ဟယ်ရီပေါ်တာရဲ့ ပရိတ်သတ်တွေ အလွမ်းပြေစေဖို့ J.K Rowling ဟာ ဟယ်ရီပေါ်တာလိုပဲ မှော်ကမ္ဘာကြီးထဲကို ခေါ်ဆောင်ပေးသွားပါဦးမယ်။

ဂျေကေဟာ Fantastic Beasts ကို ဇာတ်ညွှန်းစာအုပ်ပုံစံထွက်ရှိခဲ့တာပါ။ အခု ဒီဇာတ်ကားမှာတော့ ရုပ်ရှင်ဇာတ်လမ်းပုံစံနဲ့ ကြည့်ရမှာပဲဖြစ်ပါတယ်။

ဒီဇာတ်ကား ထုံးစံအတိုင်း ထင်မထားတဲ့လှည့်ကွက်တွေနဲ့ ထူးဆန်းတဲ့ မှော်သတ္တဝါ အမြောက်အမြားကို ဒီဇာတ်လမ်းမှာ ရင်သပ်ရှုမောကြည့်ရှုရဦးမှာပါ။

Fantastic Beasts ဟာ ဟယ်ရီပေါ်တာရဲ့ နောက်ခံကျောရိုးချင်းတူပေမယ့် ဟယ်ရီပေါ်တာ ဇာတ်ကားတွေလိုပဲ စာအုပ်ဖတ်ပြီးသားလူဟာ ပိုကြည့်ကောင်းစေမှာပါ။ ဒါပေမယ့် Fantastic Beasts ကို မကြည့်ရှုခင်မှာ ဇာတ်လမ်းရဲ့ နောက်ခံသမိုင်းကြောင်းနဲ့ ဇာတ်လမ်းထဲမှာပါဝင်တဲ့ ဇာတ်ဆောင်တွေနဲ့ သတ္တဝါတွေအကြောင်းကို သိထားမယ်ဆိုရင် ဇာတ်လမ်းဟာ ပိုကြည့်ကောင်းပြီး မှော်ကမ္ဘာထဲမှာလည်း ကြည့်ရတာ မျက်စိမလည်ပဲ ပိုစိတ်ဝင်စားစေဖို့ စာအုပ်ထဲကအချက်အလက်တွေနဲ့အတူ ဖော်ပြပေးလိုက်ပါတယ်။ ဒီဇာတ်ကားမှာ မင်းသားကြီး Johnny Depp ကိုလည်း တွေ့မြင်ရဦးမှာပါ။

ဒီဇာတ်ကား ပထမဆုံးရုံတင်တင်ချင်း ပထမဆုံး ရသတ္တပတ်မှာ $74 Million ကျော်ရရှိထားတဲ့ဇာတ်ကားပါ Box Office မှာလည်း နံပါတ်(၁)ကိုရယူထားပါတယ်။

mv5bmtq5ntgwodm5nv5bml5banbnxkftztgwotiymzkymdi-_v1_

Newt Scamander Magizoologist မှော်သတ္တဗေဒပညာရှင် Newton ရဲ့ အတိုကောက်စာလုံးပိုင်ရှင် Newt ဟာ မှော်သတ္တဝါဆန်းတွေကို လှည့်လည်ပြီး လေ့လာကယ်တင်စုဆောင်းတဲ့ ပညာရှင်တစ်ယောက်ပါ။ သူဟာ မှော်လောကက လူတွေထက် မှော်သတ္တဝါတွေနဲ့ ပို ရင်းရင်းနှီးနှီးရှိသူပါ။ မှော်သတ္တဝါတစ်ကောင်ကို ကယ်တင်မှုနဲ့ပတ်သက်ပြီး ပြသနာဖြစ်ကာ ကျောင်းက အထုတ်ခံခဲ့ရသူပါ။ နောက်ပိုင်းသူရဲ့စာအုပ် Fantastic Beasts ကို ကျောင်းသုံးပြဌာန်းစာအုပ်အဖြစ် အသုံးပြုခဲ့ပါတယ်။ သူပြသနာဖြစ်တဲ့ကိစ္စမှာ သူ့ဖက်ကပါခဲ့သူဟာ ကျတော်တို့ သိကြတဲ့ ဒမ်ဘယ်ဒိုးပဲဖြစ်ပါတယ်။

