တောင် ပေါ် မြို့ လေး တွေ ကို ခရီး ထွက် ချင် တဲ့  သူများ အတွက်

ချင်း မိုင် အနီး ရှိ Mae Kampong ရွာ လေး အကြောင်း ကို ပြောချင်ပါတယ်။ ချင်း မိုင် မှ နောက် ထပ် ကီလို မီတာ ၅၀ လောက် ထပ် မံ သွား ရပြီး Doi Mon Larn တောင် လေး မှာ တည် ရှိ တဲ့ ရွာ ကလေး ပဲ ဖြစ်ပါတယ်။

Mae Kampong ရွာ တည် ရှိနေ ခဲ့ တာ နှစ်ပေါင်း ၁၀၀ ကျော်ခဲ့  ပါပြီ။ရွာကို ဖြတ် ပြီး စီးဆင်း နေတဲ့ စမ်းချောင်း များစွာ

ရှိခြ င်းထိုင်းမြောက်ပိုင်းဘာသာ စကားအရ စမ်းချောင်းကို Nam Mae လို့ ခေါ်ဆို ကြပါ တယ်။

စမ်းချောင်း လေး တစ်လျှောက်မှာ ရှိ တဲ့  Dok Kampong လို့ ခေါ်တဲ့

အပင်များ ပေါက်ရောက် ခြင်း အား လုံး ကို ပေါင်း စပ် ပြီး တော့  Mae

Kampong ရွာ လို့ အမည်ပေးထားတာ ဖြစ်ပါတယ် ။ Mae Kampong ဟာ

ချင်းမိုင်ခရိုင် Huai Kaew ရှိ ရွာ ၇ ရွာမှ နံပါတ် ၃ မြောက် ရွာဖြစ်ပါတယ်။

ချင်းမိုင်မြို့ရဲ့ ကီလိုမီတာ ၅၀ အကွာမှာ တည်ရှိပါတယ်။ ရွာရဲ့ ၉၅

ရာခိုင်နှုန်းဟာ ဗုဒ္ဓဘာသာ များ ဖြစ်ပါတယ်။ ရွာကို ၁၉၁၄ ခုနှစ်မှာ တရားဝင်

တည်ထောင်ခဲ့ တယ် လို့ သိရ ပါတယ်။ခရီးသွားလုပ်ငန်းအတွက် စွဲဆောင်မှုများ

ထိုင်း နိုင် ငံ ရဲ့  ထုံး စံ အရ ခရီး သွား လုပ် ငန်း ပေါ် အခြေ ပြု ပြီး ဝင် ငွေရှာ

ဖွေ ဖို့ အတွက် သဘာ ဝ တရား တွေ ကို အနည်း ငယ် လေး ပြု ပြင် ထိမ်း

သိမ်း လိုက် တဲ့ အခါ ဘေးအန္တာရယ် ကင်း ရှင်း ပြီး သွား ရောက် လည် ပါတ်

ချင် စရာ မြို့  လေး တစ် ခု ပေါ် ပေါက် လာ ခဲ့ ပါတယ် ။တောအုပ်ငယ် လေး

Mae Kampong ရွာမှာ စိမ်းလန်း တဲ့ တော များ ရှိပါတယ်။တောကို

မြင့်မားတဲ့ တောင်တန်း များက ၀ိုင်းရံထားပါတယ်။

တောရိုင်းတိရိစ္ဆာန်များ အပါအ၀င် တိရိ စ္ဆာန်မျိုးစုံရှိပါတယ်။ဒေ သ တွင်

နာမည်ကြီး တဲ့ အပင်ကတော့ သစ်ခွ ပင် ပဲ ဖြဖစ်ပါတယ်။ တောအုပ်ကို

၁၉၉၃ ခုနှစ်ကတည်းက ထိန်းသိမ်းစောင့်ရှောက်လာခဲ့တာဖြစ်ပြီး ၁ စတုရန်း

ကီလိုမီတာ ကျယ်ဝန်းပါတယ်။ရေတံခွန်ရွာ နဲ့ မလှမ်း မကမ်း မှာ စမ်းချောင်းကနေ စီးကျနေတဲ့ သဘာဝ

