သတိ … ဗိုင်းရပ်စ် !
|464- Hits|
အခမဲ့ ဖြန့်ဝေသော အပြာဗွီဒီယိုကဲ့သို့ ပုံမှားရိုက်ထားသော ကွန်ပြူတာ ဗိုင်းရပ်စ်ပါဝင်နေသည့်
အီးမေးလ်တစ်စောင်သည် အင်တာနက်မှတဆင့် တောမီးကဲ့သို့ ပြန့်နှံ့လျက်ရှိကြောင်း လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူတို့က သတိပေးထားသည်။ “Here you have” ဟု ခေါင်းစဉ်တပ်ထားသော ၄င်းအီးမေးလ်သည် သုံးစွဲသူအား PDF ဖိုင်တစ်ခုကို လင့်ပေးထားသည်။ ထိုလင့်တွင် မည်သည့်ဖိုင်မျှ မရှိသော်လည်း အကယ်၍
ကလစ်နှိပ်လိုက်မိပါက အသုံးပြုသူ၏ Outlook adress book ပါ လိပ်စာများအတိုင်း အီးမေးလ်များကို မိမိဘာသာ ဖြန့်ဝေသွားနိုင်သည်။ ထို့နောက် လုံခြုံရေး စံနစ်များကို ဖျက်ဆီးကာ ကွန်ပြူတာ၏ ဟာ့ဒစ်ထဲတွင် ဝင်ရောက် နေရာယူနိုင်ရန် ကြိုးစားပေလိမ့်မည်။ worn အမျိုးအစား ဖြစ်သော ထိုဗိုင်းရပ်စ်သည် လုံခြုံရေး အားနည်းသော ကွန်ယက်များမှ တဆင့်လည်း ဝင်ရောက်နိုင်သည်။ BBC သတင်းဌာန၏ အဆိုအရ NASA, AIG, Disney, Procter & Gamble နှင့် Wells Fargo အပါအ၀င် ကုမ္ပဏီများသည် ရာနှင့်ချီသော အီးမေးလ် မိတ္ထူများကို လက်ခံရရှိသော ဝန်ထမ်းများမှတဆင့် ပျံ့နှံ့လာသည့် ထိုဗိုင်းရပ်စ်အား ကာကွယ်ရန် အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရှိရသည်။ ၄င်းဗိုင်းရပ်စ် စတင် ပေါ်ပေါက်လာသော ဝက်ဘ်ဆိုက်ကို ကြာသပတေးနေ့ကပင် ပိတ်ပစ်ခဲ့ပြီး
ဖြစ်သော်လည်း အခြားပုံစံများဖြင့် ဆက်လက် ပျံ့နှံ့နေနိုင်ကြောင်း မှန်းဆကြသည်။ ကွန်ပြူတာ လုံခြုံရေး ကုမ္ပဏီ တစ်ခုဖြစ်သော Kaspersky ၏ အဆိုအရ ထိုဗိုင်းရပ်စ်သည် ၂၀၀၀ ခုနှစ်တွင် ကမ္ဘာအနှံ့ ပျံ့နှံ့ခဲ့သည့် “I love you” ဗိုင်းရပ်စ်ကဲ့သို့ပင် Outlook ကို အဓိက ပစ်မှတ်ထားကြောင်း သိရှိရသည်။
Source: Telegraph
“Web users hit by sex movie worn”
By Nick Collins
Related posts:


Comments By Post
- ဟိန်း ၀င်း (ထားဝယ်သား)
- အတိသဉ္ဖာ နာဂရချစ်သူ
- etone
- zarlay
- water-melon
- manawphyulay
- water-melon
- manawphyulay
- zarlay
- windtalker
- ကြောင်ကြီး
- ဟိန်း ၀င်း (ထားဝယ်သား)
- thureinmaung
- manawphyulay
- ဟိန်း ၀င်း (ထားဝယ်သား)
- ရွာစားကျော်
- windtalker
- water-melon
- ဗိုက်ကလေး
- Ch@vez
- အတိသဉ္ဖာ နာဂရချစ်သူ
- nozomi
- ဗိုက်ကလေး
- ဗိုက်ကလေး
- ထုံးဘဲဥ
- ကြောင်ကြီး
- Khin Latt
- gwa toe
- amatmin
- windtalker
- Thit Sar Lin
- ဆူး