ဂေဇတ်အသုံးပြုနည်းလမ်းညွှန်-A Guide to Using Gazette
|6245- Hits|ဒီလမ်းညွှန်ကတော့ MG သို့ ဝင်တာမကြာသေးတဲ့ ရွာသူ/သား တွေအတွက် အဓိကရည်ရွယ်ပါတယ်။
နားလည်သိပြီးသား ရွာသူ/သား များကတော့ ဖတ်စရာမလို ဟု ယူဆပါတယ်ခင်ဗျ။
***************************************************
Log In ၀င်ရန်
ဒါလေးများဆိုပြီး..မရယ်ပါနဲ့ နော့…ပြည့်ပြည့်စုံစုံရှိအောင် ဖော်ပြပေးတာပါ။
http://mandalaygazette.com/ ကို ၀င်လိုက်တာနဲ့  ညာဘက် ဘားမှာ In & Out အောက်မှာ Log In ရှိ ပါတယ်

ဒါမှ မဟုတ်.ပို့ စ်တစ်ခုဖတ်ရင်းနဲ့ လဲ ၀င်လို့ ရပါတယ်

ဒါမှမဟုတ်.ဒီအောက်ကလင့်ခ် မှတိုက်ရိုက် ၀င်နိုင်ပါတယ်။
http://mandalaygazette.com/wp-login.php
မိမိအကောင့်ရဲ့ Dashboard – http://mandalaygazette.com/wp-admin/ သို့ ဝင်တာနဲ့ လဲ အတူတူဖြစ်ပါတယ်။
Dashboard မှာ ဘာလုပ်လို့ ရသလဲ

ဘာလုပ်လို့ ရသလဲဆိုတော့
All Posts ဆိုတာ မိမိတင်ပြီးခဲ့တဲ့ ပို့ စ်တွေ ပြန်ကြည့်ဖို့ ပါ
http://mandalaygazette.com/wp-admin/edit.php
Add New ဆိုတာ ပို့ အသစ် တင်ဖို့ ပါ
http://mandalaygazette.com/wp-admin/post-new.php
Library ကတော့ ရွာသူ/သားတွေ တင်ထားတဲ့ ပုံတို့ ဘာတို့ ရှိတဲ့ နေရာပါ
http://mandalaygazette.com/wp-admin/upload.php
Add New ကတော့ ကိုတင်ထားချင်တဲ့ ဖိုင်၊ဓာတ်ပုံ စသည် တင်လို့ ရပါတယ်
http://mandalaygazette.com/wp-admin/media-new.php
Comments ကတော့ ရွာသူ/သားတွေ နောက်ဆုံးရေးခဲ့တဲ့ မှတ်ချက်တွေ အကုန် ကြည့်ဖို့ ပါ
http://mandalaygazette.com/wp-admin/edit-comments.php
Profile ကတော့
သင့်ရဲ့ Nick name,Contact Info ,About Yourself ,Avatar တို့ ကို ပြင်ရန်ဖြစ်ပြီး Password တွေဘာတွေပြောင်းချင်လဲ အဲဒီကိုသွားပြီးပြောင်းလို့ ရပါတယ်။
ပြီးရင်တော့ Update Profile ပေါ့.။
http://mandalaygazette.com/wp-admin/profile.php
CubePoints ကတော့ သင် Log in ၀င်လို့ ၊စာရေးလို့ ၊ကွန်းမန့် ပေးလို့ ရထားတဲ့ ပွိုင့်တွေကို ကြည့်ဖို့ ဖြစ်ပါတယ်။
http://mandalaygazette.com/wp-admin/admin.php?page=cp_modules_mypoints_admin
ပို့ စ်တစ်ခု အသစ်တင်ရန်
Dashboard သို့ ရောက်ပြီးသားဆိုရင် အောက်မှာပြထားတဲ့အတိုင်း Add new မှတစ်ဆင့် တင်နိုင်သလို

အပေါ်ဘားတန်း(Admin Bar)ရှိ Add new>Post မှတစ်ဆင့်လဲ တင်နိုင်ပါတယ်

ဒီလင့်ခ့် http://mandalaygazette.com/wp-admin/post-new.php ကိုနှိပ်၍လဲ တိုက်ရိုက် တင်နိုင်ပါတယ်။
တင်တဲ့အခါ Visual နဲ့  HTML နှစ်ခုရှိရာမှာ အလွယ်ဆုံးကတော့ Visual ကို ကလစ်နှိပ်ပြီး စာရေးတာက အကောင်းဆုံး ဖြစ်ပါတယ်။

HTML နဲ့ တင်ရင်တော့ ကုဒ်တွေနဲ့ ဖြစ်ပြီး စာအရှိအတိုင်း မပြလို့  ရှုပ်သွားနိုင်ပါတယ်။
ဓာတ်ပုံ Upload တင်ရန်
ဓာတ်ပုံတင်တာကတော့ အောက်မှာဝိုင်းပြထားတဲ့ ပုံလေးကို ကလစ်နှိပ်လိုက်ရင်

ကွန်ပျူတာထဲကပုံ၊ဒါမှမဟုတ် ဓာတ်ပုံ URL.၊ သို့ မဟုတ် Media Library ဆိုပြီးရှိရာမှာ
သင့်တော်ရာရွေးပြီး တင်နိုင်ပါတယ်။

ပြီးလျင် သင့်တော်ရာ ခေါင်းစဉ်တပ်၊ရေးချင်ရာရေး ပြီးရင်တော့ ညာဘက်အောက်နားမှာလဲ မိမိရေးတဲ့စာနဲ့  သင့်တော်ရာ Category ကိုရွေး၊မှတ်မိလွယ်မဲ့ Tag ထည့်
သေချာအောင် အားလုံးပြန်စစ်၊အိုကေ.ပြီးပြီဆိုလျင်တော့ ညာဘက်နားမှာရှိတဲ့ Public ကိုသာ နှိပ်လိုက်ပါတော့။

ဒါဆိုလျင်တော “ဖွတ်”ကနဲဆို့  သင့်ရဲ့ လက်ရာ ဂေဇတ်ပေါ်သို့ ရောက်ရှိသွားပါပြီ။
***********************************************************
စာဖတ်ခြင်း
