wel28
ကြိုဆိုပါတယ်
—–
ငလျင်လှုပ်ရင်ရေကာတာပြိုမယ်၊ရေတွေကြောင့်အောက်ပိုင်းကလူတွေသေမယ်၊
ရေကာတာလုပ်လို့မြစ်ကောမယ်၊ရေငါးလုပ်ငန်းပျက်မယ်၊လူတွေဒုက္ခရောက်မယ်၊
စတဲ့ ဖေ့ဗုက်ကစိုးရိမ်မှုတွေကိုရှေ့ဆောင်းပါးမှာဖော်ပြရှင်းလင်း ချေပပြီးပါပြီ၊
——
ခုဆွေးနွေးမှာကတော့ မြစ်ဆုံစီမံကိန်း ရေကာတာ ၇ လုံးမှပေါ်ထွက်လာမဲ့
အကျိုးအမြတ်ကို ခွဲဝေပုံပါ၊
——-
စာချုပ်မပြ
——–
စစ်အစိုးရက မြစ်ဆုံစာချုပ်ကိုပြည်သူ့ထံချမပြခဲ့ပါ၊စီပီအိုင်ကိုလဲနှုတ်ပိတ်ဘို့တားထားခဲ့တယ်
လို့စီပီအိုင်ကသတင်းစာရှင်းလင်းပွဲမှာပြောပါတယ်၊
—-
အချောက်တိုက်
—-
သို့ပင်ငြားလည်း၊ဆရာဦးထွန်းလွင်ကစီပီအိုင်ကဘဲချမပြခဲ့သလို၊ CPI စီပီအိုင်ကဘဲ စစ်အစိုးရ
ကိုလိုက်ပြီးနှုတ်ပိတ် တားမြစ်ခဲ့သလိုပြောခဲ့ပါတယ်၊
ဆရာကြီးက ကုလားမနိုင်ရခိုင်မဲ (မေး) ပြန်ပြီလို့ပြောရမလား၊တံခါးမှားခေါက်ပြန်ပြီလို့ပြောရ
မလား၊ ကိုယ့်သိက္ခာနဲ့လိုက်အောင် တပ်အပ်သေချာမှပြောဘို့ကောင်းတယ်မဟုတ်
ဖူးလား ဆရာကြီး?
—-
စဉ်းစားကြည့်လေ၊ကလေးတောင်နားလည်တယ်၊ အလုပ်အပ်သူ အလုပ်ရှင် စစ်အစိုးရ ရဲ့ဆန္ဒလား?
cut-1
အလုပ်ရသူရဲ့ဆန္ဒလား? အလုပ်သမားကအလုပ်ရှင်ကိုပြန်ခိုင်းနေကျလား? လျှို့ဝှက်လုပ်နေကြ၊
လုပ်ဘို့အကြောင်းရှိသူကဘယ်သူလဲ? မတရားနည်းနဲ့အာဏာယူထားသူစစ်အစိုးရပါ ဆရာကြီး?
ဟိုလူ့မယုံ ဒီလူ့မယုံ သူ့လက်ထဲကအာဏာ လုသွားမှာစိုးလို့၊ပြည်သူတွေပုန်ကန်မှာကြောက်
လို့အသေးအဖွယ်က စ တားမြစ်နေကျပါ၊
—–
မျက်နှာရ
——
နောက်ပြီး စစ်အစိုးရကလာလုပ်ဘို့သွားသွား ပြီး ပင့်ဘိတ်တာဖြစ်လို့လဲ၊မျက်နှာပန်းရသူ CPI စီပီအိုင် က သူများကို
ခိုးချောင်ခိုးဝှက် လုပ်ဘို့အကြံပေးနေဘို့မလိုပါ၊CPI စီပီအိုင်က သတင်းစာရှင်းလင်းပွဲမှာ ရှင်းလင်းပြီးပါပြီ
ဒေါ်စုထံစာချုပ်ကိုတင်ပြပြီးပါပြီ၊ စွမ်းအားဝန်ကြီးဌာနမှတောင်းယူရရှိလာ တဲ့ စာချုပ်ကို ကော်မရှင်ကပြည်သူ
အား အပြည့်အစုံချပြရှင်းလင်းပါလိမ့်မယ်၊လောလောဆယ် စာရှုသူတွေက အသေးစိတ်ကို မသိလိုက်လို့Facebook ဖေ့ဗုက်မှာ အောက်ပါမှတ်ချက် တွေကို
မကျေမနပ်နဲ့ရေးကြတယ်
————–
မှတ်ချက်များ

