အဆာပြေ မုန့်..
|1409- Hits|သရက်ယို..
မွှေး ဂျုံမှုန့် ၂၀၀ တန် ၂ထုတ်
ရေနဲ့ ဆီနဲ့ အချိုးကျ နယ်ထားတဲ့ ပန်းကန်က တစ်ချပ်
ဆီ ချည်းပဲ သီးသန့် နယ်ထားတဲ့ ပန်းကန် က တစ်ချပ်
ဆီ နဲ့ ရေ ကို အလုံးလုပ် သပ်သပ် စီထား..
ဆီချည်း သက်သက် ကို အလုံး သပ်သပ် လုပ်ထားပြီး သပ်သပ်စီ ပုံထား
ထို့နောက်တွင်.. ဆီနဲ့ ရေ နယ်ထားတဲ့ ဟာတွေကို အပြားခပ်.. အပေါ်မှာ ဆီချည်း နယ်ထားတဲ့ အလုံးကို ထည့်ပြီး လုံးလိုက်ပါ…
ပြီးတော့ အထပ်ထပ်.. ပြန်လုံးပြီးနောက်တွင်..
အပြားပြန်ခပ်ပြီး သရက်ယို အတွင်းမှာ ထည့်လို့ မုန့်ဖုတ်ရန် ပြင်ဆင်ပါသည်။
မီးဖို တွင် ၈မိနစ်လောက် ဖုတ်ပြီး အထက်အောက် လှန်ပြီး ပြန်ဖုန်.. စုစုပေါင်း ၁၅ မိနစ်လောက် ဖုတ်လိုက်ပါ။
စားချင်စဖွယ် မုန့်များ ရရှိမှာ ဖြစ်ပါသည်။
သရက်ယိုနှင့် ပြုလုပ်သည်ဟု ပြသထားပေမဲ့.. ဖရုံယိုကို ထုထောင်းပြီး မုန့် အတွင်းစာ လုပ်လို့ ရသလို..
ပဲကို ပြုတ်ပြီးတော့ သကြားနဲ့ ကြေညက်တဲ့ အထိ ယိုထိုးပြီးတော့ လည်း ပြုလုပ်နိုင်ပါတယ်။
အိမ်မှာ အပျော်တမ်း လုပ်တဲ့ အတွက် လက်ရာကတော့ သိပ်မလှဘူး။
အမြင်အားဖြင့် သုံးဆောင် နိုင်ကြပါစေကုန်သတည်း။
Related posts:


အိုးးးး မိုက်လှချည်လား ဆူးရဲ့ ဒါလည်း ရတာပဲနော်။ နည်းပေးလို့ ကျေးဇူး အထူးပါ။
Was this answer helpful?
LikeDislikeဆူးရေ သရက်ယိုက ကိုယ်တိုင်လုပ်တာလား။ ဝယ်တဲ့ဟာလား။ ဝယ်တာဆိုရင် ဘယ်မှာဝယ်ရသလဲ။ ဘာတံဆိပ်လဲ သိချင်တယ်။ ကိုယ်တိုင်လုပ်တာ ဆိုရင်လဲ လုပ်နည်းလေးပါ ထည့်ပြောပေးပါလား။
Was this answer helpful?
LikeDislikeသရက်ယိုကတော့ အမေ ဈေးက ၀ယ်လာတဲ့ သရက်သီးတွေ မှည့်ပြီး စားမဲ့သူ မရှိလို့ ယိုလုပ်ထားတာပါ..
သရက်သီး ၅လုံး ခန့်ကို အခွံခွာ.. အသားလှီးထုတ်ပြီး အိုးထဲထည့်ပြီး ဆီ နဲ့ သကြားနဲ့ မီးခပ်အေးအေး နဲ့ မွှေမွှေ ပေးပြီးတော့ ထို အနေအထား ဖြစ်တဲ့ အထိ တည်ရမှာ ဖြစ်ပါတယ်။ သရက်သီးမှ မဟုတ်ပါဘူး ခရမ်းချဉ်သီး ဆိုရင်လည်း ခရမ်းချဉ်သီးကို ပြုတ်ပြီးတော့ အခွံလေး ခွာ အတွင်းက အရည်နဲ့ အစေ့ထုတ်ပြီး မီးအေးအေး နဲ့ ဆီ နဲ့ သကြားနဲ့ မွှေပေးပြီး ယို ဖြစ်အောင် ပြုလုပ်နိုင်ပါတယ်။
Was this answer helpful?
