မြန်မာပြည်မှ အနုပညာ သည်အချို့ ပိတ်ပင် ခံရပြန်
|2772- Hits|အနုပညာသည်များဖြစ်ကြသော ညီဂျော် တက္ကသိုလ် ဂွမ်းပုံ နှင့် အခြား အနုပညာသည် နှစ်ဦး တို့အား အနုပညာ တင်ဆက် ခွင့်အကန့်အသတ် မရှိ ပိတ်ပင်လိုက်ကြောင်း
ယနေ့ သတင်း ရရှိပါသည်။ ယင်း အနုပညာသည် များမှာ သာရေး နာရေး ကူညီမှုအသင်း မင်းသား ကျော်သူ ၏ သရုပ်ဆောင် သင်တန်း သို့ သွားရောက် ကူညီ ခဲ့သောကြောင့်
ဖြစ်ကြောင်း သိရသည်။ မင်းသားကျော်သူက ယင်းဖြစ်ရပ်သည် ဥပဒေနှင့် မညီသောဖြစ်ရပ်ဖြစ်ကြောင်း ….. အနုပညာ သည် ပြည်သူ အတွက် ဟုဆိုကြသော်လည်း
အနုပညာသည်များ ပြည်သူ့အကျိုး သည်ပိုး ရာတွင် အမျိုးမျိုးသော နှောက်ယှက်မှုများနှင့် ကြုံ တွေ့နေရကြောင်း .. ယခုကိစ္စ မှာလည်း သူ့အပေါ် ပုဂ္ဂိုလ် ရေး အရ
မကြည်ဖြူမှု ကြောင့်သာဖြစ်နိုင်ကြာင်း … ပြောကြားသွားသည်။
Related posts:


နအဖ အလိုတော်ရိ သာကူး အနုပညာရှင်တွေကို လူထုအားနဲ့ ပြန်မလုပ်နိုင်ရင် အထဲက ပြည်သူ့ဘက် ရပ်တည်တဲ့ အနုပညာရှင်တွေ တဖက်သတ် ခံနေရလိမ့်မယ်။ စစ်တပ်အားကိုး အချောင်သမားတွေကို ဆန့်ကျင်ကြ။
Was this answer helpful?
LikeDislikeအာဏာရှင်တွေကတော့ ရုပ်ရှင်၊ဂီတအနုပညာရှင်တွေရော စာနယ်ဇင်းရော၊ သဘင်ပညာရှင်တွေရော သူတို့လူတွေမွေးပြီး မကြည်ရင် မကြည်သလို လုပ်နေကြတာ ကြာပါပြီ..။
Was this answer helpful?
LikeDislikeနိုင်ငံတော်အကြီးကဲတွေကို တောပြော တောင်ပြောနဲ့ 
မိုးဂျိုးပစ်မှာ ကြောက်ဘူးယားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
Was this answer helpful?
LikeDislikeအားလုံး မရိုက်ကြနဲ့တော့
ဘာမှလည်းကောင်းတာမဟုတ်ပဲနဲ့
Was this answer helpful?
LikeDislikeအားလုံးမရိုက်လို့ ဘာလုပ်စားကြမှာတုန်း ။ ကိုသာဒင်ရှာကျွေးမလို့လား ။
Was this answer helpful?
LikeDislikeစိတ်ပျက်ဖို့ကောင်းလိုက်တဲ့ သတင်းကြီး သူတို့ စကား အရာမသွင်းမှာ စိုးလို့ တမင် လုပ်တယ်ကွာဆိုပြီး သက်သေပြလိုက်ကြတာ
Was this answer helpful?
LikeDislikeဒီလိုလုပ်တာဒါပထမ မှမဟုတ်ဘဲ၊ သူတို့အဖေ ဗိုလ်နေ၀င်းလက်ထက်ကတည်း
ကဘဲလေ၊ နွားကွဲလို့ကျားဆွဲတာပါ၊ အနုပညာရှင်တွေအားလုံးညီညွတ်ကြမယ်
ဆိုရင်ဒီလိုဖြစ်စရာအကြောင်းမရှိဘူးလေ
ဘယ်တော့များမှဖြစ်လာမှာပါလိမ့်။
မိုးနဲ့မြေကြီးထိသွားရင်ဖြစ်ကောင်းပါရဲ့
Was this answer helpful?
LikeDislikeစစ်ခွေးတွေရဲ့ အောက်တန်းကျချက်ကလည်း လွန်ပါရော….ကိုယ်လည်းမလုပ်ပေးနိုင် လုပ်ပေးတဲ့လူကျတော့လည်း
အမြင်မကြည် သရေတမြှားမြားနဲ့ လိုက်ဆွဲနေတော့တာပဲ.။
Was this answer helpful?