၁) ပို့စ်အောက်ဆုံးနားမှာ Related posts: ဆိုတာရှိပြီး..အဲဒီကနေ တင်ထားတဲ့ပို့စ်နဲ့ သက်ဆိုင်တာတွေရှာဖတ်နိုင်ပါတယ်..။

၂) အပေါ်ခေါင်းစဉ်( Title)အောက်ကပ်ရက်မှာ.. Posted by xxxxx on Aug 23, 2011 in Aung San/Aung San Suu Kyi, History | xx comments ရှိပြီး အဲဒီက.. Category > Aung San/Aung San Suu Kyi ကို ကလစ်လုပ်၊ ဆိုင်တဲ့ Category အောက်ကစာတွေရွေးဖတ်နိုင်ပါတယ်..။
သို့ မဟုတ်…
ဒီအောက်ကပုံထဲကလို့  Button လေးတွေကလစ်ထောက်ပြီး ကြည့်ချင်တဲ့ Click လိုက်ယုံပါပဲ။
***************************
၃) စာရေးသူအကြောင်း (About xxxxxx) အောက်နားလေးမှာ View all posts by xxxxxxx →ဆိုတာကို ကလစ်လုပ်ပြီး အဲဒီစာရေးသူတဦးထဲက ရေးခဲ့တဲ့..စာတွေအကုန် တစ်စုတစ်ဝေးထဲပြန်ဖတ်နိုင်ပါတယ်..။

၎) အပေါ်ညာဖက်ထောင့်က (Search )မှာမှတ်မိသလောက်. ခေါင်းစဉ်စာသားကို ရိုက်ထည့်ပြီး တက်လာတဲ့ပိုစ့်တွေထဲကရွေးဖတ်နိုင်ပါတယ်.. (Credit @ သဂျီး)

Comment ရေးခြင်း
ကွန်းမန့် ရေးရာမှာ ပုံထည့်ရေးလို့ မရပါ..သဂျီးက စာလုံးချည်ပဲ ရေးခွင့်ပြုထားပါတယ်။
တစ်ခုရှိတာက..ဒီလို
အထူ = < strong >အထူ< /strong >
အစောင်း = < em >အစောင်း< /em >
ဖျက်တာ= < del datetime=”2011-08-26T10:14:08+00:00″ >ဖျက်တာ< /del >>
< strong >အထူ< /strong > နောက်က စပေ့ ထားတာကို ဖျက်လိုက်ပါ..။ ကုဒ်ပေါ်အောင် စပေ့ထားပေးထားတာပါ..။(Credit @ သဂျီး)
ကွန်းမန့် တွေဘေးက + အနီတွေ၊+အပြာတွေကတော့ အောက်မှာဝိုင်းပြထားတဲ့ ဘဲဥပုံ
ကို မောက်စ် ကာဆာနဲ့ ထောက်လိုက်ရင် Was this answer helpful? ဖိုပြီး Box တစ်ခုပေါ်လာပါလိမ့်မယ်

+ နဲ့  – ရှိရာမှာ အကျိုးရှိမယ်ထင်တဲ့စာဖြစ်နေရင် + ကိုနှိပ်နိုင်ပြီး
လျှောက်ရွှီးထားတဲ့ ကွန်းမန့် ဆိုရင်တော့ – ကိုနှိပ်နိုင်ပါတယ်။
****************************************************************
ဖိုရမ်အသုံးပြုခြင်း
ဖိုရမ်ကိုသွားဖို့ အတွက် ဆိုဒ် ညာဘက် အပေါ်ဆုံးမှာစာလုံးအဖြူအကြီးနဲ့  Forum ဆိုပြီးရေးထားပါတယ်
ဖိုရမ်မှာတင်တဲ့ပို့ စ်တွေကို ညာဘက် ဆိုဒ်ဘားရှိ Recent Forum Posts အောက်မှာ ဖော်ပြထားပါတယ်
http://mandalaygazette.com/forum
တောင်းပန်စာ၊ ကျေးဇူးတင်လွှာ ကြော်ငြာများ၊ထွေရာလေးပါး၊ပေါ့ပေါ့ပါးပါး၊ကော်ပီများကိုတော့
ဖိုရမ်မှာ အနီးစပ်ဆုံး Category ကို ရွေးပြီး ရေးနိုင်ပါတယ်။
* Link အနည်းငယ် ပြင်ထားပါတယ် သဂျီးရေ။ *
Related posts:
- Tools ‹ The Mandalay Gazette | Organizing for Myanmar Burma | News Network — WordPress
- Tools ‹ The Mandalay Gazette | Organizing for Myanmar Burma | News Network — WordPress
- Tools ‹ The Mandalay Gazette-Myanmar/Burma News Media Forum Network — WordPress
- Mandalay Gazette သို့အိတ်ဖွင့်ပေးစာ
- Admin …The Mandalay Gazette …သို့



http://mandalaygazette.com/63767/education/learn-how-to-do-just-about-everything
ကိုရင်ပေါက်ဖေါ် စာကပိုကောင်းနေလို့.. ဒါကို ခဏ Sticky လုပ်တင်ပေးထားပါမယ်..။
အပေါ်ကလင့်က.. အရင်ပို့စ်အဟောင်းဖြစ်ပါကြောင်း..။
Was this answer helpful?
LikeDislikeခန စတစ်ကီလားဗျာ အဲဗား စတစ်ကီထားရမှာ…
သူများဖိုလမ်တွေ ဆိုက်တွေမှာ ဒါမျိုးဒွေက အဲဗား ထိပ်ဆုံးကဗျ…
ကျုပ်တောင် ရွာသားဘွ မခံယူခင်က သည်ပိုစ့်ကို ဖတ်ပီး အတော်သဘောကျသေး…
(နောက်မှ ကျုပ်ဘော်ဒါကြီး ဖြစ်လာမယ့် ကပေါက်ဖော်မှန်း သိ နေတာကိုး..)
