ငွေကြေး
|1169- Hits|ကျွန်တော့် ချမ်းသာတဲ့ ငွေကြေးတွေ ဖော်ပြလိုက်ပါတယ် ဒီအကြွေစေ့လေးတွေ သိမ်းထားခဲ့တာကြာပါပြီ တန်ဘိုးရှိလို့လဲ သိမ်းထားခဲ့တာပါ။ ကျွန်တော်ငယ်ငယ်က မေမေ မုန့်ဖိုး ပေးရင် ဒီအကြွေစေ့လေးတွေပေါ့ ခုတော့ အနည်ဆုံး 200 ကျပ် ပေးမှ ကလေးတွေက ကျေနပ်တယ်လေ ဒါတောင် အသုံးမခံဘူးမလား ။ဘာဖြစ်ဖြစ်ပါ အခုနောက်ပိုင်းဆိုသိကြတဲ့အတိုင်း 100 ကျပ်တန် 200 ကျပ်တန်တွေဆို ကိုင်လို့မရတော့တဲ့အတွက် အိတ်လေးတွေထဲထဲ့ပြီးသုံးနေရပြီမလား အခုကျွန်တော်ဖော်ပြတဲ့ အကြွေစေ့နဲ့ အတန်လေးတွေဆို အသုံးလဲ မ၀င် ကွယ်ပျေက်တော့မှာမို့ ကျွန်တော် ထိမ်းသိမ်းထားတာပါ နောက်မျိုးဆက်သစ်တွေလဲ အလွယ်တကူ ကြည့်ရှု့လေ့လာလို့ရအောင် တင်ပေးလိုက်ရခြင်းဖြစ်ပါတယ် ယခုခေတ်ငွေကြေးနဲ့ နှိုင်းယှဉ်မယ်ဆိုလဲ ဖြစ်တယ်လေ ထုတ်လုပ်ခဲ့တဲ့ အရည်အသွေးကိုယ်ကြည့်ရုံနဲ့တင်သိနိုင်ပါတယ်…..
Related posts:






တော်တော်ချမ်းသာတာပဲနော…။ ရှာလို့တောင်မရတော့တဲ့ငွေတွေသိမ်းထားတယ်..။
ပြားစေ့လေးတွေ့တော့ အံ့သြမိပါတယ်..။ ပြားစေ၊ ငါးပြားစေ၊ ၁၀ပြားစေ့တွေက အလေးစေ့ဆိုပြီး .. ဒန်နဲ့မဟုတ်ပဲ .. တခြားသတ္တူတမျိုးနဲ့လုပ်တာရှိသေးတယ်ဗျ..။ ဘာကြောင့်လဲတော့မသိ..။
ငယ်ငယ်တုံးကတော့ ..ကာကာလက်ဖက်ရည်တခွက်ရတယ်ပေါ့လေ..။
(ဘကြီးပြောတာရေးတာ..)
Was this answer helpful?
LikeDislikeအကြွေတွေ ငယ်ငယ်တည်းက ဆူး သိမ်းထားတာ ဘူး တဘူး ရှိတယ်။ အကြွေတွေ လိုက်စုတာနဲ့… ရောက်ရာ နိုင်ငံက အကြွေ စေ့ နဲနဲ ချန်ထားပြီး သိမ်းထားတယ်။ အကြွေစုရတာ ၀ါသနာ ပါလို့.. ပိုက်ဆံ ကတော့ မသိမ်းထားဘူး။
Was this answer helpful?
LikeDislikeသူငယ်တန်းတုန်းက မုန့်ဖိုး တစ်နေ့ ဆယ်ပြားပဲ ရတာ မှတ်မိသေးတယ် … အကြွေစေ့နဲ့ ရေခဲချောင်းပုံးထဲကို ပစ်ထည်ပြီး ရေခဲချောင်းပိုစားရအောင် ကြိုးစားခဲ့ရတာတွေက အခုတော့ ပုံပြင်ဖြစ်ပြီ …
Was this answer helpful?
LikeDislikeသူငယ်တန်းတုန်းက ၁ကျပ်နဲ့ မုန့် သေးသေးလေး တခု ရတယ်။
ရခိုင်မုန့်တီ တပွဲ ၃ကျပ်
Was this answer helpful?
LikeDislikeအထက်ဖော်ပြပါပိုက်ဆံများကို တိုးတက်လာသော အဆအတိုင်းပေးဝယ်မည်ဆိုပါကရောင်းပါမည်။
1966 ခုနှစ်ထုတ် ဆယ်ပြားလေးဒေါင့်ဆိုရင် အခုခေတ်ပိုက်ဆံနဲ့တွက်ရင် ဘယ်လောက်တန်မလဲ။
အဲဒီခေတ်က လက်ဖက်ရည်တစ်ခွက် တစ်မတ်။
Was this answer helpful?
LikeDislikeဦးပေါက် ကျွန်တော်ဝယ်မယ်။
Was this answer helpful?
LikeDislikeလေးထောင့် ဆယ်ပြား အိမ်မှာ ဆူး စုထားတာ ရှိတယ်.. အကြွေမှ စုံနေအောင်ကို ရှိတယ်..
Was this answer helpful?
LikeDislikeဆူးက သူဌေးမှန်းသိအောင် လာကြွးနေပြန်ပြီ ….
Was this answer helpful?
