မိတ်ကပ်အောင်အောင်(တောင်ကြီး) သေရှာပြီ…
|1405- Hits|မြန်မာနိုင်ငံရဲ့ထိပ်တန်းမိတ်ကပ်ဖန်တီးရှင်တစ်ဦးဖြစ်သောမိတ်ကပ်အောင်အောင်(တောင်ကြီး)အသက်(၄၇)နှစ်သည် (၂၀၁၀)ခုနှစ်၊စက်တင်ဘာလ(၂)ရက်နေ့၊ နေ့လယ်(၁၂)နာရီအချိန်က ရန်ကုန်မြို့၊အာရှတော်ဝင်အထူးကုဆေးခန်းကြီးတွင် ကွယ်လွန်သွားကြောင်းသိရှိရသည်။
မိတ်ကပ်အောင်အောင်(တောင်ကြီး)သည် သြဂုတ်လ(၂၉)ရက်နေ့၊ ရန်ကုန်မြို့၊ The Strand Hotel တွင် ကျင်းပပြုလုပ်ခဲ့သော Myanmar Traditional Brides Collection 2010 ပွဲကြီးတွင်မင်္ဂလာဝတ်စုံဒီဇိုင်းသစ်များကိုခမ်းခမ်းနားနားတင်ဆက်ခဲ့သူဖြစ်ပြီးမိတ်ကပ်အောင်အောင်(တောင်ကြီး)ကို ချစ်ခင်ကြသော နာမည်ကျော် မင်းသမီးများစွာပါဝင်ပြသခဲ့ခြင်းကြောင့် အောင်မြင်မှုရရှိခဲ့သော နောက်ဆုံးအမှတ်တရမင်္ဂလာဝတ်စုံပြပွဲကြီးဖြစ်သည်။
မာမီအောင် နေမကောင်းဖြစ်နေတာကြာပြီ။ ဒါပေမဲ့ သာမန်နေမကောင်းတာလို့ပဲသိထားတာပါ။ ချောင်းဆိုးရင် သွေးပါအန်လာလို့ ဆုံးမယ့်မနက်ပိုင်းလေး တင် အာရှတော်ဝင်ကို အသည်းအသန်တင်လိုက်ကြရတာပါ။ မျက်စိရှေ့မှာတင် ဖြစ်သွားတော့ မယုံနိုင်လောက်အောင်ပါပဲ။ ပေါက်ရဲ့ ဆရာတစ်ယောက်ကို အစားထိုးမရအောင်ဝမ်းနည်းရပါတယ်။ ဘန်ကောက်မှာ ဆေးသွားစစ်ဖို့ ဗီဇာမရသေးလို့စောင့်နေရင်း အခုလိုဆုံးသွားခဲ့တာပါဟု မိတ်ကပ်အောင်အောင်(တောင်ကြီး)၏ တပည့်တစ်ဦးဖြစ်သော မိတ်ကပ်ပေါက်ပေါက်(စမ်းချောင်း)က ၀မ်းနည်းစကားဆိုခဲ့သည်။
နာမည်ကျော်ရုပ်ရှင်မင်းသမီးများ၊ မင်္ဂလာသတို့သမီးများအတွက် အားထားစရာ မိတ်ကပ်အောင်အောင်(တောင်ကြီး)၏ ဈာပနအခမ်းအနားကို (၂၀၁၀)ခုနှစ်၊ စက်တင်ဘာလ(၄)ရက်နေ့၊ ညနေ(၄)နာရီအချိန်တွင် ရေဝေးသုသန်တွင် ပို့ဆောင်သဂြိုဟ်မည်ဖြစ်ကြောင်းသိရှိရသည်။ မိတ်ကပ်အောင်အောင် (တောင်ကြီး)ကောင်းရာသုဂတိလားပါစေကြောင်း၊ဆုမွန်ကောင်းတောင်းအပ်သည်။
Credit: ရွှေဒါလင်
Related posts:
- တောင်ပြုံးပွဲမှီမှဖြစ်မယ်
- ကန်တော်ကြီး ကန်ပတ်လမ်းတွင် ဗုံးသုံးလုံး ဆက်တိုက် ပေါက်ကွဲမှုကြောင့် ဒဏ်ရာ ရရှိသူများအနက် နှစ်ဦးထပ်မံ သေဆုံး
- အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ် ခံထားရသည့် အဆောက်အအုံများနှင့် ပတ်သက်၍ အသနားခံလွှာ တင်ပြခြင်းကို လက်မခံကြောင်း ကြေညာ
- တောင်ပြုန်းပွဲတော်တွင် အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ရောဂါ ပြန့်ပွားမှု လျော့ကျစေရေးအတွက် ကာကွယ်လုပ်ငန်းများ ဆောင်ရွက်
- MRTV 3 New Studio Complex မြေနှင့် အဆောက်အအုံအား ရွှေတောင် ကုမ္ပဏီက ကျပ်သန်း တစ်သောင်းသုံးထောင်ဖြင့် အပြီးအပြတ် ၀ယ်ယူ



ကိုလူတလုံးရဲ့ လက်ရင်းဆရာ မာမီအောင် နာရေးဖတ်ရလို့ ထပ်တူ ဝမ်းနဲကြေကွဲ ရပါတယ် ခင်ဗျား။
Was this answer helpful?
