23
အရေးပေါ် ဆီးမသွားနိုင်လျှင်
|1279- Hits|
အရေးပေါ် ဆီးမသွားနိုင်ဘူး ဆိုလျှင်… ဆရာဝန် ဆေးခန်းပြဖို့ လိုပါတယ်။ သို့သော် သွားဖို့ ခက်ခဲ နေမယ် ဆိုလျှင် အရေးပေါ် ဆေးမြီးတို တခု လမ်းညွန်ချင်ပါတယ်။
ဘေးထွက် ဆိုးကျိုး မဖြစ်နိုင်ပါ။
သျှားစောင်း လက်ပတ် အရွက် အတွင်းက ဂျယ်လီလေးတွေကို သကြားနဲ့ ခေါက်ပြီး စားပေးလိုက်ပါ။
ဆီးရွှင်ရွှင်နဲ့ အဆင်ပြေသွားပါလိမ့်မယ်။
Related posts:


ကျေးဇူးမဆူးရေ တစ်ချို့ ကျတော့ ရေ(ပုံမှန်အပူချိန်ရှိတဲ့ရေ) ထဲကို သကြားနဲ့ လက်ဖက်ခြောက် ထည့်ဖျော်ပြီးသောက်တာတော့ ကြားဖူးတယ် ဘယ်ဆေးမြီးတိုက ဘယ်ရောဂါအတွက် ပိုထိရောက်လဲ ဆိုတာကိုတော့ ဖြစ်နိုင်ရင် သိချင်ပါတယ်း)
Was this answer helpful?
LikeDislikethanks
Was this answer helpful?
LikeDislikeအရေးပေါ် ဆီး မထိန်းနိုင်ရင် ရော ဘယ်လိုလုပ်ရမလဲး)
Was this answer helpful?
LikeDislikeဆူး ရေရှားစောင်းလက်ပတ်ကမြို့မှာအလွယ်ရချင်မှရမယ်
ကျောက်ဖရုံသီးကအလွယ်ရပြီးသူလည်းအလွန်စွမ်းဆိုပဲ
Was this answer helpful?
LikeDislikeside effect မရှိနိုင်တော့ စမ်းကြည့် အရှုံးမရှိလောက်ပါ၊ပန်းသီးစားပြီး သည်းခြေကျောက် ထွက်အောင်လုပ်သလိုပေါ့။
Was this answer helpful?
LikeDislikeရှားစောင်းလက်ပတ်က အမျိုးသမီးတွေ အတွက် အလွန်ကောင်းပါတယ်။ အသွေးအသားအတွက်လည်း ကောင်းတယ်။
Was this answer helpful?
LikeDislikeရိုးရိုးရေထဲကို လက်ဘက်ခြောက်နည်းနည်း သကြားထမင်းစားပွဲဇွန်း နှစ်ဇွန်းထည့်ပြီး စိမ်ထား ရေနွေးကြမ်းလို အရောင်ဖြစ်လာရင် သောက်လို့ရပြီ။ ဒါပေမဲ့ စတီးဇလုံမှာ စိမ်ရင် အာနိသင် သိမ်မပြပါ။ တော်ရုံဆီးကျင်တာဆို ချက်ချင်းပျောက်ပါတယ်။ အရမ်းဆီးကျင်တာဆို နှစ်ဇလုံမှ သုံးဇလုံလောက်သောက် တကယ်ပျောက်ပါ။ နောက်တခု ဆန်ဆေးရေ ဦးရည်သောက်လည်း ပျောက်ပါတယ်။ နောက်တနည်း ရေနွေးပူပူထဲကို ကြက်သွန်နီ အကွင်းလိုက်လှီးထည့်ပြီး သောက်ပါ အနံတော့ ဆိုးပေမဲ့ သူလည်းပျောက်ပါတယ်။
Was this answer helpful?
LikeDislikeဆီး၊ ကျောက်ကပ်ရောဂါတွေနဲ့ ပတ်သက်လာလျှင် ဒိဗ္ဗောသဓ ဆိုတဲ့ မြန်မာဆေးကို ညွှန်းချင်ပါတယ်။ အမေကိုယ်တိုင်သောက်ပြီး တော်တော်အဆင်ပြေလို့ ညွှန်းရခြင်းဖြစ်ပါတယ်။ သို့သော် မြန်မာဆေးဖြစ်လို့ တိတိကျကျ စမ်းသပ်စစ်ဆေးထားခြင်းများ မရှိသည့်အတွက် စမ်းသပ်သောက်သုံးကြည့်ပြီးမှ ဆက်သောက်စေလိုပါသည်။ ဆီးချိုသမားများလည်း သောက်နိုင်ပါသည်။ ဆေးဆိုင်များတွင် တင်ရောင်းခြင်း မရှိပါ။ ကျိုက်ဝိုင်းဘုရားလမ်းက ပေါက်စေတီကျောင်းတွင် ဝယ်ယူရရှိနိုင်ပါသည်။
ပင်ရင်း- နတ်ရေအိုင် ဆေးတိုက်
၎/၁၄ အောင်မင်္ဂလာ ၁-လမ်း၊ ကြိုးစက်ကုန်း
မရမ်းကုန်း မြို့နယ်၊ ရန်ကုန်
Was this answer helpful?