ခုတော့ သိဘီဆိုတော့ မန့်ဘီ…
အဲ့သည်တုန်းက ရွာသားလုပ်ဖို့ စိတ်ကူးမရှိသေးပါ…
သည်လိုမျိုး … တဲ့ဂျွန်းရှော် ဆိုတာ သဂျီးလုပ်သင့်တဲ့ တာဝန်တရပ်…
ကပေါက်ဖော်က သက်သက် စေတနာ သန့်သန့်နဲ့ ဗော်လန်ဒီယာ လုပ်သွားတာ..
Screen shot တွေကို သည်လို ၀ိုင်းပြ လုပ်ပြဖို့ ဘယ်လောက် stepတွေဖြတ်ရတယ်
ဘယ်လောက် ဒုက္ခခံရတယ်…ဆိုတာ သဂျီးသိပါတယ်….
တချိန်က ဂေဇက် တံခါးမှူးလေးအား
လေးစားစွာ ဂုဏ်ပြုရင်း…
Was this answer helpful?
LikeDislikeမစ်စတာဂီ့ ပြောဒါကို အပြည့်အ၀ထောက်ခံပါဒယ်… သဂျီးခင်ည..
စိန်ပေါက်ပေါက်… တခုချင်းစီ ရှင်းထားတာ… ဂျပန်ခေတ်မှာ မယားကြီးထားရသလို
အရမ်း ရှင်းရှင်းလင်းလင်းကြီး ဖြစ်နေတဲ့အတွက် ဗော်လိန်တီယာ စိန်ပေါက်ပေါက်ဟာကို
အမြဲတမ်း စတစ်ကီလုပ်ဖို့ တောင်းဆိုးပါတယ်ခင်ည…
သူရေးတာတွေကိုကြည့်ရင် ရွာကို သူဘယ်လောက်ချစ်တယ်ဆိုတာ..
ကိုရင်တော့ ခံစားမိပါတယ်ခင်ည…
ဂေဇက်ဗော်လိန်တီယာဘီအီး တံခါးမူးလေးအား
လေးစားစွာ ဂုဏ်ယူရင်း…
ကိုရင်စည်သူ (ပယင်းရောင်)
Was this answer helpful?
LikeDislikeဟုတ်ကဲ့ပါ ဆာ… ဆာ ကျောတာတွေ မှတ်ပြီး လုပ်ကြည့်ပါမယ်။ ခုလိုပြောပြပေးတဲ့အတွက် မီးမီးတို့လို နည်းနည်းပိန်းတဲ့သူတွေအတွက် အရမ်းအဆင်ပြေပါတယ်ရှင်။
Was this answer helpful?
LikeDislikeပေါ်ဖောက် ရဲ့ စာ သိပ်ကောင်းနေလို့..
သဂျီးမှ နေပြီး ပွိုင့် ၅၀၀၀၀ တခါတည်း ချီးမြှင့်မည် ဖြစ်ပါသည်။
ကိုယ်တိုင် ကိုယ်ကျ လာရောက် ထုတ်ယူပါရန် စာပို့တဲ့ ဖိတ်စာ စာတိုက်ပုံးမှားပြီး ဒီကို ရောက်လာလို့ သိအောင် ရေးပေးတာနော်..
လေယာဉ်စရိတ်နဲ့ တခြား ကုန်ကျစရိတ်များ လုံးဝ တာဝန်ယူမည် မဟုတ်ပါ။
မှတ်ချက်။ ။ ကိုယ်စား လုံးဝ ထုတ်မပေးပါ။ ပွိုင့်ကိုလည်း လွဲပြောင်းမပေးပါ။
Was this answer helpful?
LikeDislikeအမလေး..
၅ ပုလင်း..ဟုတ်စ..?
ဂစ်..ဂစ်..ဂစ်….{တဂျီးတက်သွားလေပြီ..သံပုရာသီး ပေးလိုက်ပါ
}
အောက်က ဖိုက်တာ အီးတုံးတော့
ကွန်နက်ရှင်မကောင်းရတဲ့ကြားထဲ.. Login နှစ်ခါ လုပ်ချင်နေပြန်ဘီထင်ပါ့
Was this answer helpful?
LikeDislikeသဂျီး တက်ပါ့မလား.. အရက်သမားလေး ပေါက်ဖော်.. မူးနေလို့ သေချာ မမြင်ဘူး ထင်တယ်။ အဟိ…
ကိုယ်တိုင် လက်ရောက်ပေးမှာလေ.. လက်မှတ်ဖိုး ကိုယ့်ဟာကိုလေ.. သိဘူးလား။
ဟွန့်.. ဒါလေးတောင် ရှင်းပြနေရသေးတယ်။
Was this answer helpful?
LikeDislikelog in လုပ်တာက ဒီအတိုင်း ဟုမ်းပေ့ခ်ျကဟာကို လော့အင်လုပ်လျှင် ဒက်ခ်ျဘုတ်ထဲ တန်းရောက်သွားပြီး … ပို့စ်တစ်ခုကို ဖွင့်ပြီးမှ အောက်ဆုံးက log in ၀င်လုပ်လျှင် ပိုအဆင်ပြေတာတော့ သတိထားမိတယ်
Was this answer helpful?
LikeDislikeဟုတ်ပီဗျို့ ပေါက်ဖော်။ခများကိုဂါသွားပီ။ငါက မလုပ်တတ်လို့ ဟိုမေးဒီမေးလဲ မလုပ်ရဲ ဘူးကွ။ငါတို့ ဆီမှာ
အတို့ အထောင်တွေပေါတယ်ကွ။ဟားဟား-ခုတော့အိုကေပြီ။
Was this answer helpful?
LikeDislikeဆရာကြီး လူမုန်း စစ်မုန်း ခင်ဂျား…… ကြည့်လဲလုပ်ပါခင်ဂျား…. နာရို့ကြောက်လွန်းလို့ပါဂျာ..
