MGစာလုံးဒီဇိုင်းပုံများ
|935- Hits|ရွာသူရွာသားအပေါင်း သူတော်ကောင်းတို့ အပျင်းပြေကြည့်ရအောင် လက်ကမြင်းလိုက်ကြောင်း….
(သဂျီးကောင်းကြောင်းကြော်ငြာတစ်ပုံပါ၏)

သက်တန့်ရောင် MGပါ၊ 3Dဒီဇိုင်းနဲ့ပေါ့

ဒါကတော့ ဖောက်ထွင်းမြင်လို့ရတဲ့ စာလုံးအကြည်ပုံစံ

ဒီပုံကလည်း သက်တန့်ရောင်ပဲ၊ သူကတော့ Blurထားတာ

neon light MG၊ အဲဒီပုံကြည့်ပြီး နားငြီးတယ်

သဂျီးကကောင်းတယ်လို့ ကြော်ငြာဝင်တာ

cardiac waveလေးပါ၊ သူများတွေကတော့ပြောတယ်၊ ဓါတ်လိုက်နေတာလားတဲ့
———————————————————————————————-
ဘာရယ်တော့မဟုတ်ဘူး
ဒီလိုပဲလက်ကမြင်းပြီး လုပ်လိုက်တာ
ဘယ်ပုံလှတယ်ထင်လဲ
Related posts:


