မြည်သံစွဲတစ်ခုနဲ့စတဲ့မနက်ခင်း

အတိသယနဲ့ဆက်ဆံနေတဲ့လူတွေ

ကိုယ့်ကိုယ်ကိုဥပမာနဲ့တင်စားနေကြ

ရူပကလိုထပ်တူမကျနိုင်တဲ့ဘ၀မှာ

ဝင်္က၀ုတ္တိနဲ့ခေါင်းတုံးပေါ်ထိပ်ကွက်နေသူတွေအတွက်
ငါဟာ………..မျက်လုံးပြူးကြောင်
ကျီကန်းတစ်ကောင်ပေါ့…..
နာမ်စားတွေကိုမှားယွင်းစွာအသုံးပြုရင်း
ငါပြောနေတဲ့စကားတွေက
ဌာန်ကရိုဏ်းရောမှန်ရဲ့လား………
ကြိယာမပါတဲ့ဘ၀တွေအတွက်
အာမေဋိတ်တွေလွတ်ကျ….
ကိန်းတွေနဲ့အလုပ်လုပ်တတ်တဲ့မင်းအတွက်
ငါဟာ…နာမ၀ိသေသနတစ်ခု..
ဖြစ်ခဲ့ရပေါ့………………..။

About naked

aa a has written 1 post in this blog.

Related posts:

  1. တပ်မတော် ခန်းမမှာကျင်းပသွားတဲ့ မြန်မာကားပြပွဲမှ မော်ဒယ်လေးတွေပါ ….
  2. သီချင်းလေးတွေ
  3. Enter the Blogging
  4. တခါတုန်းက အေသင်ချိုဆွေ နဲ့ ဖွေးဖွေး…
  5. အကြီးကြီးတွေနော် .. တကယ့်အကြီးကြီးတွေ …