LikeDislikeဒါတွေ ချည်း နေ့ တိုင်းစားလို့ ထင်တယ်နော်
အစားလေးတော့ နည်းနည်းလျှော့ ပါ ဖွားဆူး ရာ
Was this answer helpful?
LikeDislike“ဆီ နဲ့ ရေ ကို အလုံးလုပ် သပ်သပ် စီထား..
ဆီချည်း သက်သက် ကို အလုံး သပ်သပ် လုပ်ထားပြီး သပ်သပ်စီ ပုံထား
ထို့နောက်တွင်.. ဆီနဲ့ ရေ နယ်ထားတဲ့ ဟာတွေကို အပြားခပ်.. အပေါ်မှာ ဆီချည်း နယ်ထားတဲ့ အလုံးကို ထည့်ပြီး လုံးလိုက်ပါ…
ပြီးတော့ အထပ်ထပ်.. ပြန်လုံးပြီးနောက်တွင်..”
အဲဒီအဆင့်တွေကို သေချာပြန်ရှင်းပြပေးပါလား … ဖတ်ရင်းနဲ့ လည်နေလို့ ….
Was this answer helpful?
LikeDislikeဆီနဲ့ ရေ နယ်ထားတဲ့ ဟာတွေကို အပြားခပ်.. ပြီးတော့ အပေါ်က ဆီချည်း နယ်ထားတဲ့ အလုံးတွေကို ထပ်တက်ပြီး ပြားလိုက်ပါ..
ထို့နောက်.. အလိပ်ကလေး လုပ်ထားပါ။
ထို အလိပ်ကလေးကို အပြားခပ်ပြီး အစာထည့် လုံးပြီး ဖုတ်နိုင်ပါသည်။
ဆီနဲ့ ရေနဲ့ အပြားခပ် ကြားမှာ ဆီ နယ် ထားတဲ့ ဟာ ရောက်သွားတဲ့ အတွက် မုန့် ဖုတ်ပြီးသော အခါ အထပ်ထပ် ဖြစ်သွားပါတယ်။
အပြောနဲ့ အလုပ်က ယှဉ်တွဲနေမှ ပို အဆင်ပြေလိမ့်မယ် ထင်တယ်။
ပုံနဲ့ ဆိုတော့ မြင်သာမှု သိပ်မရှိ ဖြစ်နေတယ်။
Was this answer helpful?
LikeDislikeဂျုံနယ်တဲ့အခါမှာ ပုံမှာပြထားတဲ့အတိုင်း ဂျုံကို ဆီနဲ့ တပန်းကန်နယ်ပါ နောက်တပန်းကန်က ဂျုံကို ဆီနဲ့ရေ ပါ ဆတူ ရောပြီးနယ်ရပါမယ် ဘာလို့ခွဲပြီးနယ်ရတာလဲ ဆိုရင် မလုပ်တက်လို့ပါ ..လုပ်တက်ရင်အဲဒီလို ခွဲပြီးနယ်စရာမလိုပါဘူး…. ဆီ နဲ့ ရေ ရောပြီးနယ်ထားတဲ့ ဂျုံကိုအလုံးလုပ် သပ်သပ် စီထား..
ဆီချည်း သပ်သပ် နယ်ထားသောဂျုံကို အလုံး လုပ်ထားပြီး သပ်သပ်စီ ပုံထား………….
ထို့နောက်တွင်.. ဆီနဲ့ ရေ နယ်ထားတဲ့ ဂျုံလုံးတွေကို အပြားခပ်.. အပေါ်မှာ ရေမပါပဲ ဆီချည်း သပ်သပ်နယ်ထားတဲ့ ဂျုံအလုံးကို ထည့်ပြီး လုံးလိုက်ပါ…
ပြီးတော့ အထပ်ထပ်.. ပြန်လုံးပြီးနောက်တွင်..ဆိုတာက အပြားခပ်လိုက် ပြန်လုံးလိုက်ပေါ့နော်…..