ကွန်ကျူတာရှိတဲ့တူတွေ..အားလုံးကျေးနေရမှ ဖြင့်….
အနော်တို့ကို တနားပါခင်ဂျာ..
နာတို့မြို့ကလဲ အလွန်ရှုပ်လှပါသဘိနဲ့…
Was this answer helpful?
LikeDislikeကျေးဇူးတင်တယ်ဗျာ ..
ကျနော် စသုံးတုန်းက ကက်တီဂိုရီ ဆိုတာကိုလုံးဝမတွေ့ ဘူး
အရင်က ဆိုက်အဒက်မင်ထဲဝင်သွားရင် ညာဘက်ထောင့်မှာပေါ်နေတဲ့
နေရာလေးကနေတင်လို့ရတော့ အဲ့ကပဲတင်ဖြစ်နေတာ ခုလဲပြောပြောနေကြတဲ့ ဖိုရမ်ဆိုတာကို မသိဘူး
မနှစ်တုန်းက လေးပေါက်ရဲ့  ပိုစ့်အလွယ်တင်နည်းဆိုတာလေးပဲ ကြည့်ကြည့်သုံးနေတာ ပိုစ့်လဲမတင်ဖြစ် မဝင်တာလဲကြာ ပုံစံကလဲ ခဏခဏပြောင်းပြောင်းသွားတော့ လိုက်လို့ကိုမမီတော့ဘူး @_@
Was this answer helpful?
LikeDislikeဆိုင်လားတော့မသိဘူး မေးစရာလေးရှိလို့ပါ ကျနော်က CDMA800Mhz ဖုန်းနဲ့ မန်းတလေးဂေဇက် ကို ဝင်တာပါ ခဏခဏ login ပြန်ပြန်လုပ်နေရပါတယ် ပို့စ်နှစ်ခုသုံးခုလောက် ဖတ်ပြီးရင် logout ဖြစ်သွားပါတယ် သိသူများရှိရင် ပြောပေးပါအုံးဗျာ
Was this answer helpful?
LikeDislikevideo file နှင့် ဓာက်ပုံ အများအပြားတင်ခြင်းကို ရှင်းရှင်းလင်းလင်း သိချင်ပါတယ် … ဖြစ်နိုင်မယ်ဆိုရင် တစ်ဆင့်ခြင်းပြောပြပေးပါ ….. ကျွန်တော်မှာ တင်ဖို့အတွက် အများကြီး ရှိပါတယ် ….. ကျေးဇူးတင်ပါတယ်
Was this answer helpful?
LikeDislikeဓာတ်ပုံတင်တာအပေါ်မှာ “ဓာတ်ပုံ Upload တင်ရန်”ဆိုပြီး ပုံနဲ့ လဲ ပြထားတယ်ခင်ဗျ..
From Computer,From url,Media Library ဆိုပြီးရှိပါတယ်
ဗွီဒီယိုက ဓာတ်ပုံဘေးက ကပ်ရပ်မှာရှိပါတယ်.
Mouse Cursor နဲ့  ထောက်ကြည့်ရင် Add an Image,Video,Audio ဆိုပြီး ပေါ်ပါတယ်
အခုတလော Youtube ပြန်ပွင့်နေပြီမို့  Youtube မှာ upload သွားတင်ပြီး
Link ပြန်ပေးလဲ ရပါတယ်
Was this answer helpful?
LikeDislikeတင်ပြီးသားပို့စ်ကို စာထပ်ဖြည့်ပြီးတော့ update လုပ်ရင် အသစ်ပြန်ဖြစ်လား … ပေါ်အောင်ဘယ်လိုလုပ်ရမလဲ …………….
Was this answer helpful?
LikeDislikeအင်း..အဲလိုလုပ်လို့ရရင်.. သူကြီးလဲဒေ၀ါလီခံရမှာပဲ..။
စာတလုံးရေးလိုက်.. update လုပ် ..အသစ်တင်လိုက်နဲ့..ပေါ့..။
Was this answer helpful?
LikeDislikeသူကြီး ရေ
မလိုင်မုန့် စားတဲ့ ဒေဝါလီ ပွဲ မနွှဲရအောင်
များများပြောမယ် ပို့ စ် ကို
တစ်ခု ထပ်မတင် ဘဲ
အက်ဒစ်ပဲ လုပ်လိုက်တယ်နော်
ဟီဟိ
Was this answer helpful?
LikeDislikekai ဆိုသော သူကြီးမင်း
ရွာထဲမှာ နာမည်တပ်ပြီးစော်ကားလို့ရလား။ သိချင်ပါတယ်။ သူကြီး ကြည့်လိုက်ပါဦး
http://mandalaygazette.com/65671/uncategorized-other/copypaste
Was this answer helpful?
LikeDislikeသူကြီးခင်ဗျား…
ခု လာရောက်တိုင်တန်းလျှောက်အော်နေပါသော maythakhin ဆိုသူ မိန်းကလေး( ယောင်္ကျား
လေး ခွဲခြားမရပါသော သူ) မှာ တခြားသူ ပို့စ် အတွင်းဝင်ရောက်၍ ( စောက် ) နှင့် စော်ကား
သွားပါသည်၊ ၎င်း၏ စော်ကားခြင်းမှအစပြုပြီး ပွဲဆူသွားပါသဖြင့် ပို့စ် အား ပိတ်သိမ်းသည်အထိ
ဖြစ်ခဲ့ရပါသည်၊ ထို့ကြောင့် သူ၏တစ်ဖက်သတ်ပြောဆိုခြင်း အပေါ် တစ်ဖက်သတ် ဘက်လိုက်၍
တစ်ဖက်သတ်အရေးမယူသင့်ပါကြောင်း တင်ပြလိုပါသည်။ အမည်တပ်၍ စော်ကားခြင်းမှာ
maythakhin မှ အစပြု၍ စော်ကားခြင်းဖြစ်ပါကြောင်း ကို ပိတ်သိမ်းထားသောပို့စ်အားပြန်လည်
ကြည့်ရှုခြင်းဖြင့် သိနိုင်ပါသည်သူကြီးခင်ဗျား ၊။
Was this answer helpful?
