အရင်လတွေက Simple present, present progressive, present perfect, present perfect progressive တွေအကြောင်း အတော်အသင့်ဖော်ပြခဲ့ပြီးပါပြီ။ ယခုလမှာတော့ လူသုံးအများဆုံးဖြစ်တဲ့ Simple past tense ကို လေ့လာကြရအောင်။ simple past မှာ “be” ကြိယာတခုတည်း၌သာ “အနည်း singular-was နှင့် အများ plural-were ဆိုပြီး form နှစ်ခု ရှိပါတယ်။ကျန်တဲ့ ကြိယာအားလုံးမှာ simple past ၌ form တမျိုးသာ ရှိပါတယ်။ ကျန်တဲ့ကြိယာအားလုံးမှာ simple past ဟာ simple present ထက်အများကြီးပိုလွယ်တာပေါ့။ ဒါပေမယ့် simple past tense ကို လေ့လာလိုသူတိုင်းသတိထားဖို့က irregular verbs ဆိုတဲ့ ကြိယာအုပ်စုပါ။ကြိယာ အများစုမှာ simple past tense နှင့်သုံးချင်လျှင်ကြိယာမှာ “-ed” လေးကပ်ပေးလိုက်ရုံဘဲ။ တခါတရံနောက်ဆုံး letter ကိုထပ်ပြီးသုံးရတာမျိုး၊နောက်ဆုံးက “y” လေးကို “i” အဖြစ်ပြောင်းပေးလိုက်ရတာမျိုးတော့ ကြုံရပါတယ်။ သို့သော် အများစုမှာတော့ -ed လေးကပ်ပေးလိုက်ရုံပါဘဲ။ ဥပမာအားဖြင့် အောက်၌ဖော်ပြထားသော ဇယားလေးကို ကြည့်လိုက်ပါ။ ”

 Base Form  Past Form
 play  Played
 stop  Stopped
 cry  Cried
 stamp  Stamped
 dump  Dumped

ဒါပေမယ့် Irregular verbs များကြတော့ အထက်က regular verbs တွေနဲ့ လုံးဝမတူဘဲ past form မှာ ထူးထူးခြားခြားကို ပြောင်းသွားတတ်တဲ့အတွက် မကျက်မှတ်လို့ကိုမရပါ။ အလွတ်ရအောင်ကို ကျက်မှတ်ထား ရပါလိမ့်မယ်။တော်ပါသေးရဲ့ တို့မြန်မာတွေက ဥာဏ်ကောင်းတဲ့ သူများတယ်။ဒီတော့ Irregular verbs လေးတွေကိုအလွယ်တကူကျက်မှတ်နိုင်ကြပါတယ်။အားလုံးကို မမှတ်နိုင်တောင် အသုံးများတဲ့ Irregular verbs လေးတွေ ရဲ့ past formကိုတော့ မှတ်သားထားပါလို့ပါတယ်။မှတ်ရလွယ်အောင်အသုံးများတဲ့ Irregular verbs လေးတွေကို အောက်တွင်ဖေါ်ပြလိုက်ပါတယ်။

 Base Form Past Form
 be Was(singular)-were (plural)
 do Did
 go Went
 come Came
 have Had
 get Got
 make Made
 drive Drove
 write Wrote
 speak Spoke

ဟုတ်ပီ။ Irregular verbs လေးတွေကို မှတ်သားထားနိုင်ပြီး ကျွမ်းကျင်နေပြီဆိုတော့ ဒီ simple past ကိုဘယ်လိုနေရာမျိုးမှာ သုံးရမလည်းလို့ မေးစရာဖြစ်လာပြီပေါ့။အဖြေကတော့ ရှင်းရှင်းလေးပါ။အတိတ်မှာ ဖြစ်ပြီး သွားတဲ့ကိစ္စ တွေအားလုံးကို simple past tense ကိုသုံးပြီး ဖော်ပြနိုင်ပါတယ်။ ဒါကြောင့် simple past ဟာ အသက်ကြီးလာလေ ပိုပြီး တန်ဖိုးရှိလာလေပေါ့။ပိုပြီး အသုံးဝင်လာတယ်ပေါ့နော်။ဥပမာ-
I was born in Burma.I graduated from Rangoon Arts and Science University.
I majored in Physics.I had excellent grades.
စသဖြင့် Simple past ကိုသုံးပြီး မိမိရဲ့ဘဝအကြောင်း တစေ့တစောင်း ဖော်ပြနိုင်င်ပါတယ်။ US ရောက်နေတဲ့မြန်မာအများစုဟာ အတိတ်ကအကြောင်းလေးတွေ သိပ်ကိုပြောချင်ကြပါတယ်။ အထူးသဖြင့် မိမိရဲ့အတိတ်အကြောင်းလုံးဝမသိတဲ့သူတွေ မိမိနဲ့အတိတ်က အကျွမ်းတဝင်မရှိခဲ့သူတွေရှေ့မှာဆိုရင် ပိုပြီးပြောလို့ကောင်းပါတယ်။ ဆိုကြပါစို့။ မြန်မာပြည်မှာတုန်းကနေခဲ့တဲ့အိမ်လေး က တဲပုဒ်သာသာ။ အခုကြတော့ခပ်တည်တည်ဘဲ “I had a house with six bedrooms when I was in Burma.” လို့ပြောလိုက်ရုံဘဲ။

