laptop နဲ့ notebook ဘာကွာခြားလဲ
|982- Hits|
• Laptop:
လက်ပတော့ ဆိုတာက Notebook နဲ့ တူတယ်လို့ ပြောကြပေမယ့် အမှန်ကတော့ တော်တော်ကြီးကို ကွဲပြားပါတယ်။ ထုထည်အရွယ်အစားက အစပေါ့ဗျာ။Portable Computer လို့ ကျနော်တို့ ပြောကြတဲ့ (Laptop, Notebook, Netbook, Tablet PC) အစရှိသည်တို့မှာ… Laptop က ထုထည်ကြီးမားမှု ရှိပြီး .. Performace အရည်အသွေးအားဖြင့် အမြင့်ဆုံးလို့ ဆိုရမယ် ဖြစ်ပါတယ်။ ဒီခေတ်ထဲမှာတော့ (Laptop နဲ့ Notebook) ကွန်ပျူတာတွေကို အတူတူနီးပါးလောက် ခေါ်ဆို သမုတ်လာခဲ့ကြပါတယ်။ Laptop ထက် Notebook တွေ ပိုမိုခေတ်စားလာတယ် လို့လဲ ပြောလို့ရပါတယ်။ Laptop တွေ တဖြေးဖြေး တိန်ကောလာခဲ့တာတော့ အမှန်ပါပဲ …….
လက်ပတော့ရဲ့ အရည်အချင်းအချို့ကို ဖော်ပြရလိုလျှင်–
• (၁) ထုထည်ကြီးမားခြင်း (လေးလံခြင်း)
• (၂) Performance ပိုမိုကောင်းမွန်ခြင်း
• (၃) Upgrade လုပ်နိုင်ခြင်း (လုပ်ရန် နေရာရှိခြင်း) Upgradeable Space.
• (၄) Performance ကောင်းတဲ့အတွက် (ဘက်ထရီ ပိုစားခြင်း)
• (၅) External Device အသုံးပြုစရာ မလိုလောက်အောင် ပြည့်စုံခြင်း
• (၆) ဈေးနှုန်း မြင့်မားခြင်း .. အစရှိသည်တို့ ဖြစ်ပါတယ်။
• (ဥပမာ- PS2 Ports, Serial Ports, VGA Ports .. အပေါက်အစုံပါရှိခြင်း)
Notebook
အခုခေတ် ကျနော်တို့သုံးနေတာတွေက (Notebook)များပဲ ဖြစ်ပါတယ်။ Laptop လို Device တွေပြည့်ပြည့်စုံစုံ မပါရှိပေမယ့် .. လိုအပ်လျှင် .. External Devices များကို အားကိုးရပါတယ်။ ဥပမာဆိုရလိုလျှင်တော့ .. (Docking Station) လို့ခေါ်တဲ့ ကျနော်တို့ လိုအပ်တဲ့အခါမှာ USB, Serial, VGA, PS2 Ports အစရှိတဲ့ အပေါက်တွေ လိုအပ်လာခဲ့လျှင်.. ၀ယ်ယူသုံးရပါတယ်။ Performace အနေနဲ့ Laptop လောက် Heavy မဖြစ်ပေမယ့် … Personal သုံးအနေနဲ့က အဆင်ပြေမှုရှိပါတယ်။ (CD/DVD) Drive တွေ ပါဝင်ပါတယ်… ။ Floppy Drive ကတော့ ပါမှာမဟုတ်တော့ပါဘူး .. လိုလည်း မလိုတော့ပါဘူး။ Laptop ကို ၀ိတ်လျော့ခြင်းဖြင့် .. Notebook ဘ၀သို့ေ၇ာက်ရှိခြင်း ဖြစ်ပါတယ်။ Notebook ဆိုတဲ့အတိုင်း ပေါ့ပေါ့ပါးပါး .. လိုရာ သယ်ယူသွားနိုင်ရင် .. (မှတ်စုစာအုပ်)လို့ တင်စားထားကြတာပါပဲ။
အရည်အချင်း အချို့ကို အကျဉ်းပြန်ချုပ်ရလိုလျှင် -
• (၁) Laptop ထက် ပေါ့ပါးမှု ရှိခြင်း (Portable)
• (၂) ဒီခေတ်ကြီးထဲမှာ .. ပိုမိုခေတ်စားလာခြင်း။
• (၃) Battery အား ရည်ရှည်ခံနိုင်မှု ရှိခြင်း (ဥပမာ- ၄ နာရီ)
• (၄) Ports များ အစုံမပါရှိပေမယ့် .လိုအပ်လျှင် (Docking Station) များ ၀ယ်ယူ သုံးစွဲနိုင်ခြင်း
• (၅) ဈေးနှုန်းသက်သာလာခြင်း .. အစရှိသည်တို့ပဲ ဖြစ်ပါတယ်။ … ဒီ့ထက် ပိုမိုကျယ်ပြန့်နိုင်ပါတယ်။
Netbook
