မေးခွန်းများကိုဖြေကြည့်ပါ။
|693- Hits|ဖြေရဲရင် မေးကြည့်ဆိုတဲ့ စာအုပ်လေးထဲက မေးခွန်းအချို့ပါ . . .
စိတ်မှာ ခံစားရတဲ့အတိုင်း အမှန် အကန် ဖြေဖို့တော့လိုတယ် . . . မကြာမကြာ
ဖြေကြည့်ရင် အနည်းဆုံးတော့ ကိုယ်ဟာ ဘယ်လိုလူ ဆိုတာ သိလာနိုင်ပါတယ် . . . (
အဖြေ မေးခြင်း သည်းခံပါ . . .) . . .
ဖြေရဲရင်မေးကြည့်
၁။ အူထဲ အသည်းထဲက
ချစ်ကြိုက်မိသူ တစ်ဦးအတွက် မိတ်ဆွေတွေ ဆွေမျိုးတွေနဲ့ ပြန်ဆုံဖို့ အလားအလာ
နည်းနည်းဘဲရှိတယ်ဆိုရင်တောင် ရပ်ဝေးမြေခြားကို ထွက်သွားနိုင်မလား . .
.။
၂။ တစ်နှစ်လောက် အရမ်းပျော်ခွင့်ရမယ် . .
ဒါပေမယ့် ဘာမှ မှတ်သားလောက်စရာ အတွေ့အကြုံမျိုး မရှိဘူးဆိုရင်. . သင်. .
ယူမလား . . . မယူဘူးလား . . .။ (မယူဘူးဆိုရင် ဘာကြောင့်လဲ )
၃။
သင့်အတွက် အဆင်အပြေဆုံး၊ အပြည့်စုံဆုံး ညနေခင်းဟာ ဘယ်လို ညနေခင်းမျိုးလဲ . .
.။
၎။ လုပ်ငန်းမှာ သိပ်အောင်မြင်တယ်. ကိုယ်ရေးကိုယ်တာ
ဘ၀မှာသိပ်မပျော်ရွှင် . . .။ လုပ်ငန်းမှာ လုံးဝမအောင်မြင်
ကိုယ်ရေးကိုယ်တာဘ၀မှာ အလွန်ပျော်စရာ ကောင်းတယ် . . .။(ဘယ်ဘ၀ကို ပိုကြိုက်
သလဲ)
၅။ စိတ်ကူးရသလို အချစ်မျိုးပေးမယ့်သူနဲ့ သင်နဲ့ တွေ့ခွင့်ရမယ်။
ဒါပေမယ့် သူ(၆)လအတွင်း သေမယ်။ အဲသလိုဆိုရင် အဲဒီလူနဲ့ တွေ့ချင်သေးလား . . .
ချစ်ချင်သေးလား . . .။ (သေတော့မသေ ဘူး ဒါပေမယ့် ဖောက်ပြန်သွားမယ်ဆိုရင်ရော
. . . )
၆။ တကယ်လို့ သင်နှင့် စေ့စပ်ထားသူက မတော်တဆ ထိခိုက်မှုဖြစ်ကာ
ကိုယ်တစ်ပိုင်းသေသွားသည် ဆိုပါစို့ . . .။ ( ရှေ့တိုးမလား . . .
နောက်ဆုတ်မလား . . .)
၇။ ကံ ဆိုတာကို ယုံလား . . . ။ ( မယုံရင်
ဘာကြောင့်လဲ )
၈။ သင့်ကို ဆုငွေ (၁၀)ပေးမည် ။ သေနတ်(၁၀)လက်ချပေးထားမည်။
(၁)လက်မှာပဲ ကျည်ဆန်ထည့် ထားသည်။ အဲဒီထဲက (၁)လက်ကို ကောက်ကိုင်ကာ
နထင်တေ့ပြီး မောင်းဆွဲရမည်. . လုပ်မလား . . . ။
၉။
သင်နဲ့သိပ်ရင်းနှီးတဲ့ လူ(၁)ဦးဟာ ရောဂါအပြင်းအထန်နဲ့
လူးလဲခံစားနေရတယ်။ကိုယ်တစ် ပိုင်းသေနေတယ်။(၁)ပတ်လောက်ဆို
ရင်
ကွယ်လွန်တော့မယ်။သူက မခံနိုင်တော့ဘူးဆိုပြီးအဆိပ် ကျွေးခိုင်းနေတယ်. . .။
အဲဒီလိုဆိုရင် သင်ကျွေးမလား . . .။ (အဲဒီလူဟာ သင့်အဖေ ဖြစ်နေရင်ကော. . .)
