နေနှင့်ဆင်တူသည့် ကြယ်တစ်လုံး နက္ခတ်ဗေဒ ပညာရှင်များ ရှာဖွေတွေ့ရှိ
|534- Hits|
နေနှင့် ဆင်တူသော ကြယ်တစ်လုံးကို ဂြိုဟ်ပေါင်း ၇ လုံးက ဝန်းရံလှည့်ပတ်နေသည့် နေအဖွဲ့အစည်းတစ်ခုအား နက္ခတ်ဗေဒ ပညာရှင်များက ရှာဖွေတွေ့ရှိခဲ့သည်။
က မ္ဘာမှ အလင်းနှစ် ၁၂၇ အကွာတွင် တည်ရှိသော အဆိုပါ နေအဖွဲ့အစည်းသည် နေကိုကျော်လွန်ပြီး ရှာဖွေတွေ့ရှိသမျှ နေအဖွဲ့အစည်း အားလုံးတို့တွင် အကြီးမားဆုံးဟု ယုံကြည်ရဖွယ် ရှိနေသည်။ ပညာရှင်များက ယင်းနေအဖွဲ့အစည်းတွင် ဂြိုဟ် ၅ လုံး သေချာပေါက် ရှိနေပြီး နောက်ထပ် ၂ လုံး တည်ရှိနေသည်ဟု ယုံကြည်ရဖွယ် အထောက်အထားများ တွေ့ရှိထားကြောင်း ပြောကြားခဲ့သည်။ ဥရောပတောင်ပိုင်း နက္ခတ်တာရာ လေ့လာရေးစခန်းမှ ဒေါက်တာခရစ်စတိုဖာလိုဗစ်က မိမိတို့ ရှာဖွေတွေ့ရှိသမျှအနက် ဂြိုဟ်အများဆုံး ပါဝင်သည့် နေအဖွဲ့အစည်း တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။
၎င်း က နေအဖွဲ့အစည်းနှင့် ဂြိုဟ်များကြား အပြန်အလှန် ဆွဲငင်နေမှုများကို ခြေရာခံကာ ဂြိုဟ်များ၏ အရေအတွက်ကို တွက်ချက်ဖော်ထုတ်ခဲ့ကြောင်း ရှင်းပြခဲ့သည်။ Neptuneဂြိုဟ်၏ အရွယ်မျှရှိသော အစိုင်အခဲ ၅ ခုတို့မှ ထင်ထင်ရှားရှား တုန့်ပြန်မှုများကို ဖမ်းယူနိုင်ခဲ့ပြီး နောက်ထပ် အစိုင်အခဲကြီး ၂ ခုတို့မှ ထွက်ပေါ်လာသည်ဟု ယူဆရသော မြေဆွဲအားများကိုလည်း ထောက်လှမ်းဖော်ထုတ်နိုင်ခဲ့ကြာင်း လိုဗစ်ကဆိုသည်။
ကြယ်နှင့် အနီးဆုံးဂြိုဟ်မှာ နေနှင့်ကမ္ဘာကြား အကွာအဝေး၏ ၀.၀၆ ရာခိုင်နှုန်းမျှ အကွာဖြင့် လှည့်ပတ်နေပြီး အဝေးဆုံးဂြိုဟ်မှာမူ နေနှင့်ကမ္ဘာကြား ကွာဟချက်ထက် ၁.၄ ရာခိုင်နှုန်း ပိုများသည်ဟု ယူဆရကြောင်းလည်း သိရှိရသည်။
Related posts:
- မသင်္ကာသူအား ကိုယ်တုံးလုံးချွတ် ညှင်းပန်း စစ်ဆေးသည့် ရဲတပ်ဖွဲ့လုပ်ရပ် ဖိလစ်ပိုင် ရုပ်သံမှ ပြသ…
- TV ကြည့်ခြင်းနှင့် နှလုံးရောဂါဖြစ်နိုင်ခြေ
- မြေပဲ စားသုံးခြင်း အကျိုး
- အမျိုးသား ၅၀၀၀ ကျော်နှင့် အတူ အိပ်ခဲ့ဖူးသည့် ဗြိတိန် အမျိုးသမီး…
- ကလေးလိုချင်လွန်းသဖြင့် ကြံမိကြံရာ လုပ်ခဲ့သည့် ဗြိတိန်သူ…


အသစ်အသစ်တွေ အမြဲတမ်းပေါ်နေပါလားနော်
ဘယ်တော့မှ ဆုံးမှာလဲ
Was this answer helpful?
LikeDislikeစင်္ကြာဝဌာက ဘယ်တော့မှ ဆုံးမယ်တော့မထင်မိဘူး။
အခုဟာက နေနဲ့ဆင်တူပြီး ဂြိုလ်တွေလည်းရှိတယ်ဆိုတော့..ကမ်ဘာအသစ်ဖြစ်နိုင်လို့နေမှာပါ။
ကမ်ဘာအသစ်ဆိုတော့..လူအသစ်တွေရှိမှာပေါ့နော..။
သယံဇာတ အသစ်တွေလည်း ရှိမပေါ့..
သူတို့ရှာနေတာ..အဲဒါ..အဲဒါ….
Was this answer helpful?
LikeDislikeအကျိုးပြုမဲ့ဟာလေးဘာလေးရှာကြပါလားဗျို့ ။ ကမ္ဘာလိုဂြိုလ်မျိုးနောက်တလုံးတွေ့ရင်တောင် ဒီမှာလူဦးရေများလာလို့ သွားနေဖို့ အဆင်ပြေတာမဟုတ်ဘူး ။ အတောင်ပါလို့ ပျံတတ်ရင်တော့ တမျိုးပေါ့ ။
Was this answer helpful?
LikeDislike