LikeDislikeFame ကထုတ်တဲ့ ကျောက်ကြေဆေးလည်း ကောင်းပါတယ်….။
ဒါပေမဲ့ ကျောက်က သေးမှသာ ဆေးသောက်လို့ရတာပါ… ။ ကျောက်ကြီးလျှင်တော့ ခွဲထုတ်တဲ့ နည်းပဲ ရှိပါတော့တယ်… ။
Was this answer helpful?
LikeDislikeည အိပ်ကောင်းတဲ့ အချိန်မှ ဆီးသွားချင်ရင် တော်တော်ဒေါသထွက်တယ် ပြီးရင် ပြန်အိပ်မပျော်တော့ဘူး အဲဒါ ဘယ်လိုလုပ်ရမလဲ သိရင်ပြောပြကြပါအုံး…………:(
Was this answer helpful?
LikeDislikeအိပ်ရာထဲ ပေါက်ချလိုက်ပါကွယ်
Was this answer helpful?
LikeDislikeည အိပ်ကောင်းတဲ့ အချိန် ဆီးသွားချင်တဲ့ ပြသနာ ဖြစ်တတ်ရင်တော့.. အိပ်ခါနီး ဆီးကြိုသွားထားပါ။ ရေလျော့သောက်ပါ။
သို့သော်.. ဆီးကျိတ်ရှိလို့ ခဏခဏ ပေါက်ချင်တတ်ရင်တော့ ဆရာဝန်ဆီ သွားပြပြီး ဆေးသောက်ပါ။ လိုအပ်ရင် ခွဲထုတ်.. မခွဲထုတ်ခင် ဆီးသွားရ ခက်နေရင်တော့ ဆီးပိုက် ကို ထိုးသွင်းပြီး ဆီးသွားနိုင်အောင် လုပ်ပါ။
ကြားဖူးတာကတော့ ဆီးကျိတ် ခံနေပြီး ဆီးလမ်းကြောင်းကို ညှစ်ထားသလို ဖြစ်ပြီး မထွက်ရင်တော့ ဆီးပိုက် ထိုးသွင်းတဲ့ အခါ ညှစ်ထားတဲ့ ဆီးကျိတ်ကို အတင်းတိုးပြီး ကျော်အောင် ဖြတ်သွင်းမှ ဆီးထွက်မှာပါ.. ဆီးကျိတ်နေရာက ယောင်လို့ ပိတ်နေတာ ဆိုရင်တော့ နာတာကို ပိုက်ကြီး အတွင်းထိုးသွင်းရင် တအားနာတယ်လို့ ကြားဖူးတယ်။ ၁၀တန်း တုန်းက ဘိုင်အို ဆရာ ယုန် အကြောင်း ရှင်းပြပြီး ပြောပြတာ မှတ်မိနေလို့ ရေးလိုက်တာ။
Was this answer helpful?
LikeDislikeရွှေမင်းသားရေ နောက်တာပါနော် … အရေးပေါ် ဆီးမထိမ်းနိုင်သူများအတွက် အကောင်းဆုံးကတော့
ဒိုက်ဗာ ခံထားလိုက်ပါလို့ ………………………………………။
Was this answer helpful?
LikeDislikeရွှေမင်းသား ဒိုက်ဗာ သွားဝယ်ရမှာ ခက်နေမယ် ဆိုရင်တော့ ရွှေမင်းသား ရဲ့ သားသားလေး သုံးတဲ့ ဟာလေးကို ယူပြီး ခံအိပ်လိုက်ပေါ့ကွယ်။
Was this answer helpful?
LikeDislikeဆီးမသွားနိုင်တာ (တစ်နည်း ဆီး မထွက်တာ)က ဖြစ်နိုင်ချေ အမျိုးမျိုး ရှိပါတယ် ..
