မိန်းကလေးများ သတိထားကြဖို့….
လုပ်ငန်းခွင်မှာ တွေခဲ့ ရတဲ့ လုပ်ဖော်ကိုင်ဖက် ယောက်ျားလေးတစ်ယောက် ရဲ့ အကြောင်းပါ။
သူက နယ်ကနေ ရန်ကုန်မှာ အလုပ်လာလုပ်တာပါ။
ပြည့်စုံတဲ့ မိသားစု ကပါပဲ။၁၀ တန်းအောင်တာနဲ့ ရန်ကုန်မှာ ကျောင်းတက်ရင်းနဲ့ အလုပ်လုပ်နေတာပါ။
အလုပ် စလုပ်လုပ်ချင်းမှာ ပဲ မိန်းကလေး တစ်ယောက်နဲ့ စပြီးကြိုက်ပါတယ်။
မကြာပါဘူး။အဲဒီ တစ်ယောက်နဲ့ ပြတ်ပြီး၊ နောက်တစ်ယောက် နဲ့ ကြိုက်ပါတယ်။
ုဒီ တစ် ခါကျတော့ ကောင်မလေးက ရုတ်တရက် အလုပ်ကထွက်ပြီး သူ့ကိုပါ ထားခဲ့တာပါ။
ဝုန်းဒိုင်းကျဲ ပေါက်ကွဲပြီး မကြာဘူး။ နောက် တစ်ယောက်နဲ့ဖြစ်…အဲဒီ တစ်ယောက် အခြား နေရာ ကို အလုပ် ကိစ္စ နဲ့ သွားနေတုန်း..သူ့ ကိုထားခဲ့တဲ့ ကောင်မလေး ရဲ့ သူငယ်ချင်းနဲ့ ဖြစ်လို့…အလုပ်ကပါ ထွက်လိုက် ရပါတယ်။
အခုတော့ နယ်မှာ မိန်းမရနေပြီ လို့ ကြားရပါတယ်။
ထူးဆန်းတာက သူနဲ့ တွဲခဲ့ တဲ့ မိန်းကလေး အားလုံးကို လက်ထပ် စာချုပ်မှာ လက်မှတ် ထိုးပေးထားတာပါ။ တရားဝင်တော့ မဟုတ်ဘူး…နှစ်ဦး သဘောတူပေါ့….
အဲလို လုပ်လို့ ရ၊မ ရတော့ မသိပါဘူး…ုဒါပေမဲ့ သူကတော့ လုပ်နေတာပါပဲ..
သူနဲ့ တွဲခဲ့တဲ့ တစ်ယောက်ဆို ကလေးပါ မွေးထားလိုက်သေးတယ်။
သူကတော့ ကလေးလည်း လာမကြည့်၊ တာဝန်လည်း မယူပါ.
ဘယ်သူ က မှလည်း သူ့ကို မတိုင်ကြပါ။
ဘယ်လိုနည်း နဲများ စည်းရုံးထားလဲတော့ မသိပါ။
ုဒါကြောင့်မို့ မိန်းကလေးများ သတိပြုကြပါ….
ယောကျာ်းလေး က လက်မှတ်ထိုးပေးမယ် လို့ပြောရင် လွယ်လွယ် မယုံကြပါနဲ့။
ီူဒီလို ယောကျာ်းမျိုးတွေ လည်းလောကကြီးမှာ ရှိနေလို့ပါ။



ဘယ်ကကောင်လဲ နံမယ်ဘယ်သူလဲ ဘယ်မြို့မှာနေလဲ ရေးပေးမှပေါ့ ဒါမှရှောင်ရှားနိုင်မှာ အသိပေးလဲပြည့်ပြည့်စုံစုံပေးဒီလိုကောင်မျိုးဘာမှငဲနေစရာမလိုဘူး
Was this answer helpful?
LikeDislikeဟုတ်သားဘဲ အနီးစပ်ဆုံးတော့ ပြောသင့်တာပေါ့..
Was this answer helpful?
LikeDislikeအဲ့သည်မှာတော့ သူ့ ကို ကိုယ်က ဘာလုပ်မှာထက်
ဘာဖြစ်ဖြစ်လုပ်ရဲတဲ့ သူ့ ရဲ့ စိတ်ကို အရင်မြင်အောင်ကြည့်သင့်တယ်
Was this answer helpful?
LikeDislikeပြောရရင်မကောင်းပါဘူး….။
မိန်းကလေးတစ်ချို့ကယုံမိယုံရာယုံကြည်ရာကအဲဒိလိုတွေဖြစ်ကြတာပဲ…
ဘာပြောပြောသူတို့သဘောကျတဲ့သူဆိုယုံတတ်ကြတယ်လေ…………..
သူတို့ကိုသွားပြီးတားဖို့မပြောနဲ့….သတိပေးမိရင်တောင်ရန်သူသတ်မှတ်ချင်ကြတာမျိုး
Was this answer helpful?
LikeDislikeအယုံလွယ်တဲ့ မိန်းကလေးများ အညှာလွယ်တဲ့မိန်းကလေးများပေါ့ ကိုယ့်ကိုကိုယ်တန်ဖိုးထားတတ်ကြပါစေ။
Was this answer helpful?
LikeDislikeလာ ပြန် ပြီ နောက် တစ် ကောင် … မိန်း မ လေး တွေ က လဲ မ စဉ် စား ကြ ၀ူး လား သိ ၀ူး .. သေ ရော online ကော အ လုပ် မှာ ပါ ရှာ ရ ခက် ပြီ ။ အ ဟင်းးး အ ဟင်းးး
Was this answer helpful?
