လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ က ပဲရစ်မြို့ရဲ့ ကြုံတောင့်ကြုံခဲ ရှားပါးမြင်ကွင်းတွေကို အရောင်အသွေး စုံလင်စွာ အမိအရ ရိုက်ကူးနိုင်ခဲ့တဲ့ ဓာတ်ပုံများ။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ က Albert Kahn လို့ အမည်ရတဲ့ ပြင်သစ် ဘဏ်လုပ်ငန်းရှင်တစ်ဦး ဟာ ကမ္ဘာကြီး ရဲ့ မှတ်တမ်းများ (Archives of the Planet) လို့ လူသိများလာတဲ့ ကြီးမားတဲ့ ဓာတ်ပုံ ပရောဂျက် တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ Kahn ဟာ ကမ္ဘာ့ တိုက်ကြီးတွေ ဆီ ဓာတ်ပုံ ဆရာတွေကိုပို့ပြီး ကမ္ဘာကြီး ရဲ့နေရာအနှံ့ ကလျှပ်တပြက် လှုပ်ရှားမှု တွေကို Autochrome Lumiere လို့ ခေါ်တဲ့ ရောင်စုံဓာတ်ပုံ ရိုက်ကူးတဲ့ အသစ်ကျပ်ချွတ် နည်းပညာကို အသုံးပြုပြီး မှတ်တမ်းတင် စေခဲ့ပါတယ်။ ဒီပရောဂျက်ကြီး တစ်ခုလုံးမှာ ရောင်စုံဓာတ်ပုံပေါင်း ၇၂၀၀၀ကျော် ရိုက်ကူးနိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ လွန်ခဲ့တဲ့ရာစုနှစ် ၁ခုလောက်က လှုပ်ရှားတက်ကြွပြီး အမှတ်သင်္ကေတ ဖြစ်ခဲ့တဲ့ ပဲရစ်မြို့ ရဲ့ နေ့စဉ် လူနေမှုဘ၀တွေ ကို အဓိက ထား ရိုက်ကူးခဲ့ပါတယ်။

Kahn ဟာ Leon Gimpel ၊ Stephane Passet ၊ Georges Chevalier ၊ Auguste Leon လို့ အသီးသီး အမည်ရတဲ့ ဓာတ်ပုံ ဆရာ ၄ ဦးကို ကမ္ဘာ့နိုင်ငံအသီးသီး နဲ့ ကူးလူးဆက်ဆံနေတဲ့ ပဲရစ်မြို့ ရဲ့ ဓာတ်ပုံတွေကို ရိုက်ကူးဖို့ တာဝန်ပေးခဲ့ပါတယ်။ သူတို့ ၄ ဦးဟာ အာလူး ကစီဓာတ်ထဲက အဏုမြူမှန်ပြောင်းနဲ့သာ မြင်နိုင်ပြီး အလွန်သေးငယ်တဲ့ ရောင်စုံအစေ့တွေ မှ ပြုလုပ်ထားတဲ့ အရောင်စစ်တဲ့ ဓာတ်ပုံ နည်းပညာအသစ် ကို အသုံးပြုခဲ့ကြပါတယ်။ ဒီ ပညာရှင်၎ဦးဟာ ပထမကမ္ဘာစစ် မဖြစ်ပွားမှီ ရက်ပိုင်းအလို ၁၉၁၄ ခုနှစ်မှာ ပဲရစ်မြို့ကို စတင် မှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြပါတယ်။ ဒီမှတ်တမ်းဝင် ဓာတ်ပုံတွေဟာ ကမ္ဘာကြီးကိုပြောင်းလဲစေမယ့် စစ်ပွဲကြီးရဲ့ပျက်စီးခြင်း အနိဋ္ဌါရုံသဘော ရောက်လုနီးပါး ပဲရစ်မြို့ကြီး ကိုပြသနေပါတယ်။ တကယ့်လက်တွေ့ ဘ၀မှာ နေ့စဉ် ရုန်းကန်လှုပ်ရှား နေရတာကို ပဲရစ်မြို့သူ မြို့သားတွေရဲ့ဘ၀ကို ပျော်ပျော်ဖြတ်သန်းတတ်တဲ့ သဘာဝနဲ့ယှဉ်တွဲပြထားပါတယ်။

ဒီ ဓာတ်ပုံ တွေဟာ အသစ်အဆန်းဖြစ်ပေမဲ့ ရင်းနှီးပြီးသား သမိုင်းဝင် ပုံရိပ်တွေနဲ့အတူ အံ့သြဖွယ် အရောင်အသွေးစုံလင်လှ တဲ့ လွန်ခဲ့တဲ့ နှစ် ၁၀၀ က ပဲရစ်မြို့ကြီး ရဲ့ ခေတ်ကာလ ကို ပြသနေပါတယ်။ လူသားမျိုးနွယ်စု ရဲ့ အတိတ်ကို တသသ ဖြစ်စေတဲ့ သရုပ်ဖော် ဓာတ်ပုံတွေ ဆို တာ ပြောဖို့တောင် မလိုတော့ပါဘူး။

paris albertkrahnalbertkahn

paris albertkrahn

paris albertkrahn

paris albertkrahn

paris albertkrahn

paris albertkrahnparis albertkrahn

paris albertkrahn

paris albertkrahnparis albertkrahnparis albertkrahn

paris albertkrahnparis albertkrahn

paris albertkrahn

paris albertkrahn

paris albertkrahn

paris albertkrahn

paris albertkrahnparis albertkrahnparis albertkrahn

Reference : www.mymodernmet.com
Image Credit : www.mymodernmet.com

About သျှားသက်မာန်

Shar Thet Man has written 112 post in this Website..