ရွာကွပ်ပျစ်မှာ.. ယူနီကုတ် နဲ့ ညဈေးတန်းနဲ့ကို ဆက်စပ်ကြရင်း ညဈေးတန်းနဲ့ ပတ်သက်တဲ့အမြင်တွေကို မှတ်တမ်းတင်ချင်တာကြောင့် ရွာထဲကို ဆွဲခေါ်လာပါတယ်..

တိမ်မည်း ။ စဉ်းစားကြည့်တာပါ….အစိုးရက ယူနီကုတ် ပြောင်းခိုင်းတယ် လို့ ဆိုပါစို့ ….

ပြည်သူတချို့ ။ ။ ဘာလို့ ပြောင်းခိုင်းရမှာလဲ… အရင်ရှင်းပြသင့်တယ်… ဒီလိုမျိုးအတင်းပြောင်းခိုင်းလို့ ရမလား… ဘယ်လောက် အခက်အခဲရှိတယ် ထင်လဲ….

အစိုးရက လမ်းဘေးဈေးသည်တွေ ပြောင်းခိုင်းတယ်….

ပြည်သူတချို့ ။ ။ အစိုးရကို နားလည်သင့်တယ်… တချိန်ကျရင် အဆင်ပြေမှာ… အစကတော့ နာမှာပေါ့… နဲနဲသည်းခံရင် အဆင်ပြေမှာပါ…. အတင်းပြောင်းခိုင်းတာ ကောင်းစားဖို့ ဆိုတာ နားလည်သင့်တယ်….

ကျနော်ပဲမှားတာနေမှာပါ…

 

ဆူး ။ အခုတော့ ကမ်းနားလမ်း ကားရပ်ပြီး ဈေးဝယ်နေတာ လမ်းပိတ်နေတယ်

 

တိမ်မည်း ။ သွားကြည့်ပါဦးမယ်… မနက်ဖြန်လောက်ဖြစ်ဖြစ်…

 

လုံမလေးမွန်မွန် ။ ယူနီကုတ်က ကားတိုက်ပြီး မသေဘူး အူးလေးရဲ့… လှည်းတန်းလည်း မရောက်ဘူးတာ မဟုတ်… တရုတ်တန်းလည်း မရောက်ဖူးတာ မဟုတ်.. အသက်လည်း အပိုပါတာ မဟုတ်.. Option B လည်း ရွေးလို့ရတာမဟုတ်.. အဟွတ်

 

တိမ်မည်း ။ ကွန်ပျူတာထဲမှာ ဒုက္ခရောက်နေတာကို မြင်အောင်ဘယ်လိုပြောရပါ့… ဒါပေမယ့် ပြောချင်တာကတော့ လမ်းဘေးဈေးသည် ကားရှုပ်နေတာနဲ့ … မြန်မာစာစကားမှာ ဇော်ဂျီ ရှုပ်နေတာက သဘောတရားချင်းအတူတူပဲ… ဖယ်ဖို့  အင်မတန်ခက်တယ်… အဲ့အပေါ်မှာ ဖြစ်လာတဲ့ reaction တွေ့ မတူဖူး… စာနာနားလည်ပုံချင်းမတူကြဖူး…

 

M လုလင် ။ ဝင်ရှည်ဦးမယ် …. ဇော်ဂျီ နဲ့ ညဈေးတန်း … သက်ရာက်မှု .. လူဦးရေ အရ ..တန်းညှိလို့ ရမလား … ကိုရင် ရဲ့ ….

 

တိမ်မည်း ။ ဇော်ဂျီကနေ ယူနီပြောင်းရင် အကို ထမင်းငတ်သွားမလား ဘဝပျက် နိုင်လား။ တဦးတယောက်ချင်းစီ သက်ရောက်မူပြန်တွက်ပါလေ။

 

M လုလင် ။ ပညာတတ်တွေ … စကားပိုတတ်သတဲ့ ကိုရင် ရဲ့ … ကိုရင့် ယူနီကုတ် .ခဏ နေဦး …. မြို့ထဲက အိမ်တွေ .. ကားရပ် စရာ နေရာ မရှိတော့ဘူး ဟ …

 

