မှတ်မှတ်ရရ မန္တလေး
|854- Hits|မန္တလေးမှာ တက္ကသိုလ်တတ်တုန်းက ကဲခဲ့တဲ့အကြောင်းလေးတွေ နဲ့ hmee ရဲ့ ဇာတ်ပွဲနဲ့ ပတ်သက်တာလေးတွေဖတ်ရတော့ သတိရပြီး ရွာသူရွာသားတွေကို မျှဝေတာပါ။ dream တို့ ကျောင်းတက်တုန်းက အဆောင်နားကို ဇာတ်ပွဲတစ်ပွဲလာက ပါတယ်။ မိန်းခလေးပီပီ ဇာတ်မင်းသား ချောလား စပ်စုတာပေါ့နော်။ သတင်းအရတော့ ဇာတ်မင်းသားချောတယ်၊ ပွဲပြီးရင် အဆောင်ရှေ့က လမ်းကနေ ကားလေးနဲ့ အိမ်ပြန်တယ်တဲ့။ ဒီတော့ အဆောင်က မမတစ်သိုက်ကလည်း ဘာရမလဲ မင်းသားကိုသွားမိတ်ဆက်မယ်ပေါ့လေ။ ဒါနဲ့ နံနက် ၄ နာရီလောက် ဇာတ်ပွဲနောက်ဖက်ကို သွားတယ်။ ပြီးတော့ ကားနားရပ်နေတဲ့ ခပ်ချောချောအစ်ကိုကြီးကို အစ်ကို ဇာတ်ကတာ အရမ်းကောင်းတာပဲ ညီမတို့ လာအားပေးတယ်နော် ဘာညာနဲ့ သွားပြောတယ်။ သူကလည်း ညီမတို့ဘယ်ကလဲလို့မေးပြီးစကားတွေပြောတာပေါ့နော်။ ပြီးတော့ အဲဒီကား အဆောင်ရှေ့ဖြတ်သွားတဲ့အချိန်ထိ စောင့်ကြည့်မယ်ပေါ့။ တကယ်လဲ အဲဒီကားက အဆောင်ရှေ့ဖြတ်ပါတယ်။ ဒါပေမယ့် လွဲနေတာကတော့ ဇာတ်မင်းသားက အဲဒီအစ်ကိုကြီးမဟုတ်ပဲနဲ့ သူက ကားမောင်းတဲ့အစ်ကိုကြီးဖြစ်နေတာပါပဲ။ dream တို့လဲ ရှက်တာပေါ့ ငါတို့သူ့ဇာတ်လဲ သွားမကြည့်ပဲနဲ့ အလကား အာချောင်တာ မိသွားပြီလို့။
Related posts:


ဟိဟိ … တာရာမင်းဝေမြင်ရင် သူ.၀တ္ထူနာမယ်ပေးဖို. ယူသွားအုံးမယ် .. အဟဲ …
အာဖျံကွီးလဲ မန္တလေးမှာ တက္ကသိုလ် သွားတက်ဖူးတရ်ဂျ … တော်တော်ပျော်ခဲ့တရ် …
ရိုးရိုးဇာတ်ပွဲတော့မကြည့်ဖူးခဲ့ဘူး … ၈၁ လမ်းနားက ၀င်းကြီးထဲမှာကတဲ့ အခြောက်ဇာတ်ပွဲတော့ ကြည့်ဖူးခဲ့တရ် .. ဟီးဟီးးး
Was this answer helpful?
LikeDislikedream ရေ…. ချောတိုင်း မိတ်ဆက်ရလားကွ…
သူက ဘာသားနဲ့ ထုထားတာမှတ်လို့ … ၊ တို့ကတော့ မိတ်ဆက်ဖို့မပြောနဲ့ နှစ်ခါပြန် ပြန်ကြည့်ချင်ရင်တောင် ပဲများပြီး လှည့်ကိုမကြည့်ဘူး
Was this answer helpful?
LikeDislikeမမ etone ရေ အဲတုန်းက ငယ်သေးတော့ လျှောက်လုပ်တာပါ။
အခုများတော့ dream လဲ လှည့်ကြည့်ချင်မှ ကြည့်တာပါ။
ရှေ့တည့်တည့်ကပဲ ကြည့်ပါတယ်
Was this answer helpful?