LikeDislikeထုံးစံ လေ ထုံးစံ…
ရိုးရာလို့ပြောလဲ ရပါတယ်…
အကျင့်ပါနေတယ်လို့ယူဆရမှာပေါ့…
Was this answer helpful?
LikeDislikeယူအက်စ်ကမြန်မာတွေ… မြန်မာပြည်ကို ပေးလိုက်တဲ့ မက်ဆေ့ခ်ျက ….“အရုဏ်ဦးမှာဖူးသည့်ကြာ” လို ၀ါဒဖြန့်ချိရေး ရုပ်ရှင်ရိုက်ရာမှာ ရုပ်ရှင်သရုပ်ဆောင်တွေကို တပ်မတော်က စိတ်ဓါတ်စစ်ဆင်ရေး။ ပြည်သူ့ဆက်ဆံရေး..ဘာညာကွိကွဌာနတွေက အာဏာနဲ့ဖိအားပေးခေါ်မသုံးဖို့ပါ။
ရုပ်ရှင်အစည်းအရုံးကတဆင့် စစ်တပ်က ပြန်ပေးလိုက်တဲ့ မက်ဆေ့ခ်ျက “လုပ်ချင်တာလုပ်မယ်” ဆိုတာပါပဲ။
အဲဒီလိုနားလည်မိပါကြောင်းနဲ့..ယူအက်စ်ကပေးလိုက်တဲ့မက်ဆေ့ခ်ျကို (သူတို့)သေသေချာချာရသွားတယ်..ယူဆမိပါတယ်ခင်ဗျား..။
Was this answer helpful?
LikeDislikeကိုကျော်သူရဲ့ ရှင်းလင်းချက် ကိုပြန်ထပ်တင် စေ ချင်ပါတယ်။
Was this answer helpful?
LikeDislikeဒါတွေက သူတို့ရဲ့ အပေါ်ဖားနည်းတမျိုးပေါ့ ညီဂျော်နဲ့ဂွန်းပုံကြီးတော့စိတ်မကောင်းပါဘူး တခုလေါက်အကြံပေးချင်ပါတယ် ဒီလိုသရုပ်ဆောင်တွေကို ကျွန်တော်တို့တတွေအသင်းတခုဖွဲ့ပြီးဝိုင်းဝန်းထောက်ပံလိုက်ကြယင်မကောင်းပေဘူးလါ?
Was this answer helpful?
LikeDislikeအနစ်နာခံရသူတွေများသလောက် ထိုက်တန်အောင်
တစ်ချိန်ချိန်မှာ မြန်မာပြည်ကြီး နေပြန်ကောင်းလာဖို့
မျှော်လင့်မိပါတယ်
Was this answer helpful?
LikeDislikeမဆိုင်တာတွေ လုပ်နေတာကြီး က ပေါ်တင်ကြလွန်းပါတယ်။ ပြည်သူ့တွေရဲ့ မျက်လုံးထဲမှာ ကန်လန့်ကြီးတွေ့နေရတာ ဖုံးကွယ်နေလည်း အပိုပါပဲ
Was this answer helpful?
LikeDislikeဦးဇာဂနာတို့ ဦးရိုင်းတို့နဲ့ ဟာသပျက်ခဲ့တဲ့ သူတောင်းစားအငြိမ့်တို့ … သရဲလေးကောင်အငြိမ့်တို့တောင် သတိရပါသေးတယ်
Was this answer helpful?
LikeDislikeသနားပါတယ် အဲ့ဒီ တက္ကသိုလ် ဂွမ်းပုံ က အရမ်းသရုပ်ဆောင်ကောင်းတာ ၊ သူများတွေနဲ့ မတူဘူး တော်တော်ရယ်ရတယ် . . . နှမြောတယ် . . .
Was this answer helpful?
LikeDislikeနေရာတိုင်း ဒီလိုပါပဲ
Was this answer helpful?
LikeDislikeဦးကျော်သူရေ………….ငယ်ငယ်က လွယ်ခဲ့ ရတဲ့လွယ်အိတ်ကလေးကိုလွမ်းရပါတယ်…..
လှလေးစိန်….. ….တိမ်ကော့နော်ဂျာ…… ဇာတ်ကားထဲက သေနတ်နဲ့ ကျောပိုးအိတ်တွေရော
ဦးကျော်သူ အမှတ်တရသိမ်းဆည်းထားမိပါသလား……..ဖတ်မိတဲ့ မိတ်ဆွေများ ခင်ဗျားတို့ ရော…………….
Was this answer helpful?
LikeDislike