နိုင်ငံခြားမှာ အလုပ်သွားလုပ်သူများနှင့် ဒေါ်လာဈေး
|780- Hits|အော် လူတွေများ ခက်ပါ့နော်။ ဒေါ်လာဈေး ၁၀၀၀ ၊ ၁၂၀၀ တုန်းကတော့ ဒေါ်လာဈေးတွေ တွေအဆမတန်ဈေးကြီးတယ် အော်ကြတယ်။ အရင်တုန်းက ဟိုတစ်ချိန်တုန်းက ဒေါ်လာဈေး လေးတွေ လွှမ်းလှပါပြီ ဘာတွေ အော်ကြတယ်။ အစိုးရဈေးက ၆ ကျပ် အပြင်ဈေးက ၁၂၀၀ အဆ ဘယ်လောက်ကွာတယ် ဘာဖြစ်တယ် ညာဖြစ်တယ် နဲ့ အော် ပြောသံဆိုသံ နဲ့ ကြားရပါတယ်။
အဲ့ဒီတုန်းက လူကလေးတို့က ကလေးဘဲ ရှိသေးတော့ ဘာမှတော့ မသိသေးဘူးပေါ့ဗျာ။ အခုတော့ အစိုးရအသစ်တက်လာတော့ နိုင်ငံအတွင်းမှာ ရှိတဲ့ ပိုက်ဆံတွေကို သိမ်းယူသွားပြီး ငွေတန်ဖိုး မြှင့်လိုက်တော့လည်း အော် ဖြစ်ရပြန်ပြီ။ နိုင်ငံခြားကလူတွေ ဘယ်လိုလုပ်မလဲ။ ပို့ကုန်လုပ်ငန်းတွေ ဘာဖြစ်မလဲ နဲ့။
လူတွေ လူတွေ သူတို့ဖြစ်မှ သူတို့သိတယ်။ ဒေါ်လာ ၁၀၀၀ ဝန်းကျင်မှာတုန်းက သူတို့တွေ ဘာအသံထွက်ခဲ့လဲ။ သဘောင်္ာသားဆိုရင်အေးဆေး တစ်လ တစ်လ အိမ်ကိုပြန်ပို့တာ သိန်း ဆယ်ဂဏန်းရှိတယ်။ ပို့ကုန်တွေလည်း သူတို့အများဆုံး ဒေါ်လာရကြတာဘဲ မလား။ အခု သူတို့ကို လာထိပြီဆိုတော့ အော်ကြပြီပေါ့။ ဒါပေမယ့် စဉ်းစားကြည့်လိုက်ပါ။ နိုင်ငံခြားထွက်ပြီး အလုပ်လုပ်နေကြတဲ့လူဘယ်လောက် ရှိလဲလို့။
မြန်မာနိုင်ငံလူဦးရေ ရဲ့ ရာခိုင်နှုန်းဘယ်လောက် ရှိမလဲ။ ၁၀% ရှိတယ်ထားအုန်း။သန်း ၆၀ ဆိုတော့ သိန်း ၆၀ နိုင်ငံခြားရောက်နေတ် ထားပါ။ အဲ့ဒီ ၁၀ သန်းရဲ့ သဘောထားကို ကြည့်မလား။ အထဲမှာ ရောက်နေတဲ့ သန်း ၅၀ ရဲ့ သဘောထားကို ကြည့်မလား။ ကျွန်တော်တို့နိုင်ငံဟာ ဒီမိုကရေစီ နိုင်ငံပါ။ အစိုးရ စကားလုံးကို သုံးရမယ်ဆိုရင် လူအများရဲ့ သဘောထားကို လူအနည်းစုက သဘောတူရတာပါ။
ကဲ နောက်နေ့ ပြည်တွင်းမှာ ရှိတဲ့လူတွေနဲ့ ပတ်သတ်ပြီး ဒေါ်လာဈေး တင်ပေးပါ့မယ်။
တစ်ဦးနှင့်တစ်ဦး အမြင်ဘယ်လိုမှ မတူနိုင်ပါ။ ကိုယ်ထင်ရာ ကိုယ်မြင်ရာ ရေးခြင်းသာဖြစ်ပါသည်။ မည်သူ့ကိုမှ နစ်နာလိုခြင်းမရှိပါ။
ကျေးဇူး ။… လူကလေး
Related posts:
