ဂျပန် မော်ဒယ် ကေရို ဆာတို(Kayo Sato) က သူမသည် ယောကျား ဖြစ်ကြောင်း ၀န်ခံ
|1792- Hits|http://www.tokyohive.com/2010/09/kayo-sato-reveals-her-true-self/
နာမည်ကျော် ဂျပန် ဖက်ရှင်မော်ဒယ် နှင့် Nico video game ကုမ္ပဏီ၏ ဂိမ်းဇတ်ကောင် သရုပ်ဆောင် တစ်ဦးဖြစ်သူ ကေရို ဆာတို(Kayo Sato) သည် သူမ၏ ဘဝ အစစ်အမှန်မှာ အမျိုးသားတစ်ဦး ဖြစ်ကြောင်း ကို ရုပ်/သံအစီအစဉ်မှ တစ်ဆင့် ထုတ်ဖော် ပြောဆိုလိုက်ကြောင်း သိရသည်။

သူမ၏ လိင်အစစ်အမှန်နှင့် ပါတ်သက်၍ ကောလာဟလ အချို့ ထွက်ပေါ်လာခဲ့ပြီးနောက် အသက် ၂၂ နှစ်အရွယ်ရှိ ဂျပန်မော်ဒယ်က လူအများအား ရှင်းလင်း ပြောကြားသင့်သည်ဟု ခံစားရသောကြောင့် ယခုကဲ့သို့ ထုတ်ဖော် ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။ Nico video game ကုမ္ပဏီ၏ ပင်တိုင် အစီအစဉ် တင်ဆက်သူ နှင့် ဂိမ်းသရုပ်ဆောင် ကေရိုသည် မကြာသေးမီက ရုပ်/သံ အစီအစဉ်မှတဆင့် သူမသည် အမှန်တစ်ကယ် ယောက်ျားတစ်ဦး ဖြစ်ကြောင်း ရှင်းလင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

သူမသည် သူမ၏ ဇာတိမြို့မှ ထွက်ခွာခဲ့ပြီး နာမည်ပြောင်းကာ အမျိုးသမီးတစ်ဦး အဖြစ် ဇတ်မြှုတ် နေထိုင်ခဲ့ခြင်းကြောင့် သူမအား မည်သူမှ မမှတ်မိခြင်း ဖြစ်ကြောင်း၊ ၎င်းကဲ့သို့ ပြောင်းရွေ့ပြီး မကြာမီ မော်ဒယ် အေဂျင်စီ တစ်ခုမှ သူမအား ရွေးချယ်ခဲ့သောကြောင့် အမျိုးသမီး ကိုယ်ဟန်ပြမယ် တစ်ဦးအဖြစ် စတင်အသက်မွေးခဲ့ခြင်း ဖြစ်ကြောင်း၊ အေဂျင်စီမှ မည်သူ တစ်ဦးတစ်ယောက်ကမှ သူမကို သံသယ မရှိခဲ့ကြောင်း သိရသည်။
သူမသည် ခန္ဒာကိုယ် ခွဲစိတ်ပြုပြင်ခြင်း မလုပ်ခဲ့သောကြောင့် ယခုအချိန်အထိ သဘာဝအတိုင်း ယောက်ျားတစ်ဦး အနေဖြင့်သာ ရှိသေးကြောင်း၊ ယခုကဲ့သို့ အမျိုးသမီးမော်ဒယ် အဖြစ် အောင်မြင်ခဲ့ခြင်းမှာ သူမ၏ ပင်ကိုယ် မျက်နှာအနေအထား၊ ခန္ဒာကိုယ် တည်ဆောက်ပုံ အချိုးအစား နှင့် မိတ်ကပ် အစွမ်းကြောင့် ဖြစ်ကြောင်း ကေရိုက ပြောကြားပါသည်။


ကေရိုအနေဖြင့် ယခုကဲ့သို့ အမျိုးသား တစ်ဦးအဖြစ် ဝန်ခံလိုက်သော်လည်း ပရိသတ် အများစုက သူမအား မိန်းကလေးမော်ဒယ် တစ်ဦးအဖြစ် သဘောထားလျက်ပင်ရှိကာ ယခုကဲ့သို့ အဖြစ်မှန်ကို ထုတ်ဖော် ပြောဆိုလိုက်ခြင်းသည် လက်ရှိသူမ၏ အောင်မြင်မှု အနေအထားကို ထိခိုက်မှု မရှိကြောင်း သိရသည်။