တိမ်မည်း ။ အာ့ဆိုကားမဝယ်နဲ့ပေါ့ တက်စီစီး။ ဘဝပျက်မသွားနိုင်ဖူး။

 

M လုလင် ။ ကျနော် … taxi တွေကို မယုံ ဘူး ကိုရင် .. သူတို့မောင်းတာ စီးရင် ကားမူးတယ် … 😢

 

တိမ်မည်း ။ ငင့်… အခု oway တို့  hello တို့  ဆိုးပါဖူး… စမ်းပီးပီလား… ကျနော်တော့ မစမ်းရသေးဖူး… Myanmar Plaza မှာတော့ အာ့တွေ ပေါလာတာတော်တော် အဆင်ပြေတယ်… ကားတွေရှင်းသွားတာပဲ… အ၀င်ပေါက်မှာလည်း လုပီး သိပ်မခေါ်ကြတော့ဖူး…

 

M လုလင် ။ စမ်းကြည့်ရသေးဘူး … မဖြစ်မနေ …. တစ်ပတ် ၂ ရက် … တော့စမ်းရမယ် ..တစ်ရက် ..၆ ထောင် ထွက်မည့်ကိန်း …

 

တိမ်မည်း ။ သူတို့ က မီတာနဲ့ လို့ပြောတယ် ကိုရင်… ဈေးနဲနဲကွာမယ်ထင်တယ်…

 

လုံမလေးမွန်မွန် ။ ကားလည်း ဝယ်မစီးနိုင်ဘူး.. တက်စီလည်း အမြဲမစီးနိုင်ဘူး.. ဘတ်စကားစီးတယ်… လမ်းလျှောက်တယ်… ဒလောက်ပါပဲ ဘဒို

 

အောင်မိုးသူ ။ Oway တို့ Hello တို့မဆိုးပါဘူး။ ဈေးလည်းမကြီးပါဘူး။ ပုံမှန်ပါပဲ မီတာနဲ့ဆိုပေမယ့်။

 

လုံမလေးမွန်မွန် ။ အင်းယာမြိုင်ထဲကနေ ကန်တော်ကြီးကို 4000 ပေးခဲ့ရဖူးတယ်လေ.. ကားပိတ်နေလို

 

M လုလင် ။ ပြောဦးမယ် .. တစ်ခု ရ ချင် တစ်ခုပေးရသတဲ့ … ဆိုတော့ .. ညဈေးတန်း ဖြစ်သွားပြီ .. ဘာတွေပေးလိုက်ရသလဲ …. စဉ်းစားဖို့ပါ … အဲ့လို ပေးလိုက်ရသူတွေက .ကျေနပ် ပါ့မလား … ဒီလောက်ပါပဲ …

 

တိမ်မည်း ။ အာ့ကနဲနဲရှည်တယ်။ ဆက်စောင့်ကြည့်ရမယ်။ အခုပြောလို့မရ။

 

M လုလင် ။ ရတယ် ..ပြောပြမယ် .. ကြုံ နေတာ .. ညဈေး မဖွင့်ခင်ထဲက ..

 

ဝင့်ပြုံးမြင့် ။ ဘယ်လိုပဲဖြစ်ဖြစ် ယူနီကုတ် ကိစ္စမှာတော့ စူပါကွန်ဗေးလေးကို ထောက်ခံပါတယ်နော။

 

MisterMar Ga ။ ချစ်သောမျက်စိ ဗျ….
ဝမ်းနည်းစွာနဲ့ ပြောရမှာကတော့ ယူနီကုဒ်က လူအမြင်ကတ်တာ များသွားတယ် ဆိုတာပါပဲ

 

တိမ်မည်း ။ ချစ်ခြင်း မုန်းခြင်း နဲ့ ဆုံးဖြတ်ကြတယ်ပေါ့။

 

MisterMar Ga ။ :) ကိုရင် တွေ့နေတာပဲလေ ချစ်ခြင်း မုန်းခြင်းနဲ့ ဆုံးဖြတ်လား မဖြတ်လား ဆိုတာ

 

M လုလင် ။ ဟုတ်တယ် … ဦးသန်းရွှေ ဆိုရင်လဲ ….. မှန်ကန် နေရဲ့သားနဲ့ လူအမြင်ကတ် တာ များသွားလို့ …

 

Fatty Cat ။ ဟေ့ဟေ့… အဲ့နှစ်ခုက သဘောသဘာဝခြင်းမတူဘူး… အဲ့လိုဆွဲစိလို့မှမရတာ…

 

တိမ်မည်း ။ In my view, တူတူပဲ။

 

နွေဦး ။ စည်းကမ်းမရှိလို့ လမ်းဘေးဈေေးရောင်းနေတာ စည်းကမ်းရှိကြပါဆိုတော့ တခုခုများမှားနေတာလား..