အကျိုးအမြတ်ခွဲဝေပုံနဲ့ပတ်သက်တဲ့ FaceBook ဖေ့ဘုက် ကကွန်မန့်တွေပါ
========== 
ဆောက်ရင်ကောင်းတယ်ဆိုတာတော့ဟုပ်ပါပီ တရုတ်အတွက်လား ဘယ်လိုခံစားခွင့်ပျက်စီးခဲ့ရင်တာဝန်ယူမဲ့ကဏ္ဍတွေ
စာချုပ်စာတန်းတွေကိုတော့ပြည်သူတွေကိုချပြသင့်ပါတယ် ။ ။ မြစ်စုံ က စာချုပ် ဘယ်လိုချုပ်ဆိုတယ် ဘယ်အတိုင်းအတာ ဘယ်လိုစည်းကမ်းချက်တွေ ဘယ်လိုခွဲဝေထားတယ် နှစ်နိုင်ငံအကျိုးက ဘယ်ဘက်ကရာခိုင်နှုန်း% သည်ရှိတယ်ဆိုတဲ့ ပတ်သက် ခင်း အဆင့်
နဲ့သက်ဆိုင်တဲ့ စာချုပ်မှု ခဗျား မြင်ဖူးလားမြန်မာပြည်သူက ၁၀ရာခိုင် နှုန်းသာရမယ့်အခွင့်အရေးမျိုးနဲ့တော့မြစ်ဆုံကိုရောင်းစားဖို့
စိတ်မကူးပါနဲ့
ကျွန်တော် လူပါဗျာ သူများနိုင်ငံအတွက်က ၈၀ ရာခိုသ်နုံး ကို့အတွက်က ၂၀ ပါလျှပ်စစ် ၅၀ ရာနုန်းရမယ်ဆည်အောက်မြို့တွေအတွက်လုံခြုံရေအာမခံချက်ရမည်ဆိုလက်ခံသင့်
စာချုပ်ကဘယ်လိုအကျိုးသက်ရောက်မှုရှိလဲ မြန်မာပြည်အတွက်
ဘာတွေရခဲ့လဲ တနှစ်ကိုဘယ်လောက်ရမလဲ ဆည်တည်ပြီးရင် ၊၊၊
မြစ်ဆုံစီမံကိန်းခံစားခွင့်ဟာတရုတ်က ၉၀%မြန်မာက ၁၀%
ရေအားလျှပ်စစ်ထုတ်လဲကိုယ်နိုင်ငံအတွက်မပါဘူး အကြိုးစီးပွားရဲ့၇၅ရာခိုင်နှုံးကျော်ပြည်သူတွေခံစားရမယ်ဆိုင်ရင်လာမယ့်ဘေးပြေးတွေ့ပြီး ထာက်ခံလိုက်ပါ့မယ်။အခုတိုင်းကတော့မြန်မာကလျပ်စစ်၉၀ရာနှုန်းရမှာလား
ငလျင်ဒဏ်ခံနိုင်တယ်ထား အုံး။အခုဆိုမိုီးတွေအသည်းအသန်ရွာနေတာသတိထားကြအုံး။ပြီးတော့၉၀း၁၀နော်။50% 50 % လုပ် ရင်ကော်???
နှစ်ငါးဆယ်မှာ ၉၀ ရာနှုန်းကလုပ်တဲ့လူတွေကရမှာ..အလကားရတဲ့ ၁၀ ရာနှုန်းကမြန်မာပြည်နှစ်ပေါင်းရာချီနောက်ကျန်နေမယ် မြစ်စုံဆည်ဆောက်ပြီးလိုအကျိုးရှိမှာကသူတို
ဆည်ကျ လိုဒုက္ခရောက်မှာကဒိုပြည်သူ
ဘယ်ဘက်ကကြည့်ကြည့်ဒို့မြန်မာတွေက(-)ဖြစ်နေတယ်
လာအို နော်ဝေ နိုင်ငံတွေကလဲ မြန်မာနိုင်ငံလို ၁၀% ပဲရလို့ကြီးပွားတိုးတက်နေပါသလား မြန်မာနိုင်ငံသူ သားအကျိုးခံစားခွင့် ၁၀%ရရှိလို့ကြားမိလို့ပါ