LikeDislikeဟုတ်ကဲ့… ခုလို Same Bath တွေရဲ့ ၀မ်းနည်းစကားကို ကြားရတာ ၀မ်းနည်းဝမ်းသာပါပဲဗျာ…
Was this answer helpful?
LikeDislikeသူက ဘာရောဂါနဲ့ ဆုံးတာလဲ
Was this answer helpful?
LikeDislikeတီဘီ Subject ထင်တယ်….
သေချာတော့ သိဘူး…
Was this answer helpful?
LikeDislikeကျားသားသားလေး ကြောင်ကြီး သူများနာရေးသတင်းကို နောက်စရာလား?
အဲဒါ ဂျီးတော်ကြီးဟုတ်ဘူး
ဘွားတော်ကြီး ဘွားတော်ကြီး
Was this answer helpful?
LikeDislike“same bath” ဆိုတာ ရေ အတူတူချိုးတာကိုပြောတာလားဗျ..
Was this answer helpful?
LikeDislikeတကယ်ကြီးလားဗျ။အထင်ရဘူးဗျ။ကျွန်တော့်ကိုတောင် Strand မှာကျင်းပတဲ့ ပွဲမှာတောင် မာမားပဲပြင်ပေးခဲ့တာဗျ။အဲ့နေ့ကနဲ့ဆိုရင် တပတ်တောင်မပြည့်သေးဘူးဗျာ။ကျွန်တော်အရမ်းအလေးထား ခင်မင်ရတာဗျ။ကျွန်တော် အဲ့သီတင်းကြားရတော့ဗျာ။ရင်ထဲဘက်ကိုလေ သိန်း500 ထီပေါက်တဲ့အချိန်မြင်းခွာနဲ့ပေါက်သလိုပဲ ခံရခက်တယ်ဗျ။အရမ်းကို ပျော်နေတဲ့အချိန် မြင်းခွာနဲ့ အပေါက်ခံလိုက်ရတော့ အားလုံးပဲ စဉ်းစားကြည့်ပါဗျာ။ကျွန်တော်ဘယ်လိုနေရမလဲ။ကျွန်တော့်ကို မော်ဒယ်လောကရဲ့ ပညာနဲ့အဲ့ဘ၀မှာ ဘယ်လိုတွေ နေရမလဲဆိုတွေကို အမြဲကူညီပေးနေတဲ့ မာမီအောင်ရဲ့ ဈာပနကိုလည်းကျွန်တော် မသိလိုက်တာ ကျွန်တော်ခံရခက်တယ်။ကျွန်တော်ဒီကနေပဲ မာမီအောင် ကို ဂါရ၀ပြုပါရစေ။မာမီအောင် ရဲ့နောက်ဆက်တွဲကိစ္စများအား ကျွန်တော် ဘက်ကသက်နိုင်သလောက် အစွမ်းကုန်ကျေးဇူးဆက်ပါ့မယ်။ကောင်းရာသုခနတ်ဘုံနတ်နန်းသို့ လားပါစေဗျာ။ ;’( ;’(
Was this answer helpful?
LikeDislikeအော် ..ဘာတွေသွားစားလဲမှ မသိတာ..
မစားသင့်တာတွေကို လျှောက်စားမယ်နေမှာပေါ့…
စိတ်တော့မကောင်းစရပါ..ဒါပေမယ့် အခြောက်ဘ၀ ၀ဋ်ကျွှတ်သွားတာပေါ့ဗျာ..
Was this answer helpful?
LikeDislikeတကယ်စိတ်မကောင်းဖြစ်ရပါတယ်ဗျာ… မာမီအောင် ကောင်းရာ သုဂတိလားပါစေလို့ ဆုတောင်းမေတ္တာ ပြုပေးပါတယ်…
Was this answer helpful?
LikeDislike