–> 1st Generation (Laptop) —> 2nd Generation (Notebook) —-> 3rd Generation (Netbook) လို့ ပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ .. လူတွေရဲ့ လိုအပ်ချက်အရ … Portable ကွန်ပျူတာ.. သယ်ရပြုရလွယ်သော ကွန်ပျူတာ ဆိုတဲ့အတွက်.. .. လူတွေဟာ တီထွင်ကြံဆလာခဲ့ကြတယ်.. ။ ကွန်ပျူတာတွေကို ပိုမိုပြီး သေးသည်ထက် သေးအောင်ပေါ့ ..။ အခုနောက်ဆုံး .. Netbook အထိေ၇ာက်လာခဲ့တာပဲ ရှုမြင်နိုင်ပါတယ်။ Netbook လို့ တင်စားလိုက်ရတဲ့ အကြောင်းအရင်းက.. (ကွန်ရက်)လို့ ကျနော်တို့ခေါ်တဲ့ .. (Internet) ကို အမှီပြုပြီးတော့ .. ခေါ်ဆိုလာခဲ့ကြပါတယ်။ အဓိက .. (အင်တာနက်) နဲ့ Office Application လောက်လေး ကောင်းကောင်းသုံးနိုင်ပြီး.. လိုရာသို့ လွယ်ကူပေါ့ပါးစွာ သယ်ယူနိုင်ပါတယ်.. ။ Netbook မှာ.. (CD/DVD) Drive ပါဝင်မှုမရှိပါဘူး.. သေးငယ်တယ်… ပေါ့ပါးတယ်.. ဆိုတဲ့အတွက်.. Function အစုံရချင်မှ ရမှာဖြစ်သလို….. Performance အရည်အချင်းအရ .. အခြားသော Laptop, Notebook တွေလောက် ကောင်းမှာ မဟုတ်ပါဘူး။။။ အင်တာနက်တော့ ကောင်းကောင်း သုံးနိုင်ပါတယ် .. Wireless Device တွေအဆင်သင့် ပါရှိပါတယ်။ နီးရာ Hotspot Zone, Wireless Zone တွေမှာ အလွယ်တကူ .. အင်တာနက် .. Surf လုပ်နိုင်ပါတယ်။
အရည်အချင်း အကျဉ်းချုပ် … —
• (၁) ပေါ့ပါး သေးငယ်ခြင်း
• (၂) Performance အားဖြင့်. … (laptop, notebook) တို့လောက်မကောင်းခြင်း
• (၃) Function အစုံမပါရှိသည့်အတွက် Battery သက်တမ်း ကြာရှည်ခြင်း .. (eg: 4 to 5 hours)
• (4) Internet, Office Application လောက်သာ အသုံးပြုနိုင်ခြင်း
• (၅) ဈေးနှုန်းအားဖြင့် .. (Portable Notebok) လောကမှာ အပေါဆုံး …… အစရှိသည်ဖြင့်
Tablet PC
Tablet PC ဆိုတဲ့အတိုင်း .. စားပွဲတင်ခုံ တစ်ကိုယ်ရေသုံး ကွန်ပျူတာလို့ အမည်ပေးထားပါတယ်။ သူ့ရဲ့ အဓိက အားသာချက်ကတော့ .. (Monitor) Screen ကို ခေါက်ပြီးတော့ .. စာအုပ်တစ်အုပ်အသွင် .. မှတ်စုများကို (Monitor Screen) ပေါ်တွင် .. Electronic Pen ဖြင့်ေ၇းသားနိုင်ပါတယ်။ ဆိုလိုတာက .. Screen တစ်ခုလုံးကို.. တစ်ပတ်လှည်နိုင်လောက်တဲ့ အထိ လှည့်နိုင်ပြီး .. ခေါက်ချလိုက်နိုင်ပါတယ်။ ကျန်တဲ့အပိုင်းကတော့ (notebook တို့ .. Laptop) တို့နဲ့ Functions တွေ နီးပါးလောက် တူညီမှု ရှိပါတယ်။ ဈေးနှုန်းအရကတော့ .. အပေါ်မှာ ပြောထားတဲ့ Notebook ထက် ဈေးပိုမိုကြီးမားပါတယ်။
အဲဒီလောက်ပါပဲ .. ။ ဒါပေမယ့်.. Portable Computer လို့ ပြောတော့မယ်ဆိုရင် (Pocket PC) လို့ ခေါ်ကြတဲ့ PDA တွေ၊ OS ပါရှိတဲ့ .. Mobile phone တွေက အစ ပါရှိလာပါတယ်။ ဒီခေတ်ထဲမှာတော့ .. နည်းပညာတွေ တစ်ဖြေးဖြေးနဲ့ .. သေးသည်ထက် သေးအောင် ဖန်တီးလာကြပါတယ်။ များသွားပီ..
