ကြံ့ဖွတ်ကို မဲပေးတဲ့ လွင်မိုး
|1499- Hits|
နိုင်ငံကျော် ရုပ်ရှင်မင်းသား အကယ်ဒမီ လွင်မိုးက ကြံ့ဖွတ်အမတ်လောင်း ယုဇန ကုမ္ပဏီပိုင်ရှင် ဦးဌေးမြင့်ကို မဲထည့်ခဲပါတယ်လို့ လျှပ်တပြက်ဂျာနယ်ကို ဖြေကြားလိုက်ပါတယ်။
ဦးဌေးမြင့်က တနင်္သာရီတိုင်း မြိတ်မြို့ ပြည်သူ့လွှတ်တော်မှာ ကြံ့ဖွတ်ပါတီ အမတ်လောင်းအဖြစ် ၀င်ပြိုင်ခဲ့သူပါ။ လွင်မိုးဟာ “ကြံ့ဖွတ်ပါတီဟာ အင်အားကြီးတာမို့ နိုင်မယ်ဆိုတာ သိပြီးသားပါ” တဲ့။ ဒါကြောင့် ရန်ကုန်ကနေ မြိတ်အထိ သွားပြီး မဲပေးခဲ့တယ်လို့ ဆိုသဗျ။
လွင်မိုးလိုပဲ မြိတ်မြို့ဇာတိတွေဖြစ်တဲ့ အကယ်ဒမီ မေသန်းနုနဲ့ ဇူးဇူးမောင်တို့ကလည်း သူတို့မြို့ကို ပြန်ပြီး မဲထည့်ခဲ့ကြတယ်တဲ့။ သူတို့ကတော့ ဘယ်သူ့ကို မဲထည့်သလဲ မပြောကြပါဘူး။
ဒါကတော့ ပေါ်ပြူလာဂျာနယ်နဲ့ အင်တာဗျူးပါ။
“ကျွန်တော် မြိတ်ကိုသွားပြီး မဲပေးဖြစ်ပါတယ်။ ဘယ်ပါတီကို ပေးဖြစ်လဲဆိုတာကတော့ မပြော တော့ပါဘူး။ ကျွန်တော် မဲသွားပေး ဖြစ်တဲ့အချိန်မှာ ဖြစ်နိုင်မယ့်သူ၊ လုပ် နိုင်မယ့်သူကို ရွေးချယ်ပြီး လွတ် လွတ်လပ်လပ်ပေးဖြစ်ခဲ့ပါတယ်။ အဲဒီလို လွတ်လွတ်လပ်လပ်နဲ့ ရွေး ချယ်ပေးရတဲ့ ခံစားချက်မျိုးကို အကြာကြီး မခံစားခဲ့ရပါဘူး။ အခု အချိန်မှာ နောက်ဖြစ်လာမယ့် ပါတီ တွေရဲ့ လုပ်ဆောင်မယ့်အရာတွေ ကို မြင်နေရပါပြီ။ နောက် ၅ နှစ် နေရင် နောက်ထပ်ရွေးကောက်တင် မြှောက်မယ့်ပွဲကြီးကိုလည်း ထပ်မံ ကျင်းပရင် ထပ်မံပြီးမဲပေးကြရပါ ဦးမယ်။ ဒီလိုမျိုး ဖြစ်တာကလည်း နိုင်ငံသားတို့ရဲ့ အခွင့်အရေးတစ်ခု ပါပဲ။ နောက်ဒီရွေးကောက်ပွဲကြီး ပြီးရင် မြန်မာနိုင်ငံကို စီးပွားရေး ပိတ် ဆို့ထားတဲ့နိုင်ငံတွေ၊ ပြည်ပက မြန်မာနိုင်ငံအပေါ် အမြင်လွဲတိုက် ခိုက်နေတဲ့မီဒီယာတွေ၊ နိုင်ငံခြားမှာ နေကြတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ဆန့်ကျင်မှုတွေဟာအမြင်ပြောင်းလဲ လာမယ်ဆိုတာကို ခံစားသိမြင် နေရပါပြီ”
ရွေးကောက်ပွဲကြိုကာလကတည်းက လွင်မိုးဟာ တွံတေး၊ ကွမ်းခြံကုန်း၊ ကော့မှူးဘက်မှာဝင်ပြိင်မယ့် ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေရဲ့ မဲဆွယ်ခရီးမှာလည်း လိုက်ပေးခဲ့သေးသဗျ။