မြစ်ဆုံစီမံကိန်းက ကြားတောကြာဖူးပါတယ် ဆုံးရှံးမှူ့ များမယ်ထင်တယ် တစ်ခုတော့ရှိတာပေါ့ ဆုံးရှုံးသူတိုင်းကို အဲထက်ပိုတဲ့ ရော်ကြေးပေးမယ် ဆိုရင်တော့ တစ်မျိုးပေါ့ မြစ်ကတော့ ပျစ် (ပျက်)မသွားလောက်ဖူးထင်တယ် ဘာလို့လည်းဆိုတော့ အထက်ကစီးဝင်သလောက်တော့ ထုပ်(ထွက်) နေရမှာပဲ လှောင်ထားရင် ဘယ်ရမလည်း

မြန်မာက 10%နှုန်သာခံစားခွင့်ဘဲရတာ ဘာအကျိုးမှမရှိပါ

တီးတိုးဝါဒဖြန့်မှ (မှာ)ကလက်ဦးမှုရသွားတယ်မြစ်ဆုံဆည်ကျိုးရင်တနိုင်ငံလုံးဆူနာမီလိုရေမြုပ်မယ်တို့၊ဆည်တွေကိုစစ်အစိုးရကသူတို့မအုပ်ချုပ်ရရင်တနိုင်ငံလုံးရေမြှုပ်ဖို့အကွက်ချတည်ထားတာတို့နဲ့ကောလဟလပေါင်ချုပ်ပြုစုရင်စာမျက်နှာအတော်ထူတဲစာအုပ်တစ်အုပ်ရနိုင်တယ်

 ———-
ဆောင်းပါး ၂၂၆၈၅၅ # ၁၈ မှာ အကျဉ်းရုံး ပြီ ဖြေထားတယ်
 
ရေကာတာ ဆက်လုပ်ခြင်းဖြင့်
$ သန်း ၁၀၀၀ အလျှော်သက်သာမယ်၊ နှစ်စဉ် $ သန်း ၅၀၀ လဲ ရမယ်၊
(၁၀%) ၆၀၀ မီဂ္ဂာဝပ် ဓာတ်အား အခမဲ့ရမယ်၊ ကျန် ၉၀ % ၅၄၀၀ မီဂ္ဂာဝပ်
ကိုရောင်း ပြီး၊အခွန်လဲကောက် အမြတ်လဲ ထပ်ခွဲ၊ နောက်လဲ ရေကာတာ
ကိုလုံးဝ ပိုင်မယ်၊
လူတွေအလုပ်ရ၊အခြားသွားကျွန်ခံဘို့မလို၊ ပတ်ဝန်းကျင်မှာအပန်းဖြေစခန်း
လုပ်ပြီးTourists ဆီကဝင်ငွေ $ သန်းချီရအုန်းမယ်၊
အခြားရေကာတာတော်တော်များများတို့ထက် မြစ်ဆုံရေကာတာ က လျှပ်စစ်စွမ်းအားပိုထုတ်ပေးနိုင်စွမ်းရှိတယ်
လွန်စွာမှကောင်းကျိုးပေးမဲ့ ရေကာတာဖြစ်လို့ဆက်လုပ်ဘို့ထောက်ခံကြပါဆို့ 