LikeDislikeပေါက်ဖော်…
တကယ်ဆိုရင်…ရွာပြင်အကြောင်းလေးပါရေးပါလား…
မုန်းတယ်မုန်းတယ်…..နော်….
ရွာပြင်မှာကျက်စားနေကြတာချင်းတူတူ……
ရွာပြင်အကြောင်းလေးဘာလေးရေးမလားစောင့်ကြည့်နေတာ…..
ရွာပြင်ဆိုတာဘာလဲ…ရှင်းပြလေ…
တင်းတယ်နော်……..
တင်းနေတယ်….
Was this answer helpful?
LikeDislikeခုတော့…
ကျက်လဲ စားစရာမရှိ..မြက်လဲ စားချာမချိပဲ ထိပ်ထားရေ့….
ဖိုရမ်လဲ ဂန့် ကြောဆွဲနေပြီ..ဆိုတော့..
ပေါ့ပေါ့ပါးပါး ပြောချင်တာလဲ ပြောမထွက်တော့ပါဘူး..
ထုံစံအတိုင်း ဂလုတာပဲ ကောင်းပါရဲ့ဗျာ…
ချီးယား..မေပေါင်ရေ့..
ကျုပ်တစ်ယောက်ထဲ ဂလုပြီဗျ
Was this answer helpful?
LikeDislikeဒီလိုအသေးစိတ်ရှင်းပြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ တကယ်ပြောတာပါ။ ဓါတ်ပုံကို ဘယ်လိုတင်ရမယ်ဆိုတာ မသိသေးသူတွေ အများကြီးရှိနေပါသေးတယ်။ ဒီစာတစ်ပုဒ်ထဲနဲ့ ခင်ဗျားကို အထင်ကြီးသွားပြီဗျို့။
Was this answer helpful?
LikeDislikeဘကြီးပေါက်ဖော်.. တစ်ခုလောက်မေးချင်လို့ ခင်ဗျ .. comment deletion ဆို၇င် အဖျက်ခံလိုက်ရတဲ့ ကွန်းမန့်ကို ပြန်ကြည့်လို့ ရနိုင်မလားခင်ဗျ .. အဲဒါမှနောက်နောင်ဆင်ခြင်နိုင်အောင်လို့ ..
Was this answer helpful?
LikeDislikeဖျက်ထားတာက သူကြီး တစ်ယောက်ပဲ ကြည့်လို့ ရတယ်ခင်ည
ပြီးဒေါ့..
ပို့ စ်၊ကွန်းမန့် တွေကို ဖျက်တာလဲ သဂျီးတစ်ယောက်ပဲ ဖျက်လို့  ရသဗျ
အဟီး..
Was this answer helpful?
LikeDislikeနည်းလမ်း ရှိတယ် မပြောပြဘူး။
Was this answer helpful?
LikeDislikeသိရင်ပြောပြပါခင်ဗျာ….
Was this answer helpful?
LikeDislikethanks par byo
Was this answer helpful?
LikeDislikeကိုပေါက်ဖော်ရေ………..လုပ်ပါဦးဗျာ………။
နောက်လဲဒါမျိုးလေးတွေ ဖတ်ချင်သေးတယ်။
ကျနော်တို့ ဒါမျိုးအကောင်လိုက်ပြမှ အရိပ်လောက်မြင်နိုင်သူတွေဆိုတော့လေ……….။
Was this answer helpful?
LikeDislikeသတင်းရေးသားနည်း အသေစိတ် ပို့စ်လေးကို ရှာတင်ပေးကြပါအုံး..။ သတင်းစာပညာသင်တန်းမှာ ဆရာအဖြစ် သွားသင်ကြားချင်လို့ပါ..။ နည်းလမ်းတကျ မပြောတတ်လို့ပါ..။
Was this answer helpful?
LikeDislikeဖိုရမ်ကြီး မရှိတော့ပါဘူး။
ကြွသွားပြီလား မသိဘူး။
မနေ့ကပဲ ရေးထားတာ ၈၁ခု ရှိတယ်နော်.. ပျောက်သွားရင် သဂျီး ပြန်လျှော်ရမယ်။
လွတ်တော် အမတ်တွေကို တိုင်ကြားပြီး တရားစွဲမယ်။ လျှော်ကြေးတောင်းမယ်။
Was this answer helpful?
LikeDislikeဖိုရမ်ကြီးဘယ်ရောက်သွားတုန်း…….. သူများ ပိုစ့် ၁၄၄ ခုရှိတယ်နော်..
ပျောက်သွားလို့ကတော့ အော်ငိုမှာသိလား….
တဂျီးနော် ဘာတွေလုပ်နေပါလိမ့်။ ဆိုက်ကလည်း ဒေတာဘေ့အယ်တာခဏခဏပြတယ်။
ဟွန်းနော် လူဆိုး….ဂျီး
Was this answer helpful?
LikeDislikeဆာဗာအရမ်းလေးနေတာကြောင့်.. Troubleshooting လုပ်ဖို့..ခဏပိတ်ထားတာပါ..။
ဘယ်နေရာက..အယ်ရာတက်နေသလည်းသိချင်လို့..
အခုပြန်တင်ပေးထားပါတယ်..။
ကြည့်ရတာ..ရွာသားတွေ.. ပို့စ်အဟောင်းတွေ .. (Search ) လုပ်ကြပုံပေါ်တယ်..။
အဲဒီလို… ၃-၄ယောက်လောက်လုပ်လိုက်ရင်.. ၀က်ဘ်ဆိုက်တခုလုံး… လှုပ်မရ..ပြုမရဖြစ်ရောပဲ..။
ရွာသားများ.. Search လုပ်တာ..အလွန်မလွှဲသာမှ လုပ်ကြစေလိုပါကြောင်း….။
Was this answer helpful?
LikeDislikeComment ၀င်ပေးတာမရလို့ပါ အကျိုးအကြောင်းသိချင်ပါတယ်
Was this answer helpful?