သူက ဧရာဝတီမဂ္ဂဇင်းနဲ့ အင်တာဗျူးတခုမှာဆိုရင် “ဒါဟာ ပထမဦးဆုံး မြန်မာနိုင်ငံရဲ့ အခွင့်အရေးတခုပါ။ အစိုးရကနေ နိုင်ငံတော်ကို ပြုပြင်ပြောင်းလဲရေး လုပ်ပေးတဲ့သဘောပေါ့လေ”တဲ့ဗျ။
ကဲ ကိုလွင်မိုးမဲပေးခဲ့တဲ့ ကြံ့ဖွတ်ပါတီကြီးကတော့ တနိုင်ငံလုံးမှာ ၇၆ ရာခိုင်နှုန်းကျော်နဲ့ နိုင်သွားကြောင်း ကော်မရှင်က
ကြေညာခဲ့ပါပြီ။ သူမဲပေးရကျိုး နပ်သွားတယ်ထင်ပါ့။
Myanmar Celebrity ဆိုဒ်မှာတော့ ဒီသတင်းတင်ထားတာ။ ပရိသတ်တွေက ကွန်မန့်တွေနဲ့ ကောင်းချီးသြဘာ ပေးနေလေရဲ့။ မန္တလေးဂေဇက်က ကျနော့် မိတ်ဆွေများကရော ဘာများပြောချင်ကြပါလိမ့်…
အားလုံးကို လေးစားလျှက်
Good Idea
Related posts:


သူမှီခိုနေတဲ. သူတွေကို မဲပေးခဲ့တာပဲ..:(
Was this answer helpful?
LikeDislikeသူမဲပေးရကျိုး နပ်သွားတယ်ထင်ပါ့။
Was this answer helpful?
LikeDislikeအမှန်တကယ်လွတ်လွတ်လပ်လပ်ပြိုင်ရယင် အပိုမပြောပါ ငဖါးလွင်မိုးပေးခဲတဲ့ ကြံဖွတ်ပါတီ လောက်ကိုခွေးခေါင်းပေါင်းတပ်ပြီပြိုင်ယင်တောင်နိုင်ပါတယ်ကွာ ဒီကောင်ကြားအောင်ပြောပြလိုက်ကြစမ်းပါ…စောက်ရှက်မရှိတဲ့ကောင်ထဲမှာ ဒီကောင်ပါသွားပြီ…ရွံဘို့ကောင်းလိုက်တာ ထွီ……
Was this answer helpful?
LikeDislikeဒါပေါ့… ဒီလိုလုပ်မှလဲ သူ့ရွှေတွင်း ပါမစ်ဆက်ရမှာပေါ့… သူကအခု ရုပ်ရှင်မရိုက်တော့ဘူးလေ.. ရွှေတွင်းတစ်တွင်းလုံးကို ပါမစ်ရထားမှတော့ ဒီလိုလုပ်တာမဆန်းပါဘူး.. ဒီပုတ်ထဲက ဒီပဲတွေပါပဲ…
ပိုက်ဆံချမ်းသာတဲ့သူတွေက အပြောင်းအလဲကိုမျှော်လင့်ကြပေမယ့် လက်ရှိသူတို့ရဲ့ စီးပွားရေး ပျက်ယွင်းသွားမှာကိုတော့ သေမလောက်ကြောက်ကြတယ်လေ… နောက်ဆုံးတော့လဲ ပိုက်ဆံမရှိတဲ့ သာမန်လူတန်းစားတွေပဲ ရင်စည်းခံရတာပါပဲ…
တကယ်တော့ ဒီခေတ်က အရမ်းကိုစီးပွားရေးလုပ်ကောင်းတဲ့ခေတ်ပါ.. လက်ထဲမှာပိုက်ဆံရှိရင်ပေါ့လေ.. ပရောဂျက်တစ်ခုရချင်ရင် ချသာကျွေးလိုက် သေချာပေါက်ရတယ်… ငွေကိုလမ်းခင်းပြီးလျှောက် သေချာပေါက် ပန်းတိုင်ရောက်တယ်… စိတ်ချ.. ပန်းတိုင်မှာကိုယ်တစ်ယောက်တည်း… ပြိုင်ဘက်လဲ ကင်းမဲ့တယ်.. တစ်ယောက်တည်းပြိုင်ပီးပန်းတိုင်ရောက်တာမျိုးပေါ့..
