ကျွန်မတို့နေထိုင်တဲ့ကမ္ဘာကြီးဟာ ကြီးမားကျယ်ပြန့်ပြီး အလှအပတွေ၊ စွန့်စားစရာတွေ၊ ကောင်းခြင်းသုခတွေနဲ့ပြည့်စုံနေတဲ့ ဆန်းကြယ် တဲ့နေရာ တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ကမ္ဘာကြီးရဲ့ သမိုင်းအချို့ကတော့မလှပခဲ့ပါဘူး။ ကျွန်မတို့ရဲ့နောက် ထပ်ခရီးစဉ်တစ်ခုအတွက် စိတ်လှုပ်ရှား စရာနေရာတွေ ကတော့ ကြောက်စရာဒဏာရီတွေ၊ ခြောက်လှန့်မှုတွေနဲ့ အထောက် အထားမရှိတဲ့ ထိတ်လန့်ဖွယ်အဖြစ်အပျက်တွေရှိတဲ့ နေရာတွေပဲဖြစ်ပါတယ်။ သဘာဝ လွန်ဖြစ်ရပ်တွေကို ယုံလေ့မရှိတဲ့သူတွေတောင် အဲ့ဒီနေရာတွေ ကပြန်လာတဲ့အခါ သူတို့ရဲ့အယူအဆတွေကို ပြောင်းလဲသွားလိမ့်မယ်လို့ ကျွန်မတို့ အာမခံ ပါတယ်။ ဒီနေရာတွေကတော့ ကမ္ဘာပေါ်ကသရဲအခြောက်ဆုံးနေရာတွေပါပဲ။

1. Aokigahara- “Suicide Forest” Tokyo, Japan

suicideforest-compressor
Fuji တောင်နဲ့ကပ် လျက်မှာတည်ရှိတဲ့ အုံ့မှိုင်းနေတဲ့ Aokigahara တောနက်ကြီးထဲက ထူထပ်နေတဲ့ ချုံတွေကြားမှာ ကိုယ့်ကိုယ် ကိုသက်သေ တဲ့ပြစ်မှုတွေ တစ်နှစ်ကို အမှု(၁၀၀) လောက် ရှိပါတယ်။ တောကြီးက အရမ်းကို နက်တာကြောင့် လူသေ အလောင်းတွေ ကိုလည်း အကုန်လုံးမဖော်နိုင်ပါဘူး။ အဲ့ဒီ့တောထဲ ကိုသွားတဲ့ အခါ ဒေသခံတွေရဲ့ဘေးက ကပ်လိုက်သွား တာပဲဖြစ်ဖြစ်၊ ထွက်ပေါက် ကိုဦးတည်ပြီး ဆွဲပေးထားတဲ့ tape လမ်းကြောင်းအတိုင်းသွားတာဖြစ်ဖြစ် အဲ့ဒီ့နည်းတွေနဲ့တောထဲ ကပြန်ထွက်မှသာ ၀ိညာဉ်တွေက လမ်းမှားအောင်မလုပ်နိုင်မှာပါ။

ကြောက်စရာ အချက် : Suicide Forest ရဲ့ မြေကြီးတွေမှာ cellphone ၊ GPS နဲ့ သံလိုက်အိမ်မြောင်တွေကို ပျက်စီးစေတဲ့ သံလိုက်ဓါတ်တွေကြွယ်ဝနေတာပဲ ဖြစ်ပါတယ်။

 

2. Tuol Sleng မျိုးဖြုတ်ပြတိုက် – Phnom Penh, Cambodia

tuolsleng-compressor

Photo by James Antrobus

၁၉၇၀ ပြည့်နှစ်တွေမှာ အထက်တန်းကျောင်းကနေ Khmer အုပ်ချုပ်ရေးစနစ်ရဲ့ အဆိုးရွားဆုံး S-21 အကျဉ်းထောင်ဖြစ်ခဲ့ပြီး အကျဉ်းသား (၂၀၀၀၀) ခန့် သေဒဏ်ပေးခံခဲ့  ရပါတယ်။ ယနေ့ ခေတ်ရောက်တော့ ပြတိုက်             အဖြစ်ပြောင်းလဲ     လိုက်တဲ့အတွက် အဲ့ဒီ့ပြတိုက် ထဲမှာ ၀ိဥာဉ်တွေက  ကျင်လည် ကျက်စားနေကြပါတယ်။ အကျဉ်းသား (၂၀၀၀၀) ခန့်မှာ မျိုးဖြုတ်သတ်ဖြတ်မှုကနေလွတ်လာသူက (၆) ယောက် ကနေ (၁၂) ယောက်လောက်ထိပဲ ရှိတယ်လို့ ကောလဟလကြားသိရပါတယ်။

