လွမ်းနေဆဲပါ……….
|431- Hits|ဆည်ဆောက်တာနဲ့ ပတ်သက်လို့ ကိုယ်တွေ့ အဖြစ်အပျက်ကလေး တစ်ခုပြောပြချင်လို့ ပါ။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊သိမ်ဇရပ်ကျေးရွာ ရှိ အမှတ်(၁) စစ်တောင်းစက္ကူစက်ရုံ အနောက်ဘက်မှာ ၂၀၀၆-၂၀၀၇ ခုနှစ်လောက်က နိုင်ငံတော်အစိုးရက ဆည်တစ်ဆည်တည် ဆောက်ခဲ့ပါသည်။ အဲဒီ့နှစ်က lone ၁၀ တန်းနှစ်ပါ။ lone ၈ တန်းထိ သိမ်ဇရပ်မှာနေခဲ့ပါတယ်။ အဘိုးတို့နဲ့အတူတူနေပါတယ်။ အဖိုးက စစ်တောင်းစက္ကူစက်ရဲ့ လက်ထောက်စက်ရုံမှူးတစ်ယောက်ပါ။ အဖိုးက ဘာသာရေးတရားသမားကြီးဆိုတော့ ဘုရားတည်ကျောင်းဆောက်ဖို့အရမ်းစိတ်အား ထက်သန်ပါတယ်။ အဲဒါ့ ကြောင့် ယခင်က စစ်တောင်းစက္ကူစက်ရုံရဲ့ အနောက်ဘက် (ဆည်ဆောက်ခဲ့သောနေရာတွင်) တွင် အဖိုးက ဘုရားလေးဆူအမည်ရှိ စေတီနှင့် တကွ ဘုရားလေးဆူကို တည်ထားကိုးကွယ်ခဲ့သည်။ ဇရပ်များစွာ နဲ့ကျောင်းထိုင် ဆရာတော်တစ်ပါးနှင့် အတူ ဘုန်းကြီးကျောင်းတစ်ကျောင်းလည်း ဆောက်လုပ်လှူဒါန်းခဲ့သည်။ နှစ်စဉ်နှစ်တိုင်းလိုလို ဘုရားလေးဆူတွင် ဘုရားပေါင်းများစွာ ကို ပင်တိုင်လက်သမားများနှင့် ထုဆစ်ကာ အနေကဇာတင် တည်ထားခဲ့သည် ။နှစ်စဉ်နှစ်တိုင်းပင် ဘုရားပွဲများစွာ ပြုလုပ်ခဲ့သည်။ ဘုရားပွဲ လုပ်ပြီဆိုရင် lone အရမ်းပျော်သည် ။တစ်အိမ်လုံး ဘုရားပွဲအတွက်လိုအပ်တာတွေ ချက်ပြုတ်စရာ လှူဒါန်းစရာများ တပွေ့တပိုက်နှင့် နှစ်တိုင်း ဘုရားသို့သွားကာညအိပ် ၂ရက်၃ရက် သွားရောက်လုပ်ကိုင်ခဲ့ကြမြဲဖြစ်သည် ။သိမ်ဇရပ်ရှိနမည်ကြီး ဆရာတော်များအားဖိတ်ကာ ပဌာန်းရွတ်ဖတ်သည် ကိုနားထောင်ပြီး အိပ်ရတာလည်း အလွန်ကြည်နူးဖွယ်ကောင်းလှသည်။ lone ကကလေးဆိုတော့ လူကြီးတွေ ချက်ပြုတ်တဲ့ကြားအရှုပ်ထုပ်တစ်ယောက်ပေါ့ ဒါပေမယ့် ကြက်သွန်ဖြူတွေ လှီးပေးရင် လူကြီးတွေက ဟယ် ကလေးကတော်လိုက်တာ လို့ပြောရင်အရမ်းပျော်သည် ။ ဘုရားပွဲတွင် စတုတီသာနှစ်တိုင်းကျွေးသည် ။ အနီးနားတစ်ဝိုက်က ရွာသားများလာရောက်လုပ်ကိုင်စားသောက်ကြပြီး ရွာအများစုမှလည်း ဈေးသည်များကလည်း လက်လုပ်မုန့်တွေ လာရောင်းတတ်ကြသည်။ စေတီကို ကုန်းမြင့်တွင် တည်ထားပြီး ဘုရားလေးဆူကိုကား ကုန်းမြင့်အောက်ဘက်သို့အုတ်လှေကားဖြင့် သွားလျှင်တွေ့နိုင်လေသည် ။ ပရ၀ိုဏ်အတွင်း ဒန့်တလွန်ပင် ၊ဒညင်းသီးပင် ၊ သရက်ပင် ၊ သီဟိုစေ့ပင် ၊အမည်မသိသောအပင်ပေါင်းများစွာ လည်းရှိသေး သည် ။ ဘုရားလေးဆူနှင့်အတူ အစောင့်အနွယ်ဝင်များဖြစ်သော အဘဘိုးဘိုးအောင် ဘိုးမင်းခေါင် မယ်တော်သူရသတီတို့ကိုလည်း တည်ထားခဲ့သည် ။ ဘုရားပရ၀ိုဏ် အတွင်း လှိုင်ဂူများလည်းရှိသေး သည် ။တစ်ခါတစ်ခါ ထိုဂူများအတွင်းမှ မြွေ များကိုလည်းတွေ့ရတတ်သည် ။ထိုအခါ အဖိုးကမေတ္တာပို့ အမျှဝေကာ လိုရာလမ်းကိုသွားစေသည် ။မြွေများကလည်းမည်သူ့ကိုမှ အန္တရာယ်မပြုပါ။ ရေကန်အကြီးကြီး တူးကာ နင်္ဂါးရုံဘုရား ကိုလည်း တည်ထားသေးသည် ။ ထိုရေကန်အနီးတ၀ိုက်တွင် ရေတွင်း များလည်း တူးထားသေးသည် ။ ဘုရားပန်းလဲ ဝေယျာဝစ္စအတွက် အဆင်ပြေစေရန်ဖြစ်သည် ။ထိုရေကန်နောက်ဘက်တွင် ရွာဘက်သို့ သွားသောတံတားတစ် ဆင်း ချောင်းကိုဖြတ်ကာထိုးထားသည် ။ ထိုတံတားမှဖြတ်လိုက်လျှင် လယ်ကွင်းများကိုတွေ့ရပြီး ရွာဆီသို့ရောက်နိုင်သည် ။ lone ကတော့ ရွာထဲမကြာခဏသွားလည် ဖူးသည် ။ တစ်နှစ်တစ်ခါ လုပ်နေကြမို့ lone ကတော့ စာမေးပွဲဖြေပြီးလျှင် ဘုရားပွဲလုပ်မည့် ရက်ကိုသာ လက်ချိုးရေရင်းပျော်နေမိသည် ။ ဒါပေမယ့် အပျော်တွေက ခဏသာဖြစ်ခဲ့သည် ။ lone ရဲ့ အဖိုး ပင်စင်ရပြီး ရန်ကုန်ကို lone တို့ပြောင်းလာခဲ့ ရသည် ။ ဒါပေမယ့် အဖိုးကတော့ ဇွဲမလျော့ပါ ။ သိမ်ဇရပ်သို့ပြန်ပြီး ဘုရားပွဲကို နှစ်တိုင်းလုပ်ဖြစ်အောင်လုပ်ခဲ့သည် ။ lone ကတော့ အထက်တန်းတက်နေ တုန်းဆိုတော့ နှစ်တိုင်းကြီးတော့ မလိုက်ဖြစ်ခဲ့ဘူး။ ဒါပေမယ့် အဖိုးရဲ့ အိပ်မက်တွေက ၂၀၀၇ ခုနှစ်မှာ စပြီး ပျက်စီးတော့တာပဲ ။ ဘုရားလေးဆူ နားရှိရွာများနှင့်တကွ ဘုရားကို ဖျက်ပြီး ဆည်ဆောက်မယ် ဆိုတဲ့ အမိန့် ရောက်လာတာပါပဲ ။ အဖိုးက ဘုရားကိုတော့မဖျက်ရန်တောင်းဆိုခဲ့သည် ။ အဖိုးရဲ့ အစီအစဉ်က အောင်မြင်တစ်ဝက်မအောင်မြင်တစ်ဝက်ပါ။ စေတီနှင့် ဘုရားလေးဆူကိုသာချန်ထားပေးမည် ။ ကျန်ရှိသော နေရာများနှင့် ရွာများအားလုံးကို တော့ဖျက်ရမည် ဖြစ်သည်။ အဲဒီလိုနဲ့ ဆည်ကြီးဆောက်လုပ်ခဲ့သည် ။ဆည်ဆောက်နေစဉ်အတွင်းတောင် lone ရောက်ခဲ့သေးသည် ။ ဆည်ကြီးဆောက်လုပ်ပြီးစီးပြီး မကြာဘူး စစ်တောင်းစက္ကူစက်အနောက်က ဆည်အသစ်ကြီး ပြိုတယ်သတင်းကိုကြားရတော့တာပဲ ။ ဆည်ဆောက်လိုက်တဲ့အတွက် တဲတဲသာကျန်တော့ တဲ့ ဘုရားမြေတွေ အကုန်ပြိုပြီး ဆည်နှင့် အတူ ဘုရားလေးဆူ ပါမျောပါသွားခဲ့သည် ။ ကုန်းပေါ်ရှိစေတီမှလွဲပြီး ကျန်တာအကုန်ဆည်နှင့်အတူပါကာ စစ်တောင်းမြစ်ထဲစီးကုန်ကြသည် ။ ဘုရားလေးဆူကိုတော့ မြစ်ဝတွင်ဆည်ယူလိုက်သည်ဆိုသော သတင်းကိုတော့ ကြားလိုက်ရသည် ။ ထိုသတင်းကြားရသောနေ့တွင် အဖိုးသည် မျက်ရည်ပင် ကျခဲ့သည်။ အိမ်မှအိမ်သားများကလည်း မျက်ရည်ဝဲခဲ့ကြသည်။ နှစ်တိုင်းပြုလုပ်နေကြ ဘုရားပွဲကြီးလည်း ဘယ်အခါမှရှိလာတော့မည်မဟုတ်ပါ။ သိမ်ဇရပ်နှင့် လည်း အလည် သွားရုံကလွဲပြီး မရောက်ဖြစ်ခဲ့တော့ပါ။ ဒါပေမယ့် ဘုရားပွဲကိုတော့ အခုချိန်ထိ လွမ်းသည်…………………
ဒါကြောင့် ဧရာဝတီမှာကော ဘယ်လိုဆိုးကျိုးတွေ ဖြစ်လာနိုင်မလဲ စောင့်မျှော်ရင်း ဧရာဝတီ ကိုတော့ မလွမ်းချင်ပါ။ လွမ်းရတယ်ဆိုတာ စွန့်ခွာသွားလို့ဖြစ်တယ် ။ ဘယ်တော့မှ မစွန့်ခွာသွားပါနဲ့ ဧရာဝတီ … ဆက်လက်ရပ်တည်နိုင်ပါစေ …. ….
ဧရာဝတီကျန်းမာပါစေ လို့ဆုတောင်းလျက်
mr.lone
Related posts:


သဂျီး ရှင့် သမီး ပထမတစ်ခေါက်တင်တာ ခေါင်းစဉ်မေ့သွားလို့ ဖျက်ပေးပါနော်….
Was this answer helpful?