=========

 

ဆာင်းပါး ၂၂၅၅၁၃ # ၁၁ မှာ တကြိမ် အသေးစိတ် ဖြေခဲ့တယ် (အောက်မှာတိုးချဲ့ပြီးထပ်တင်လိုက်တယ်)

ရာတန်$ ရွက်တွေမှ ၁ ဘီလျံ$ (၁,၀၀၀,၀၀၀,၀၀၀ $)သုည “၀” ၉ လုံး
(သန်းတထောင်$)
Billion $
bill4

က၊ ပဌမ နှစ် ၅၀ မှာ မြန်မာက ၅၄ ဘီလျံ $ ရမယ်၊

မြင်သာအောင် အထက်က ပုံပါကိုသေသေချာချာကြည့်ပါ၊
$ ရာတန်တရွက်ချင်းထုပ်ပြီး၊ အထုပ်တွေကို အတန်းလိုက်စီတာ
၁၀ တန်း (လူတရပ်စာမြင့်)ရလာ၊ဒါ နဲ့ရှေ့က
ဆိုဖာထိုင် မိန်းကလေးရဲ့ တထိုင်စာ ပေါင်းရင် $ တစ် ဘီလျံ ဖြစ်လာ တာပါ၊
ဒါနဲ့မပြီးပါ
$ ၅၄ ဘီလျှံ ဆိုတော့ အဲဒီပုံလို ၅၄ ပုံကိုမြင်ရပါ့မယ်၊
(ပုံရဲ့ ၅၄ ကြိမ် ၅၄ ဆဆိုမနဲပါ)၊

——————–

ခ။ ဒုတိယံပိ နှစ်၅၀မှာမြန်မာက ၉၀ ဘီလျံ $ ရမှာ၊
အထက်ကပုံရဲ့ ၉၀ ဆ (ပုံ ၉၀ ပုံ ပါ)

——————-

ဂ၊ တတိယံပိ ၂၅ နှစ်ဆိုရင် ၄၅ ဘီလျံ $ ရမယ်။

ICOLD အကြီးစား ရေကာတာအသင်းကြီးရဲ့
စံချိန်စံညွှန်းအတိုင်းရေးစွဲ တည်ဆောက် ထား ရင်
မြစ်ဆုံရေကာတာက အနှစ် ၁၀၀ မှ ၁၂၅ သက်တမ်းရှိမယ်လို့သိရတယ်၊

———

(ဒါကြောင့် ဒုတိယံပိ ၅၀ နှစ်မှာ တရုပ် ရမဲ့ ၃၆ ဘီ လျံ $ ကို
မြန်မာအစိုးရကဘဲ အပို ရလိမ့်မယ် (မူလ ၅၄+ နောက်တိုး ၃၆)

တတိယ ၂၅ နှစ် ကြတော့ ရှေ့က ၉၀ ရဲ့ တဝက်ပါ)

————-

————-
တရီး လျံ ကဘီလျံ တထောင် $ (၁,၀၀၀,၀၀၀,၀၀၀,၀၀၀$)
သုည “၀” ၁၂လုံးTrillion $

bill5bill6
မြန်မာငွေနဲ့ဆို ၁၀၀၀ ကျပ် ကျော် နဲ့မြှောက် ပြီး အထက်ပါ တရီလျံ ဖြစ်လာမှာ၊
“$” အစား “ကျပ်” Trillion တရီးလျံ ပုံကို ကျပ်နဲ့ဘဲ “ဟန်ဆော”င် ကြည့်ပေါ့။
အထက်ပါ”ဟန်ဆောင်တရီး လျံ ကျပ်” တို့ရဲ့ ၅၄ ပုံ ၅၄ ဆ ရှိပါတယ်၊၊
($ ဈေးက ၁၃၄၀ ကျပ်ထိ တက်သွားပြီနော်)၊
နှစ် တရာ မှာ စုစုပေါင်း $ ၁၄၄ ဘီလျှံ
နှစ် ၁၂၅ မှာ စုစုပေါင်း $ ၁၈၉ ဘီလျှံ

