ရွာထဲရောက်လာတဲ့ကျွန်တော်
|687- Hits|ကျွန်တော် အင်တာနက်ဆိုတာကြီးနဲ့ စထိတွေ့တာ နှစ်လ မပြည့်သေးပါ။အစိမ်းသက်သက်ကြီးတော့မဟုတ်ပါ။
အင်တာနက်ရဲ့သဘောသဘာဝကိုတော့သိနေပါတယ်။မိတ်ဆွေတွေက အင်တာနက်ကဖေးသွားဖို့ခေါ်တော့ကျွန်တော် ငြင်းခဲ့ပါတယ်။
ကိုယ်နဲ့မဆက်စပ်သေးတဲ့အချိန်မှာနေလိုက်ပါဦးမယ်။ဆက်စက်မိတဲ့အချိန်ကြရင်တော့ထဲထဲဝင်ဝင်သိလာမှာပါလို့ပဲပြန်ပြောခဲ့ပါတယ်။
ဆယ်ကျော်သက်ကောင်လေးကောင်မလေးတွေကြားထဲ အသက်ကြီးမှ လက်ပေးသင် ဆိုတာလိုဖြစ်နေမှာစိုးလို့ပါ။
ဒီလိုနဲ့နေလာလိုက်တာ သြဂုတ်လ ပထမပတ်အကုန်မှာပဲ ဒီအင်တာနက်ကြီးနဲ့ထိတွေ့ခွင့် ကြုံလာပါတော့တယ်။
ငွေတစ်သိန်းကျော်ကျော်လောက် ကုန်သွားတော့ မိန်းမက နှုတ်ခမ်းခပ်စူစူပေါ့။
လာပြီးဆောင်ရွက်ပေးသွားတဲ့ပုဂ္ဂိုလ်လေး အရင်ဆုံးပြခဲ့တာကတော့ မိုးဟေကို နဲ့ ပျူနိုင်ငံပါ။
ပျူနိုင်ငံမှာ ကိုအောင်ရဲ့ သရဲဇာတ်လမ်းတွေဖတ်၊သတင်းလေးတွေကြည့်ပေါ့။
၃ ရက်လောက်ကြာတော့ မောင်မင်းကြီးသားခြကောင်(ဗိုင်းရပ်)တွေ ၀ိုင်းကိုက်ကြတော့ ပြူတင်းပေါက်ကြီးလဲပြုတ်ကျပါလေရော။
အဲဒါနဲ့ ကွန်ပျူတာလက်သမားဆရာကို ပြန်ခေါ်ပြီး ပြူတင်းပေါက်ကြီး ပြန်တတ် ရပါတယ်။ မိန်းမ ကလည်းမျက်စောင်းထပ် ထိုးပြန်ပါတယ်။
အဲဒီမှာ ဟိုဟိုဒီဒီသွားရမဲ့လိပ်စာလေးတွေရေးပေးခဲ့ပါတယ်။ ဒီလိုနဲ့ ဟိုဒီနဲနဲ သွားတတ်လာပါတယ်။စိတ်ချမ်းသာစရာဓါတ်ပုံလေးတွေကြည့် ၊
ရင်မောစရာဗွီဒီယိုလေးတွေကြည့်ပေါ့။ ရင်မောစရာဆိုတာက ၃ မိနစ်စာလောက်ဆိုတဲ့ ဖိုင်ကို ကလစ်နှိပ်လိုက်တော့ မဲမဲ အကွက်ထဲ
ဝိုင်းဝိုင်းလေး ခြာလည် လည်နေတာကို ၁၅ မိနစ်လောက်ထိုင်စောင့်နေရတာပါ။ ပေါ်လာပြန်တော့ ထစ်ငေါ့ထစ်ငေါ့ ဆိုတော့စိတ်ပျက်တာနဲ့
နောင်မကြည့်တော့ပါဘူး။ (ရရင်တော့ကြည့်ချင်သား) ။ဟိုခေါင်းစဉ် ဒီခေါင်းစဉ်လေးလိုက်နှိပ်ကြည့်တော့လည်းအဆက်ဒီနိုင်းနဲ့ပဲတွေ့၊
မေးမြန်းကြည့်တော့ http နောက်မှာ s ထည့်ကြည့်ဆိုတော့လုပ်ကြည့်တော့လည်းမရတာကများ။အဲဒီတော့ ပရောက်စီကျော်တာလေး