LikeDislikeဘလိုမရတာလဲ ဟင်..
တူပဲ ခုလေးတင်ဝင်မန်းသွားပြီးတော့
နောက်ရဘူးနော်
Was this answer helpful?
LikeDislikeသူကြီးရေ…နေစရာမရှိတော့ဘူးနော်…သူကြီးကိုလည်းစိတ်မချတော့ဘူး…
ကျနော့်စာတွေ ထဲ ကမဟာဂီတကအရေးကြီးဆုံးဘဲ….
ကျနော်မသိမ်းထားမိဘူး…..
တော်ပြီ..နောက်ဆိုကိုယ့်မာတီမှာဘဲကျနော်တနေ့ကုန်ထိုင်တင်နေရတယ်..
ပိုက်ဆံပြတ်တာလားသူကြီးရ….
ကျနော်ပွိုင့်တွေ အကုန်ပေးတယ်နော်…ပြန်လုပ်ပေးပါ
ရွာသူနေစရာမရှိပါ
ပေါက်ဖော်ရေ…..(စာကြွင်း…လွမ်းတယ်..ရွာပြင်ကို)
Was this answer helpful?
LikeDislikeကျေးဇူး အထူး အထူး တင်ပါကြောင်း
Was this answer helpful?
LikeDislikeခုမှဒီ ရွာထဲကို register လုပ်ပြီး ၀င်လာတာပါ
ဒီနေ့မှ စောနတင် ပို့စ်တစ်ခုတင်တာ အဲဒါ copy/paste ဆိုပြီး categories
ကပါသွားတယ် အဲဒါရင်တွင်းခံစားချက်စစ်စစ် ချရေးထားတာ ဘယ်နှယ့်လုပ်ကမတုန်း
မကော်ပီ ဘူး ဘယ်လိုပြန်ပြင်ရင် ရမတုန်း ဂျ
Was this answer helpful?
LikeDislikeဘယ်ပို့ စ်လဲ မသိ..
သဂျီးလာရင် ပြင်ပေးလိမ့်မယ်…
ဒါမှမဟုတ်.
ဒီလင့်ခ် http://mandalaygazette.com/wp-admin/edit.php ကိုသွား ကြည့်
ပြီးရင်
အကို့ တင်ခဲ့တဲ့ ပို့ စ်တွေတွေ့ လိမ့်မယ်
အဲဒီမှာ
Quick Edit ဆိုတာရှာ..ပြီး နှိပ်..
အဲဒီမှာ..Category,Tag ဘာညာ ပြင်ပြီး Update လုပ်ပေရော့..
ကျနော်ပြောတဲ့ Quick Edit ဆိုတာမတွေ့ သေးရင်တော့..ကိုယ့်ပို့ စ်တွေ ပြန်ပြင်ခွင့်ရအောင်
အချိန်တစ်ခုတော့ စောင့်ရလိမ့်ဦးမယ်..ခင်ည
Was this answer helpful?
LikeDislikeအနော့ တောသားကြီးအင်တာနက် ကို လည်းပြင်ချင် သဗျ… Quick Edit ဆိုတာတော့ မတွေ့ဖြစ် နေတော့ အနော်လည်း ညစ်သဗျ…. ကူညီပါဦး…ကာလာလေးချိန်းရုံ လေးပါ။။
Was this answer helpful?
LikeDislikeမတွေ့ ဘူးဆိုရင်တော့..မတွေ့ ဘူးလို့ မှတ်ပေရော့..
အနော်လဲ ဘာမှ မတိဘဲ ရမ်းသမ်းပြောနေရတာ..ရှက်ချာကြီး..
သဂျီးပြောဖူးတာကတော့ ရွာသက်ရင့်တဲ့လူတွေပဲ လောလောဆယ် Edit လုပ်ခွင့်ရှိတယ်ဆိုပဲ
လူစုံ Edit လုပ်ရင် ပွိုင့်စစ်စတမ် ကြောင်ပြီး ရံပုံငွေတွေ minus ရင် သဂျီးလဲ သနပ်ခါးလိမ်းပြီး
ညဘက် လမ်းလျှောက်ရလိမ့်မယ် ဆိုလားပဲ.. အဟီ
အောက်မှာပြောထားသလိုပဲ
)
( ပြင်ပေးလိုက်ပါတယ်..။ နောက်ဆိုသတိထားပါဂျ…
ပေါ့ဂျာ..
Was this answer helpful?
LikeDislikeပြင်ပေးလိုက်ပါတယ်..။ နောက်ဆိုသတိထားပါဂျ…
Was this answer helpful?
LikeDislikeဟုတ်ကဲ့ပါ ဂျ သတိထားပါ့မယ် မကျွမ်းကျင်သေးလို့ပါ ဂျ ကျေးဇူးပါ ဂျ
Was this answer helpful?
LikeDislikeHow can I use Myanmar font? I don’t see font change tools bar .Please advise. Thanks.
Was this answer helpful?
LikeDislikezaw gyi font & zaw gyi keyboard ရှိမှ..မြန်မာလို ရမယ်ခင်ဗျ..
ဒီအောက်မှာ..သွားကြည့်ပါ
http://www.zawgyi.net/index.php?option=com_content&task=view&id=6&Itemid=11
Was this answer helpful?
LikeDislikeမြန်မာဖောင့်ရိုက်နည်း သိလိုသူများအတွက် http://www.planet.com.mm/fonts/zawgyi_keyboard_map0.4.gif အဲဒီလင့်ခ်ကနေ ဇော်ဂျီကီးဘုတ်ကို ကြည့်ပြီး ရိုက်နိုင်ပါတယ်။
ဇော်ဂျီကီးဘုတ် ကို အလွယ်တကူ သိနိုင်အောင် စာလုံးပေါင်းစစ်ရန်လိုမျိုး ထည့်ပေးရင် ကောင်းမယ် သဂျီးရေ။
Was this answer helpful?