ကျန်တာ အန်တီဆူး ရေးပြထားသလိုပါပဲ……………၀င်ရောက် လက်ကမြင်းကြည့်တာပါ
Was this answer helpful?
LikeDislikeဆီ ချည်းပဲ နယ်ပြီးတော့ အပြားခပ်ပြီး ဆီပူပူနဲ့ ကြော်လိုက်လေ.. ကြွပ်သွားရင် ပလာတာတောင် ဖြစ်မလားပဲ..
ဆူး လုပ်တဲ့ မုန့်က ဆီ အိပြီး ဆီတွေ ရွဲ နေမဲ့ မုန့်မျိုး မဟုတ်ဘူးလေ.. ဒါကြောင့် ၂မျိုး လုပ်တာပါ။
Was this answer helpful?
LikeDislikeကြိုက်ပါ့။ ကျောက်ဖရုံယိုလေးနဲ့ စားဖူးတဲ့ ပဲမုန့်လေးနဲ့တူတယ် ။ သရက်ယိုလဲ ကြိုက်တယ် .ဆူးလက်ရာ မုန့်ကို ဆုကော်ဖီ မွှေးမွှေးလေး နဲ့ ဆို Perfect
Was this answer helpful?
LikeDislikeမမဆူးရေ လုပ်တော့စားချင်တယ်
မိုက်ခရိုဝေ့ဖ် ရှိဘူး
Was this answer helpful?
LikeDislikeမိုက်ခရိုဝေ့နဲ့လုပ်ထားတာမဟုတ်ဘူး .. ကင်တဲ့စက် oven နဲ့ ဖုတ်ထားတာ ..
oven က ဈေးမကြီးပါဘူး … ၀ယ်သုံးကြည့်လိုက်ပါ … ဘာပဲကင်ကင် အကုန်အဆင်ပြေတယ် …
Was this answer helpful?
LikeDislikeoven ကင်တဲ့ ဖုတ်တဲ့ စက် မ၀ယ်လည်း ရှေးယခင် အဖိုး အဘွားတို့ ခေတ်တုန်းကတော့ ဗန်း အကြီးထဲ ထည့်ပြီး အပေါ်မီး အောက်မီးနဲ့ ဖုတ်ပါတယ်။ မီးအနေအထားနဲ့ အကျက်ညီအောင် လုပ်တတ်ရင် အဆင်ပြေပါတယ်။ ဆူးတော့ အပေါ်မီး အောက်မီးနဲ့ မလုပ်တတ်ဘူး။ အခု မီးဖိုနဲ့တောင် အနိုင်နိုင်.. မနည်း လုပ်ရတာ.. ဟိဟိ.. ပညာစွမ်းပြချင်လို့ ဓါတ်ပုံလေး နည်းနည်း ရိုက်ပြတာ.. ကျွှမ်းကျင် အဆင့်တော့ မဟုတ်သေးဘူး။
Was this answer helpful?
LikeDislikeပုံကြည့်တာနဲ့သိတယ် တကယ်လုပ်ရင် မလွယ်ဘူးဆိုတာ။ အမြင်အာရုံနဲ့သာ ခံစားသွားပါတယ်
Was this answer helpful?
LikeDislikeအပြောလောက်တော့ မလွယ်တာ အမှန်ပါပဲ။ ဆူး ရဲ့ ဘိုးဘွားတွေ မုန့်လုပ်တဲ့ ပညာကို တရုတ်ဆရာ ခေါ်ပြီး လုပ်ခိုင်းပေမဲ့.. တရုတ်ဆရာ ရဲ့ ပညာသားပါပါ ပိပိရိရိ လုပ်တဲ့ အတွက် အချိန်အဆ မသိပဲ.. တော်တော် ကြာတဲ့ အထိ မလုပ်တတ်ပါဘူး။
တရုတ်မုန့် ဆရာ မသိအောင် ညည တိတ်တိတ်လေး ခိုးသင်ထားတဲ့ မုန့်လုပ်နည်း အကြိမ်ကြိမ် စမ်းသပ်ပြီးမှ.. လုပ်တတ်သွားတဲ့ မုန့်ပညာထဲမှာ ထိုမုန့် လုပ်နည်းလည်းပါပါတယ်။
Was this answer helpful?