ခေါ်သင်ခိုင်း ဆော့ဝဲ လေးထည့်ခိုင်းရပြန်ရော။ဒါန လေးလည်းပြုရပြန်ပါရော။ ဒီတစ်ခါပြပေးခဲ့တာကတော့ လူအများ ရွာထဲလို့ပြောနေကြတဲ့
Mandalay gazette ပေါ့။ အဲဒီမှာ ကျွန်တော့အကြိုက်တွေ့ရတော့တာပါပဲ။သတင်းတွေချည်းမဟုတ်ပဲထွေရာလေးပါးအကြောင်းအရာစုံနဲ့
(ကျွန်တော့အဆင့်အတွက်တော့)ဗဟုသုတတော်တော်ရနိုင်တဲ့နေရာပါ။ ရေးခြင်ရင်လည်း သတင်းမရေးတတ်တဲ့ သူတွေအတွက်
လက်တည့်စမ်းလို့ကောင်းတဲ့နေရာလေးပါ။ လက်တည့်စမ်းတယ်ဆိုတာလေ့ကျင့်လို့ရတာကိုဆိုလိုတာပါ။ ကျွန်တော်လည်းဒီအထဲမှာဘဲ
စတည်းချနေပါတော့တယ်။ စာတွေလိုက်ဖတ် comment တွေလိုက်ဖတ်နဲ့ကျွန်တော်လည်း comment ရေးချင်လာပါတယ်။
လိုက်လေ့လာလိုက်တော့ mail account ရှိမှ registerလုပ်လို့ရမယ်ဆိုတာသိလာတယ်။အတော်ပါဘဲ ရွာထဲမှာ အကောင့် အသစ်ဖွင့်နည်း
တွေ့တာနဲ့ ကော်ပီကူးပြီးလိုက်လုပ်၊မရပါဘူး၊မနက်အစောကြီး ကွန်နက်ရှင်ကောင်းတယ်ဆိုလို့ မနက် လေးနာရီလောက်ထလုပ်၊မရပါဘူး။
ဒီလိုနဲ့အချိန်အတော်ကြာသွားပါတယ်။ နောက်မှအကြံရပြီးအသုံးနဲတဲ့ မိတ်ဆွေတစ်ယောက်ကိုအကူအညီတောင်းပြီးသူးမေးနဲ့ register
လုပ်လိုက်ရပါတယ်။ ဒီလိုနဲ့ကျွန်တော်ရွာထဲကိုရောက်လာပါတယ်။ နောက်ပြီးဘာမသိညာမသိမိတ်မဆက်ဘာမဆက်ပဲ
မျောက်လက်ထဲ သေနတ်ရသလို comment တွေ ဒလဟောလိုက်ရေးပါတော့တယ်၊(နောက်မှ လိုက်ဖတ်ရင်း ဒီလိုမရေးသင့်မှန်း၊
comment တစ်ခုနဲ့ ပတ်သက်တဲ့အချက်တွေရှိနေမှန်းရိပ်မိလာတယ်၊ဘာလဲတော့အတိအကျမသိသေးပါ၊လေ့လာရပါဦးမယ်။)
နောက်တော့ကိုပေါက်ဖော်ရဲ့ မန္တလေး ဂေဇက်အသုံးပြုနည်း ပို့စ် ကိုတွေ့ရတော့ သေချာဖတ် ပြီးရွာအတွင်းပိုင်းကိုစမ်းတ၀ါးဝါးနဲ့ ၀င်ခဲ့ပါတယ်။
တောသားရန်ကုန်ရောက်သလိုပေါ့။
တောသားရန်ကုန်ရောက်သလိုဆိုလို့ ဇွန်လတုံးက ရန်ကုန်ကို တာဝန်နဲ့ရောက်တုန်း ယုဇန ပလာဇာရောက်သွားပါတယ်၊ သီပေါ က
သူငယ်ချင်းတစ်ယောက်နဲ့ပါ။ ခပ်တည်တည်နဲ့ အပေါ်လျှောက်တက်သွား၊ဟိုဟိုဒီဒီလိုက်ကြည့် ပြီး ပြန်ဆင်းတဲ့ နေရာ ရှာမရတော့ပါဘူး။
ရောက်ပြီးသားနေရာ နှစ်ခါ သုံးခါပြန်ရောက်ပြီးလည်နေပါတယ်။ ဒါနဲ့ မိုဘိုင်းဖုန်းဆိုင်တစ်ဆိုင်ဝင်ပြီးဖုန်းအိတ်လေးတစ်လုံးဝယ်၊