 

တိမ်မည်း ။  ဒီအမြင်လည်း စိတ်ဝင်စားဖို့ကောင်းတယ်။

 

ရဲစည် ။ ညဈေးတန်း အင်းလိပ်လို့ ဘလေဇာ ခေါ်မလား အဲ့တာလေး နေရာကျယ်ကျယ် အရင်လုပ်ရမှာ

 

တိမ်မည်း ။ ဘယ်လိုကျယ်မှာလဲဟင် နောက် တလိန်း ယူမှာလား…

 

ရဲစည် ။ အခြားနေရာ ရွေးခိုင်းတာပါ ညေး

 

တိမ်မည်း ။ ဗိုလ်တထောင် ကမ်းနားကို ရွေ့ မှာလား…

 

ရဲစည် ။ မဆိုးဘူးလားလို့

 

တိမ်မည်း ။ အင်း သိပ်မရောက်ဖူးဘူး… ရောက်ဖူးတာက သီတင်းကျွတ်တုန်းက တခါလားရောက်ဖူးတယ်… အဲ့ဒါလည်းကြာပိ… သီတင်းကျွတ်တော့ စည်သားရယ်…

 

ဆူး ။ ဗိုလ် ၁ထောင် မဆိုးဘူး သီးသန့်ဖြစ်နေလို့ safe ဖြစ်မယ် ထင်တယ် ညလုံးပေါက်တောင် ရောင်းလို့ရသေးတယ်

 

အာဂ ။ ဒါတို့ တိုင်းတို့ပြည် တို့ ဇော်ဂျီမြေ လွတ်လပ်တဲ့ ငါ့တို့တွေ တိုင်ရင်းသားလူမျိုးအားလုံး ဇော် ကြပေ။

 

Fatty Cat ။  လမ်းဘေးဈေးသည်နဲ့ ယူနီကုဒ် သဘောသဘာဝအရ လုံးဝမတူကွဲပြားတယ်…
လမ်းဘေးဈေးသည်ဆိုတာ စည်ပင်သာယာနယ်နိမိတ်အတွင်း တနည်းအားဖြင့် အစိုးရရဲ့အုပ်ချုပ်ခွင့်ရနယ်နိမိတ်မှာ စည်းမဲ့ကမ်းမဲ့လုပ်ရပ်… ယူနီကုဒ်ခြင်း မကုဒ်ခြင်းက မိမိတစ်ကိုယ်ရည်တကိုယ်ရ ပိုင်ဆိုင်သော ပစ္စည်းအတွင်း မိမိဘာသာရွေးချယ်မှု…
လားလားမှမတူညီတဲ့ကဏ္ဍ ၂ခုကို အတင်းဆွဲမစိပါနဲ့လား…

 

တိမ်မည်း ။  ခီညလည်း တဒုတ်ခ… လိုရင်းကို မမြင်တက်… မဆိုင်တာတွေ စွက်ပြောနေပါပီ…

 

Fatty Cat ။ မတူတဲ့ကဏ္ဍကို အသာထားပြီး လမ်းဘေးဈေးသည်ချင်းအတူတူ မတူညီတဲ့ရောင်းကုန်ကြောင့် သက်ရောက်နိုင်တဲ့ကိစ္စလေးဆွေးနွေးရအောင် Unicode ကို ခဏထားခဲ့ပါလေ…

 

