ဦးသန့်ပြောတဲ့ အများသဘော
|372- Hits|ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် တာဝန်ကို ထမ်းဆောင်ခဲ့သော ဦးသန့်၏ စာလေးတစ်ခုကို ဖတ်မိရာက တင်ပြမိခြင်းပါ။
အများသဘော
“ အများသဘောသည် အမှားပေါကြောင်းကို ကြီးပွားရေးမဂ္ဂဇင်း တစ်စောင်တွင် ဆိုခဲ့ပြီးလေပြီ။
မည်သည့် တိုင်းပြည် နိုင်ငံ၌မဆို ပညာရှိသောသူ အရေအတွက်သည် ပညာမဲ့သောသူ အရေအတွက်ထက် နည်း၏။ ထို့ကြောင့် အများ သဘောကျ ဆောင်ရွက်လုပ်ကိုင်ရသော ကိစ္စဟူသမျှသည် အမြဲမကောင်းချေ။ နိုင်ငံအုပ်ချုပ်ရာ၌လည်း အများသဘောကျ အုပ်ချုပ်ခြင်းသည် မအောင်မြင်ကြောင်း ယခု ကောင်းစွာ သိကြရပေပြီ။ အများသဘောကျဆိုသော စကားသည်လည်း တစ်ခါတစ်ရံ အဓိပ္ပါယ်မရှိချေ။ အများသဘောကျ ဆို၍ ရွေးချယ်တင်မြှောက်လိုက်သော အမတ်များပင် အများသဘောကျသော အမတ်များ မဟုတ်ကြပေ။ ရှင်းဦးအံ့။
မင်းတိုင်ပင် အမတ်ရွေးကောက်ပွဲတွင် ပုဇွန်တောင် တစ်နေရာအတွက် ဦးဖြူ၊ ဦးမဲနှင့် ဦးနီ သုံးဦးအရွေးခံကြ၏။ ပုဇွန်တောင်တွင် ရှိသော လူတစ်ဝက်လောက်သည် ထိုပုဂ္ဂိုလ်ကြီး သုံးဦးကို ကောင်းစွာ မသိကြပေ။ မည်သူက ၀တ်လုံ၊ မည်သူက ရှေ့နေ၊ မည်သူက မြေပိုင်ရှင် ဆိုသည်ကိုလည်း ရှေးကမကြားဖူးကြ။ ထို့ကြောင့် မိမိတို့က သဘောကျ ကိုယ်စားလှယ်အဖြစ်ဖြင့် တင်မြှောက်ပါသည်ဆိုသော စကားသည် ရယ်ဖွယ်မျှသာ ဖြစ်ပေသည်။ မိမိတို့ သဘောကျသောသူသည် ထိုသုံးဦးထဲတွင် မရှိဘဲ ဦးစိမ်း၊ ဦးဝါ စသည်တို့ ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။
သို့ရာတွင် ထိုသူတို့မှာ ပိုက်ဆံကြေးငွေ မတတ်နိုင်၍သော်လည်းကောင်း၊ အခြားအကြောင်း တစ်ခုခုကြောင့်လည်းကောင်း အရွေးမခံကြချေး အထက်ပါ သုံးဦးကိုပင် ရွေးချယ်ကြသည်ဆိုကြပါစို့။ ဦးဖြူက မဲ(၃၀၀၀)၊ ဦးမဲက(၂၅၀၀)၊ ဦးနီက (၂၀၀၀) စီ ရကြလျှင် ယခု ဥပဒေအတိုင်း ဦးဖြူ အရွေးခံရမည် ဖြစ်ပေသည်။ သို့ရာတွင် ဦးဖြူသည် မဲအားလုံး၏ တစ်ဝက်မရပေ။ အကယ်၍ ဦးဖြူနှင့် အခြားတစ်ယောက်တည်းနှင့်သာ ယှဉ်ပြိုင်၍ အရွေးခံရလျှင် ဦးဖြူနိုင်ချင်မှ နိုင်ပေမည်။ ဤနေရာ၍လည်း ယခု အများသဘောဆိုသော စနစ်သည် အများသဘော စစ်စစ်မဟုတ်ကြောင်းကို ပြခြင်းပေတည်း။
အနောက် နိုင်ငံများတွင် ဒီမိုကရေစီခေါ် အများသဘောကျ အုပ်ချုပ်သော စနစ်ကို မုန်းတီးအပြစ်ပြောသူ အမြောက်အမြား ထွက်ပေါ်၍ လာပေသည်။ ထိုသူများထဲတွင် ဥာဏ်အမြော်အမြင်နှင့် ကောင်းစွာ ပြည့်စုံသော နိုင်ငံရေးသမားများ ခေါင်းဆောင်ကြီးများလည်း ရှိကြပေသည်။ ထိုပြဿနာကို ကျွန်ုပ်တို့ မြန်မာအမျိုးသားများကလည်း ကောင်းစွာ ဆင်ခြင်စဉ်းစား သင့်သည်ဟု ထင်မြင်သဘော ရရှိသည့်အတိုင်း ဤဆောင်းပါးတိုကလေးကို ရေးသားရပါသည်။ ”
ဒါဟာ. ကျွန်တော်တို့ ဦးသန့်ရဲ့ အတွေးပါ…
ကျွန်တော့ အတွေးတော့ မဟုတ်ရပါဘူး..