LikeDislikeအဲ့လိုကောင်မျိုးကိုတော့…….ချဉ်တယ်ဗျာ……။ဒါပေမယ့်……မိန်းကလေးတွေကိုက…..သဘောကျနေတာကတော့…..ခက်တယ်ဗျာ…အကြောင်းမသိတာလည်းမဟုတ်ပဲနဲ့……..။
Was this answer helpful?
LikeDislikeမင်းတို့ကောင်တွေလုပ်နေတာကလွန်လာပီနော်….။
ငါတို့ ကိုပါမကောင်းထင်နေပါဦးမယ်..။
Was this answer helpful?
LikeDislikeတော်တော်ထူးထူးဆန်းဆန်းပဲ..။ Guinness World Records ထဲတောင်ထည့်လို့ရတယ်..။
သူလက်မှတ်ထိုးလက်ထပ်တာ ၅ယောက်အထက်ဖြစ်ပြီး တယောက်ကွာပြီးမှ..တယောက်ယူတာမဟုတ်ပဲ..တန်းလန်းဆိုရင်..အဲဒီသတင်း..၀ယ်ချင်ပါတယ်..။
အဲဒါ..အဲဒီသူနဲ့အင်တာဗျူးပေးပါလား..။ သူနဲ့အရင်ဆုံးရတဲ့ အမျိုးသမီးကိုပါ..ဗျူးပေးပါ..။
Was this answer helpful?
LikeDislikeထူးဆန်းတယ် ဆိုလို့.. အသိအမကြီး တယောက်ရဲ့ ယောင်္ကျားဆို မိန်းမကတယောက်ယူလိုက်.. ဗိုက်ပူရင် ထွက်သွားလိုက်.. နောက် တနေရာမှာ တယောက်ယူပြီး ၂နှစ်လောက်နေမှ တခါပြန်လာတယ် အဲဒီ အမကြီးကလည်း သူ့ယောကျား မကောင်းမှန်းသိတယ် ပြန်လာပြီး ငိုပြတော့လည်း ပြန်ပေါင်းတာဘဲ.. ဟော.. ပြန်ပေါင်းပြီး မကြာဘူး ဗိုက်ပူရင် တခါထွက်သွား.. ဒါနဲ့ ကလေး ၃ယောက်ကျတယ်။ ဒီကြားထဲ သူနဲ့ ပေါင်းနေတုန်း မိန်းမတယောက်က လာတယ် ခပ်တည်တည်နဲ့.. ကလေးချီပြီး လာတာ.. သူအကြီးလား ငါအကြီးလား လုပ်ပြီး ရန်တွေ့ခါနီးမှာ အဲဒီ အမကြီး ကလေးမြင်မှ အသက်၅နှစ်လောက် ကွာနေမှန်းသိတော့ တပ်ခေါက်သွားလေရဲ့.. အဲဒီ လူဆို မိန်းမတွေ များမှ များ တနေရာမှာ တယောက်ယူတာ.. သူတို့က မရှာကျွှေးရတော့ ဒီလိုဘဲ.. ယူချင်တိုင်းယူနေတာ.. အခုတော့ အတည်တကျပေါင်းနေတယ် ထင်ပါရဲ့.. ၄ယောက်မြောက်ကလေး မွေးပြီးတာ ၂နှစ်လောက်ရှိပြီ ကျန်းမာရေးကလည်း မကောင်းတော့ အပြုစု ခံဖို့ ပြန်လာနေတာ.. မိန်းမကလည်း နေမကောင်းတော့ ပြုစုပြီး ကျွှေးထားတယ်။ မိန်းမ အမွေရထားတာလေးကလည်း ရှိတော့ မပူမပင် အပြုစုခံနေသတဲ့..
Was this answer helpful?
LikeDislikeပြဿနာ တစ်ခုရဲ့ အစဟာ ဂျိတ်များလိုပဲ နှစ်ဘက် စလုံးဂျိတ်မှ ချိတ်ကြတာဖြစ်ပါတယ်။ အများအားဖြင့် အမှားတွေဟာ လောဘနဲ့ အသိဥာဏ်နဲမှုကြောင့်ဖြစ်ကြတာများပါတယ်။
Was this answer helpful?
LikeDislikeအခုခေတ် လို့ဘဲပြောရမယ်ထင်တယ်
ဟိုးအရင်တုန်းကတယောက်အကြောင်းတယောက်
သိအောင်အရင်ကြိုးစားကြတာ
အခုကသိဖို့မလိုတော့ဘူး ယူမှာလား အဓိကဘဲ
မိန်းကလေးတွေကလဲ ကိုယ့်တသက်လုံးအားကိုးရမှာ
လား သူအကြောင်းဘယ်လိုလဲမစဉ်းစားတော့ဘူး
ကြားဖူး တွေ့ဖူးတာတွေ အများကြီးဘဲ
အသိဥာဏ်မြင့်လာတာလား
အသိဥာဏ်နိမ့်လာတာလား
ခေတ်ကြီးကတိုးတက်နေတာလား
ခေတ်ကြီးကဆုတ်ယုတ်နေတာလား
စဉ်းစားလို့ကိုမမှီနိုင်အောင်ပါဘဲ
Was this answer helpful?
LikeDislikeမိန်းကလေးတွေကလဲ မိန်ကလေးတွေဘဲလို့ပြောရတော့မှာဘဲ ဒီလောက်ကြားသိ့နေတာတောင်မှ မှားဖြစ်အောင်မှားသေးတယ်ဆိုတော့ ယောက်ကျားလေးဘက်ကမလွန်ဘူးလို့ပြောပြန်ရင်လဲ
(ရွာသူရွာသားတွေက ၀ိုင်းဆဲကြအုံးမယ်) ဒါကြောင့်အားလုံးလွန်တယ် လုပ်တဲ့သူနှစ်ယောက်စလုံးလွန်တယ်……………………….
Was this answer helpful?
LikeDislike