 

——————

 

စီပီအိုင် ရဲ့ ၂၀၁၅ ဇွန်လ ၅ ရက်နေ့ကရှင်းလင်းပွဲမှကောက်နှုတ်ချက်များ

 

မြန်မာ က လျှပ်စစ်စွမ်းအား ၁၀ % (၆၀၀MW )ကိုအခမဲ့ ရပြီး ကျန် ၉၀ % (၅၄၀၀MW )
စွမ်းအား အတွက်ဦးစားဝယ်ယူခွင့်ရမယ်၊ မြန်မာကမလိုမှသာအခြား
နိုင်ငံကိုတင်ပို့ရောင်းချမယ်၊
……..
6/5/15
Many are also concerned that 90 percent of the electricity will be exported to China, but Mr Wang was keen to correct this. “Myanmar will get 10pc for free, which is more than 10 billion KwH per year [from the total seven proposed Ayeyarwady hydropower projects], and then it will be able to draw down as much as it needs at a negotiated price. The remaining power will be sold to anyone who wants to buy it, whether it’s China or other countries. We must be clear that the electricity will first be used to meet nationwide domestic demand and that the first 10pc will be free,” he said.

—-

မြန်မာနိုင်ငံက စုစုပေါင်း ဝင်ငွေရဲ့၆၀% ယူအက် $ ၅၄ ဘီလျံ ရမယ်
တရုပ်နိုင်ငံက ၄၀ % ယူအက် $ ၃၅ ဘီလျံ ( Asia World အပါအဝင်? ၃၆ ဘီလျံ ဝန်းကျင်) ရမယ်

Myanmar government will obtain a direct economic benefit of US$54 billion by means of taxes, free power and share dividends, while the investor will obtain about $35 billion.”

——-

အစိုးရဝန်ထမ်းလစာပေးဘို့မလုံလောက်လို့ကမ္ဘာ့ဘဏ်မှ $ သန်း ၁၀၀ ကိုချေးမယ်လို့
ပြောပါတယ် (အောက်ပါ ဩဂုတ်လ ၉ ရက်ဧရာဝတီသတင်း)၊
ဒီလိုနဲ့နှစ်စဉ် လစာပေးဘို့ မလုံလောက်လို့ဒီလိုဘဲထပ်တလဲလဲ ချေး ဆိုတဲ့သံသရာကိုဘယ်လိုရှင်းယူရမလဲ စဉ်းစားတဲ့နေရာမှာ

မြစ်ဆုံရေကာတာစီမံကိန်း ရေကာတာ ၇ လုံး မှ နှစ်စဉ်ရမဲ့ $ သန်း ၁၀၀၀ (ဘီလျှံ)ဖြစ်ဖြစ်၊ $သန်း ၅၀၀
ဖြစ်ဖြစ်ကိုအလေးပေးပြီးထဲ့စဉ်းစားရမှာပါ၊

liftst4
World Bank Loan Will Not Be Used for Govt Salary Increases, Says President’s Office Spokesperson
By KYAW HSU MON 9 August 2016

RANGOON — Government employees’ salaries will not increase despite plans to take out a loan worth US$100 million from the World Bank, aimed at covering a state deficit by separating salaries from the budget, according to government officials….

“We have a big budget deficit. After taking loans from the World Bank, we will pay for the government staff salaries from this amount, so the state deficit will be lower. It doesn’t mean civil servant salaries will increase,” he (Zaw Htay) said…..

About Kyaemon

Kyae Mon has written 658 post in this Website..

Likes to post news and educational items.