LikeDislikeအထက်ဖော်ပြပါပိုက်ဆံများကို တိုးတက်လာသော အဆအတိုင်းပေးဝယ်မည်ဆိုပါကရောင်းပါမည်။
1966 ခုနှစ်ထုတ် ဆယ်ပြားလေးဒေါင့်ဆိုရင် အခုခေတ်ပိုက်ဆံနဲ့တွက်ရင် ဘယ်လောက်တန်မလဲ။
အဲဒီခေတ်က လက်ဖက်ရည်တစ်ခွက် တစ်မတ်။)
အင်းခုခေတ်တိုးတက်လာတဲ့အဆနဲ့ဆိုရင်ငွေ80/-နဲ့100/-ကြား ပေါ့ဗျာ ဒါပေမဲ့သူရဲ့သက်တမ်းကို ထည့်တွက်မယ်ဆိုရင်တော့ အဲဒိလောက်မက တန်ကြေးရှိရင် ရှိမှာပေါ့ ရှိရင်သိမ်းထားပါ နောက်ကျတော့ တန်ကြေးမဖြတ်နိုင်တဲ့ရှေးဟောင်းပစ္စည်း တွေဖြစ်လာမှာပါ ဟိုးအရင်က ပဲစေ့တွေ မတွေ့ရတော့ဘူး ။
Was this answer helpful?
LikeDislikeဆူးမရေ သိမ်းရင်လဲကြည့်သိမ်းအုန်း
ဒီနေ့သတင်းကြည့်လိုက်ရတယ်မဟုတ်လား
နိုင်ငံခြားငွေလက်ဝယ်ရှိမှုဆိုလား
Was this answer helpful?
LikeDislikeဟုတ်တော့ ဟုတ်သား အန်လကယ်ကြီး ပြောမှ.. ဆူး သိမ်းထားတဲ့ အကြွေတွေ ထဲမှာ.. အင်္ဂလန် ဘုရင်မကြီး ပုံနဲ့ အစေ့တွေတောင် ပါတယ်။ ဘယ်လောက် တန်လဲ ဆိုတော့ သွားပြန်ရှာရမယ်.. လုံခြုံတဲ့ နေရာမှာ သိမ်းထားလို့.. ဟီးဟီး.. သတင်းကြည့်ပြီးတော့ ဆူး ကြောက်ပါတယ်။
Was this answer helpful?
LikeDislikeဆူး အကြွေစေ့လေးတွေ သေချာသိမ်းထားပါ။ မရောင်းကြပါနဲ့ဗျာ နောက်ပိုင်း ရှေးဟောင်းဖြစ်လာမဲ့ အကြွေစေ့လေးတွေ။ အချိန်တွေကြာလာတာနဲ့အမျှ တန်ဘိုး ရှိတဲ့ဟာက တန်ဘိုးပိုရှိလာပါလိမ့်မယ် ရှားပါးချိန်မှာ ကိုယ်တိုင်ဖော်ပြခွင့်ရှိတော့ ကိုယ့်ကို ဂုဏ်ယူလို့မဆုံးနိုင်ဖြစ်နေရမှာပါ။ ဈေးကောင်းရရင်တော့ပြောဦးနော်…:D
Was this answer helpful?
LikeDislikeမြေးတွေ မြစ်တွေကို အမွေပေးဖို့ သိမ်းထားတာ.. အဖိုးမတန်ပေမဲ့.. သူတို့ အတွက် အဖိုးတန်တဲ့ အမွေ ဖြစ်မလားလို့.. သိမ်းထားတာ.. ဟီးဟီး..
ပြောလို့သာ ပြောတာ.. ဆူး အဘိုးက မြေးတွေ ကို ပြဖို့ ရွှေဒင်္ဂါးတွေ သိမ်းထားတယ် ဆိုလား.. သေတော့ ရှာမရဘူး.. ဘယ်သူလက်ဦးသွားမှန်း မသိဘူး.. ငယ်လွန်းလို့ ညာတောင်းခဲ့ ရကောင်းမှန်း မသိလို့ မရလိုက်ဘူး။
Was this answer helpful?
LikeDislikeရတနာပုံခေတ်က ဒေါင်းဒင်္ဂါးဆို ရောင်းရင် ဘယ်လောက်ရမလဲ။ ဝယ်ရင်ကော ဘယ်လောက်ပေါက်သလဲ။ ကျနော့်ဆီမှရှိတယ်။
Was this answer helpful?
LikeDislikeရတနာပုံဒေါင်းဒင်္ဂါးကို အီးဘေးမှာ .. ၈၀လောက်နဲ့ရောင်းနေတယ်..။
http://shop.ebay.com/i.html?_nkw=myanmar+coins&_sacat=0&_odkw=burmese+coins&_osacat=0&_trksid=p3286.c0.m270.l1313
FOR SALE MYANMAR BURMA SILVER COIN CROWN – 1 KYAT. DATE 1852. 1 YEAR TYPE COIN CONDITION IS XF +++. HARD TO GET THESE COINS IN SUCH CONDITION. AUTHENTICITY GUARANTEE. GREAT ADDITION TO YOUR ASIA COIN COLLECTION. NO RESERVE. SHIPPING BY REGISTERED MAIL ONLY $16.95
ရတနာပုံခေတ်က မန္တလေးဂေဇက်သတင်းစာဆိုရင်တော့ .. ဒေါ်လာ ၅၀၀ ပေးမယ်ဗျာ။
အစအဆုံး တစောင်လုံးမပြဲမရိဆိုရင် ၁၀၀၀ ပေးမယ်ဗျာ။
ဒီခေတ် မန္တလေးဂေဇက်သတင်းစာဆိုရင်တော့ ..အလကားရမယ်..။ ကြိုက်သလောက်လာယူ..။ :p
Was this answer helpful?
LikeDislikeဒီခေတ် မန္တလေးဂေဇက်သတင်းစာဆိုရင်တော့ ..အလကားရမယ်..။ ကြိုက်သလောက်လာယူ..။ :p
ယူအစ် ရောက်မှ လာတောင်းမယ်။ အဲဒီတော့မှ လမ်းစရိတ်ပေး
Was this answer helpful?
LikeDislike