LikeDislikezawmaung ရေ ဇော်ဂျီဖောင့်ကို install လုပ်ထားရင် Shift+Ctrl ကို တွဲနှိပ်လိုက်ပြီး မြန်မာဖောင့်နဲ့ အင်္ဂလိပ်ဖောင့်ကို အလွယ်တကူပြောင်းလို့ ရပါတယ်။
Was this answer helpful?
LikeDislikeThanks a lot to all . I will try .
Was this answer helpful?
LikeDislike်မမ ရေ ကျေးဇူးပါ။ shift+ctrl ပြောင်းဖို့လိုနေတာ ။ အခုတော့ မြန်မာလို မြန်မြန်ရိုက်တတ်အောင် ကျင့်ရဦးမယ်။
Was this answer helpful?
LikeDislikeဝမ်းသာပါတယ် zawmaung ရေ။ ဒါမှပဲ စာဖတ်ရင် အဘိဓာန် တစ်ယောက်စာ ရှာရ သက်သာသွားတာပေါ့။
Was this answer helpful?
LikeDislikeကွန်မန်းတခု ၇ကျပ်ကနေ ၅ကျပ် ဖြစ်သွားပါကြောင်း သတင်းပေးပါသည်။
Was this answer helpful?
LikeDislikeမမ ဘာလို့ ကွန်မန်းက ဈေးကျသွားတာလဲဟင် ဒေါ်လာဈေးကျလို့လား
Was this answer helpful?
LikeDislikeလေပေါတဲ့ လူများလို့ ဈေးကျသွားတာ..
Was this answer helpful?
LikeDislike[url=http://yoursmiles.org/t-emb.php?page=1][img]http://yoursmiles.org/tsmile/emb/t1814.gif[/img][/url]
ဘယ်ဟာ ပုံပေါ်လဲ စမ်းတာ
Was this answer helpful?
LikeDislikeလှုပ်စိ လှုပ်စိ ပုံရအောင် မနည်း ရှာကြံယူရတယ်။
Was this answer helpful?
LikeDislikeရွာထဲက အကိုကြီးတို့ အမကြီးတို့ရေ ရွာလည်နေပါတယ်…..
Was this answer helpful?
LikeDislikeကယ်ကြပါဦးဗျာ…ရေချမ်းရေအိုးထဲရောက်ပြီးအခက်တော့ တွေ့ပြီ….. စေ့စေ့တွေး ၍ စေ့စေ့ထင် ဘလော့ တင်တာ ၁ ခု မရလို့ နောက် ၁ ခုထပ်တင်တယ်..၂ ခုလုံး တန်းလန်းနဲ့ ကန့်လန့် ဇတ်လမ်းသွားနေပြီ…သူကြီးရေ….၂ခုလုံးကို ဖျက်သာပလိုက်ပါဗျာ….ကျွန်တော် မလုပ်လည်းပဲ ကွန်မန့် က အော့ဖ် ဖြစ်နေပြီ…ဟင့်…ကျုပ်မနိုင်တော့ သူကြီး မ ‘ ပါဦးဗျာ…..
Was this answer helpful?
LikeDislikeကျွန်တော်တို့ ပိုစ့်တွေဘယ်လိုမှတင်လို့မရပါဘူးခင်ဗျာ.categories ရွေးတင်တာဘဲမရဘူး။နည်းနည်းခက်ခဲနေသလိုဘဲ
Was this answer helpful?
LikeDislikeကျွန်တော်ပိုစ့်တွေဘယ်လိုမှတင်လို့မရပါဘူးခင်ဗျာ။ category ရွေးတင်တာဘဲ ဘယ်လိုမှအဆင်မပြေဘူးဖြစ်နေတယ်။
Was this answer helpful?
LikeDislikeကျွန်တော်ပိုစ့်အသစ်တွေဘယ်လိုမှတင်လို့မရပါဘူး။category ရွေးတင်တာလည်းမရပါဘူး။ဘယ်လိုလုပ်ရမလည်းခင်ဗျာ
Was this answer helpful?
LikeDislikeခုတောင် မရဘူးဆိုပြီး ကွန်းမန့်  ၃ခုတက်လာတယ်လေ..
ပို့ စ်တင်ချင်ရင် စိတ်ရှည်ရှည်ထားပြီး တင်ဗျ
မလောပါနဲ့ ..
ပြည်တွင်းနတ်က သိတဲ့အတိုင်းပဲ..
Was this answer helpful?
LikeDislikeဦးပေါက်ဖော်ကြီး ဘာတွေပြောနေတာလဲ။ ဒီလောက် နက်သုံးခွင့်ပေးထားတာကို ကျေးဇူးမတင်ဘူး။ လက်ဖက်ကောင်းစားချင်ရင် ပလောင်တောင်တက်နှေးရမယ်ဆိုတာ မသိရော့လေသလား…
Was this answer helpful?
LikeDislikeကျေးဇူးတင်ပါတယ်အကို
ကျွန်တော်သိချင်တာက ပို့ တစ်ခုကိုဘယ်လိုပြန်ဖြတ်မလဲဆိုတာပါ
ကျွန်တော်ရှာနေတာမတွေ့ လို့ကျေးဇူးပြုပြီးပြောပြပေးပါဗျာ……..
Was this answer helpful?
LikeDislikeတင်ပြီးစလစ် နံပတ်တစ်ပဲတဲ့ခင်ဗျ..
နောက်ဒါ..
အကယ်၍..ပို့ စ်တစ်ခုကို..
တင်ပြီး ပြန်ဖျက်ချင်ပါက အစ်ကိုတင်ခဲ့တဲ့ ပို့ စ်အောက်မှာပဲ
သဂျီး..ရေ ကျနော့်ပို့ စ်ကို ဖျက်ချင်ပါတယ်…ဘာအကြောင်းကြောင့်..ဖျက်ချင်ပါတယ်..ဆိုပြီး..ကွန်းမန့်  ပြန်ထားခဲ့ပါ
သဂျီးလာလျင် ဖျက်ပေးပါလိမ့်မယ်..
အဓိကကတော့..ပို့ စ်တင်တဲ့အခါ သေချာစစ်ဆေးပြီးမှ Publish လုပ်ပါလို့ ပဲ ပြောပါရစေ..