ကြောက်စရာ အချက် : ပြတိုက်ဝန်ထမ်းတွေက သူတို့နေ့လည်စာစားတဲ့အချိန်မှာ သရဲတွေအတွက်လည်း အစာတွေချပေးထားရပါတယ်။ တကယ်လို့ အစာတွေမထားပေးရင် သူတို့နေ့လည်စာကိုအေးအေးဆေးဆေးမစားရဘဲ ဆူညံသံတွေ နဲ့ ခြောက်လှန့်မှုတွေကိုကြုံရလေ့ ရှိတယ်လို့ ပြောကြပါတယ်။

3. Les carriers de Paris- “ မြေအောက်သင်္ချိုင်းများ” – Paris, France

skulls-compressor

Parisမြို့ကလမ်းတွေရဲ့အောက်မှာရှိတဲ့ မြေအောက်သချိင်္ုင်းတွေကတော့လူ(၆)သန်းကျော်လောက်ရဲ့အရိုးစုတွေရှိရာနေရာတွေပါပဲ။ မြေပေါ်မှာရှိတဲ့ သချိင်္ုင်းတွေမှာအလောင်းတွေအရမ်းများလာတဲ့အတွက် မြို့ရဲ့တာဝန်ရှိသူတွေက အလောင်းတွေရဲ့ အရိုးစုတွေကို လမ်းတွေရဲ့အောက်က ဥမင်လိုဏ်ခေါင်းတွေထဲမှာ ထားဖို့သတ်မှတ်လိုက်ကြပါတယ်။ အရိပ်မည်းတွေထဲမှာ မရေတွက်နိုင်တဲ့ ၀ိဥာဉ်တွေ လှုပ်ရှားနေ တာကို တွေ့ရတတ်ပြီး တချို့ဝိဥာဉ်တွေရဲ့ခြေရာတွေ ကိုဆို နယ်မြေသတ်မှတ်ထားတဲ့ tape တွေပေါ် မှာတောင် တွေ့ရတတ်ပါတယ် လို့ ဆိုကြပါတယ်။

ကြောက်မက်ဖွယ်အချက်: မြေအောက်သချိုင်္င်းနေရာတော်တော်များများက ပျောက်ဆုံးသွားပါတယ်။ဒါကလည်းကောင်းတယ်လို့ပြောရမှာပါပဲ။ လိုဏ်ဂူတွေ၊ မြေတွင်းတွေအများကြီးရှိသလို ဒါကလည်း မိုင်ပေါင်းများစွာရှည်လျားပြီး အရေးပါတဲ့ မြေအောက်ဝင်္ကပါတစ်ခုပါပဲ။ ငရဲကိုသွားတဲ့ထွက်ပေါက်လို့လည်းယူဆလို့ရပါတယ်။

 

4. The Pyramid of Giza – EI Giza, Egypt

pyramidgiza

Photo by Anthony kelly
Computer wallpaper တွေမှာအတွေ့များရတဲ့ Pyramid of Giza က 2650 BC မှာ ဆောက်လုပ်ခဲ့တာဖြစ်ပြီး အဲ့ဒီ Pyramid ရဲ့ ထိတ်လန့်ဖွယ်အကြောင်းကိုတော့ လူတွေသိပ်မသိကြပါဘူး။ Tut ဘုရင်ရဲ့အုတ်ဂူကို Pyramid ရဲ့အလယ်မှာမြှုပ်ထားပြီး ဘုရင်အနားယူနေ တာကို နှောက်ယှက်တဲ့ဘယ်သူမဆို အသေဆိုးနဲ့သေရမယ်လို့ ကျိန်စာတိုက်ခဲ့တယ်။ အိုဟောင်းနေ တဲ့ ကျောက်တုံး ကျောက်သားတွေရဲ့အောက်မှာ လျှောက်သွားနေတဲ့ (၁၉) ရာစုက ၀တ်ပုံစားပုံနဲ့ အမျိုးသား တစ်ယောက်နဲ့ သက်ဆိုင်တဲ့ အဖြစ်အပျက်တွေအများကြီးရှိပါတယ်။