- မီးလောင်ကျွမ်းမှုကြောင့် ပြိုကျမှု ဖြစ်ပွားနိုင်သော မင်္ဂလာဈေး စတုတ္ထထပ်နှင့် ပဉ္စမထပ်ရှိ ဆိုင်ခန်းများ ယာယီ ပြောင်းရွှေ့ရမည် ၊ ပြောင်းရွှေ့ရမည့် ဆိုင်ခန်းများကို မင်္ဂလာဈေး၌ပင် နေရာ ပြန်ပေးမည်ဟု သိရ
- မင်္ဂလာဈေးကို စည်ပင်အင်ဂျင်နီယာများဖြင့် ပြုပြင်မည် ယာယီဈေးနှင့် မင်္ဂလာဈေးသစ်ရှိဆိုင်ခန်းလွတ်များတွင် နေရာချထားပေးပြီး အခမဲ့ရောင်းချခွင့်ပြုရန်ရှိ
- မင်္ဂလာဈေးမီးလောင်မှုကြောင့် ရွှေ့ပြောင်းရမည့်စတုတ္ထထပ်နှင့်ပဉ္စမထပ်ရှိ ဆိုင်ခန်းများကို ဦးစားပေးအဖြစ် မင်္ဂလာဈေးသစ်(မင်္ဂလာမွန်ဈေး)တွင် နေရာချထားပေးမည်ဖြစ်ပြီး ကျန်အထပ်များရှိ ဆိုင်ခန်းများကို မင်္ဂလာမွန်ဈေးအနီးရှိဘောလုံးကွင်းတွင် ယာယီဈေးအဖြစ်သတ်မှတ်ပေးသွားမည်
- မင်္ဂလာဈေးကြီးမှ ဆိုင်ခန်းအချို့သိမ်ကြီးဈေးနှင့် ယုဇနပလာဇာဝန်းကျင်တစ်ဝိုက်သို့ ပြောင်းရွှေ့ဖွင့်လှစ်
- အာမခံမထား၍ မင်္ဂလာဈေးမီးလောင်မှုလျော်ကြေးရဖွယ်မရှိ


ဘာ့ကြောင့်ဒေါ်လာဈေးကျမှအော်ကြရတယ်ဆိုတာကဒီလိုရှိပါတယ်
ကျမတယောက်ထဲသီးသန့်ခံစားချက်နဲ့ပြောမယ်ဆိုပါတော့
ဟိုးအရင်သင်တန်းတွေတက်တယ် နိုင်ငံခြားစာမေးပွဲတွေကိုဒေါ်လာသွင်းပြီး
ဖြေရတယ် အဲ့ဒိအချိန်ကိုယ့်မှာဝင်ငွေကမရှိ မိဘဆီကသင်တန်းကြေးလက်ဖြန့်တောင်းနေရတုန်းက
သွင်းရတဲ့ဒေါ်လာဈေးက 1350 ကကိုမကျဘူး
သြော အခုကိုယ်ပိုက်ဆံပြန်ဝင်တဲ့အချိန် အမျိုးသားကနိုင်ငံခြားမှာ ဒီကကျမကိုငွေပြန်လွှဲတဲ့အချိန်
ကျမှ ဒီဒေါ်လာဈေးက ဒီလိုပိုးစိုးပက်စက်ကျနေတယ်
အဲ့ဒိခါကျတော့ အော်သံတွေကြားရပြီပေါ့
နောက်ပြီးကျမလို နိုင်ငံခြားကအိမ်သားပို့မယ့်ငွေကိုစောင့်မျှော်နေတဲ့ အိမ်ရှင်မတွေလဲဒုနဲ့ဒေးပါ
လူနည်းစုတွေလူများစုတွေဒီမိုကရေစီတွေကိုတော့သိပ်မပြောတတ်လို့မပြောတော့ဘူး
Was this answer helpful?
LikeDislikeကျွန်တော် ၃ နှစ်ဆက်တိုက် စာမေးပွဲ ဖြေနေရပါတယ်။
ပထမ နှစ်မှ ဒေါ်လာဈေး ၁၁၀၀ ပတ်ချာလည်ပါ
ဒုတိယနှစ် ဒေါ်လာဈေး ၁၂၀၀ အမြင့်ဆုံး ထင်ပါ့
အခုနောက်ဆုံး ၉၀၀ လောက်ဈေးရောက်နေတာကို လက်ထဲမှာ ၁၂၀၀ နဲ့ဝယ်ထားတာ ရှိတာမို့ ၁၂၀၀ တန်ကိုဘဲ ရင်နာနာနဲ့ သွင်းခဲ့ရပါတယ်။
Was this answer helpful?