၁။ ဆီးလမ်းကြောင်း အတွင်းမှာ ရောင်ပြီး ပိတ်နေလို့ (ရောဂါပိုးကြောင့်)
၂။ ဆီးလမ်းကြောင်းထဲမှာ ဆီးကျောက် ပိတ်နေလို့
၃။ ဆီး အောင့်ထားတာ များပြီး ဆီး ပျစ်လို့ (အနည်ကျတာများလာလို့)
၎။ ဆီးလမ်းကြောင်း အပြင်ဘက်က ညှစ်ထားသလို ဖြစ်နေလို့ (ယောက်ျားတွေမှာ ဆီးကြိတ်ရောင်တာ)
၅။ ဆီးအိမ်အတွင်းမှာ ကျောက် ကြီးကြီးဖြစ်တည်နေပြီး ဆီးလမ်းကြောင်းဝကို ဆို့နေလို့ (လမ်းကြောင်းထဲကို မဆင်းတာ)
၆။ ရံဖန်ရံခါမှာ အူလမ်းကြောင်းတစ်နေရာရာက ပေါက်တဲ့အခါ ၀မ်းခေါင်းမြှေး ရောင်ပြီး ဆီးအိမ်မှာ ဆီးမရှိသော်လည်း ဆီးသွားချင်စိတ် ပေါ်လာပြီး ဘယ်လို ညှစ်ညှစ် ဆီး မထွက်တာ
ဆိုပြီး အမျိုးမျိုး ရှိပါတယ် ..
အခု ဆူး ရေးတဲ့ နည်းလမ်းက အမှတ် (၃) ကြောင့် ဖြစ်တယ် ဆိုရင် ဆီး ကျဲသွားပြီး ဆီးသွားနိုင်တာပါ
တင်ပြပေးတာ ကျေးဇူးပါ
ထပ်ဖြည့်မိတာကိုလဲ ခွင့်လွှတ်ပေးပါ
Was this answer helpful?
LikeDislikeOperation လုပ်ထားတဲ့ လူနာတွေ ဆိုလျှင် ဆီးမသွားနိုင်တဲ့ အခါ အတော်ဒုက္ခရောက်ရပါတယ် … ။
အော်ပရေးရှင်းပြီးတဲ့အခါ လှုပ်လို့ကလည်းမရ ဆီးကလည်း မသွားတဲ့အခါ ခြေထောက်တွေပါ ချက်ချင်း ယောင်လာတယ်လေ .. ။
etone ဘဲ အော်ပရေးရှင်းလုပ်တုန်းကလည်း ဆီးမသွားနိုင်လို့ အမျိုးမျိုးကြိုးစားကြည့်ကြတယ်… ဖုန်းသံကိုရေသံလုပ်ပြီး ဆီးသွားချင်အောင်လုပ်ရတာက တမျိုး … ကလေးတွေ ရူးရူးတယ်သလို ၀ိုင်းပြောရတာတမျိုး … တခန်းလုံးမီးပိတ်ပြီး အမှောင်ချထားပေးရတာ တမျိုး ကြိုးစားကြည့်ကြတယ်… လုံးဝအဆင်မပြေဘူး … ။ မနက်ပိုင်းအော်ပရေးရှင်းပြီးတော့ ညဘက်ထိဆီးမသွားနိုင်တဲ့အခါ ခြေထောက်တွေ ဖောလာတယ်… ။ ဒါနဲ့ ဆရာကြီးတွေကို ဖုန်းဆက်တော့ … အော်ပရေးရှင်း ဒဏ်ကြောင့်နာလို့ မသွားနိုင်ဘူးအထင်နဲ့ ဆေးလုံးတွေ လာထည့်ကြတယ်… ။ ဗိုက်ကြီးလည်း တင်းလာပြီလေ … သူကလည်း လုံးဝနေလို့မရတော့ဘူး … ဆီးပိုက်ထည့်မယ်ဆိုပြီး ဟောက်ဆာဂျင်လေးကို ပြောတယ်… ပိုက်တွေ ဘာတွေ သွားဝယ်ပြီးပြီ… ။ etone ကတော့သူ့ကို နာမှာဆိုးလို့ ပိုက်မထည့်စေချင်ဘူး … ။ သူများကို ဆေးကုနေတဲ့လူက ကုတင်ပေါ်လှဲပြီး ဆီးမသွားနိုင်တော့ ပိုက်ထည့်မယ်ဆိုရော… etone ကစိတ်မကောင်းလို့ တအိအိနဲ့ ငိုရော… ။ တအိအိနဲ့ဆိုတော့ ငိုကြောရှည်တာနဲ့ ဆီးပိုက်ထည့်မဲ့ကိစ္စ လုံးဝမေ့နေကြတယ်… ။ အချိန်နဲနဲဆွဲသလိုဖြစ်သွားတာပေါ့ … ။ အဲ့ဒီအချိန် AS ဆရာဝန်မလေး တယောက်ဝင်လာပြီး … ဆရာ မတ်တပ်ရပ်ပြီး ဆီးသွားကြည့်ပါလား ပြောတော့မှ အားလုံးဝိုင်းထူပြီး မတ်တပ်ရပ်ခိုင်းမှ ဆီးသွားတယ်…. ။ ခြေထောက်မှာ ခွဲစိပ်ထားတာကြောင့် မတ်တပ်ရပ်နိုင်အောင် အားလုံး ၀ိုင်းကြိုးစားခဲ့ရတယ် …. ။ အဲ့ဒီဆ၇ာဝန်မလေးကလည်း သူ့အဖေတုန်းက ဒီလိုပဲတဲ့… ထိုင်လျှက်ဆီးမသွားတတ်တော့ ဒီအကြံကိုသူရခဲ့တာပါတဲ… ။ တစ်ချို့ တလေ ကိစ္စတွေကလေ… လွယ်မယောင်နဲ့ ခက်တတ်သလို … ခက်မယောင်နဲ့ လွယ်တာတွေလည်း ရှိတတ်ပါတယ် … ။
Was this answer helpful?