၁၀။
သင့်မှာ တိကျသေချာတဲ့ ရေရှည်ပန်းတိုင်တစ်ခုရှိလား . . .။ အဲဒီ
ပန်းတိုင်းဟာ ဘာလဲ. . ပန်းတိုင်ရောက်အောင် ဘယ်လို အစီအစဉ်ချဆောင်ရွက်မလဲ . .
.။
၁၁။ သင်နဲ့ သင်အရမ်းချစ်တဲ့ ချစ်သူနဲ့ကို အခန်း(၁)ခန်းစီမှာ
သီးခြားခွဲထားမယ်။ သင်တို့ ဘေးမှာ ခလုတ်(၁)ခုစီ တပ်ထားမယ်.
.။(၁)နာရီအတွင်း(၁)ယောက်ယောက်က ခလုတ်မနှိပ်ရင် (၂)ဦးစလုံးသေသွားမယ်.
။အရင်ဆုံး နှိပ်တဲ့သူဟာ အခြားတစ်ယောက်ကို ကယ်နိုင်ပေမယ့် သူကတော့
ချက်ချင်းသေမယ်.။ (ဒါဆို သင် ဘာလုပ်မယ်ထင်လဲ . . )
၁၂။ သင့်ကိုယ်သင်
သေချာ စနစ်ကျတဲ့သူလို့ ထင်ပါသလား…။
( သော့ပျောက်လို့ဆိုပြီး ဘယ်နှခါ
လိုက်ရှာရဘူးလဲ . . .)
၁၃။ ကိုယ့်ရုပ်ကိုယ့်ရည်ကို ဘယ်လောက်သဘောကျသလဲ . .
. အရိပ်တကြည့်ကြည့် ဖြစ်နေတတ် လား . . . ။ (တစ်နေ့ မှန် ဘယ်နှစ်ခါလောက်
ကြည့်ဖြစ်လဲ . . .)
၁၄။ အချစ်ရေး အချစ်ရာမှာ သည်းသည်းလှုပ်ချစ်တာနဲ့၊
ထာဝရချစ်တာ ဘယ်ဟာက သင့်အတွက် ပိုအရေးကြီးလဲ . . .။
၁၅။ သင့် ဘ၀တစ်ခုလုံး
အိပ်ငိုက်လိုက်၊ အိပ်မက် မက်လိုက်နဲ့ တစ်သက်လုံး နေရမယ်ဆိုရင် နေနိုင်သလား
. . .။
မေးခွန်းတိုင်းမှာအဖြေရှိတယ်ဆို
တာမှန်ပေမဲ့ကျွန်တော့်အတွက်ကတော့ဒီမေးခွန်းတွေကိုအခုထိအဖြေမပေးနိုင်တာလေးတွေကျန်နေသေးပါတယ်။
forward mail မှကူးယူဖော်ပြသည်။
Related posts:


၁။ ကိုယ့်ဝမ်းပူဆာ မနေသာ.. သင့်တဲ့ နေရာမှာ တော့ နေရမှာပေါ့။ တခုတော့ ရှိတယ် ရုပ်ဝါဒီဆန်တဲ့ နေရာ ဘုရားတရားမရှိတဲ့ နေရာ အကုသိုလ်တွေ ထုံမွှန်နေတဲ့ နေရာ မှာတော့ ချစ်သူနဲ့လည်း မနေချင်ဘူး ဆွေမျိုးတွေကတော့ စာရင်းထဲတောင် မထည့်ဘူး။
၂။ ၁နှစ်ပဲ ဖြစ်ဖြစ်.. မရဘူးပဲ ဖြစ်ဖြစ် အချိန်တန်တော့ ရေစက်ရှိရင်တွေ့ကြပြီး ရေစက်ကုန်လို့ ခွဲကြတာဘဲ.. မစားရတဲ သပျစ်သီး မျှော်နေတဲ့ မြေခွေးလိုဘဲ မောတာဘဲ အဖတ်တင်မယ်။ ရခြင်း မရခြင်းကို မတောင့်တာဘူး။
၃။ ဒီလိုညနေခင်းမျိုး တောင့်တ ရလောက်အောင် စိတ်ကူးမျိုးမရှိဘူး။
