Admin စကားဝှက် ခိုးယူခြင်းမှ ကာကွယ်ခြင်း
|487- Hits|
တိုက်ခိုက်မူများကို ကာကွယ်ထားဖို့အတွက်ဆိုရင် Admin များက စာနဲ့ ဂဏန်းများ ပေါင်းစပ်ထားပြီး ခန့်မှန်းရခက်တဲ့ စကားဝှက်ကို ဖန်တီးထားသင့်ပါတယ်။ ပြီးတော့ Admin များက တာဝန်မရှိတဲ့ အသုံးပြုသူများကို လွယ်လွယ်ကူကူ မ၀င်ရောက်နိုင်အောင် Command Prompt ကို ပိတ်ထားဖို့ လိုအပ်ပါတယ်။ ဒါကြောင့် အသုံးပြုသူများက NetBIOS လိုမျိုး ဟက်ကာ လုပ်ဆောင်မူများနဲ့ လုပ်ဆောင်နိုင်ပါတယ်။ Command Prompt ကို ပိတ်ဖို့အတွက် Registry ကနေ လုပ်ဆောင်နိုင်ပါတယ်။ ဒါကြောင့် Start Menu ကနေ Run ကို ခေါ်ပါ။ ပြိးတော့ gpedit.msc ကို ရိုက်ပြီး Enter ခေါက်ပါ။ Group Policy Editor ၀င်းဒိုးစ်ထဲမှာ User Configuration->Administrative Templates ->System အတိုင်း တဆင့်ချင်း သွားပါ။ ၀င်းဒိုးစ်ရဲ့ ညာဖက်နားလောက်မှာ prevent Access To the Command Prompt ဆိုတာကို ရှာပြီး ကလစ်နှစ်ချက်နှိပ်ပြီး ဖွင့်လိုက်ပါ။ ပြီးတော့ Enable ->Apply ->Ok ကို ကလစ်နှိပ်ပြီး ကွန်ပျူတာကို Restart ချလိုက်ပါ…
Related posts:

အပေါ်ကစာနဲ့တော့ မဆိုင်ပါဘူး..။
တကယ်လို့ ၀င်းဒိုးစ်ထဲ အက်မင်ပတ်စ်ဝပ်မေ့ပြီး … ၀င်မရဖြစ်နေရင်.. သုံးနိုင်တဲ့ ဆော့ဖ်ဝဲလေးပါ..။
Winternals ERD Commander 2007 Bootable တဲ့..
အင်တာနက်မှာ ဂိုဂယ်ပြီး သုံးပေါ့နော..။
http://rarbg.com/torrents/filmi/download/f44aff7a351b30f4bc199bae33862dc6943c4735/torrent.html
Was this answer helpful?
LikeDislikehttp://ophcrack.sourceforge.net/ အဲ့ဒီဆိုဒ်ကနေ Ophcrack ကိုဒေါင်းပြီး အဲ့ဒီ စီဒီနဲ့ Boot တက်ရင်.. ၀င်းဒိုးမှာရှိတဲ့ အကောင့် အကုန်လုံးရဲ့ Password တွေက ဖျက်စရာမလိုပဲနဲ့.. တွေ့နိုင်ပါတယ်.. ပြီးတော့.. http://www.hirensbootcd.org/download/ ကနေ Hiren’s Boot CD နဲ့လဲ ၀င်ဒိုး Password မေ့နေတာတွေကို ပြန်လည် ဖျက်ပီး အသစ်ပြန်ထည့်သုံးနိုင်ပါတယ်.. ၂ခုစလုံးက အခမဲ့ သုံးနိုင်တဲ့ Tools တွေပါ.. Hardware သမားတွေ ဆောင်ထားသင့်တဲ့ Tools တွေ ဆိုရင်လဲ မမှားပါဘူး..
Was this answer helpful?
LikeDislike