ပိုက်ဆံမရှိတဲ့ အခြေခံလူတန်းစားတွေကတော့ ထုသမျှ ထောင်းမျှ.. မတရားလုပ်သမျှ..ဝဋ္ဋ်ရှိသရွေ့ခံလိုက်ဦးပေါ့…
Was this answer helpful?
LikeDislikeတကယ်ကိုစိတ်ပျက်မိပါတယ်
Was this answer helpful?
LikeDislikebar kyaunt myar lu tway de lo phyit nay kya par lai………… de mae pay tar ko like tar ko pay loh ma ya wo lar…….pay chin yar pay par say port…………. bar loh way phan nay kya tar lal …………finger tg to tar ka to shae tar ka shae pae…………. ta yout nae. ta yout amyin tu chin mah tu mar port…………. koe tai lal bar mah loat ma pay nai tay pae ho lu. sae de lu. sae nae. bal kg ma lal ……………… dar ka sait dat myint. te’. thu tway loat te’. aloat ma hoat wo nor………… koe. bar thar sin sar kyi kya par…………..lu tai ka koe. atwet ko pae kyi kya mar pae……….. koe. pho pyi mah thu myar atwet lar tar par………………hoat lar ma hoat lar koe. bar thar sin sar kyi port …….
Was this answer helpful?
LikeDislikeအရမ်းကိုလေးစားပါတယ်…..တော်ပါပြီကိုဖားကြီးရေ
ခင်ဗျားတို့လိုလူစားတွေက သာကူးတွေပါ အသက်ငယ်တဲ့
ကလေးတွေလောက်တောင် အဖြစ်မရှိပါလား …အင်မတန်
စိတ်ပျက်စရာပဲ ..ငသန်းငရွှေ ရဲ့ သမက်လုပ်ချင်လို့ထင်ပါတယ်
အသက်ကြီးပြီးအချိန် မစီးတဲ့ငဖားကောင်ရေ မင်းသေလိုက်တော့
ဘာမှတန်ဖိုးမရှိတဲ့ အကောင် ငလွင်မိုး
Was this answer helpful?
LikeDislikeမောင်လွင်မိုးတစ်ယောက် လေ့လာနေတယ်ဆိုလို့ ဘာတွေပါလိမ့်လို့ …… သြော် ဒါလား…… သိပါဘူး…… ဟုတ်မလားလို့…….. ဒါပဲလား ………… ဒီလိုဖြစ်မယ် ထင်ပါတယ်……………. ဒါဘဲနော်….
Was this answer helpful?
LikeDislikeဘီလူးခေါင်းပေါ်လာတာသိကြပြီပေါ့။
အခုတော့ ပြည်သူတွေဆီက စားသွားတဲ့ပိုက်ဆံနဲ့ ပြည်သူတွေကို ဆင်းရဲတွင်းထဲနက်အောင်ဆက်ပို့မယ့်အကောင်။
ကုလားဒိန် က သူ့စီးပွားလောက်ပဲသိတဲ့အကောင်ကများ..။
Was this answer helpful?
