“ဗိုလ်အောင်ဒင် ဟေ့ ဗိုလ်အောင်ဒင်”

 

 

‘ဖားတုလို့ခရုခုန်

အိုင်ပျက်ရုံသာ

ရှိမပေါ့ ရာမ’

လို့ ခပ်ကြွကြွလေး

ပြောခဲ့တဲ့

မမြဝင်းရဲ့

ဗိုလ်အောင်ဒင်

်သူ့ကျွန်ခေတ်က

ဗိုလ်အောင်ဒင်

၂၀ရာစုက

ဗိုလ်အောင်ဒင်

အားလုံးရင်ထဲ

ခွဲဝင်ခဲ့ဘူးတယ်။

လွန်ခဲ့တဲ့နှစ်၆၀လေက်ကပေါ့။

 

အခု အခု

၂၀၁၆

ဗိုလ်အောင်ဒင်

အသစ်တစ်ယောက်

မြန်မာပြည်ကိုရောက်လာသတဲ့။

 

“ငါက ဗိုလ်အောင်ဒင်

နင်ကဒါကိုမမြင်

ငါ့အသဲကိုခလုပ်တိုက်သွားတဲ့

မိန်းကလေးရယ်

သိပ်မိုက်တယ်”

ဆိုတဲ့သီချင်းအသွား

မြန်မာပြည်တနံတလျား

ခရီးသွားလိုက်တာ

နားတောင်မနားရဘူးဆိုဘဲ။

“ဗိုလ်အောင်ဒင်ကြမ်းတာရမ်းတာ

မကြောက်ပါနဲ့မိန်းကလေးရယ်”

ဆိုပေမယ့်

 

ဗိုလ်အောင်ဒင်နှိပ်စက်

အိပ်ပျက်တဲ့သူတွေ့လဲရှိသတဲ့။

ဗိုလ်အောင်ဒင်ကိုသဘောတွေ့

မနောခွေ့သူတွေလဲရှိသတဲ့။

 

ရှေးရှေးကတည်းက

ဗိုလ်အောင်ဒင်

 

ပြန်လာပြီဆိုတဲ့

ဗိုလ်အောင်ဒင်။

ဖေဖေ့ရဲ့သားဗိုလ်အောင်ဒင်

 

ဟော ပြန်လာပြန်ပကွဲ့

ဗိုလ်အောင်ဒင်

မြေးအနှစ်ကလေး

ဗိုလ်အောင်ဒင်

 

”  ဗိုလ်အောင်ဒင်ဟေ့ ဗိုလ်အောင်ဒင်”

 

ကိုပေါက်လက်ဆောင်အတွေးစဉ်

၁၄၁၁၁၆

 

 

 

 

 

 

 

 

 

ကိုပေါက်(မန္တလေး)

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1561 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။