LikeDislikeဘုရားဒကာ ကျောင်းဒကာ loneလေးအဖိုး ကုသိုလ်တော်တော်ရမှာပဲ
ဘုရားတည်တာလွယ်မှတ်လို့
နှမြောဖို့ကောင်းလိုက်တာ
သူ့တို့တရားသူ့တို့ကို စီရင်ပါလိမ့်မယ်
ဒါပေမယ့် လွမ်းစရာကြီးပါပဲ
Was this answer helpful?
LikeDislikeဟုတ်ပါတယ် … မမ pan pan ဘုရားလေးဆူမှာ မမြင်အပ်တဲ့ ပုဂ္ဂိုလ်တွေရှိတယ် လို့လည်း ကြားဖူးတယ်။ ဒါပေမယ့် လိုက်လို့မမှီပါဘူး။ ကိုယ်မသိတာတွေက အများကြီး ရှိသေးတယ်လေ…
Was this answer helpful?
LikeDislikeဧရာဝတီ
ရာဇဝင်များရဲ့ သတို့ သမီး
ငါတို့ ရဲ့  မိခင်
ဧရာဝတီ ( ထူးအိမ်သင် )
Was this answer helpful?
LikeDislikeသိပ်ဇရပ်ကတော့ ကားနဲ့ ဖြတ်ဖူးတယ် .. ကျိုက်ထီးရိုးသွားတဲ့လမ်းပေါ်မှာ … ပဲခူးကျော်တယ် .. ။ စစ်တောင်း စက္ကူစက်ရုံမှာ .. ဟိုးတခါ ရုပ်ရှင် အဖွဲ့တွေ သွားတုန်းက … ဘ၀င်မြင့်တဲ့ မင်းသမီးက သူများလို ရွာထဲမနေနိုင်လို့ .. သူ့အတွက်သီးသန့် စီစဉ်ပေးရတယ် … ။
Was this answer helpful?
LikeDislikeအဲ့ဒါသူက တကယ့် ရွာထဲရောက်သွားလို့ဖြစ်မယ် ။စစ်တောင်းမြစ်ကမ်းစပ်မှာရွာတွေရှိတယ် အဲဒီ့
နေရာမှာသွားရိုက်တာဖြစ်မယ်။ စစ်တောင်းစက္ကူစက်မှာ ၀န်ထမ်းအိမ်ရာတွေ သူ့ရာထူးအလိုက်
သူသပ်သပ်ရှိပါတယ် ။နမည်ကြီးဧည့်သည်နဲ့ နိုင်ငံခြားသားတစ်ချို့လာရင် တည်းဖို့ အရာရှိအိမ်ရာဝန်းထဲမှာ ဧည့်ရိပ်သာတစ်ခု သီးသန့် စက်ရုံကဆောက်ပေးထားပါတယ်။ အခု
ဆိုသိမ်ဇရပ်ကကျေးရွာကနေ သိမ်ဇရပ်မြို့လို့ပြောင်းလဲခေါ်ဝေါ်လိုက်ပါပြီ ။ မုပလ္လင်ဘက်တိုက်ရိုက်ရောက်တံတား ဆောက်ပြီးနောက်ပိုင်းသာ သိပ်မစည်တော့တာပါ။ ဒါပေမယ့် ၀န်ထမ်းနယ်မြေလို့ပြောရလောက်အောင် စက္ကူစက်ကြီးကို အမှီပြုနေထိုင်ကြတဲ့ ၀န်ထမ်းအများစုနေတာပါ။ အရင်ကကားနဲ့ ကျိုက်ထီးရိုးသွားရင် တံတားဟောင်းကိုဖြတ်ရတော့
သိမ်ဇရပ်ကအရမ်းစည်ပါတယ်။ အခုနောက်ပိုင်းတံတားသစ်ဆောက်လိုက်တော့ အရင်ကလောက်တော့ မစည်တော့ဘူး။
Was this answer helpful?
LikeDislike