“အပူ နဲ့လူ ”

 

လောကမှာ

လူ

မှန်သ၍

အပူ

မကင်း

အပူတွင်းမှာ

နေကြရသူ။

 

သို့သော်

ပူတာခြင်း

အတူတူ

ခံယူပုံခြင်းတော့

မတူ။

မတူ။

 

အချို့ကတော့

အပူမရှိ

အပူရှာ

ဒုက္ခဝယ်တဲ့သူ။

 

အချို့ကတော့

သူများအပူ

ကိုယ့်အပူ

တကယ့်ကို

အူတူတူ။

 

အချို့ကတော့

အရေထူ

ဘာလာလာ

မပူရေးချမပူ။

 

အချို့ကတော့

အပူလာ တာနဲ့

သောကဆူ

ဗျာများလို့နေသူ။

 

အပူ အပူ

သူ့လဲပူ

ငါ့လဲပူ

ဟိုလဲပူ

ဒီလဲပူ

လူမှန်သမျှ

ပူ။

 

 

ကိုပေါက်လက်ဆောင်အတွေးစဉ်

၂၀၁၁၁၆

 

 

ကိုပေါက်(မန္တလေး)

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1561 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။