LikeDislikeဒီလိုသာ
မိုက်ခရိုဝေ့ဖ်တွေဘာတွေရှိမှစားလို့ရတဲ့
မုန့်လုပ်နည်းတွေဆိုတာ
မြို့ပေါ်လူပေါ်လူကျော
ရေပေါ်ဆီ
လူ့မလိုင်တွေတွေမှ လုပ်စားနိုင်တာ
ဒီဂျားထဲ လျှပ်စစ်မီးမရှိတဲ့ ကျုပ်တို့ရွာကလူတွေတွက် ဒီနည်းက
မကောင်းဘူး
ဒါ အဆင့်တန်းခွဲခြားတဲ့ နည်းတစ်ခုဘဲ
ဒါကြောင့် ဒီနည်းကို ကန့်ကွက်ပြီး
စတန်းတက်ဖြစ်စေတဲ့ နည်းကို ပူးတွဲ ဖြန့်ဝေလိုက်ပါတယ်
…………………………..
………………………….
Nice & Easy ထမင်းကြမ်း မီးဖုတ်စားနည်း
လူအပ်ပစ္စည်း = အခဲလိုက်ဖြစ်နေသော ထမင်းကြမ်းတုံး
( အတုံးလိုက်ဖြစ်လျှင် အတုံးလိုက်
အတုံးလိုက်မဖြစ်လျှင် ထမင်းကြမ်းများကို လက်ဖြင့် အလိုရှိသည့်အရွယ်
လက်ဖြင့် ဆုပ်ပြီး အခဲဖြစ်စေ အလုံးဖြစ်စေ မိမိအလိုရှိသလိုပုံစံပြုလုပ်ပါ
( ဆိုလိုသည်မှာ ထမင်းဆုပ် )
ထိုသော ( ထမင်းကြမ်းခဲဖြစ်စေ ထမင်းဆုပ်ဖြစ်စေ ) ကို
ရပ်ကွက်တွင်းရှိ ဘိန်းမုန့်ဆိုင်ရှိ မီးဖိုတွင်းရှိ မီးထည်းသို့ ပစ်ထည့်လိုက်ပါ
အနည်းငယ် တူးလာလျှင် တူးနေသော ဘေးသားများကို ဖယ်ပြစ်လိုက်ပြီး
ထိုသော ထမင်းမီးဖုတ်ကို
ကော်ဖီဖြင့်သော်၎င်း
အိုဗာတင်းဖြင့်သော်၎င်း
မိုင်လိုဖြင့်သော်၎င်း
……………ဖြင့်သော်၎င်း
……………ဖြင့်သော်၎င်း
……………ဖြင့်သော်၎င်း
……………ဖြင့်သော်၎င်း
……………ဖြင့်သော်၎င်း
……………ဖြင့်သော်၎င်း
……………ဖြင့်သော်၎င်း
……………ဖြင့်သော်၎င်း
ဆိုလိုသည်မှာ ထို ထမင်းမီးဖုတ် တစ်မျိုးတည်းကို ဖြစ်စေ မိမိတို့ ကြိုက်နှစ်သက်သည့်
အခြား အစားအစာများနှင့် ဖြစ်စေ အတူတွဲ၍ စားသုံးနိုင်ပါကြောင်း
နောင်များ ကြုံကြိုက်လျှင် ထမင်းကြမ်း ယက်ခပ်စားနည်းကိုပါ တင်ပြပေးပါမည်။
Was this answer helpful?
LikeDislikeစားချင်စရာကြီးနော်။ရုံးအားရက်မှဘဲ သူငယ်ချင်းတွေနဲ့ လုပ်စားတော့မယ်။ဟဲ့ဟိုတယောက်ကဘာယူခဲ့ ဒီတယောက်ကဘာယူခဲ့ဆိုပီး အိတ်ကပ်ထဲကငွေထွက်သက်သာအောင်လုပ်ရမယ် ဟိ ဟိ
Was this answer helpful?
LikeDislikeဗိုက်ဆာလာပီဗျ
သွားစားတော့မယ် ….
Was this answer helpful?
