သင့်ခန္ဓာကိုယ်ကို သင်နှစ်သက်သွားစေမယ့် လျှို့ဝှက်ချက်(၆)ချက်မှ ပထမ(၃)ချက်
|500- Hits|သင်ရဲ့ ရှိရင်းစွဲပုံစံကို ကျေနပ်သဘောကျဖို့ပြီးပြည့်စုံတဲ့ ကိုယ်ခန္ဓာအချိုးအဆစ်နဲ့
ရုပ်ရည်ကို ပိုင်ဆိုင်နေစရာမလိုဘူး။အခုပြောပြမယ့် လျှို့ဝှက်ချက်တွေက သင့်ကိုယ်
သင်ခေါင်းအစခြေအဆုံးအမြဲယုံကြည်မှုရှိစေမှာပါ။
၁။ သင်ရဲ့ခန္ဓကိုယ်မှာရှိတဲ့ အရာအားလုံးဟာ သူများနဲ့မတူ တမူထူးခြားနေတယ်
သင့်မျက်ခွံတွေက ငိုက်စင်းနေမယ်။သင့်နှာခေါင်းက မှိုပွင့်တစ်ပွင့်နဲ့ တူနေမယ်
၊ဒါမှမဟုတ် သင့်ဒူးခေါင်းတွေက ရယ်စရာဖြစ်နေမယ်ဆိုရင်လည်းဘာဖြစ်လဲ။ အဲဒါ
တွေက သင့်ကိုသူများနဲ့မတူစေဘဲ တမူထူးခြားစေတယ်လေ။ လူအားလုံးတထေရာ
တည်းတူပြီးလှပနေကြမယ်ဆိုရင် ကမ္ဘာကြီးကပျင်းစရာကြီးဖြစ်နေမယ်လို့ သင်မထင်
ဘူးလား။
လေ့ကျင့်ခန်းပုံမှန်လုပ်ပြီး အစာကိုဂရုတစိုက်စားဖို့လိုပါတယ်။ ဒါမှကျန်းမာသန်
စွမ်းတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ရမှာပေါ့။ ဒါပေမယ့် အစာအငတ်ခံတာ ကိုယ်ကာယ
လေ့ကျင့်ခန်းလုပ်ဖို့ ကိုယ့်ကိုယ်ကို ဖိအားပေးတာတွေဟာ ကျန်းမာလှပတဲ့ ခန္ဓာကိုယ်
တစ်ခု ဘယ်လိုမှမရနိုင်ပါဘူး။
၃။ သင့်ရဲ့အလှဆုံးနေရာကိုပြသလိုက်ပါ။
သင့်ခန္ဓာကိုယ်မှာ သင်အကြိုက်ဆုံးနေရာတစ်ခုရှိရင် အဲဒါကို လူတွေမြင်အောင်
ပြလိုက်စမ်းပါ။ နေလောင်ကွက်တွေရှိနေလား။ အဲဒါတွေကို ဖုံးကွယ်မနေပါနဲ့ ။
သင့်ရဲ့ သန်မာတဲ့ လက်မောင်းတွေကို သဘောကျရင် လက်ပြတ်အင်္ကျီဝတ်လိုက်ပါ။
စိတ်ကျေနပ်သဘောကျနေရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုများစွာ တိုးပွားစေပါတယ်။
from အလင်းထက်(ref:seventeen.com)
လေးစားစွာဖြင့်
mr.lone
Related posts:




သန်မာတဲ့လက်မောင်း တဲ့နော် အမလေး မလွယ်ပါဘူး။ဒီလောက်ပိန်တာရိုးလေးကို ……
Was this answer helpful?
LikeDislike၃။ သင့်ရဲ့အလှဆုံးနေရာကိုပြသလိုက်ပါ။
တို့ကတော့ တကိုယ်လုံးလှတယ်ဟေ့!
လှတိုင်းတော့ မပြနိုင်ဘူးနော်
Was this answer helpful?
LikeDislikeမလှတဲ့နေရာ မရှိတာသေချာတယ်နော် ။ ပန်ပန် လာကြည့်ဦးမယ်….
Was this answer helpful?
LikeDislike”သင်ရဲ့ ရှိရင်းစွဲပုံစံကို ကျေနပ်သဘောကျဖို့ပြီးပြည့်စုံတဲ့ ကိုယ်ခန္ဓာအချိုးအဆစ်နဲ့
ရုပ်ရည်ကို ပိုင်ဆိုင်နေစရာမလိုဘူး” (မှန်လိုက်လေ)
”စိတ်ကျေနပ်သဘောကျနေရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုများစွာ တိုးပွားစေပါတယ်။”
ဒီလိုဆိုရင် ကိုယ့်ကိုယ်ကို ယုံကြည်မှု၇ှိဖို့ အတွက် ဘယ်သူတဦးတယောက်ဆီက ထောက်ခံချက်ကိုမှ ယူစရာမလိုတော့ဘူးပေါ့။ (ဂွတ်ထ ဂွတ်ထ ကောင်းလေစွ)
Was this answer helpful?
LikeDislikeဟေ့ဟေ့ ဒါဆိုရင်တော့ ပျော်စရာပဲ ။ ကျွန်မဆိုရင် ပါးစပ်ပြဲတော့ လူမှတ်မိလွယ်တာပေါ့နော်။ ပြီးရင် မသပ်မရပ်နဲ့ အိပ်ချင်မူးတူးစတိုင် ခေါင်းမဖြီးတဲ့ ဒီဇိုင်းဆိုတော့ အခုတော့ ဂွတ်သွားပြီ
Was this answer helpful?
LikeDislikeလှတဲ့နေရာကိုလူမြင်အောင်ပြရမယ်တဲ့။
ဟားဟားဟား……
ငါကဘယ်နေရာပြရမလဲ။
တစ်ကိုယ်လုံးမှာလှတာဆိုလို့တစ်နေရာပဲရှိတယ်။
ပြလိုက်၇င်လန့်သွားမှာပေါ့…..
ဘယ်နေရာလဲသိလား?
ခြေသလုံး…….။
Was this answer helpful?
LikeDislikeခြေထောက်ပါတဲ့မြွေ ဒီတစ်ခါပဲကြားဖူးတယ်
Was this answer helpful?
LikeDislikeဒါကတော့ ကိုယ်ကြိုက်တဲ့နေရာကိုယ်ပြလေ…ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိသွားတယ်..ဆိုရင်တော့ ဘယ်နေရာမဆို ပြလိုက်ပေါ့…
Was this answer helpful?
LikeDislike