Fatty Cat ။  လမ်းချော်တာမဟုတ်ဘဲ လမ်းဘေးဈေးသည်ကိစ္စလေး စာရင်းအရင်ချုပ်ကြည့်ရင်… ကွီးဖြိုးရေ… ခင်ဗျားမှားတယ်ဗျာ…
Safety Reason ခဏထားဦး… လမ်းဘေးဈေးသည်နဲ့ ညဈေး သဘောသဘာဝချင်းကိုမတူတာ အတင်းဆွဲစိသကိုး…
ညဈေး (Night Market) ဆိုတာ Street Food တွေ အဝတ်အစားစတဲ့ လူ့အသုံးအဆောင်ပစ္စည်းအသေးအဖွဲတွေအတွက်ဖွင့်ကြတာ…
ကမ္ဘာလှည့်ခရီးသည်တွေ ဆွဲဆောင်မှုအထိတောင်လုပ်လို့ရသတဲ့… ကဲဗျာ… လမ်းဘေးဈေးသည်တွေကို အစုခွဲကြည့်ရင်…
အလုပ်အပြန် ညစာအတွက် လွယ်လင့်တကူ အသားငါး ကုန်ခြောက်စတာတွေ ဝယ်ဖို့ရောင်းတဲ့ ဈေးသည်နဲ့
ချက်ပြုတ်ပြီးသား ရောင်းတဲ့ဈေးသည်ရယ်လို့ အကြမ်းအားဖြင့် ၂ပိုင်းခွဲကြည့်ရမယ်…ဟင်းစားကုန်ခြောက်ရောင်းတဲ့ဈေးသည်က ညလုံးပေါက်ရောင်းစရာမလိုဘူးပေမယ့်အစားအသောက်ရောင်းတဲ့ ဈေးသည်က ရောင်းရရင် ညလုံးပေါက်ရောင်းကြမှာပဲ… အခုရည်ရွယ်ချက်နဲ့ လုပ်ဆောင်ချက်က လမ်းဘေးဈေးရောင်းတဲသူ တမျိုးတစားတည်းအတွက်ဖြစ်နေတော့
ကျန်တမျိုးအတွက် ဘာလုပ်ပေးမှာလဲ…
အဲဒီကိစ္စရော စဉ်းစားမိပါရဲ့လား…
ကမ်းနားမှာ နေရာသွားချတာ…ခလုပ်တိုက်မှဝယ်ချင်တဲ့မြန်မာအကျင့်
လှေကား ၃ထစ်လောက်မြင့်ရင်တောင် တက်လာလေ့မရှိတဲ့မြန်မာ့အလေ့အထအရ… စီးပွားပျက်ရုံသာရှိတော့မပေါ့…

 

ဆူး ။  ခလုပ်တိုက်မှ ၀ယ်ချင်တဲ့ မြန်မာများ ကားရပ်ပြီး ဈေးဝယ်နေသတဲ့

 

တိမ်မည်း ။  အခုဟာက ပြောရတော်တော်ခက်တာဗျာ… အပြစ်တင်ချင် ကွီးဖြိုး တယောက်တည်း ပြောမရဖူး… ရန်ကုန် လူဦးရေ တိုးလာတာကို ဘာမှ မလုပ်ပဲ နှစ်ပေါင်း ငါးဆယ် နီးနီးလောက် ငုတ်တုတ် ထိုင်ကြည့်နေတဲ့ စည်ပင်ပဲ အပစ်တင်ရမယ်… လမ်းဘေးဈေးသည် ပြောပြော ဘာပြောပြော ဖယ်ရမှာတော့ အမှန်ပဲ… လက်ရှိ အခြေအနေ အရ မဖယ်ရင် ဘာမှ ကိုလုပ်မရတာ… ဒါပေမယ့် ဘယ်လို ဖယ်ကျမလဲ… ဖယ်ပုံဖယ်နည်းက သိပ်တော့ အားမရတာ အမှန်ပဲ… ဒါပေမယ့် ခက်တာကလည်း ဒီနည်းကလွဲလို့  တခြားနည်းကလည်း သိပ်မရှိ… အစိုးရအနေနဲ့  ဖွံ့ ဖြိုး တိုးတက်ဖို့ အတွက် တချို့ ဟာတွေ စတေး ပစ်ရဖို့ များတယ်… အဲ့အတွက် လမ်းဘေး ဈေးသည် အများစု မြေဇာပင် ဖြစ်သွားတာ စိတ်မကောင်းဖူး…

 

M လုလင် ။ မြေဇာပင်က . အကုန် ဖြစ်တာကွ .. ဟိုနည်းနည်း ဒီနည်းနည်း နဲ့ …. ရွာတွေပတ် ကုန်ရော ..