LikeDislikeမဆူးရေ…….အဲဒီအတိုင်းလုပ်လိုက်တာ တူးသွားတယ်။ ဘယ်လိုဆက်လုပ်ရမလဲ ?
Was this answer helpful?
LikeDislikeတူးသွားရင် မဲသွားတဲ့ အပေါ်ခံ ခွာစားလိုက်.. ဆူး ပြောတဲ့ အချိန်အဆ နဲ့ ဆိုရင် မီးသွေးတုံး တော့ မဖြစ်လောက်ဘူး
Was this answer helpful?
LikeDislikeအမယ် ဒီကောင်က အိမ်မှာလုပ်စားနေသယောင် သံယောင်လာပေးနေသေးသဗျ။
မမဆူးရေ …..တူးသလေး၊ဘာလေးနဲ့ လျှောက်ပြောနေတယ်။
Was this answer helpful?
LikeDislikeလုပ်နည်းလေးက လွယ်သားပဲနော် စားလို့လည်း ကောင်းမယ် … အထားလည်း ခံမယ့်ပုံပဲ ဟဲဟဲ … ။ ဒါပေမဲ့ .. ကိုယ်တိုင်လုပ်စားရမှာတော့ ပျင်းတယ်… လူကြီးတွေကို လုပ်ခိုင်းလိုက်မယ်
Was this answer helpful?
LikeDislikeကြည့်ရင်းနဲ့တောင် စားချင်လာပီး.. တစ်ပွဲလောက်ပေးပါလား.. အတော်ပဲဗျာ အိမ်မှာလုပ်စားလို့ရတယ်
Was this answer helpful?
LikeDislikeမမဆူးရေတလုံးလောက်ကျွေးပါဗျို့
ကြည့်ရင်းနဲ့စားချင်လာတယ်
အထဲကပဲယိုလေးနဲ့စားချင်တယ်
Was this answer helpful?
LikeDislikeပဲယိုက အရမ်းပင်ပန်းတယ်။ ပဲကို ပြုတ်ပြီး သကြားနဲ့ ကြေအောင် ယိုထိုးရတာ စည်းကပ်သွားတဲ့ အထိ သိပ်မလွယ်ဘူး။ ပဲ က မီးပြင်းရင် ကပ်တယ် မီးမပြင်းအောင် နဲ့ တချိန်ကုန် မွှေရတယ်။ အမွေ မတော်ရင် ပဲ တွေ ပေါက်ရင် ပူက ပူသေးတယ်။
ဈေးမှာ ပဲ နဲ့ လုပ်ရောင်းတဲ့ ဈေးသည်တွေ ဆီက ၀ယ်အားပေးလိုက်တာ ပိုကောင်းမယ်။
ပင်ပန်းခံပြီး လုပ်ထားတဲ့ သူတွေကို အားပေးတော့ သူတို့လည်း လုပ်ရကျိုးနပ်တာပေါ့။
Was this answer helpful?
LikeDislikeသရက်ယိုကို မြင်ထဲက သရေယိုနေတာ။ ဆက်ပြီး လုပ်ပေးထားတာတွေ စားကြည့်တော့ အတော်ကောင်းသား ညီမလေးရ.. ဒူးရင်းသီးယိုတွေနဲ့ကော လုပ်လို့ရလား…။
Was this answer helpful?
LikeDislikeယိုလုပ်တာ မခက်ပါဘူး.. ဘာ အသီးဖြစ်ဖြစ် ချေမွပြီး ဆီ နဲ့ သကြားနဲ့ မီးအေးအေး နဲ့ ချက်လိုက်ရင် ယို ဖြစ်သွားပါတယ်။
ဒူးရင်းယိုလည်း အဲဒီ အတိုင်းပါပဲ။
ုမုန့်ထဲမှာ ဒူးရင်းယို ထည့်လုပ်လို့ ရပါတယ်။
Was this answer helpful?
LikeDislikeသာဓုဗျာသာဓု အဲလေ စားချင်စဖွယ်တွေပါဗျာ
Was this answer helpful?
LikeDislikeမလှမပ အား အမြင်အားဖြင့် အားပေး ထောက်ခံသွားတဲ့ အတွက် ကျေးဇူးတင်ပါတယ်။
Was this answer helpful?
LikeDislike