လှပါတယ်။ အားလုံးလှတယ်။ သူဂျီးအစ်(စ်) ဂွတ်ဆိုတာကလွဲပြီးတော့ပေါ့။
Was this answer helpful?
LikeDislikeအောက်ဆုံးပုံလေး သဘောကျ၏ ………..
Was this answer helpful?
LikeDislikeသဂျီးအစ် ဂို့စ်လားလို့ ဟီး…. လန့်သွားတာပဲ။ မဆိုးတော့မဆိုးပါဘူး အပေါ်ဆုံးက ဘာကိုပြောထားမှန်း သေချာမသိဘူးဖြစ်နေတယ် ညီမလေးရဲ့။ မိုက်တယ် ဆက်လုပ်…
Was this answer helpful?
LikeDislikeသဂျီးနာမည်နဲ့မှ အဲဒီ ဒီဇိုင်းဖြစ်သွားတယ်
အပေါ်ဆုံးပုံက သရီးဒီပုံလုပ်ထားတာပါအစ်မ
အရင်ကလုပ်ထားတဲ့PSDပုံက layerတချို့ယူသုံးထားတယ်
ပြီးတော့ လုပ်ထားတာလည်း step by step မဖြစ်လိုက်ဘူး
ပြန်မပြင်တော့ဘဲ ရသလိုဆက်လုပ်လိုက်တာ
သိပ်မသပ်ရပ်ဘူးဖြစ်သွားတယ်
အဲဒီတော့ ပုံကသိပ်မပေါ်တော့ဘဲ ဘာကိုပြောထားမှန်း သေချာမသိဘူးဖြစ်သွားတယ်အစ်မရယ်..
ညွှန်ပြပေးတာ ကျေးဇူးတင်ပါတယ်
ညီမလည်း အစ်မပြောမှသေချာကြည့်ပြီး အပြစ်တွေတွေ့တော့တယ်
အစက သိပ်မသိသာဘူးထင်နေတာ
Was this answer helpful?
LikeDislikeအောက်ဆုံးပုံက ဘာတုံး..
MDY GAY ဆိုပါလားဗျ..
Was this answer helpful?
LikeDislikeMDY GAYZပါရှင်
GAY မဟုတ်ပါဘူး
တော်ကြာ ရွာထဲကရွာသားတွေ စိတ်ဆိုးနေပါဦးမယ်….
Was this answer helpful?
LikeDislikeရွာထဲမှာ Photoshop ကျွမ်းတဲ.သူတွေလည်း ရှိနေပါလား
ရွှေဘိုသားပုံလေး တင်မယ်လို. လုပ်နေတာ မတင်ရဲတော.ဘူး စတာနော် စိတ်မတိုးနဲ.ဗျ
သူကြီးကောင်းကြောင်းသာပြောတယ်
ကျနော်တို.ေ၇ွှဘိုက စာသင်ကျောင်း နံရံပေါ် ဆွဲထားတဲ. အရုပ်တွေပေါ် နှင်းကျထားတာနဲ. တူတယ်
သူကြီး အပတ်အေး နေပါအုံးမယ် မှာလို. အအေးပတ် နေပါအုံးမယ် သေသွားလို. ထုတ်စရာရှိတဲ. ပိုက်ဆံမရပဲနေအုံးမယ်
ပိုက်ဆံလိုချင်လို.တော.မဟုတ်ပါဘူး သူကြီး သံသရာ အကြွေးတင်နေမှာစိုးလို့
Was this answer helpful?
LikeDislikephotoshop မကျွမ်းပါဘူးရွှေဘိုသားရယ်
လေ့လာဆဲပါ
အင်တာနက်ကနေ လေ့လာတယ်လေ
photoshop သင်တန်းတွေတော့မတက်ဖူးဘူး
ရှာဖွေလေ့လာရင်း self-studyလုပ်နေတာ
လောလောဆယ်လုပ်နေတဲ့ အလုပ်နဲ့လည်း သိပ်မဆက်စပ်ဘူး
Was this answer helpful?
LikeDislikeမဟုတ်မှလွဲရော သူကြီး ကောင်းတယ်လို. ရေးထားတာကို မကျေနပ်လို.
ရွာသား တစ်ယောက် သေးပန်းသွားတာလား မသိဘူး
Was this answer helpful?
LikeDislikeမပန်ပန် ကျနော်လည်း Photoshop စိတ်ဝင်စားလို. လေ.လာနေတာဗျ သိပ်တော. မတတ်သေးဘူး
အခုတောင် သင်တန်းတက်မလို. စုံစမ်းနေတာ အင်တာနက် ဘယ်ဆိုဒ်ကလေ.လာတာလည်း ပြောပါအုံးနော်
လေ.လာချင်လို. တစ်ဆက်ထဲ မေးရအုံးမယ် Posted in forum မှာဘယ်လိုဝင်ရေးသလဲဆိုတာ သိရင်
zinmyonaung91@gmail.com ထဲပို.ပေးပါဗျာနော် ဘယ်လိုမှတော. သဘောမထားပါနဲ.
Was this answer helpful?
LikeDislikeမေးလ်ထဲပို့လိုက်ပြီ ရွှေဘိုသားရေ….
photoshop လေ့လာဖို့ ဆိုဒ်ပါပေးလိုက်တယ်
brush, custom shape, font, style, gradiant စတာတွေလည်း ရသလောက် ဒေါင်းလုပ်ချပြီးလုပ်ရင် ပိုကောင်းတယ်
Was this answer helpful?
LikeDislikeအပေါ်ဆုံးနဲ့ အောက်ဆုံးကပုံလေးလှတယ်။ ကိုယ်ကဖိုတိုရှော့လုပ်တာမကျွမ်းတော့ သူများတွေကျွမ်းတာမြင်ရင် သိပ်ကိုအားကျပါတယ်။
Was this answer helpful?
LikeDislikeပုံတွေ အားလုံးလှပါတယ်။
အောက်ဆုံးက ပုံလေးကို အကြိုက်ဆုံးပဲ …
Was this answer helpful?
LikeDislikeသက်တန့်ရောင်ပဲ၊ သူကတော့ Blurထားတာလို့ ဆိုတဲ့ ပုံကို ကြိုက်တယ်။
သဂျီး is good ဆိုတဲ့ ပုံမှာတော့ ဒီဇိုင်းက opposite ရသကို ပေးချင်ပုံပဲ။
Was this answer helpful?
LikeDislikeရိုးရိုးလေးလုပ်မိတာရယ်ပါ
မမလုပ်မှ သဂျီးစိတ်ဆိုးတော့မယ်
တော်ကြာရာဇ၀တ်သင့်ပြီး ထိပ်တုံးစာမိနေမှဖြင့်…….
Was this answer helpful?
LikeDislikeပန်ပန်ကတော့ လုပ်တော့မယ်…သူကြီးကပုံထဲကလို မျက်နှာမှာကျောက်ပေါက်တွေလို ရေကျောက်တွေလိုမပါဘူးလို့…ကိုကြောင်ဆီမှ သတင်းရတယ်…ပြန်ဖျက်ပေးလိုက်အုံးနော်…တော်တော်ကြာ သူကြီးရွှေစိတ်တော်ဆိုးပြီး…နှစ်လုံးပြူးနဲ့လိုက်ပစ်နေအုံးမယ်…သူကြီးခန့်ချောကြီးတဲ့ ၀င်းဦးနဲ့တူတယ်ဆိုလားပဲ….
Was this answer helpful?
LikeDislikeအဲဒါကြောင့် သဂျီးနာမည်ကိုပဲလုပ်တာပါ
ကျောက်ပေါက်မာလိုဖြစ်သွားလို့လား
တကယ်ကတော့ မှန်မှာစာရေးထားတာ မိုးရွာတော့ ရေငွေ့ရိုက်ပြီး ရေးထားတဲ့ဆေးတွေ စီးကျလာတာပါ
Was this answer helpful?
LikeDislikeလက်ကမြင်း ခြေထောက်ကနွား ကိုယ်ကကျွဲ ခေါင်းကဆိတ် ဘယ်လိုပုံပေါက်သွားမလဲ ကိုယ့်ပုံကို ဒီဇိုင်းထုတ်ကြည့်ပါလားဟင်..။
လက်ကမြင်းထားတယ်ဆိုလို့ပါ။။
Was this answer helpful?
LikeDislikeအမြီးကတော့ ကြောင်မြီး
ဦးကြောင်ကြီးအမြီးကို ယူသုံးပစ်လိုက်မယ်
Was this answer helpful?
LikeDislikeKISS “Keep it simple, Stupid!”
အဲဒါလေး.. ကိုင်စွဲထားပြီး..effect တွေသိပ်မသုံးပဲ.. ကိုယ့်လုပ်အားနဲ့.. အချိန်ယူလုပ်ပါ..။
အနုပညာ မြှောက်လာလိမ့်မယ်..ထင်ပါတယ်.။
မန္တလေးဂေဇက် လိုဂိုက( Mandalay Gazette)စာက.. မင်းတုန်းမင်းလက်ထက်ကထဲကအတိုင်းပဲ..။
စာလုံးဒီဇိုင်းက.. အထူးတလည်မပြင်ထားပါဘူး..။
အဲဒါလေး အသိပေးချင်လို့…
Was this answer helpful?
LikeDislikehttp://www.mmphotoshop.net/
http://www.mmphotoshop.net/index.php/tutorials/text-effect.html
photoshop လေ့လာလို့ရမဲ့ ဆိုဒ်ပါ.အဲဒီမှာအခြေခံ အကုန်ရှိပါတယ်
Was this answer helpful?
LikeDislikeလူမင်း က ကျန်စစ်မင်း …… သူကြီး က မင်းတုန်းမင်း…..
ပြင်ဘူး…………..ဒါ ပဲ နော်..။
Was this answer helpful?
LikeDislike