အဲ.. ဒါပေမယ့် လက်ရှိ ကျွန်တော်တို့ဆီက ဒီမို မကျပေမယ့် ဒီမို ပုံစံနဲ့ ပြုလုပ်လိုက်သော ရွေးကောက်ပွဲရလဒ်လေးကို ဆက်ပြီး စဉ်းစားမိလို့ ..
ဖတ်မိတာလေးကို တင်ပြရခြင်းပါ။
Related posts:
- ဦးသန့်ရဲ့မွေးနေ့ကိုမေ့နေကြပြီလား
- ဘီလ်ကိတ်ပြောတဲ့ ဘဝ(၁၁)ခု
- ဆင်သေကို ဆိတ်သားရေနဲ့ဖုံး လိပ်ကိုကြမ်းပိုး ဖြစ်အောင်ပြောတဲ့ နအဖ
- ပုဂ္ဂလိကပိုင်အဖြစ်ပြောင်းလဲထားသော မြန်မာ့ကြယ်ငါးပွင့်သဘောင်္လုပ်ငန်းပိုင် သဘောင်္များအနက် နိုင်ငံတကာသွားကုန်တင်သဘောင်္နှင့် ကမ်းရိုးတန်းသွားသဘောင်္ရှစ်စင်းကို ပြေးဆွဲခြင်းမပြုဘဲရပ်နားထား
- စာရေးဆရာ အောင်သင်းပြောတဲ့ မြန်မာ့ပညာရေးနဲ့ သင်တို့ထင်မြင်တဲ့ ပညာရေး …


ဦးသန့်က လူတော် တယောက်ပါ..
နိုင်ငံရေးတော့ မပြောတတ်ဘူး။
ဗုဒ္ဓဘာသာ မှာ သူ့ရဲ့ ကျေးဇူးတွေ တော်တော် များတယ်။ ဗုဒ္ဓဂါယာ သွားကြည့်ရင် သိပါလိမ့်မယ်။
Was this answer helpful?
LikeDislikeဦးသန့်ဟာကုလသမဂ္ဂ အတွင်းရေးမှူးအဆက်ဆက်မှာ ကမ္ဘာစစ်ကြီး ဖြစ်စေနိုင်သည့်အရေးအခင်းများကို ဖြေရှင်းနိုင်ခဲ့သော တကမ္ဘာလုံးကလေးစားရတဲ့ စံပြမြန်မာနိုင်ငံသားတဦးပါ။
Was this answer helpful?
LikeDislikeတတိယကမ္ဘာစစ်မဖြစ်ခဲ့တာ ဦးသန့်ကြိုးပမ်းမှုကြောင့်လို့ စာမှာဖတ်ဖူးပါတယ်
ကျူးဘားကျွန်းနဲ့ ဆိုဗီယက်အရေးအခင်းမှာ ဦးသန့် အတော်လေးကြိုးပမ်းခဲ့ပါတယ်တဲ့
Was this answer helpful?
LikeDislikeဦးသန့် အင်မတန်တော်တယ်ဆိုတာ… “ အများသဘောသည် အမှားပေါကြောင်း” ဆိုတဲ့.. အဲဒီအတွေးအခေါ်နဲ့တင်သိသာတယ်..။
-
အများစုက..Rule လုပ်ရတယ်ဆိုတဲ့… ဒီမိုကရေစီမှာ….
မြေခွေး၂ကောင်နဲ့သိုးတကောင် အနည်းစုကို ညစာအဖြစ်စားရေး မဲခွဲဆုံးဖြတ်တာမျိုးဖြစ်နေတတ်တယ်.. အထူးသဖြင့် အုပ်စုတောင့်ရင် ကောက်ရိုးမီး-သွေးကြွပြီး.. အနည်းစုကို ဆုံးမချင်တတ်တဲ့ လူမျိုးစု..နိုင်ငံတွေ… အင်မတန်သတိထားသင့်တဲ့ အတွေးအခေါ်ပါပဲ..။
Was this answer helpful?
LikeDislike