LikeDislikeဖတ်ရင်းနဲ့တောင် ဆီးသွားချင်လာပြီ
အဲ ရတော့ဘူး
……………………
ဟိုက် သွားပြီ
Was this answer helpful?
LikeDislikeအရေးပေါ် ဆီးမသွားနိုင်ဘူး ဆိုလျှင်… ဆရာဝန် ဆေးခန်းပြဖို့ လိုပါတယ်။
ဆရာဝန်ဆီရောက်ဖို့..အချိန်မတော်ဖြစ်နေတယ်ဆိုရင်… ဆေးမြီးတိုနဲ့ကုလည်း.. အလွန်ကိုသတိထားပါ..။
ပြီးရင်.. ချက်ချင်း.ဆ၇ာဝန်ဆီသွားပါလို့.. ပြောချင်ပါတယ်..။
ဆရာဝန်ဆီရောက်ဖို့..မိုင်ပေါင်းများစွာဝေးနေတယ်ဆိုရင်လည်း.. ရောက်အောင်သွားပါ ထပ်ပြီးတိုက်တွန်းချင်တာပါပဲ..။
Was this answer helpful?
LikeDislikeဟုတ်တယ် ဟုတ်တယ် ယောက်ကျားမှာ ဆီး မိန်းမမှာ မီး တဲ့ ယောက်ကျားတွေ ဆီးရောဂါဟာ မိန်းခလေးတွေ မီးနေခန်း ၀င်နေသလို အသက် အန္တရာယ် ဆိုးရိမ်ရပါတယ် .. ကိုခိုင်ပြောတာဟုတ်တယ်ဗျို့…..:P
Was this answer helpful?
LikeDislikeအဖေ တုန်းက ဆီးကျိတ် ရှိလို့ ဆီးမသွားနိုင်တဲ့ ပြသနာ ခဏခဏ ကြုံရတယ်လေ။
လူကလည်း မလှုပ်နိုင်တော့ ဆေးရုံဆေးခန်း ပြဖို့ တော်တော် ခက်တယ်။
ဆေးပုံမှန် သောက်ရင်းနဲ့ ဆီးသွားရခက်လို့ အဆင်မပြေဖြစ်နေပြီ ဆိုရင် အိမ်မှာ အဆင်သင့် စိုက်ထားတဲ့ ရှားစောင်းလက်ပတ် အတွင်း ဂျယ်လီ ကို ခြစ်ထုတ်ပြီး သကြားနဲ့ ခေါက်ပြီး တိုက်လိုက်ရင်တော့ ဆီးကောင်းကောင်း ပြန်သွားပါတော့တယ်။
Was this answer helpful?
LikeDislikeကိုတညင်သားရေ မိန်းမမှာမီးဆိုတာက မိန်းကလေးတွေရဲ့ ဓမ္မတာကိုပြောတာပါဓမ္မတာမမှန်ရင်ကျန်းမာရေးမကောင်းတဲ့အတွက်မိန်းမမှာမီးလို့ ပြောတာပါ
Was this answer helpful?
LikeDislikeအယ်….. မှားတဲ့အခါလဲ မှားပေမပေါ့.. ပြောချင်ဇော ကြီးသွားလို့ပါ ..ကျေးဇူးတင်ပါတယ်ဗျာ…
Was this answer helpful?
LikeDislikeရှားစောင်းလပတ် စားရင် အဆီကျတယ်ဆို ဟုတ်လား …
Was this answer helpful?
LikeDislike