 

Fatty Cat ။  ကွီးဖြိုးလို့ခေါင်းစဉ်တပ်လိုက်ရင် နောက်မှာ ရန်ကုန်တိုင်းအစိုးရတဖွဲ့လုံး အလိုလိုပါတယ်… ပိုကြီးလာရင် NLD အစိုးရတခုလုံးပါတယ်…
နောက်ဆုံးအရင်းစစ်ရင် နင်းတိုင်းပြားမယ့် တနေ့လုပ်တနေ့စား ဒီဈေးသည်တွေကိုပဲ ချပြီးပြားကပ်အောင် နင်းရတော့မှာလား ကိုဖြိုးကြည်… ကျုပ်အမြင်တော့ ဒီတခါကိစ္စက ဆေးမြီးတိုနဲ့ကုတာပဲ… အဲ့ရောဂါက ပျောက်ဖို့ရာမမြင်… နာတာရှည်ကို ဆေးအလွဲတိုက်မိပြီ…

 

တိမ်မည်း ။ ကိုသော်ရေ… အမှန်တော့ ကျနော်လည်း ဒီဈေးသည်တွေကို မဖယ်စေချင်ဖူးရယ်… ကျနော် ပြောပီးပီလည်း သူတို့ က ဘ၀နဲ့ ရင်းရတာ… သူတို့  ဘယ်လိုလုပ်တယ်… အကြွေးတွေ ဘယ်လိုယူရတယ်… ကျနော် သိပ်သိတာပေါ့… ပြားကပ်အောင် နင်းတယ်လို့ မဟုတ်ဖူး… ဒါပေမယ့်လည်း တဖတ်ကကြည့်ရင် အဲ့လိုမှ မလုပ်ရင် အနာကရင်းနေပီ… မကြာခင် အနာက ပုပ်ပွပီး ခြေဖျက်ရမယ့် ဘ၀ရောက်တော့မယ်… မြို့ တော်က နယူးဒေလီလိုလို ဖြစ်မှာ… အဲ့တော့ မဖြစ်ခင် ဘယ်လိုလုပ်မလဲ… ဒါအရေးကြီးဆုံးပဲ… အဲ့တော့ ကိုသော်ဆိုရင်ကော ဘယ်လိုများ သူတို့ ကို ဖယ်မလဲ….
လိုရင်းကတော့ မြို့ ထဲမှာ လမ်းရှင်းရမယ်… မကြာခင် မြို့ ထဲမှာ ဘက်စကား မက်ထရိုလိုင်းစွဲလိမ့်မယ်… အဲ့လိုင်းတွေက အခု ဈေးသည်တေါ ယူထားတဲ့ နေရာတော်တော်များများက ပတ်သွားကြမှာရယ်… အဲ့အတွက် လမ်းရှင်းတာလို့ မြင်မိ…

 