၎။ ဘယ်သူမှ မကောင်းတာ မလိုချင်ဘူး။ ကောင်းတာဘဲ လိုချင်တယ်။ ရွေးစရာ မရှိရင်တော့ ရတာကိုဘဲ လက်ခံပေးတယ်။
၅။ ချစ်သူက ဘယ်လို အမျိုးအစားဘဲ ဖြစ်ဖြစ် တွေ့ချိန်တန်လို့ တွေ့ပြီး ချစ်ခဲ့တာဘဲ။ မျက်နှာချင်းဆိုင် တွေ့နေတဲ့ လူတွေ ဒီလောက်များတာ လူတိုင်းက ကိုယ့်ချစ်သူမှ မဖြစ်တာ။ ဖြစ်ခဲ့တဲ့ အချစ်ကို တန်ဖိုးထားပါတယ်။ ရွေးချယ်လို့မရရင် ရတာနဲ့ ကျေနပ်မယ်။
၆။ ကံမကောင်း အကြောင်းမလှလို့ ဖြစ်တာဘဲ ကိုယ့်အချစ်ကို တန်ဖိုးထားရင် သူကိုလည်း တန်ဖိုးထားပေးရတာပေါ့။ လူမမာ ဖြစ်လို့ ပြုစုပေးရတာလည်း မကြောက်ပါဘူး။
၇။ ဒီအဖြေကတော့ ဖြေစရာ မလိုဘူးထင်တယ် အပေါ်က ဖြေတဲ့ အဖြေမှာ ယုံမယုံပါပြီးသား ဖြစ်နေပြီ။
၈။ အလောင်း အစား လုပ်သလိုတော့ စိတ်မ၀င်စားဘူး မင်းလုပ်ကို လုပ်ရမယ်ဆိုရင်တော့ လုပ်လိုက်မယ်။ ကျည်ဆန်ပါတဲ့ သေနပ်နဲ့ လက်က ကိုင်မိတဲ့ သေနပ် တလက်တည်းကျမှ သေမှာဘဲ။ သေတော့လည်း သေပြီပေါ့။
၉။ လူနာ အတွက် အကောင်းဆုံး နည်းလမ်းကို လုပ်ပေးမှာဘဲလေ။ ဝေဒနာ မခံနိုင်လို့ တောင်းဆိုနေရင် သူကို တရား ဘာဝနာနဲ့ နေနိုင်အောင် တတ်နိုင်သလောက် လမ်းညွန်ပေးမယ်။ စသဖြင့်ပေါ့..
၁၀။ တိကျတဲ့ ပန်းတိုင်ဆိုတာ မရှိဘူး ရှိတာကလည်း ဖြစ်မလာဘူး။ လိုက်ရင်ဝေးတယ် မျှော်ရင် မောတယ်။ စိတ်ဓါတ်ကျနေလို့ ဒီလိုပြောတာလည်း ဖြစ်နိုင်တယ်။
၁၁။ အရင် ခလုပ်နိပ်ပြီးဘဲ အသေခံလိုက်ပါ့မယ်။
၁၂။ စနစ်ကျတဲ့ လူလို့တော့ တခါမှ မတွေးမိဘူး။ ပစ္စည်းတွေကတော့ ပျောက်ခဲပါတယ်။
၁၃။ ကိုယ်ဟာကိုတော့ ချောတယ်လို့ ငယ်ငယ်က တွေးမိတယ်။ ဒါပေမဲ့ အပြင်ပန်း အလှတွေမို့ တပ်မက်စရာ ဘာမှ မရှိဘူး။ အချိန်စေ့ရင် ထားခဲ့ရမှာဘဲလေ။ သိပ်မက်မောလွန်းရင် အိုသွားရင် စိတ်ညစ်နေရမယ်။
၁၄။ အချစ်ရေးမှာတော့ တည်တည် ငြိမ်ငြိမ်နဲ့ သစ္စာရှိတဲ့ အချစ်မျိုးဘဲ လိုချင်တယ်။
၁၅။ အိပ်ငိုက်လိုက် အိပ်မက်လိုက် လုပ်နေရမဲ့ အစား တရားမှတ်နေတာက ပိုကောင်းမလားဘဲ။
စိတ်ထဲမှာ အဆင်ပြေသလို ဖြေပေးလိုက်သည်။ ထင်ချင်သလိုသာ ကောက်ချက်ချနိုင်ပါသည်။
Was this answer helpful?