ကြောက်မက်ဖွယ်အချက်:ဘုရင်Tutankhamunရဲ့ကျိန်စာက ရှေးဟောင်းသုတေသနပညာရှင်အဖွဲ့ဝင်အချို့ကသုတေသနပြုဖို့မြေကြီးကို တူးဖော်ကြ တဲ့ အခါမှာစတင်သက်ဝင်လာပြီး ၄င်းအဖွဲ့ဝင်အချို့နဲ့ Pyramid စတင်ဖွင့်လှစ်ချိန်မှာ အုတ်ဂူကိုလာရောက်ကြည့် ရှုကြသူအချို့ ဆန်းကြယ်စွာ သေဆုံးခဲ့ကြရတယ်။ စုစုပေါင်း အလောင်း (၁၁) ခုက ကျိန်စာရဲ့အစွမ်းကို သက်သေပြခဲ့ကြတယ်။

5. Gukanjima “Hashima Island”, Japan

gunkanjima-compressor

Photo by Anthony Ajari
James Bond ရဲ့ Skyfall ရုပ်ရှင်ထဲက လူသူမရှိတဲ့ ကျောက်မီးသွေးတွင်းတွေရှိရာ ကျွန်းသေးသေးလေးကို အချို့ကတော့ သိကြပါ လိမ့်မယ်။ ဒါပေမယ့် ဒီကျွန်းမှာ သရဲခြောက် တယ်ဆိုတာကိုတော့ သိတဲ့သူမရှိသလောက်ပါပဲ။ ဒီကျွန်းကိုတွေ့ရှိပြီးတဲ့အခါမှာ များစွာသော သတ္တုတွင်းတူးဖော်သူတွေက ပင်လယ်ရေအောက် အနက် (၁၀၀၀) မီတာလောက်က လုံခြုံမှုမရှိတဲ့ သတ္တုတွင်းတွေထဲမှာ ပူလောင်၊စိုစွတ်တဲ့ ဒဏ်တွေကိုရင်ဆိုင်ရင်း ကျောက်မီးသွေးတူးဖော်ဖို့စေခိုင်းခံခဲ့ရတယ်။ လုပ်သားတွေက သတ္တုတွင်းပြိုခြင်း၊ အဆိငွေ့ရှူမိခြင်း၊ ဓါတ်ငွေ့ပေါက်ကွဲခြင်းစတဲ့ အန္တရာယ်တွေနဲ့ကြုံရပြီး ခန့်မှန်းခြေ လူ (၂၀၀) နီးပါး သတ္တုတွင်းတွေထဲမှာ အသက်ဆုံးရှုံးခဲ့ရတယ်။၁၉၇၄ ခုနှစ်လောက်ကတည်းက ဒီကျွန်းပေါ်မှာဘယ်သူမရှိတော့ပေမယ့် ဆရာတွေရဲ့ဝိဥာဉ်တွေက မူလတန်းကျောင်းအပျက်ထဲမှာ တွေ့ဆုံကြတယ်လို့ သတင်းထွက်ခဲ့ပြီး ဒီ့ထက်ကြောက်စရာကောင်းတာတစ်ခုကတော့ သရဲအိမ်စာလို့ ဆိုပါတယ်။