ရောင်းတဲ့အမျိုးသမီးလေးကို (လူထွက်တဲ့အပေါက်ပြပါလို့တော့မမေးရဲပါဘူး) အောက်ကိုဘယ်လိုပြန်ဆင်းရမလဲ လို့မေးပြီးပြန်ဆင်းလာခဲ့ရပါတယ်။
(စကားချပ်)
ပြန်ဆက်ရရင် ပို့စ် ထဲကအတိုင်း လိုက်လုပ်လိုက်တာ ၂၄ ရက်နေ့မှာ ကျွန်တော့ရဲ့ ပထမဆုံး ပို့စ်ကိုတင်နိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ ၂၆ ရက်နေ့တုန်းက
ပျူနိုင်ငံဘက်ရောက်တော့ ဆန္ဒပြသတင်းဖတ်လိုက်ရတယ်။ဓါတ်ပုံတွေတော့မရှာတတ်လို့မတွေ့ရဘူး။ဒါနဲ့ ရွာထဲပြန်အကူအညီတောင်းရတာပေါ့။
ချက်ခြင်းမရတော့တတ်သလောက်မှတ်သလောက် လိုက်ရှာမတွေ့ပါဘူး၊ဂူဂဲ လ် မှာ ဆူးလေ ဆန္ဒပြပွဲ လို့ ရိုက်လည်းမရပါဘူး။
ရွာထဲလျှောက်သွားလိုက် ပျူနိုင်ငံဘက်ကူးလိုက်နေခဲ့ပါတယ်။
၁၀း၃၀ လောက် မှာအကူအညီတောင်းခဲ့တဲ့ပို့စ်နားပြန်ရောက်တော့ comment တစ်ခုတွေ့တာနဲ့ဝင်ကြည့်လိုက်တော့ ဖိုရမ်ထဲရှိတယ်ဆိုလို့
ဖိုရမ်ဆိုတဲ့စာလိုက်ရှာ ဆန္ဒပြပွဲသတင်း ကိုကလစ်လိုက်တော့ ရောက်သွားပါတယ်။ သတင်းကိုတော့တွေ့ပါတယ်။
ဓါတ်ပုံဆိုလို့ ခရမ်းသီးကြီးငုံပြီး လေသာပြူတင်းအ၀ရောက်လာတဲ့ ကုလားမင်းသားလေးရဲ့ အချစ်တော် ကတုံးလေးနဲ့ စာထိုင်ဖတ်နေတဲ့ပုံရယ်၊
ရေချိန်ကိုက်ပြီးပြန်လာတဲ့ ဦးပေါက်ဖော် ပုလင်းလေးကိုင်၊ လက်ညှိုးလေးတစ်ထောင်ထောင်နဲ့လျှောက်လာတဲ့ပုံတွေပဲတွေ့ပါတယ်။
ရွာထဲပြန်အကူအညီတောင်းရပြန်ပါရော။ စာအဟောင်းတွေလျှောက်ဖတ်ရင်း ၁၁ နာရီကျော်မှာထုံးစံအတိုင်း မိတ်ဆွေရဲ့မေးလ် က
အင်ဘောက်ထဲရောက်လာတဲ့ ကျွန်တော့ စာတွေဖျက်ပေးဖို့ ဖွင့်လိုက်တော့မှ ဦးပေါက်ဖော် လင့်ပေးထားတာလေးဖွင့်ကြည့်မှတွေ့ပါတော့တယ်ဗျာ။
အဲဒါကလည်းဖိုရမ်ထဲမှာပါဘဲ။မကျေနပ်လို့ ဖိုရမ်ထဲပြန်ဝင်ကြည့်ဖို့ ရွာထဲတစ်ခါပြန်သွားတော့ ရွှေဝါရောင်သတင်းဓါတ်ပုံတွေ ဆိုတဲ့ ပို့စ်
ကိုတွေ့လို့ဝင်ကြည့်လိုက်တော့ ၁၁း၃၀ နာရီ လောက်မှာ နှစ်ပုံထပ်တွေ့လိုက်ရပြန်ပါတယ်။ ဖိုရမ်ထဲပြန်ဝင်ကြည့်တော့ ခုန ကတွေ့တဲ့
နှစ်ပုံတွေ့ရပါတယ်။ ပထမကြည့်တုန်းက ဘာကြောင့်မတွေ့ရတာပါလဲ။