LikeDislikeမြန်မာငွေမာတာကောင်းပါတယ်…မြန်မာပြည်တွင်းမှာ လူနေမှု့စရိတ်လည်းကျသွားတယ်ဆို၇င်ပေါ့။
ွ
Was this answer helpful?
LikeDislikeနိုင်ငံခြားရောက်နေတာ ၁၀သန်းမကဘူးထင်ပ
ယိုးဒယားမှာပဲ ၄သန်းရှိသတဲ့
သေချာစစ်တမ်းမကောက်ထားတော့လည်း သေချာမသိဘူးပေါ့
Was this answer helpful?
LikeDislikeစာရွက်သာသာလောက်ဘဲတန်တဲ့ ငွေပါ။ရေရှည်မတည်မြဲပါဘူး။ကောက်ရိုးမီး သဘောမျိုးပေါ့
Was this answer helpful?
LikeDislikeအစိုးရကတရားဝင်ငွေဈေးမသတ်မှတ်ရသေးပါဘူး
စည်းမဲ့ကမ်းမဲ့ငွေစက္ကူတွေရိုက်ထုတ်ထားတာ
တဒေါ်လာကို၆၀၀လေါက်များရောက်မယ်ထင်နေလို့လား
တဒေါ်လာကို၆၀၀နဲ့လိုသလောက်လဲပေးနိုင်ပါမလား
အပြင်မှာခေတ်ပျက်တုန်းစီပွားရှာနေကြတာပါ…….
လိုသလောက်လဲမပေးနိုင်ယင်
မှောင်ခိုဈေးကွက်ကရှိနေအုံးမှာပါ….
Was this answer helpful?
LikeDislikeအစိုးရ ပေးနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဈေးကွက်ထဲမှာ ရှိတဲ့ ငွေတွေအားလုံး သူအကုန်သိမ်းနေတယ်လေ။ အစိုးရပိုင် အဆောက်အအုံတွေကို ရောင်းစားထားတယ်။ ကျောက်မျက်ပြပွဲတွေလုပ်ထားတယ်။ ဒီအတွက် သူဌေးတွေလက်ထဲက ပိုက်ဆံတွေအကုန် အစိုးရစီ ပြန်ရောက်နေပါတယ်။ ဒါကြောင့် ၁ ဒေါ်လာ ၆၀၀ နှုန်း နဲ့ ပြန်ပေးမယ်ဆိုရင် ပေးနိုင်လောက်ပါတယ်။
Was this answer helpful?
LikeDislikeမပေးနိုင်ပါဘူး။ဘာလို့ လဲဆိုတော့ အစိုးရဆိုတဲ့ သူမျိုးတွေက သူတို့ နစ်နာပြီး ပြည်သူတွေကောင်းစားဖို့ ဘယ်တုန်းကမှ မတွေးပေးခဲ့လို့ ပါ(မြန်မာတနိုင်ငံဘဲရှိမယ်)။
Was this answer helpful?
LikeDislikeကျွန်တော် ဒါမျိုးတွေပြောနေလို့ အစိုးရဘက်တော်သားများ ထင်နေကြလား မသိဘူးး။ ကျွန်တော် မည်သည့်ဘက်တော်သားမှ မဟုတ်ပါဘူး။ ကိုယ့်ဘာသာကို တစ်ဦးတည်းအမြင်နဲ့ ပြောဆိုနေတာဖြစ်ပါတယ်။ ဆရာကြီး ဒေါက်တာ အောင်ထွန်းသက်ပြောသွားတဲ့ စကားလေးပါ။ လက်ရှိအစိုးရကို အကောင်းမြင်ပါလို့ မပြောပါဘူး။သို့ပေမယ့် အဆိုးမြင်တွေကို ဖျောက်ပြီး တစ်ချက်လောက် ကြည့်ပေးပါ။ ဒီစကားက အတိအကျ မဟုတ်ပေမယ့် ကျွန်တော် နားလည်မိလိုက်တာပါ။ မှားချင်ရင် ကျွန်တော့်အမှားပါ။ အဆိုးမြင်တွေ ဖျောက်ပြီးကြည့်မှ ဆိုးတယ်ဆို ဆိုးတယ် ကောင်းတယ်ဆို ကောင်းတယ်ပေါ့ဗျာ
Was this answer helpful?
LikeDislikeအဆိုးမြင်ဝါဒီ များလား ? ? ?