ကြောက်မက်ဖွယ်အချက် : ဒုတိယကမ္ဘာစစ်အတွင်းမှာ ကျွန်းပေါ်မှာနေထိုင်တဲ့ အမျိုးသားအများစုက စစ်တိုက်ဖို့နဲ့ လစ်လပ်နေတဲ့ အလုပ်သမားတွေနေရာမှာ အလုပ်လုပ်ဖို့အတွက် ကျွန်းကနေ စွန့်ခွါသွားရတယ်။ အဲ့ဒီ့အခါ ဂျပန်အစိုးရက တရုတ်နဲ့ကိုရီးယား စစ်သုံ့ပန်းတွေကို ဒီကျွန်းပေါ်ကိုပို့ခဲ့တယ်။ အဲ့ဒီ့အခါ တစ်လကို သုံ့ပန်း (၅) ယောက်ထက်မနည်း သေဆုံးပြီး အနီးအနားမှာရှိတဲ့ ကျွန်းဟာ အလောင်းတွေကို မီးသဂြိုလ်တဲ့နေရာဖြစ်ခဲ့တယ်။ သေဆုံးသူတွေရဲ့ ၀ိဥာဉ်တွေကတော့ ကျွန်းပေါ်မှာရှိနေတုန်းပါပဲ။

6. ချိတ်ဆွဲထားတဲ့ အခေါင်းများ , Sagada, Philippines

hangingcoffins-compressor
အခေါင်းတွေက ကြောက်စရာမကောင်းဘူးဆိုတဲ့အယူအဆနဲ့ ဖိလစ်ပိုင်လူမျိုး ရှေးခေတ်မျိုးနွယ်စုတစ်ခုက ကမ်းပါးတွေရဲ့ဘေးမှာ အခေါင်းတွေကို နှစ်ပေါင်း (၂၀၀၀) ကျော်လောက်ကြာကြာချိတ်  ဆွဲထားခဲ့ကြတယ်။ ဒီလို အသုဘဓလေ့ကို ကျင့်သုံးရတဲ့ အကြောင်း ကတော့ ရှေးခေတ် မျိုးနွယ်တွေက လူသေတွေကို မြင့်မား တဲ့နေရာတွေမှာ မြှုပ်ထား တဲ့အခါ သေဆုံးသူတွေက သူတို့ရဲ့ဘိုးဘေးဝိဥာဉ်တွေနဲ့ နီးနီးကပ်ကပ် ရှိတယ်လို့ ယုံကြည်ထားတဲ့အတွက် ဖြစ်ပါတယ်။ အခေါင်းတွေကို ကမ်းပါးရဲ့ဘေးမှာ ချည်ထား တာပဲဖြစ်ဖြစ်၊ သံနဲ့ရိုက်ထားပြီးပဲဖြစ်ဖြစ် ချိတ်ဆွဲထားပါတယ်။ အဲ့ဒီ့အခေါင်းတွေက ၁မီတာလောက်ပဲရှည်ပြီး အခေါင်းထဲမှာ လူသေတွေကို သန္ဓေသားလောင်းပုံစံ ကွေးပြီးထည့်ထားပါတယ်။ အဲ့ဒါကလည်း လူတစ်ယောက်က ဘ၀ထဲကပြန်ထွက် သွားတဲ့အခါ ဘ၀ထဲဝင်လာတုန်းကပုံစံအတိုင်းပဲ ပြန်ထွက်သွားသင့်တယ်ဆိုတဲ့ သူတို့ရဲ့အယူအဆကြောင့်ပဲဖြစ်ပါတယ်။ Sagada ကို Manila မြို့ကနေ တောင်တွေကိုကျော်ဖြတ်ပြီး ၁၂-၁၃ နာရီလောက် bus စီးပြီး သွားလို့ရပါတယ်။

သိပ်ပြီး ကြောက်မက်ဖွယ် မကောင်းတဲ့အချက်: အခေါင်းတွေကို ချိတ်ဆွဲတဲ့အခါ ကူညီတဲ့သူက သွေးထွက်သံယို တစ်ခုခု ဖြစ်ခဲ့မယ်ဆိုရင် ကံကောင်းတယ်လို့ ယူဆကြပါတယ်။ ဘာလို့လဲ ဆိုတော့ Igorot ယဉ်ကျေးမှုမှာ သွေးကို ကောင်းတဲ့နိမိတ်လို့ သတ်မှတ် ထားလို့ပါပဲ။

Reference : www.tourradar.com

 

 

 

About သျှားသက်မာန်

Shar Thet Man has written 112 post in this Website..