ဖိုရမ်အကြောင်းလေး နဲ့အသုံးပြုပုံလေးရေးပေးကြပါဦး။ နောက်ပြီး
ပို့စ် တင်ရင်ပိုက်ဆံရတယ်ဆိုတော့၊ တင်တိုင်း ပုံသေ ရတာလား။အကြောင်းအရာပေါ် အခြေခံပြီးရတာလား။
(ပိုက်ဆံကြောင့် ပို့စ် တင်ကြတာတော့ ဟုတ်မည်မထင်ပါ။ ၀ါသနာ ပိုး ကြောင့်ဖြစ်မှာပါ။)
Comment ပေးရင်ကော ဘာအကျိုးရသလဲ၊ အပေါ်ကတင်တဲ့ ပို့စ် နဲ့ပတ်သက်ပြီးအကျိုးရှိမှ ရသလား၊ပေးတိုင်းရသလား။
ပွိုင့်နှုတ်တယ်ဆိုတာတွေ့ရတယ်၊ ပွိုင့်ဆိုတာဘာလဲ။ ပွိုင့် များရင် နဲရင်ဘာအကျိုးအပစ်ဖြစ်မလဲ။
hit ဆိုတာဘာလဲ။ဘ ယ်လိုအကျိုးသက်ရောက်မှု ရှိသလဲ။
နောက်ထပ်ဘာတွေသိစရာရှိသေးသလဲ ဆိုတာတွေ ကို အခုမှရောက်လာတဲ့ မလည်မ၀ယ် တောသားလေး
ကျွန်တော့ ကို ရှင်းပြပေးကြပါခင်ဗျာ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။
Related posts:


ကိုကြာင်လေး ခင်ဗျား၊ တောသားချင်းတူတူ တမူးပိုရှုချင်တယ်ပေါ့။
Was this answer helpful?
LikeDislikeကျွန်တော်ဆေးလိပ်တောင်မသောက်တတ်ပါဘူး။
ဝီစကီလေး ဘာလေးဆိုရင် အချိန်မရွေးအဖော်ညှိလို့ရတယ်နော်။
Was this answer helpful?
LikeDislikeအဟမ်း
ဝီစကီ ဆိုရင်
မောင် မပလီသည်မို့ 
မှောင်အရီ မှာ
ပြောင်ပါပြီ ဖြစ်အောင်
သောက်လိုက်စို့ လေး
Was this answer helpful?
LikeDislikeလေသနတ်နဲ့
အသေသတ်မဲ့ ဘော်ဒါရေ
သောက်ပြီးရင်
လေမဖြတ်အောင်တော့
ဂရုစိုက်။ ။
Was this answer helpful?
LikeDislikeအဟွင့်…
ပြောင်တယ်ဆိုလို့ ..တိုက်ဆိုင်နေပြန်ဘီ
ပြောင်အောင်သောက်ပြီး.ရှိတာလေး.ပြောင်မှပြန်တာ..
အိပ်ရနိုးမှ နောင်တရမိတယ်..
ပါရာရာလေးလဲ ပြောင်.ပါရာရာလေးလဲပြောင်….
ဦးကြောင်လေး..
ဦးကြောင်ကြီးနဲ့ .ငါးကျော်လုမစားနဲ့ ဦးဗျ
Was this answer helpful?
LikeDislikeဦးကြောင်လေး က
မူးကြောင်မဆွေးရအောင်
တိုးကြောင်ကလေး က
ထွေးညိုနဲ့ ပို့ 
Was this answer helpful?
LikeDislikeအဟမ်း .. အဟမ်း… ကိုပေါက်ဖေါ်ရေ လာနေပြီ. ဆြာကြီး ရှင်းပြပေးနော် .. ၊
ကျနော် က ဝါးတားတားမို့.
