”  ငြိမ်းချမ်းရေး   ရေ”

 

လူငယ်တွေက

 

“စစ်ပွဲတွေရပ်”

ဆိုင်းဘုတ်တွေကိုင်

အသံထွက်အော်

လမ်းမပေါ်တန်းစီ

သီချင်းတွေဆို

ငှက်ဖြူလေးတွေလွှတ်

ဆုတွေတောင်း

ပါဖော့မင်းတွေပြ

တကယ့်ကိုအားရစရာ။

 

လူကြီးတွေကလည်း

 

“အပစ်အခတ်ရပ်”ရေး

ဆွေးနွေးပွဲတွေလုပ်

အပြုံးခြင်းဖလှယ်

လက်ဆွဲနုတ်ဆက်

ထမင်းတွေအတူစား

တကယ့် ကိုအားရစရာ။

 

၂၁ ၁၁  ၁၆

ရှမ်းမြောက်မှာတော့

လွမ်းလောက်စရာ

အေးလာပြီဆိုမှ

ပြေးစရာမြေ မရှိ

နေစရာ

ဘုံပျောက်

ကဲ

“ငြိမ်းချမ်းရေး  “ရေ

 

မင်းဘယ်မှာလဲဟေ

စာအုပ်ထဲမှာလား

သီချင်းတွေထဲမှလား

စားပွဲခုံပေါ်မှလား

ဝါးရုံတောထဲမှာလား

ဖွဘုတ်ပေါ်မှာလား

ကောင်းကင်ပေါ်မှလား

မြေကြီးထဲမှာလား

 

လားလားလားလား

 

လားလားလားလား

?????????????????

??????????????????

 

ကိုပေါက်လက်ဆောင်အတွေးစဉ်

၂၁၁၁၁၆

ကိုပေါက်(မန္တလေး)

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1560 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။