 

mv5bodbkndrhmzqtmzm4yi00zdbhlwi2nwetyzezognhytu3zdczl2ltywdll2ltywdlxkeyxkfqcgdeqxvynduzotq5mjy-_v1_sy1000_cr005751000_al_

Bowtruckle သစ်မြစ်လေးနဲ့တူတဲ့ ဒီမှော်သတ္တဝါလေးဟာ သူတို့ခင်တွယ်တဲ့ သက်ရှိသက်မဲ့မှန်သမျှ အစွမ်းကုန်စောင့်ရှောက်သူပါ။ သူတို့ကို ခြိမ်းခြောက်လာတဲ့သူမှန်သမျှ ပြန်ပြီးရန်မူတတ်ပါသတဲ့။

mv5bnde0mtfjnjqtywnjms00zwflltgzmgetnmi5ndllngm2mti3l2ltywdll2ltywdlxkeyxkfqcgdeqxvynduzotq5mjy-_v1_

Billywig ဒီ ပုစဉ်းလိုလို ပုတုံးလိုလို အကောင်လေးကတော့ အရမ်းမြန်လွန်းလို့ သူ့ကိုမြင်နိုင်ဖို့တောင်ခဲယဉ်းပါတယ်။ သူ့အဆူးနဲ့ထိုးမိရင် ရက်ပေါင်းများစွာ ယားယံနေတတ်ပါတယ်။ သူ့ဆူးက အဆိပ်ရည်ကိုလည်း မှော်ဆေးရည်ပြုလုပ်ရာမှာ အသုံးပြုပါတယ်။

15170949_1129579203745156_8327653138668977423_n

Occamy ဒီငှက်ဟာ ငွေရောင်ရှိပြီး သူရဲ့ဥတွေဟာ ကံကောင်းစေပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ်ကိုလည်း အလွယ်တကူ ကျုံ့နိုင်ဆန့်ပါသတဲ့။

15171187_1129594997076910_162630670741138925_n

Erumpent ကြံ့လိုမျိုးရှိတဲ့ ဒီမှော်သတ္တဝါကတော့ သူ့ရဲ့ဂျိုဟာ ပေါက်ကွဲစေတဲ့အရည်တွေရှိပါသတဲ့။ သူတို့အချင်းချင်းတိုက်ခိုက်ရင် တစ်ကောင်မဟုတ် တစ်ကောင်က ပေါက်ကွဲပြီးသေရပါသတဲ့။

mv5bmtiyymzkmdktmzzhms00zjjilweyowqtmjrhy2zhztk4mji2xkeyxkfqcgdeqxvynti4mda1mzi-_v1_

Graphorn ဒီသတ္တဝါကြီးကတော့ အရမ်းကို အထိအခိုက်မခံ ဒေါသကြီးတဲ့ သတ္တဝါဖြစ်ပါသတဲ့။

mv5bnzi5ywvintatzgq0ny00mgniltg1mjytyjvkoty2owy2ymrml2ltywdll2ltywdlxkeyxkfqcgdeqxvynduzotq5mjy-_v1_

Nundu ဒီ ခြင်္သေ့လိုလို ကျားသစ်လိုလို ခေါင်းမှာ ဆူးတွေနဲ့ မှော်သတ္တဝါ ကတော့ သူ့ရဲ့မှုတ်ထုတ်တဲ့ အဆိပ်အခိုးအငွေ့တွေဟာ ရွာငယ်တစ်ရွာလောက်ကို အဆိပ်သင့်စေနိုင်ပါသတဲ့။

mv5botqzmwq1mdqtodyxos00ytk4lwjlymutotdknmmxytu0njnil2ltywdll2ltywdlxkeyxkfqcgdeqxvynduzotq5mjy-_v1_sx1777_cr001777888_al_

Niffler ဒီ ဘဲနှုတ်သီးပုံစံနဲ့ မှော်သတ္တဝါကတော့ တန်ဖိုးရှိတဲ့ ရတနာပစ္စည်းတွေကို ခိုးယူပြီး စုဆောင်းတတ်ကြပါတယ်။

mv5bzjiwntu4mtatzgyyzs00owqylwfhzdctnwu3ndyxowuynzfkl2ltywdll2ltywdlxkeyxkfqcgdeqxvynduzotq5mjy-_v1_