.. ။ ဒီမှာပဲ နားလိုက်တော့မယ်ဗျာ … ။
answered 2 days ago
khunlazer
619●3
edited 2 days ago
0
Laptop က ခရီးသွားရင်းအသုံးပြုလို့ ရတဲ့ တစ်ဦးချင်းသုံး ခရီးဆောင်ကွန်ပျူတာ ဖြစ်ပါတယ် Desktop PC နဲ့ ပုံသဏ္ဍာန်သာကွဲပြီးတော့ အနှစ်သာရက အတူတူပါပဲ………..၊
answered 2 days ago
jumper
416●4
0
Laptop ဆိုတာကတော့ Lap ပေါင်ပေါ် top တင်သုံးနိုင်တဲ့ ကွန်ပျူတာပေါ့။ Notebook ရော NetBook ပါ Laptop တွေပါပဲ။ ဒါပေမယ့် Notebook နဲ့ NetBook ကတော့ ခွဲခြားလို့ ရမယ်ထင်တယ်။ Netbook ဆိုရင် ခပ်သေးသေး၊ DVD တို့ CD တို့ မပါဘူး။ အထူးသဖြင့် Intel Atom တွေကို အသုံးများတယ် အဲဒီလိုပဲ အကျမ်းခွဲလို့ ရမယ်ထင်ပါတယ်။
answered 2 days ago
myanmartutorials
688●7
0
အမှန်ကတော့ Laptop ပါ… သူတို့ဆီမျာ ကျောင်းသူ ကျောင်းသားတွေရော.. စီပွားရေးလုပ်ငန်းရှင်တွေရော Laptop တွေကို နုတ်စာအုပ်လိုသုံးနေကြတာကို တင်စားပီး Notebook လို့ ခေါ်ကြတယ်လို့ ထင်ပါတယ်…
Laptop/Notebook တွေက များသောအားဖြင့် Screen Size ၁၅ လက်မ ဝန်းကျင်ရှိတတ်ကြပါတယ်.. Desktop တွေလိုပဲ Performance ကောင်းကောင်း လုပ်ဆောင်နိုင်ပါတယ်…
အဲ Netbook တွေကတော့ Cloud Computing ကို အဓိကရည်ရွယ်မယ်ထင်ပါတယ်… Wi-Fi ready ဖြစ်မယ်.. Portable ဖြစ်မယ်.. Screen Size က ၁၀ လက်မ ဝန်းကျင်လောက်ရှိတတ်တယ်.. အင်တာနက်နဲ့ ချိတ်ပီးတာနဲ့ Browser ကိုသုံးပီး ကိုယ်ဝယ်ထားတဲ့ Application တွေ သုံးနိုင်မယ်.. Game တွေ ဆော့နိုင်မယ်.. (ဒီမှာတော့ အဲလိုရသေးဖူးပေါ့နော..
) အဲဒါတွေ စက်ထဲမှာ သွင်းထားစရာ သိမ်းထားစရာ မလိုတော့တဲ့အတွက် Processor လဲ ပုံမှန်ပဲ.. DVD drive တွေလဲ မပါတော့ဖူး.. Internet ကို အဓိကထားတဲ့အတွက် Netbook လို့ တင်စားခေါ်တယ်လို့ပဲ ထင်ပါတယ်…. ဈေးလဲချိုပါတယ်… $300 လောက်ဆို Netbook ရပါတယ်..
အဲဒီကြားထဲမှာ Performance လဲကောင်း mobile လဲဖြစ်တဲ့ Ultra Portable ဆိုတာတွေ ရှိသေးတယ်.. သူတို့ကတော့ Screen Size ၁၂ လက်မ ဝန်းကျင်ရှိတတ်တယ်…
ဒီလောက်ဆို ခွဲလို့ရလောက်ပါပီ…
Related posts:


ကျုပ်ဟာကဒါဆို နက်ဘုတ်ပေါ့ (netbook)
ကျုပ်မှာနောက်ထပ် ကျောက်သင်ပုန်းလိုဟာမျိုးရှိသေးတယ်ဗျ ip အိုင်ပက်ခေါ်လားမသိဘူး
ဂိမ်းကစားချင်တယ်ဗျာ မန်မိုရီကဒ်သေးသေးလေးထည့်လိုရတဲ့အပေါက်ပါတယ်
4G ထည့်ရမလား 8G ထည့်ရမလား ပြောပြပါအုံး အဲဒါလေးမပါရင် တစ်ချို့ဟာတွေဖွင့်မရ သုံးမရနဲ့ဗျ
အဲဒါလေးအကြောင်းပြောပြ သူကိုမြန်မာလိုထည့်လို့ရလား..။။။
Was this answer helpful?