ကေရို သည် စတင်ဘာလ ၂ ရက်နေ့က သူမ၏ ဘလောဒ့်တွင် သူမ၏ ဘဝ အစစ်အမှန်ကို ဝန်ခံလိုက်ရသည့်အတွက် စိတ်ထဲတွင် ကျေနပ်မိကြောင်း၊ သူမကို အခွင့်ရေးပေး လက်ခံကြပြီး အားပေးစကား ပြောကြသည့်အတွက် အလွန်ဝမ်းသာမိပါကြောင်း၊ ဖော်ပြပါအတိုင်း ကျေးဇူးတင်စကား ရေးသားခဲ့သည်။


ထို့ကဲ့သို့ သူမ ရေးသားပြီးနောက်ပိုင်း သူမ၏ သတ္တိရှိရှိ ထုတ်ဖော်မှု အတွက် မည်သို့သော အပြစ်တင်ရှုံ့ချမှုများကိုမှ မကြုံရဘဲ ပရိသတ်ပေါင်း များစွာက အပြုသဘော ဆောင်သော ဝေဖန်မှုများနှင့် အားပေးစကား များစွာသာ ရရှိခဲ့သည်။

Related posts:
- မြန်မာ့လေကြောင်းလိုင်းမှ လေယာဉ်လက်မှတ်များ ကြိုတင်ရောင်းချသွားမည်ဖြစ်ကြောင်း သိရ
- ဆိုင်ကယ်များ ဇွန်လကုန်အထိ တရားဝင်မှတ်ပုံတင်ခွင့်ပြုမည်ဖြစ်ကြောင်း ကြေညာ
- ဆိုင်ကယ်များ ဇွန်လကုန် အထိ တရားဝင် မှတ်ပုံ တင်ခွင့် ပြုမည် ဖြစ်ကြောင်း ကြေညာ
- ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ သိန်း ၄၀ကျော်ရှိပြီး မဲရုံပေါင်း ၆၀၀၀ ၀န်းကျင်ရှိမည်ဖြစ်ကြောင်း သိရ
- ၂၀၁၀ လာနီညာ ရာသီဥတု ဖြစ်နိုင်ခြေအပေါ် သုံးသပ်ချက်” ခေါင်းစဉ်ဖြင့် ဟောပြောပွဲ ကျင်းပမည် ဖြစ်ကြောင်း သိရ