ရေတံခွန်ငယ် တစ်ခုရှိပါတယ်။ ရေတံခွန်ကို တော့  အပိုင်း ၇ ပိုင်း ခွဲခြား

ထားပါ တယ်။ ရေတံခွန် ရဲ့ ထိပ်ဆုံးကနေ တက် ရောက် ကြည့် ရှူ့ လျင်

တောင်တန်းများ ကို မြင်တွေ့နိုင် မှာဖြစ် ပြီး ရေတံခွန်မှာ အနားယူဖို့

အခန်းများ၊ အိမ်သာ၊ ရေချိုးခန်းများကို ဆောက် လုပ် ပေး ထား တဲ့ အတွက်

အထူး အဆင် ပြေ ပါတယ် ။ကျောက်တောင်များဒေ သမှာ ထူး ခြား တဲ့  ထုံးကျောက်တောင်များကိုလည်း တွေ့မြင်နိုင်ပါတယ်။

စမ်းချောင်းမှ ရေများဟာ ထုံးကျောက်တောင်အောက် မှ ထူး ထူး ဆန်း ဆန်း

စီးဆင်းနေတာ ကို မြင် တွေ့ ရ မှာ ဖြစ်ပါတယ်။

ကျောက်တုံး ဥယျာဉ်

ကျောက်တုံး ဥယျာဉ် ဟာ ထုံးကျောက်တောင် အနားမှာ တည်ရှိပါတယ်။

သဘာဝအတိုင်း လှပစွာတည်ရှိနေတဲ့ ကျောက်တုံးများ ဖြစ်ပါတယ်။

ကျောက်တုံးများဟာ ဥယျာဉ်သဖွယ် တည်ရှိနေပါတယ်။ အများ စု က ဓါတ် ပုံ

ရိုက် ခြင်း များ လာ ရောက် အပန်း ဖြေ ခြင်း များ ကို ဒီနေ ရာ မှာ ပြု လုပ် ကြ

ပါတယ် ။

ယဉ်ကျေးမှု

Mae Kampong ဟာ ထိုင်းမြောက်ပိုင်းမှာ တည်ရှိတဲ့အတွက် ကွဲပြားတဲ့

ထိုင်းမြောက်ပိုင်း ယဉ်ကျေးမှုများ ရှိပါတယ်။ ဒေသခံရွာသားများဟာ

ထိုင်းမြောက်ပိုင်း ဘာသာစကားကို ပြောကြပါတယ်။ ရွာသားများက

ထိုင်းအလယ်ပိုင်းနဲ့ ကွဲပြားတဲ့ Khonmuang လို့ သူတို့ကိုယ် သူတို့

သတ်မှတ်ကြပါတယ်။ သူတို့ ရိုးရာ အ၀တ်အစားများလည်း ရှိပါတယ်။

ဘုရားကျောင်း

Wat Khantha Phreksa ဟာ ရွာမှ တစ်ခုတည်းသော ခရစ်ယာန်

ဘုရားကျောင်းဖြစ်ပြီး အလွန်ရှေးကျပါတယ်။ ၁၉၅၃ ခုနှစ်လောက်က

တည်ဆောက်ထားတာ ဖြစ်ပြီး ထူးခြားတဲ့ ထိုင်းမြောက်ပိုင်း

ဗိသုကာလက်ရာများကို မြင်တွေ့နိုင်ပါတယ်။ ဘုရားကျောင်းကို ရေလည်မှာ

တည်ဆောက်ထားတာ ဖြစ်ပြီး ရွာရဲ့ အလယ်ဗဟိုအဖြစ်

သတ်မှတ်ထားပါတယ်။

credit

About သျှားသက်မာန်

Shar Thet Man has written 112 post in this Website..