘယ်ဖြစ်မတုန်း… ပန်းကန်လေးကိုင်ပြီး သူ့ဘေးနားရပ်နေပေးတာ ပိုပြီး ချစ်ချင်စရာကြင်နာချင်စရာ မကောင်းဘူးလားဗျာ… :)

 

ရေမြေ့သနင်း

Yae Myae Tha Ninn

About Yae Myae Tha Ninn

Yae Myae Tha Ninn has written 114 post in this Website..

မြိတ်သား၊ မိတဆိုး၊ ကလေးအဖေ၊ သားကောင်းဖခင်ကောင်းခင်ပွန်းကောင်းသားမက်ကောင်း ဖြစ်အောင် ကြိုးစားနေသူ... အောင်မြင်ခြင်း မအောင်မြင်ခြင်းကတော့ အခြေအနေအချိန်အခါအကြောင်းအရာပေါ်မူတည်မှာပဲ...