LikeDislikeကျနော်တော့..Game ဆို.. Desktop နဲ့ ပဲ အားရတယ်..
ဂျောက်ဂျောက်..ဂျောက်..
ကလစ်.ကလစ်.ကလစ်..
Poster ရီး..
ခေါင်းစဉ်မှာ..Notbook လား Notebook လားဗျ
ကျုပ်လဲ..American Vision ဒိုး ဦးမှနဲ့ တူပါတယ်..
ဒီနေ့ ဘာတွေ မြင်နေမှန်းကို မသိဘူး..
Was this answer helpful?
LikeDislikeဦးဘီလူးကြီးရေ မမြင်ဖူးလို့ခဏလောက်ပြပါဦးဗျို့….
Was this answer helpful?
LikeDislikeမေးလ်အကောင့်ပေးလေ ဓါတ်ပုံရိုက်ပြီးပို့ပေးပါ့မယ်
Was this answer helpful?
LikeDislikeကျုပ်ကတော့
တရုတ်တပ်ဘလက် ၀ယ်မိတော့
ရှိတာလေး ကို
တန်အောင် သုံးနေရ သဗျို့ 
Was this answer helpful?
LikeDislikeအိုင်ပက်ရင်တော့ ငါးတော့မိနိုင်ပါရဲ့။ဈေးကလဲရောင်းမကောင်းပါဘူးတော်။စိတ်ပျက်ပါတယ်။ဒါကြီးသယ်ရတာ တရက်တရက်လေးလံလွန်းလို့ ပါ။
Was this answer helpful?
LikeDislikeကျွန်မ မှာလည်း ကျောက်သင်ပုန်း တစ်ခု ရှိခဲ့တယ် .. ရွာမှာ သူငယ်တန်းတက်တုန်းက .. ပထမ တန်းရောက်တော့ သူများကို ပေးပစ်လိုက်တယ်.. သဘောကောင်းချက်..
Was this answer helpful?
LikeDislikenetbook က notebook ထက် ပို ပြီး network အပိုင်းကို ပို ပြီး ဦးစားပေးထားတာပါ။ ဒါကြောင့် netbook က notebook ထက်မလိုတာတွေ ကိုဖြုတ်လိုက်တာပါ ဥပမာအနေနဲ့  cd drive တို့ ပေါ့။ netbook ကအင်တာနတ်ကို ပိုပြီး ဆွဲအားကောင်းစေတာပါ။ဒါကြောင့် network ကိုပိုဦးစားပေးလို့  netbook လို့ ခေါ်လိုက်တာပါ။
Was this answer helpful?
LikeDislikeTitle စာလုံးပေါင်း မှားနေလို့ ပြင်ပေးလိုက်ပါတယ်….။
Was this answer helpful?
LikeDislikelaptop နဲ့ notebook ဘာကွာခြားလဲ
ဆိုတာ အကြီးစားရှင်းပြပေးပါ့မယ် ပို့စ်တစ်ခုဖြစ်ချင်လည်းဖြစ်သွားမှာပေါ့ ။
laptop က စာလုံး ၆ လုံးပေါင်းရပါတယ်။
notebook က စာလုံး ၈ လုံးရှိပါတယ် ဘာကွာလည်းဆိုတော့ နှစ်လုံးကွာပါတယ်း))))
Was this answer helpful?
LikeDislikeကျေးဇူးတင်ပါတယ် သဂျီး ။ ကျွန်တော်လဲ စာလုံးပေါင်းစစ်တော့စစ်တာပဲ ကျန်သွားလို့ပါ ။ နောက်ဆိုရင် သတိထားစစ်ရတော့မယ်ဗျို့ ။
Was this answer helpful?
LikeDislikeအခုမှဘဲ လက်တော့ နဲ့ နုတ်ဘုတ် ကွဲကွဲပြားပြားသိတော့တယ်။ အိုင်ပက်အကြောင်းလဲ အချိန်ရရင် ထပ်ရှင်းပေးပါအုံး။ သိတဲ့လူ မည်သူမဆိုပေါ့ဗျာ။
Was this answer helpful?
LikeDislike