LikeDislikeအရင်တုန်းကတော့ လွင်မိုးကိုအားပေးတယ်။ခုတော့ အားမပေးဘူး။ဘာလို့ လဲဆိုတော့ ……သူ့ အမေ၇ဲ့ နောက်လင်နအဖကိုမဲ ထည့် လို့ လေ။
ရျွှေတွင်းပါပြိုကျမှအေးမှာ။ပြည်သူတွေကထမင်းကျွေးထားတဲ့ ကောင်ကပြည်သူတွေဒုက္ခရောက်နေတာကိုမသိဘူးသူချမ်းသာဖို့ ပဲသိတယ်လေ။
ဦးနှောက်ကောကောင်းသေးရဲ့ လား….လောကမှာကို ယ့် အကျိုးပဲကိုမသိနဲ့ လေ…အားလုံးကိုနားလည်ဖို့ ကောင်းတယ်။ခြသေံ့ ကိုမဲပေးတာတိရ စ္ဆန်တွပဲပေးမဲပေးတာ..အေးပေါ့ လေအချင်းချင်းတွေဆို့ တော့ လည်း………..
Was this answer helpful?
LikeDislikeအော်….ရွှေတွင်းတတွင်းပါမစ်ရထားတာကို ဒါကြောင့်စောက်ခွက်ပြောင်နေတာ ခုမှသိတယ်…
Was this answer helpful?
LikeDislikeသူငယ်ချင်းတို့ရေ…
မင်းတို့ပြောတော့ဒီမိုကရေစီ ဆို…
ဘာကြောင့်ပဲ ဖြစ်ဖြစ် သူလည်း လွတ်လပ်စွာ မဲပေးခွင်ရှိတာဘဲ …
မင်းတို့ပြောတော့ဒီမိုကရေစီ ဆိုတာကိုယ်မကြိုက်တဲ့လူကိုမဲပေးရင် ၀ိုင်းဆဲဖို့လားကွ..
ဒေါ်စုပြောတဲ့စကားရော မှတ်မိသေးလား
လွတ်လပ်စွာပြောဆိုပိုင်ခွင့်ဆိုတာ လွတ်လပ်စွာဆဲဆိုပိုင်ခွင့်မဟုတ်ဘူးကွ
Was this answer helpful?
LikeDislikeဒီမိုကရေစီ လို့အော်နေတဲ့ သူများ ဘာလို့သူများကို အပြစ်တင်နေကြတာလဲ။
ကိုယ်ကြိုက်တာ ကိုယ်ထည့်ါပစေ။ အပြောနဲ့ အလုပ်တခြားစီဖြစ်နေရင်မကောင်းဘူး။
Was this answer helpful?
LikeDislikeအနုပညာ သမား ဆိုတာဝေဖန်ခံနိုင်ရ တယ်ကွ
သူကြိုက်လို့သူထည့် တာ ငွေပေးဖတ်ရတဲ့ဂျာနယ်မှာ အင်တာဗျူးပါလာတော့ဝယ်ဖတ်ပြီးဆဲတာပေါ့ အလကားဆဲတာမှမဟုတ်တာ
Was this answer helpful?
LikeDislikeဦး ကျော် သူ လောက် တောင် အ စွမ်း စ မ ရှိ တဲ. ကောင် ပဲ .. ဒါ ကြောင်. မြန် မာ ကား တွေ မ ကြည်. တာ မှန် နေ တာ ပေါ. ….
Was this answer helpful?
LikeDislikeအနုပညာမှာ ကောင်းပေမယ့် အနေမတတ်တော့ အနူပညာကို သွားယူမိတာကို မောင်လွမ်မိုးရယ် .. (မြိတ်သံနဲ့ ထွက်ကြည့်တာ)
Was this answer helpful?
LikeDislikeကိုလွင်မိုး ရယ် Hot ဖြင့်သွားတာပေါ့နော်….ကိုမိုး မဲပေးလိုက်လို့ နာမည်ကြီးသွားပြီ။ ဒါလည်း Hot အောင်လုပ်နည်းတခုပါ။.ကိုမိုး ခရီးဆက်ထွက်အုန်းမှာ လား?…
Was this answer helpful?
LikeDislikeလွင်မိုးခရီးသွားနေသည်တုန်းကအကြွေး ခုထိဆပ်လို့မကုန်သေးလို့ ငွေရပေါက်လိုက်ရှာနေရတာပါ။။
Was this answer helpful?