သဂျီးက သူ့ ရဲ့.ဆာဗာအခြေအနေ၊ဗားဂျက်အခြေအနေနဲ့ .စာရေးနေကြတဲ့လူတွေရဲ့အခြေအနေကိုကြည့်ပြီး ကောင်းသလိုစီစဉ်ပေးနေတယ်လို့ ပဲ အကြမ်းဖျင်း သိထားလို့ ပါ..
တစ်ကယ်ဆို…ကျနော်လဲ.တခြားလူတွေလိုပဲ…ဘာမှမသိရိုးအမှန်ပါခင်ဗျ
Was this answer helpful?
LikeDislikeနေ့စဉ် ၀င်ကြေး ၁၀ ပြန်ပေးနေတာ တွေ့နေရပါတယ်။
Was this answer helpful?
LikeDislikeဤကား..သတင်းကောင်းပေတည်း..
Was this answer helpful?
LikeDislikeWhat Text Do I Type to Make Smileys?
Smiley images and the text used to produce them*:
lol 
redface 
cry 
evil 
twisted 
rolleyes 
exclaim 
question 
idea 
arrow 
mrgreen
icon text text full text icon full text
smile
biggrin
sad
surprised
eek
confused
cool
mad
razz
neutral
wink
* In some instances, multiple text options are available to display the same smiley.
Was this answer helpful?
LikeDislikeသူများတွေ ဘယ်လို လုပ်ရမှန်းမသိဘူး… သူကျတော့ လုပ်လို့ ရတယ် … ဟွန်း
Was this answer helpful?
LikeDislikeပေါက်ဖေါ်ရေ..ဂေဇတ်အသုံးပြုနည်းရေးထားတာ
မနိုတို့လို လူသစ်တွေအတွက် အရမ်းအစဉ်ပြေတဲ့အတွက်
ကျေးဇူးအများကြီးတင်ပါတယ်။
Was this answer helpful?
LikeDislikeကျေးဇူးအများကြီးတင်ပါတယ် ဗျာ
Was this answer helpful?
LikeDislikeပို့စ်အသစ်တင်ချင်တဲ့ ဆရာသမားတွေ..
ဟုမ်းပေ့ခ်ျပေါ်ကHow To Write a Post ဆိုတာဂျီးတော့မြင်ကြမှာပါ နော..
Was this answer helpful?
LikeDislikeအတော်ပဲ ဒါလေး ကော်ပီကူးပြီ
ခဏ ခဏ ဖတ်ရမယ်
တင်ပေးတဲ့ နောင်တော်ကြီးတွေကို ကျေးဇူးပဲဗျာ
ဆိုဒ်လမ်းညွှန်ဆိုတာ တကယ်ကို လိုအပ်ပါတယ်
ကျေးဇူးပါ
ကိုပေါက်ဖော်ရေ
ခင်လျှက် …
စေပိုင်ထွဋ်(ပုသိမ်)
Was this answer helpful?
LikeDislikeကျေးဇူးတင်ပါတယ် လောလောဆယ်တော့နဲနဲရွာလည်လိုက်အုံးမယ်
သာဓုပါတော်….သာဓုပါ….
Was this answer helpful?
LikeDislikeလောလောဆယ်တော့မဖျက်နဲ့အုံးနော်တို့ကနဲနဲပိန်းတယ်
ဖတ်ရတာမှတ်ရတာများလို့မောက်ရွေ့ရင်းမူးလာပြီ
Was this answer helpful?
LikeDislikeရွာသူ ရွာသားအသစ်တွေ အတွက် သိပ် ကို အဆင်ပြေစေမျာပါ ။
ကျွန်တော် လည်း..မရှင်း မရှင်းဖြစ်နေတာလေးတွေ..ရှင်းသွားပါတယ် ။
ကျေးကျေးပါပဲ..။
Was this answer helpful?
LikeDislikeပေါက်ကျော်မ
သီချင်းဘယ်လိုတင်ရမလဲပြောပေးအုံးနော်
Was this answer helpful?
LikeDislikeမစိန်ပေါက်ရေ
တင်ပြီးသား ပို့စ်ကို edit လုပ်နည်းပြောပြအုန်းအေ့
ိ
Was this answer helpful?
LikeDislikePoints tway ka bar lope ya mhar lal?
Was this answer helpful?
LikeDislikeကျေးဇူးပါပဲ ကို kai ရေ။
မသိတာလေးတစ်ခုလောက်တော့ မေးချင်လိုပါဗျာ။
Post အသစ်တင်ရင် Tag က ဘယ်လိုအသုံးဝင်သလဲ ဆိုတာလေး သိချင်လိုပါဗျာ။
HMS
Was this answer helpful?
LikeDislikeကျေးဇူးပါကိုကြီး………ညလေး ……..လက်တည်.စမ်းလိုက်ဦးမယ်နော်….
Was this answer helpful?
LikeDislikeအောင်မြင်သွားပီ…..ကိုဂီ၇ယ်ကျေးဇူးအထူးတင်ပါတယ်နော်……
Was this answer helpful?
LikeDislikeမှားလို.ကိုကြီးပြောတာ………..နော်
Was this answer helpful?
LikeDislikeအရမ်းအရမ်းကိုကျေးဇူးတင်ပါတယ် တကယ်ကိုကျေးဇူးတင်ပါတယ် တယောက်ထဲ လိုက်လုပ်ကြည့်နေပေမယ့်ပို့စ်ကမတက်လာပါဘူး ဒီစာလေးဖတ်လိုက်လိုက်လုပ်တာအဆင်ပြေလို့ ပို့စ်တခုတင်လိုက်နိုင်ပါတယ် တကယ်ကိုကျေးဇူးပါ အရမ်းကိုကျေးဇူးတင်မိပါတယ် သေချာအသေချာလေးရေးပေးတော့အဆင်ပြေပြေနဲ့ တကယ်ကို ကျေးဇူးတင်ပါတယ်
Was this answer helpful?
LikeDislike