တချို့ဆို တက္ကသိုလ်မှာတုန်းက ရည်းစားရယ်လို့ မူးလို့တောင် ရှုစရာမရှိခဲ့ဘူး။ ဒါပေမယ့် အခုတော့ “I was very popular in college. I had too many girlfriends to count.” စသဖြင့် ခပ်ကြွားကြွားလေး ပြောနိုင်ပြီလေ။ စာရေးသူဆို ဒီကသူငယ်ချင်းတွေကို “I had a brand new Mercedes Benz and a chauffeur when I was in Burma. I didn’t even look at a Toyota or a Mazda back then.”လို့ပြောခဲ့တယ်လေ။ ဒါပေါ့ Toyota တွေ Mazda တွေ ဘယ်ကြည့်ခဲ့မလဲ။ သုံးဘီးစီးဖို့တောင် ပိုက်ဆံမလုံလောက်လို့ ပြည့်ကြပ် နေတဲ့ဘတ်(စ်)စကားတွေကို တွဲလောင်းခိုခဲ့ရတယ် မဟုတ်လား။ ဒါပေမယ့်ခုချိန်မှာတော့ simple past tense ကို သုံးပြီးကြွားနိုင်ပြီလေ။ simple past tense ကို yesterday, last week,five minutes ago စသည့် Key words များနှင့်တွဲပြီး အသုံးပြုလေ့ရှိပါတယ်။ ဥပမာ- “I saw him yesterday.” “He lived in China last year.” “He just left an hour ago.” စသဖြင့် သုံးစွဲနိုင်ပါတယ်။

ဒီတော့ဒီနေရာမှာ ကြုံကြိုက်လို့ simple past နှင့် present perfect တို့ရဲ့ကွာခြားချက်ကိုထပ်မံဖော်ပြလိုပါတယ်။
အတိတ်မှာဖြစ်ခဲ့ပြီးတဲ့အကြောင်းအရာလေးတွေကို ဖော်ပြတဲ့အခါမှာ simple past ကိုရော present perfect ကိုပါအသုံးပြုနိုင်ပါတယ်။အများအားဖြင့် အချိန်ကိုတိတိကျကျဖော်ပြနိုင်လျှင် simple past ကို အသုံးပြုပြီး အချိန်ကိုမမှတ်မိတော့လျှင် အရေးမကြီးလှဘူးဟုထင်လျှင် present perfect ကိုအသုံးပြုလေ့ရှိပါသည်။ ဥပမာ-“I talked to him yesterday.””I have talked to him before.” “I knew him when we were in high school.” “I have known him before.” “I saw the show last week.” “I have seen the show.” Simple past ကို negative အဖြစ်ပြောင်းလဲလိုသည့်အခါ “be” ကြိယာမှလွဲ၍ “did” ကို အကူအညီတောင်းရပါသည်။ ဥပမာ- They were very happy last month. They weren’t very happy last month. He was sick yesterday. He wasn’t sick yesterday. စသဖြင့် “Be” ကြိယာနှင့်သုံးစွဲလေ့ရှိသော်လည်း အခြားကြိယာများကို “did not” သို့မဟုတ် အတိုကောက် “didn’t” နှင့်တွဲပြီး သုံးစွဲရပါသည်။

ဥပမာ- She took my book last night. She didn’t take my book last night. He spoke to me last week. He didn’t speak to me last week.They didn’t write a book about religion. They wrote a book about religion.
Simple past tense ကိုသုံးပြီးမေးခွန်းဖွဲ့လိုသည့်အခါ “be” ကြိယာအတိုကောက်လွယ်ကူပါသည်။

Was နှင့် Were ကိုကတ္တား၏အရှေ့ဖက်သို့ပို့လိုက်ရုံနှင့်ပြီးပါသည်။ ဥပမာ-“Was Trump your choice for President?” “Were you upset by the outcome of the election?” သို့သော်အခြားကြိယာများအတွက်ကြတော့ “did” ကို အကူအညီတောင်းဖို့လိုလာပြန်ပါသည်။ ဥပမာ- “Did you cry over the election results?” “Did the election results bother you?” ကဲ အတိတ်ကပျော်ရွှင်ကြည်နူးစရာလေးတွေစဉ်းစားရင်း တွေးတောရင်း ပြန်လည်ခံစားရင်း ဒီနေရာမှာဘဲနားလိုက်ကြရအောင်။
I know many of us are upset over the election of a man who simple has no respect for women and minorities, but let’s keep in mind that in a democracy we just need to wait four more years, not forever like the military rule in Burma of the past.

kai

About kai

Kai has written 854 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.