LikeDislikeကိုလွင်မိုးရေ ထပ်ပြီး hot နောက်ထပ် လုပ်ပြပေးပါဦး…ဒါမှနောက်ထပ်များများ**##!!“*^#!~
Was this answer helpful?
LikeDislike(နိုဝင်ဘာလ ၁၄ ရက်) မွန်းတည့် ၁၂ နာရီ၌ ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ဒေါ်အောင်ဆန်းစုကြည်ပြောကြားသောမိန့်ခွန်းကောက်နှုတ်ချက်။
ကျွန်မ ပြည်သူတွေကို မေတ္တာရပ်ခံ ပါရစေ။ ကျွန်မတို့နဲ့ ဆက်ဆံတဲ့ အခါမှာ ပွင့်ပွင့်လင်းလင်း သတ္တိရှိရှိ ပြောဆို ဆက်ဆံကြပါ။ ကျွန်မတို့ကို ဟိုဟာ ပြောရကောင်းလား၊ ဒီဟာ ပြောရ ကောင်းလားဆိုပြီး။ ကျွန်မတို့ ဘာမှမလုပ်ပါဘူး။ ပြောစရာရှိတာကို ပြောပါ။ သဘောမတူ လို့ရှိရင် သဘော မတူဘူး ဆိုတာကိုတော့ ပြန်ပြောမှာပါ။ ဒါကတော့ ဒီမိုကရေစီရဲ့ အခြေခံလေ။ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့် လွတ်လပ်စွာ ပြောဆိုပိုင်ခွင့် ဆိုတာ လွတ်လပ်စွာ ဆဲဆိုပိုင်ခွင့်နဲ့ မတူဘူးလေ။ တစ်ခါတစ်လေတော့ ကြိမ်းမောင်း တာလေးတော့ ပါချင်ပါမှာပေါ့။ တစ်ယောက်နဲ့ တစ်ယောက် နားလည်အောင် ပြောဆိုဖို့ အင်မတန်မှ အရေးကြီး ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အမြင်ခြင်း ဖလှယ်ဖို့ အတွက်ကတော့ ကျွန်မတို့ လေ့ကျင့်ယူရ ပါမယ်။ လေ့ကျင့်ယူရင်းနဲ့ ကျွန်မတို့ ပိုပြီး တတ်လာမှာပါ။
Was this answer helpful?
LikeDislikeအမျိုးမျိုးညစ်ပတ်ပီး အနိုင်ရသွားတာများ
Was this answer helpful?
LikeDislikeလားတောသီး ငလွင်မိုး…. အယုတ်တမာကောင်… ဒင်းကိုအားမပေးတော့တာမှန်သွားပီ… နွားအဖ ကိုမှီခိုပီး အမတ်လုပ်ချင်လို့နေမှာပါ… တော်တော်ေ-ာက်ရှက်မရှိတဲ့အကောင်….
Was this answer helpful?
LikeDislikeမဲပေးတာကတော့လွတ်လပ်စွာနဲ့ကိုယ်ပေးချင်တဲ့သူပေးခွင့်ရှိပါတယ်..ဒါပေမယ့် သူ့လိုအနူပညာရှင်တစ်ယောက်အနေနဲ့ ဒီပါတီကိုဒီလိုမဲ တကယ်ပေးချင်တယ်ဆိုရင် ကိုယ့်ဘာသာဘဲလျှို့ဝှက်စွာ မဲပေးလိုက် ဘယ်သူ့ကိုမှထုတ်ပြောစရာမလိုဘူး….
အခုလိုဗြောင်ထုတ်ပြောတယ်ဆိုတော့ ဖြစ်နိုင်တာက…
(၁)ထမင်းရှင်ပြည်သူတွေကိုလုံးဝဂရုမစိုက်ခြင်း၊
(၂)သူဒီလိုမဲထည့်ခဲ့တယ်ဆိုတာ သူ့ပထွေးတွေကိုသိစေချင်လို့ဖါးနားပြောခြင်း၊
(၃)အထက်ပါ ၂ ခုစလုံး
Was this answer helpful?
LikeDislike