LikeDislike၁။ …………. ?
၂။ တစ် နှစ် လောက် နဲ. တော. မ ယူ ဘူး ဗျာ ။ ကိုယ် ဟာ ကို ထာဝရ ပျော် ခွင်. ရ အောင် ကြိုး စား မယ်။
၃။ အခု အထိ ကပ တော. ညနေခင်း တိုင်း ပြည်. စုံ နေ တယ် ။ ( အဘယ်ကြေင့် ဆို သော် ည နေ တိုင်း ဂိမ်း ဆော. နေ ရ လို. ဟီး .. ဟီး )
၎။ ဒါ က ဘ၀ ပဲ လေ။ အကောင်း ကြီး ပဲ မ ရ နိုင် သလို အ ဆိုး ကြီး လည်း ဖြစ် မ နေ ပါ ၀ူး ။
၅။ …………. ?
၆။ …………. ?
၇။ ကံ ကံ ကံ ………… ယုံ လည်း ယုံ ဧ။် ယုံ လည်း မ ယုံ ပါ။
၈။ လုပ် မယ် ဆို တဲ. လူ ရှိ ရင် ကျွန် တော်. ဆီ လွှတ် လိုက် … ၁၀၀ ပေး မယ် လို. ။
၉။ မ ဖြေ နိုင် ပါ ????
၁၀။ ရှိ ပါ တယ် ၊ မ ဖြစ် သေး လို. မ ပြော ပြ နိုင် သေး ပါ ၀ူး ။
၁၁။ ……….. ?
၁၂။ အ ခု ထိ တော. မ ထင် သေးပါ ၀ူး ။ မ ကျ တ ကျ ဖြစ် နေ လို. ပါ ။
၁၃။ မှန် က တော. ကြည်. တယ် ။ ကိုယ် ကို တော. ရုပ် ဆိုး တယ် ပဲ ထင် တယ် ။
၁၄။ ထာဝရ ပဲ လို ချင် တယ်။
၁၅။ အဲ လို မျိုး တော. မ ရ ၀ူး ။ အိပ် တာ ဆို ရင် တော. ပြိုင် လို. ရ တယ် ။
အ ထက် ပါ အ ချစ် မေးခွန်း များ မ ဖြေ ချင်း သည် မ ချစ် ဖူး သေး လို ပါ ……
Was this answer helpful?
LikeDislikeအပေါ်က
တိုင်းပြည်ရဲ့ စူးညောင့်ခလုပ်တို့ လိုဝင်ကြောင်ဦးမှ ဟီဟိ
၁။ ဒါကဗီဇာပေါ်မူတည်တယ်လေ အခုခေတ်ကအိုင်တီခေတ်ကြီးဘဲလား လာချင်ရင်အနီးလေးပါ မသကာလမ်းစရိတ်ပြတ် ကပ်ထူတစ်ချပ်မှာဘိုလိုရေး I want to go home no many
pay for me no တစ်ကျပ်တန် no ငါးမူးစေ့ ပြတ်ပြတ်ပြောမယ် ဘာအစေ့မှမယူဘူး from ငါးဆယ်တန် up ကြိုက်တဲ့အတန်ကိုပေး
၂။ တစ်နှစ်လောက်တောင်ပျော်ရတာကိုမှ ဘာမှမသိဘူးဆိုရင် အော်လိုက်နွားလို ဘောာာာာာာာာာာာာာာာာာာ
၃။ အပြည့်စုံဆုံး ညနေခင်းဟာ အဆင်ပြေဆုံး
မျှော်
Was this answer helpful?