နဲနဲတော့စောင့်ကြည့်ရမယ်လေ… ဆန္ဒစောနေသလား လို့…
မပီးခင် ဗမာ မမြင် စေနဲ့ တဲ့…. ။
Was this answer helpful?
LikeDislikeမောင်မင်း လူကလေး…

ခင်ဗျားရဲ့ အတွေးကိုလည်း လက်ခံပါတယ်
ကျုပ်တို့ တိုင်းတပါးမှာ အလုပ်လုပ်နေသူတွေက ရတဲ့လစာလေးတွေထဲက ခြစ်ခြုတ်ပြီးပို့ နေရတာဆိုတော့ ငွေဈေးမြင့်တာကို တောင့်တရတာပေါ့.. အခြေခံ လူတန်းစား ပြည်သူတွေအတွက် မြန်မာပြည်ရဲ့ ကုန်ဈေးနှုန်းကလည်း ကြီး.. ကိုယ်တွေလစဉ်ပို့ တဲ့ငွေဆိုတာလည်း မိသားစုတွေအတွက် ဆင့်ပါးစပ်နှမ်းပက်သလိုဖြစ်နေတော့ကာ နိုင်ငံခြားငွေဈေးမြင့်တာကို လိုချင်တာမဆန်းပါဘူးနော..
ဘယ်နေ့ များ မြန်မာပြည်ရဲ့ ငွေကို နိုင်ငံခြားတိုင်းပြည်တွေမှာ တရားဝင်လဲလှယ်နိုင်မလဲလို့ မျှော် ရင်း မျှော်…
Was this answer helpful?
LikeDislikeဒေါ်လာဈေး ကျတာကောင်းတယ်လို့ တော့ ကျွန်တော်မြင်တယ်ဗျ (ကျွန်တော့်အမြင်ပေါ့နော်)။ အဲဒီအကျ အတိုင်းဘဲ ဆက်သွားနေမယ်ဆိုရင် မြန်မာပြည်တွင်း ရဲ့  လူနေမှုစရိတ်လည်း အထိုက်အလျှောက်ကျလာမယ်လို့  ထင်ပါတယ်။ အဲဒါဆိုရင် ဟိုကပို့ တဲ့ ဒေါ်လာကိုအကျဈေးနဲ့ လဲပြီး အကျဈေးတွေနဲ့ လူနေမှုစရိတ်ကို လည်ပတ်လိုက်ရင် သိပ်မရှုံးနိုင်လောက်တော့ပါဘူး။
ဒါပေမယ့် အကွန့် တပ်ပြီး ကုန်ဈေးနှုန်းမကျရင်ရောဆိုရင်တော့ ။ ဟုတ်ကဲ့ ဈေးကွက်ထဲမှာ အပြိုင်အဆိုင်ရှိနေတဲ့ ကုန်စည်မျိုး ဆိုရင်တော့ ကျမှာသေချာသလောက်ပါဘဲ။ ဥပမာ စားအုံးဆီလိုဟာမျိုးပေါ့။ အခုဆိုရင် တစ်ချို့ တွေ အမြတ်နည်းနည်းနဲ့ ဘဲရောင်းနေရပြီလေ။ အရင်လိုဆိုရင်တော့ မိုနိုပိုလီ လုပ်ပြီး ဒေါ်လာဈေးဘယ်လောက်ကျကျ သူဈေးချမှ ကျရတာလေ။
ပြီးတော့ ငွေလဲနှုန်းနဲ့ သွားတဲ့ ကုန်စည်တွေကတော့ ကျမှာသေချာပါတယ်။ ဥပမာ ထိုင်းဘက်ကလာတဲ့ ကုန်စည်တွေ ။ ကျွဲရိုင်း၊ အသင့်စား စည်သွပ်ဘူး၊ ခေါက်ခွဲခြောက်ထုပ်တွေ၊ ဆိုင်ကယ်တွေ ၊အထည်တွေ အစရှိသည်ဖြင့်ပေါ့နော် ။ သိသိသာသာကိုကျသွားတာပါ။ ကျွဲရိုင်း ဆိုရင် ၂၄ဘူးပါတစ်ပါကင်ကို အမြင့်ဆုံးဈေး ၁၅၀၀၀ ကနေ အခု ၈၅၀၀ ထိကျသွားပါတယ်။ ဟိုနေ့ က တပ်မတော်ပြခန်းထဲမှာ ကွန်ပျူတာသွားဝယ်တာ ၇၁၅ ကျပ်နဲ့ တွက်ပေးတာဆိုတော့ တော်တော်ကို ဈေးတန်သွားတယ်လေ။