Fatty Cat ။ ဒီနေရာမှာ အပိုင်း ၃ပိုင်းခွဲပြောမယ် ။ တပိုင်းက လမ်းပန်းဆက်သွယ်ရေးကိစ္စ ။ ဒုတိယက စနစ်တကျ လမ်းဘေးဈေးရောင်းတဲ့ကိစ္စ ။  နောက်ဆုံးတခုက လူတွေလိုက်နာရမယ့်ကိစ္စ ။ ကားအစီး တသန်းရှိရင် တသန်းလုံးနေ့စဉ်လမ်းပေါ်ရောက်မနေအောင် ဘယ်လိုလုပ်မလဲ… အဓိကအချက်က မထသဖျက်လိုက်တယ်…
ဒါပေမယ့် မထသထူထောင်ထားတဲ့နှစ်ဆွေးအခြေကျစနစ်ဟောင်းအမှားကြီးကို ဖျက်လိုက်နိုင်တာမှမဟုတ်တာ…
အုံနာကျေးစနစ်နဲ့ပိုက်ဆံရပြီး ကြီးပွားနေတဲ့ ပိုင်ရာဆိုင်ရာလူတစုလက်ထဲကနေ…
သက်တောင့်သက်သာနဲ့ Safty ဖြစ်တဲ့ စနစ်အမှန်တခု ချက်ချင်းပြင်ဆင်ပေးနိုင်ရမယ်…
ဒါကို ရန်ကုန်အစိုးရလုပ်နိုင်ခဲ့ပြီလား… အချိန်အတိုင်းအတာတခုအရ မလုပ်နိုင်သေးပါဘူး… ပိုက်ဆံလဲရှိပုံမပေါ်သလို…
နှစ်ရည်ရင်းနှီးပြီး အနစ်နာခံမယ့် ငွေရှင်စီးပွားရေးသမားအဖွဲ့အစည်းလဲရှာတွေ့ပုံမပေါ်… နိုင်ငံတကာရင်းနီးမြှုပ်နှံမှုခေါ်ရအောင်လဲ အစိုးရကအာမခံချက်မပေးနိုင်… အရင်ဆုံးရှာရမယ့်အဖြေက လူတွေ Public Transportation ကို စိတ်လည်လာအောင် တဖက်က Developmemt လုပ်ပြီး တဖက်က လူတွေ ကိုယ်ပိုင်ကားပေါ်ကဆင်းအောင် ကြပ်ရမယ်… ဒါဆိုရင်ရော ကိုယ်ပိုင်ကားပေါ်ကလူတွေက တိုင်းပြည်အတွက်အနစ်နာခံပေးမယ်တဲ့လား… ဒီရွာထဲမှာရှိတဲ့လူတွေပဲ အရင်ဖြေစမ်းပါဦးဗျာ…

 

တိမ်မည်း ။ ကိုသော်ရေ… အခုလမ်းဘေးဈေးသည်တွေ အဖယ်ခံရတာ… အဲ့ Public transportation လုပ်ဖို့ လို့  ကျနော်မြင်မိတယ်… ဟုတ်မဟုတ်တော့မသိ… မြို့ တွင်းခြောက်မြို့ နယ်… မက်ထရိုလိုင်းလုပ်လိမ့်မယ်… အဲ့အတွက်ဖယ်တယ်လို့ မြင်မိတယ်… ခြောက်မြို့ နယ် အပြင်ဘက်အထိပဲ ဘက်စကားကြီးတွေလာမယ်… မြို့ တွင်းက မီနီဘက်စ်လေးတွေ ပြေးလိမ့်မယ်… ဆိုးတာတခုက အဲ့မီနီဘက်စ်က ထိုင်ခုံမပါဖို့ များတယ်… နောက်တခုက အဲ့ မက်ထရိုကိတ်စပေါ်လာရင် မြို့ တွင်းဝင်ခကို ကိုယ်ပိုင်ကားတွေကိုလည်း ကောက်မယ်လို့  ပြောသံကြားတယ်… သဘောက ကိုယ်ပိုင်ကားတွေ မြို့ ထဲဝင်ရင် ကျေးတခုပေးရဖို့ များတယ်… ကျနော့် အထင် အမြင် သက်သက်ပါ… ကွီးဖြိုး အဲ့လို တကယ်လုပ်နိုင် မလုပ်နိုင်ကတော့ သူအပေါ် သံသယရှိတုန်းကပဲ…

 

Fatty Cat ။ ခက်နေတာက ချမပြနိုင်သေးဘူး… နောက်တခုက မြန်မာတနိုင်ငံလုံးမှာမောင်းနှင်ခွင့်ရှိပါတယ်ဆို လိုင်စင်ထုတ်ပေးထားတဲ့ကားကို Downtown ဝင်လို့ပိုက်ဆံကောက်မယ်ဆိုတာ…Proper Solutions မဟုတ်တာတော့အသေအချာပဲ… ဒါလဲဆေးမြီးတိုပဲ…

 

တိမ်မည်း ။ နောက်ဆေးမြိးတို တခုရှိသေးတယ်… အဲ့ဒါက ရပ်နားခွန်ကို တိုးကောက်တာ… မည်သို့ ပင်ဆိုစေ လိုရင်းက ကိုယ်ပိုင်ကားတွေကို မလိုအပ်ပဲ သုံးစွဲတာ လျော့ချဖို့ နဲ့  အဲ့ကနေ တဆင့် အခွန်ရဖို့ ပဲ…