LikeDislikeအခုမှလက်သည်ပေါ်ပြီ
ဇာတ်မင်းသားကိုမသိဘဲသွားဖောတာ အိပ်မက်ကိုး………………….
Was this answer helpful?
LikeDislikeဇတ်ပွဲ တွေဆို ငယ်ငယ်က အဘိုးအဘွားတွေ ဆီသွားရင် အဒေါ်တွေ နဲ့ အမေ နဲ့ တူတူ သွားပြီး ကြည့်ရင် သူတို့ ပေါင်ပေါ် လိုက်အိပ်တာဘဲ။ ဇတ်ပွဲမှာ တခါ မှတ်မှတ်ရရ အရှေ့ဆုံးအတန်းရဲ့ ရှေ့မှာ မြေပိုနေပါတယ် အဲဒီမှာ ဖျာမ၀ယ်ဘဲ ၀င်ထိုင်တဲ့ အမျိုးသမီးကြီး တယောက် ရှိပါတယ်။ သူက အရှေ့နေ တက်ပြီး ထိုင်နေတော့ ရှေ့ဆုံးတန်းမှာ ထိုင်တဲ့ လူက သူရှေ့က ပိတ်တယ် ဘာညာနဲ့ ရန်ထဖြစ်ကြတာ.. ရန်ဖြစ်တာ အမှတ်မထင် မိုက်နားမှာ ရန်ထ ဖြစ်ပြီး ဆဲနေကြတော့ ဇတ်ရုံ တခုလုံး နဲ့ ဇတ်ရုံ အပြင်က လူတွေ ကြားအောင် အော်ဆဲ သလို ဖြစ်ပြီး ရုံကြီးကြပ်သူတွေက အချောင်လိုချင်တဲ့ အမျိုးသမီးကြီး အဆဲသန်လို့ နေရာတနေရာ ပေးလိုက်တော့ အလကားရသွားတယ်။
Was this answer helpful?
LikeDislikeအဲဒါပဲလေ ဆူးရဲ့ ငိုတတ်တဲ့ကလေးဗိုက်ဝတယ်ဆိုတာ
Was this answer helpful?
LikeDislikeဖြစ်တတ်ပါတယ်.. ဟိဟိ
Was this answer helpful?
LikeDislikeငယ်ငယ်တုန်းကတော့ ဘာလုပ်လုပ် ပျော်စရာပါပဲ
အခုတော့ ဒီကိစ္စလုပ်ရင် သိက္ခာကျမလား လူကဲ့ရဲ့မလား ဘာညာကွိကွ စဉ်းစားရတာနဲ့
ဘာမှကို မလုပ်ဖြစ်တော့ဘူး
စိတ်သွားတိုင်း ကိုယ်မပါတော့ဘူး
Was this answer helpful?
LikeDislikeမှန်ဘ။
ကျနော် တောင် ဖြစ်နိုင်ရင် အသက် ၁၂ နှစ် လောက် ပြန်ငယ် ပစ်လိုက်ချင်တယ်။
လုပ်ချင်တာေ တွ ရှောက်လုပ်ပစ်လိုက်ချင်တယ်
Was this answer helpful?
LikeDislikeဟုတ်တယ်.. ပွဲမကြည့်ရတာတောင် တော်တော်ကြာပြီ။ ဆယ်တန်းဖြေပြီးတော့မှ ပွဲစကြည့်ဖူးတာ.. အမိုးမရှိဘဲ ကျူထရံကာထားတဲ့ ရုံထဲမှာဆိုတော့ ချမ်းမယ်လို့ထင်ပြီး အနွေးထည်အထူကြီးဝတ်သွားရင် အထဲမှာ လူအပြည့်နဲ့ လုံးဝကို မချမ်းတာ… ဒီတစ်ခါ နယ်ပြန်ရင် ပွဲရှိတဲ့အချိန်နဲ့ တိုက်ပြီး ပြန်ဦးမယ်…
Was this answer helpful?
LikeDislike