ဟဲ ဟဲ ဘယ်ရမလဲ ၊ နောက်ဆုံးနေ့ ချောင်းပြီး ၀ယ်ပလိုက်တာပေါ့။ဒါကတော့ ကျွန်တော်တို့ လိုလူလတ်တန်းစားတွေ အတွက်ပါ။ heavy သမားတွေကတော့ ထိတာပေါ့။ ဒါပေမယ့် လို့ သူတို့ စားတုံးကလဲစားထားပြီးပြီလေ ၊ ၁ဒေါ်လာ ၁၃၀၀ကျပ် ၀န်းကျင်တုန်းကပေါ့။ အခုသူတို့ ထိတော့ အခြေခံလူတန်းစား ကို လခ နှိမ်ချင်တာတွေ ၊ အလုပ်ဖြုတ်ချင်တာတွေ လုပ်နေတယ်။ အဲလိုဆိုပြန်တော့ အခြေခံလူတန်းစားထိပြန်ရော။ အမှန်ကတော့ ဒီလိုလူတွေ မတရားတာ သူတို့ စားထားတုန်းကရော အလုပ်သမားတွေကိုပိုပေးလို့ လား။ ပေးတဲ့လူရှိရင်တော့ လက်ချိုးရေလို့ ရမယ်။
အဲဒါကြောင့် မဟားတရား ထိုးကျနေတာမျိုး မဖြစ်ဘဲ၊ အခုကျတာလောက်နဲ့  ရေရှည်သွားရင်တော့
( ဘယ်ဟာမဆိုတော့၊အကောင်း အဆိုးဒွန်တွဲနေပါတယ်) အကောင်းဘက်ပိုများမယ်လို့ ထင်မိကြောင်း။
Was this answer helpful?
LikeDislikeအမှန်က ငွေတန်ဘိုးတက်လာတယ်ဆိုတာ ကုန်ဈေးနှုန်းကျမှသဘာဝကျတာပါ
ငွေလဲနှုန်းမှာဘဲမြန်မာငွေတန်ဘိုးတက်ပြီး ကုန်ဈေးနှုန်းကအညီအမျှမကျ
ရွှေဈေးနှုန်းကလဲမကျ ဆိုယင်
ပြည်သူတွေဘဲနစ်နာရတာပါ…
လူကလေး ပြောသလိုအစိုးရကလုပ်ပေးနိုင်ယင်အင်မတန်ကောင်းပါတယ်
ဘယ်တုန်းကမှပြည်သူတွေအပေါ်မကောင်းခဲ့တဲ့အစိုးရကိုအကောင်းမြင်ဘို့ကတော့…
လူကလေးလဲ သာမန်ပြည်သူထဲကပြည်သူတယောက်ဆိုယင်
အထူးပြောပြနေစရာလိုမယ်မထင်ပါဘူး..
တခြားနိုင်ငံတွေမှာကိုယ်ပိုင်ငွေကို ဘဏ်တွေမှာဘဲထားကြတာ
လိုအပ်ယင်ဘယ်နေရာရောက်ရောက်အလွယ်တကူထုတ်လို့ရကြတယ်
တို့နိုင်ငံမှာစိတ်ချရတဲ့ဘဏ် အလွယ်တကူထုတ်လို့ရဘို့အယင်လုပ်ပေးရမှာ
လပ် ပေ လပ်ယူ လဲကင်းမှ
ဒီလိုမှအစိုးရကစီစဉ်မပေးသ၍ကတော့
အပြင်ရောက်နေတဲ့ငွေ ဘဏ်တွေကိုယုံယုံကြည်ကြည်ဘယ်အပ်မလဲ
လူကလေးရေ
တဒေါ်လာကို၆၀၀နဲ့လိုသလောက်လဲပေးလိုက်ပါလား…
သာမန်ပြည်သူတွေမလဲနိုင်ပေမဲ့
လူလတ်တန်းစားတွေကတဒေါ်လာ၆၀၀နဲ့ပြည်ပထွက်ငွေဖြုံးကြမှာ..
မြင်ရောင်နေသေး…….
Was this answer helpful?
LikeDislikepls u can read that article . the link is http://www.naytthit.net/?p=17676 .After that u can known advantage and disadvantage of myanmar currency high.
Was this answer helpful?
LikeDislike