Demiguise မျောက်လိုလို ဇီးကွက်မျက်လုံးနဲ့ မှော်သတ္တဝါကတော့ အေးဆေးစွာနေတတ်တဲ့ သတ္တဝါဖြစ်ပြီး သူက ကိုယ်ရောင်လည်း ဖျောက်နိုင်ပါသတဲ့။

mv5bmjqwodk3mze2ml5bml5banbnxkftztgwodiymzkymdi-_v1_

Mary Lou Barebone ဒုတိယမျိုးဆက် စုန်းကဝေဆန့်ကျင်ရေးခေါင်းဆောင် Mary ဟာ ခေတ်သစ် စုန်းကဝေဆန့်ကျင်ရေးခေါင်းဆောင်ဖြစ်ပြီး သူဟာ စုန်းကဝေတွေနဲ့လူသားတွေရောနှောနေထိုင်ခြင်းကို ဆန့်ကျင်သူတစ်ယောက်ပါ။ သူဟာ အမုန်းတရားကြီးမားသူဖြစ်ပြီး သူမွေးစားထားတဲ့ကလေးတွေဟာ သူ့ရဲ့အားအင်ဖြစ်ပါသတဲ့။ စာကြွင်း။ ။ အဲ့လိုများဆိုရင် သူက ဟာမွန်နီကို ကြည့်လို့ရမှာမဟုတ်ဘူး။ :)

mv5bmtc1otu5mdm5n15bml5banbnxkftztgwnziymzkymdi-_v1_

Queenie Goldstein (စိတ်ဖတ်သူ) သူမကတော့ ရုပ်ရည်ချောမောလှပရုံမက သူနဲ့မျက်လုံးချင်း ဆုံလိုက်ရတဲ့သူဆိုရင် အဲ့သည်သူစိတ်ထဲမှာ ရှိသမျှအရာကို သိရှိနေသူ ဖြစ်ပါတယ်။

mv5bmtgymdm3mtewof5bml5banbnxkftztgwndmymzkymdi-_v1_

Popentina Goldstein (အမေရိကမှော်လွှတ်တော်မှ အော်ရာ) သူမဟာ အမေရိကမှော်လွှတ်တော်မှာ အလုပ်လုပ်နေသူဖြစ်ပြီး ထက်မြက်သူတစ်ယောက်ဖြစ်ပါတယ်။ အော်ရာဆိုတာ ကိုယ်ခံပညာကျွမ်းကျင်လို့ တရားဝန်ခံထားတဲ့ သူပါ။

mv5bmtk0nzu0mzm1nf5bml5banbnxkftztgwnjiymzkymdi-_v1_

Percival Graves (မှော်လုံခြုံရေးအဖွဲ့ဥက္ကဌ) သူဟာအော်ရာတစ်ယောက်ဖြစ်တဲ့အပြင် အမေရိကမှော်လွှတ်တော်ရဲ့ မှော်လုံခြုံရေးအဖွဲ့ဥက္ကဌဖြစ်တဲ့အပြင် လူတိုင်းက သူ့ကိုလေးစားကြပါတယ်။

mv5bmtk2njqwmzcym15bml5banbnxkftztgwmtmymzkymdi-_v1_

Credence Barebone ( ဒုတိယမျိုးဆက် စုန်းကဝေဆန့်ကျင်ရေးသမား) သူကတော့ အရှက်အကြောက်အရမ်းကြီးတဲ့ Mary ရဲ့ မွေးစားသားတစ်ယောက်ပါ။

mv5bmtu1njc4mze1ov5bml5banbnxkftztgwmzmymzkymdi-_v1_

Jacob Kowalski (နိုမာ့ဂ်ျ – အမေရိကန်မတ်ဂယ်) သူကတော့ မုန့်ဖုတ်သမားဖြစ်ချင်တဲ့သူတစ်ဦးပါ။ ဒါပေမယ့် သူဟာ စည်သွပ်ဘူး စက်ရုံတစ်ခုမှာ အလုပ်လုပ်ပါတယ်။ သူနဲ့ Newt တွေ့ဆုံတဲ့အခါမှာ သူ့ဘဝက တစ်ဆစ်ချိုးပြောင်းလဲခဲ့ပါတယ်။

လေးစားစွာဖြင့်
အောင်မိုးသူ

အောင် မိုးသူ

About အောင် မိုးသူ

ဘကြီး အောင် has written 203 post in this Website..

နာမည်အရင်းကော ကလောင်နာမည်ကော အောင်မိုးသူပါ။ လူဆန်တဲ့ လူ့ဘ၀ထဲမှာ နေထိုင်တဲ့လူတစ်ယောက်ပါ။