 

M လုလင် ။ ကိုယ်ပိုင်ကား မလိုအပ် ပဲ သုံးတယ် ပြောချင်ရင် public transpotation ကို လုံခြုံအောင် အရင် လုပ်ရမယ်။ ကိုရင် …. ကျနော် ဆို အာရုံ များတယ် … ကိုယ့်ကားနဲ့ကိုယ်ဆို .. ဘာပစ္စည်းမှ မပျောက်ဘူး ….. taxi တို့ လိုင်းကား တို့ဆို .. တကယ် အဆင်မပြေဘူး ..စီးရတာ …

 

တိမ်မည်း ။ public transportation လုံခြုံအောင် လုပ်ဖို့  ကြိုးစားကျရင် လမ်းဘေးဈေးသည် နင်းချသလို ဖြစ်နေတာ ကိုရင်အောင်ရယ်… ဝိုင်းစဉ်းစားဖို့ က ဒီဈေးသည်တွေကို အသက်သာဆုံး ဘယ်လို ဖြစ်အောင် လုပ်ရမလဲဆိုတာပဲ… အရင်နေရာပဲ ဆက်ထားဖို့ ကတော့ ဘယ်လိုမှကို အဆင်မပြေပါ…

 

လုံမလေးမွန်မွန် ။ နယ်တွေမှာ အလုပ်အကိုင်တွေ ရှားပါးလားတယ်.. လူတိုင်း မြို့တက်လာကြတယ်.. နယ်မှာချမ်းသာပါတယ်ဆိုတဲ့ လယ်ပိုင်ရှင်တွေကအစ လှိုင်သာယာမှာ မြေကွက်ဝယ်.. အဆောင်ဆောက်ပြီး စီးပွားရှာချင်လာကြတယ်.. မြို့စွန်က လူတွေ မြို့ထဲမှာ ဈေးလာရောင်းကြတယ်.. လမ်းဘေးမှာ အသာလေးဈေးဆိုင်လုပ်..နောက် လမ်းပေါ်နယ်ချဲ့.. စည်ပင်က ပိုက်ဆံယူပြီး အရေးမယူ… ကားတွေပိတ်လာတော့ မြို့တော်ဝန်က နေရာချပေး.. ဒီလိုပဲ ဆိုင်ခန်းတစ်နေရာကိုအလကားရ.. အရင်ဖွင့်ထားတဲ့ဆိုင်ကိုလည်း မဖယ်ပေး.. ဘာလဲ.. လူတိုင်းအဲဒီလိုလုပ်ကြလိမ့်မယ်.. ဒီတစ်ခါတော့ ကွီးဖြိုးနဲ့ သဘောချင်းမတူဘူး.. ဈေးမရောင်းဘဲ.. မြို့ထဲသွားအလုပ်လုပ်ကြသူတွေ..အိမ်အကူလုပ်ကြတဲ့သူတွေ.. မနက်ဘက် ကားကျပ်ကျပ်စီး.. ညဘက် ကားကျပ်ကျပ်စီး.. မဝရေစာ စားနေရတဲ့သူတွေ..တစ်နေကုန် နေပူစပ်ခါးထဲအလုပ်လုပ်ပြီး ကျောတစ်ခင်းစာ စုတ်ပြတ်သတ်နေတဲ့နေရာမှာ အိပ်ကြတဲ့သူတွေအတွက်.. ဒီ လမ်းဘေးဈေးသည် နေရာပေးတာ မတရားဘူး..

 

ကဲ.. ဆက်ဆွဲလို့ရပါပြီ

လုံမလေးမွန်မွန်

About လုံမလေးမွန်မွန်

has written 153 post in this Website..

ကိုယ်ချစ်တဲ့သူတွေကို ကိုယ့်ရဲ့မေတ္တာတရားကို ပြသဖို့ ၀န်မလေးပါနဲ့... ဘ၀ဆိုတာ တိုတိုလေးရယ်ပါ... .... CJ # 11202010