LikeDislike၁ .. နားမလည်တာပါ …
၂ .. ယူမယ် … နောက်နှစ်တွေကျတော့မှ မှတ်သားတော့မယ် …
၃ .. အေးအေးဆေးဆေးလေးနဲ့ လေ လေးတဖြူးဖြူးတိုက်ပြီး ကိုယ်လုပ်ချင်တာကိုလုပ်ခွင့်ရမယ် … ဒေါသမထွက်ရဘူးဆိုရင်ပေါ့ … သမီးက ဒေါသကြီးတယ် …
၎ .. ကိုယ်ရေးကိုယ်တာဆိုတာ ဘယ်လိုမျိုးလဲ … လုပ်ငန်းအောင်မြင်တာပဲယူမယ် … လုပ်ငန်းအောင်မြင်မှ ကိုယ့်မိဘ ၊ ကိုယ့်သားသမီးကို သူများထက်ပိုပြီး တင့်တယ်အောင်ထားနိုင်မှာလေ … ဘ၀မှာသိပ်မပျော်ရွှင်ဘူး ဆိုတာတော့ လုံးဝမပျော်ရွှင်တာမှမဟုတ်တာ . . .နောက်တော့ပျော်ရွှင်လာမှာပေါ့ … လုပ်ငန်းမအောင်မြင်ပဲ ပျော်ရွှင်ရမယ်ဆိုရင်တော့ မိဘရှိတုန်းမှာ ဘာမှမဖြစ်ပေမယ့် နောက်ကျမှ နောင်တရရလိမ့်မယ် ကျေးဇူးမဆပ်လိုက်နိုင်လို့လေ … လုံးဝမပျော်ဘူးဆိုရင်တောင် ကျေကျေနပ်နပ်ကြီး လက်ခံပစ်လိုက်မယ် …
၅ .. ၆ လအတွင်းသေမယ်ဆိုရင်တော့ သူနဲ့ရန်မဖြစ်တော့ဘူး … ကိုယ်ကပဲအလျော့ပေးပြီး သည်းခံလိုက်တော့မယ် အတတ်နိုင်ဆုံးပေါ့ … ဖောက်ပြန်မယ်ဆိုလို့ကတော့ ရှိခိုးပြီးတောင်းပန်တောင် လုံးဝ ပြန်လှည့်မကြည့်ဘူး …
၆ .. တစ်ပိုင်းသေတာပြန်ကုလို့ရနိုင်ပါသေးတယ် . ..
၇ .. ကံဆိုတာတော့ယုံတယ် …
၈ .. ဘယ်လောက်ပေးပေး ကိုယ့်အသက်နဲ့တော့ မလဲနိုင်ပါဘူး … သေသွားရင် အဖန် ငါးရာငါး တောင်ခံရမှာ … မဖြစ်မနေ ငွေလိုအပ်တယ် ရွေးစရာမရှိဘူးဆိုရင်တော့ ကံပေါ့ … သေချိန်တယ်သေမှာပေါ့ … ကြောက်တော့ကြောက်တယ် … ဟီးဟီး .. ဆေးထိုးရမှာတောင်ကြောက်တာ …
၉ .. ဘယ်သူပဲဖြစ်ဖြစ် မသတ်ဘူး … ပါဏာတိပါတာကံထိုက်မယ် … ကိုယ့်အဖေဖြစ်နေရင်ရော ဆိုတော့ လုံးဝမဖြစ်နိုင်ပါဘူး … ကံကြီးထိုက်ပြီး ငရဲအိုးထဲ ကျွမ်းထိုးကျပြီး ဂျိုးကပ်သွားပါဦးမယ် …
၁၀ .. ပန်းတိုင်ရှိသေးဘူး … ခုတော့ စာမေးပွဲအောင်အောင်တော့ဖြေမလို့ …
၁၁ .. မိသားစုထဲက ဆိုရင်တော့ မျက်စိစုံမှိတ်ပြီး ချက်ချင်းဦးအောင်နှိပ်ပစ်လိုက်မယ် … ချစ်သူဆိုရင်တော့ မသေချာသေးဘူး …
၁၂ .. ဟိုပျောက် ဒီပျောက် ဟိုမေ့ဒီမေ့ပဲ … ဒါပေမယ့် အဲ့ဒါက လူတိုင်း ဖြစ်နေကျတာလေ … တစ်ခါတစ်လေ ကိုယ့်မျက်စိရှေ့မှာ ရှိတာတောင် မမြင်ဘူး … ဟီးဟီး
၁၃ .. အရိပ်တကြည့်ကြည့်တော့ သိပ်မဖြစ်ပါဘူး … နည်းနည်းပေါ့ .. မှန်ကတော့ နိုးလာတာနဲ့ အရင်ကြည့်တာပဲ …
၁၄ .. သည်းသည်းလှုပ်ပြီး ထာဝရချစ်တာကိုလိုချင်တယ် …
၁၅ .. မနေနိုင်ပါဘူး …
အဖြေမေးခြင်းသည်းခံပါဆိုတာဘာလို့လဲ …
Was this answer helpful?
LikeDislike