အေးပေါ့အေးပေါ့ အမှန်တရားကိုဝန်ခံတာတော့ဘောကျသဗျို့ 
အကယ်စင်စစ် ကျွန်တော် မိုက်ကယ်ဂျော်နီအောင်ပုဟာလည်း ငပေါတစ်ယောက်ဖစ်ပါဒယ် လို့ ဝန်ခံပါတယ်
အားပေးဂျပါဦး
Was this answer helpful?
LikeDislikeအခိမှသု
အခုမှသိ ရဒယ်
ဝမ်းသာစွာဖြင့် ကြိုဆိုပါဒယ်
Was this answer helpful?
LikeDislikeမိုက်ကယ် ဂျော်နီ အောင်ပု ငပေါ ဖြစ်ကြောင်း ၀န်ခံတဲ့ ကိစ္စကို ယုံမှား သံသရ မရှိ လက်ခံပေးပါတယ်။
Was this answer helpful?
LikeDislikeကျားလဖြစ်လဲ ကိစ္စမရှိပါဘူး ချောဖို့ပဲလိုတာပါ အလှကြည့်ဖို့ပေါ့နော်
Was this answer helpful?
LikeDislikeမယုံဘူး မယုံဘူး…………သံသယတွေ နှောက်ယှက်နေအုံးမှာဘဲ….လက်တွေဘဲယုံတယ်
Was this answer helpful?
LikeDislikeအဲဒီအကြောင်းတွေခဏခဏဖော်ပြနေရင်
မြန်မာပြည်က မာမီတွေ မော်ဒယ်တွေ မင်းသမီးတွေကလဲ
ယောက်ျားဖြစ်ပါတယ်ဆိုပြီး ကြေငြာနေအုံးမယ်နော်။
Was this answer helpful?
LikeDislikeကယို (Kayo)က ပြထားတဲ့စာရွက်မှာ ရေးထားတာက..
ဝင်လိုက်၊ ထွက်လိုက်၊ တဲ့..။
သိသလောက်တော့ ..အဲဒီအဓိပါယ်..။
Was this answer helpful?
LikeDislikeသူ့စိတ်က ဝင်လိုက်ထွက်လိုက်နဲ့ ယတိပြတ် မဆုံးဖြတ်ရသေးတာကို ပြောချင်တာ ဖြစ်ပါလိမ့်မယ်။ ရက်စက်လိုက်တာ ကျွန်နော်ကသူ့ကို အတည်ကြံမလို့။
ွ
Was this answer helpful?
LikeDislikeဘာတွေ ကြောနေကြတာ တုန်း.. နားကိုမလည်တော့ဝူး..
Was this answer helpful?
LikeDislikeအော်………….ရုပ်လေးကလည်းထင်ရက်စရာကိုမရှိဘူး…။ချောတာကို…။
Was this answer helpful?
LikeDislikeကောင်းတာပေါ့၊ အမှန်ကိုအမှန်တိုင်းသိတာ
Was this answer helpful?
LikeDislikeမိန်းကလေးအတိုင်းပဲ ချောချောလေးနဲ့ ချစ်စရာလေးနော် …
Was this answer helpful?
LikeDislikeအင်း သူပြောလို့သာသိရတာ မဟုတ်ရင် သိတောင်သိမှာဟုတ်ဘူးနော်…
တော်တော်လည်းလှတယ်ဗျ
Was this answer helpful?
LikeDislikeသူကလည်ပင်းမှာ ဇလုပ်မပါဘူးလား…
Was this answer helpful?
LikeDislikeအင်းနော် ယောက်ကျားဆို ဇလုပ်ပါရမှာ… ဒီတစ်ခုတော့ လိမ်လို့မရဘူးထင်တယ်… ဖိုတိုဂရပ်ဖာတွေနဲ့ မိတ်ကပ်ပေါင်းပြီး ဖျောက်ထားတာထင်တယ်…
Was this answer helpful?
LikeDislikeဇလုတ် က ဆာဂျရီ လုပ်လို့ရပါတယ်ကွယ်..
အသံအိုးတွေ အသံကြိုးတွေလည်း ..(အတိုင်းအတာ တခုထိ)
ပြင်လို့ရဘာဒယ်…..
ဖိုတိုဂလပ်ဖာတွေကို လူညာဂျီးဒွေလို့ ကျောဘာနဲ့နော်…
ရင်ဘတ်ထဲက အောင့်အောင့်လာလို့ဘာ….
Was this answer helpful?
LikeDislikeဒါနဲ့ ဂျကားမစပ် မဇာဂီ အဲဒီပုံလေး တော်တော် လှတယ်နော်။
ခေါင်းပေါင်း ကနေ ပြောင်းလဲလိုက်တာလား။
Was this answer helpful?
LikeDislikeသွားယုံဘူး ဖိုတိုဂရပ်ဖာတွေကို…
သူတို့ ဘယ်လောက်မျက်လှည့်ပြတတ်လဲဆိုတာ သိဒယ်…. ပိုတိုရှော့နဲ့ပေါင်းလိုက်ရင်ပိုဆိုး…
wow လိုမတောက်တခေါက်တောင်မှ ဂီဂီ့ကိုဘ၀ပြောင်းပစ်လို့ရဒယ် (ပုံကိုပြောပါဒယ်)….
Was this answer helpful?
LikeDislikeဟဲဟဲ ခင်လို့ တခုတော့ ပြောပြမယ်…
ဂျွန်လန်နွန်ကို ရိုက်ပေးဖူးတဲ့ ဂျာပွန်လူမျိုး ဒါ့ပုံဆြာ ..
ခုတော့ အဘိုးကြီးပေါ့ ..သူနဲ့သာ ရိုက်ခွင့်ရမယ်ဆိုရင် …
အသက်အရွယ် အဆင့်အတန်း ..အလွှာ မရွေး …
တကိုယ်လုံးချွတ်ဆို ချက်ခြင်း ချွတ်ကြမှာတဲ့ ….. သည်ကမိန်းမတွေများပြောပါတယ်..
သူကလည်း အဲ့လို အနုပညာ မှော် အောင်သူရယ်လေ…
တော်သေးဘီ
ခင်တဲ့ဂီ
@ ဖွားဆူး..
ဖန်ပင်းပင်း ပုံပါဗျာ…
မက်စိမှာတောင် …မိုင်ဂေါ့ထ်- ယွာ ဖေ့စ်အိုမ် ဂေါ်န္နာမစ်စ် လို့ ရေးထားသေးတာကိုး…
Was this answer helpful?
LikeDislikeလျှာဆိုရင်…ဘယ်လျှာမှမကောင်းဘူး…
အလိုလိုက်လေ…ပိုဆိုးလေပဲ..
အရိုးမရှိတာ…
အဲ…ဆိုင်ဘူးနဲ့တူတယ်…
သို့ပေလည်းပေါ့…
ကိုယ့်အခြေအနေကို…
ရဲ့ရင့်စွာ..ဖွင့်ထုတ်တာတော့…
ချီးကျူးသဗျာ..။
ဒါပေသိ…
နာက်မလုပ်နဲ့…မိငယ်ရေ..
Was this answer helpful?
LikeDislike