ပို့စ် အသစ်တင်ရင်(ကိုယ်ပိုင်ရေး) ၄၀ ပွိုင့် တဲ့
ကိုယ့်ရဲ့ ပို့စ်အောက်မှာ တစ်ဦးလာ မန်းရင် ၃ ပွိုင့် ကိုယ်ကရမယ် တဲ့
သူများ ပို့စ် အောက်မှာ အဓိပ္ပါယ်ရှိတဲ့ comment တစ်ခုသွားရေးရင် ကိုယ့်အတွက် ၅ ပွိုင့် တဲ့|
comment အဖျက်ခံရရင် အနှုတ် ၂၀ ပွိုင့် တဲ့
ကိုယ်တင်တဲ့ ပို့စ် ဖျက်ခံရင် ၁၀၀ ပွိုင့် တဲ့
ပုဂ္ဂိုလ်ရေး ရာ တင်မိလို့ မေးပို့ကန့်ကွက်လို့ ဖျက်ခံရရင် ပွိုင့် ၁၀၀၀ အနှုတ် တဲ့
ပို့စ် တစ်ခုထဲမှာ ၂ ကြိမ် comment ပေးလျှင်လည်း ၅ ပွိုင့် သာလျှင်ရပါသ တဲ့…။
ဟီး ဟီး… ကျနော်က ဒါလောက်ပဲ သိပါကြောင်း ။
Was this answer helpful?
LikeDislikeမဟုတ်တော့ ပြန်ဘူး mgmglusoe ရေ
ပို့စ် အသစ်တင်ရင်(ကိုယ်ပိုင်ရေး) 30 ပွိုင့် ဖြစ်သွားပြီ
ကိုယ့်ရဲ့ ပို့စ်အောက်မှာ တစ်ဦးလာ မန်းရင် ၃ ပွိုင့် ကနေ အခု ၄ ပွိုင့်တိုးလိုက်တယ်
သူများ ပို့စ် အောက်မှာ comment တစ်ခုသွားရေးရင်တော့ ၅ ပွိုင့် ပါပဲ
နောက် Daily Points ပွိုင့် ၅ ပွိုင့် ပါ ……………
Was this answer helpful?
LikeDislikeကျွန်တော်ကလည်း ၀ီစကီ ကြိုက်ဆိုတော့ ညှိလို့ရသွားပြီပေါ့ ။ ဒါပေမယ့် ကို ကြောင်လေးပဲ ဘီလ် ကို ရှင်းလိုက်တော့။
Was this answer helpful?
LikeDislikeအခုမှရောက်လာတဲ့ မလည်မ၀ယ် တောသားလေး ဆိုတော့ စေတနာနဲ့ သတိပေးရဦးမယ်။ ဒီရွာထဲမှာ small cat လို့ နာမည်ယူပြီး ဝင်လာတာကိုက မှားနေပြီ။ ရွာထဲမှာ အဆီကိုစားပြီး အသားကို မြိုတတ်တဲ့ ကြောင်ကြီး ရှိတယ် နော်။ သတိထား။
Was this answer helpful?
LikeDislikeအရိုးလေးများ ကိုက်ရမလား လို့
ဘော်ဒါ ဖွဲ့လိုက်တာပါ။
တချီတော့ မာန်ဖီခံလိုက်ရပြီးပါပြီ။
ဦးကြောင်ကြီး စိတ်ဆိုးနဲ့နော်။
Was this answer helpful?
LikeDislikeအန်ကယ်ကြောင်ကြီးက အခုချောင်းမြောင်းပစိခတ်နေလေ၇ဲ့
Was this answer helpful?
LikeDislikeDear small cat,
If you want new gmail account,
I can do it for you.
( if yes, send me your personal mail address )
Was this answer helpful?
LikeDislikeI don’t understand what you mean that “your personal mail address”.
I have no mail address ,I use my friend ‘s mail address.
Can I send this and to which address may I send?
Was this answer helpful?
LikeDislikeCan you write it in comment ???
Was this answer helpful?
LikeDislikeOK, It is hanhtweg.t@gmail.com.
Was this answer helpful?
LikeDislikeကိုကြောင်လေး… ရွာရဲ့ စည်းကမ်းနှင့် ပွိုင့်တွေ ဘယ်လိုရတယ်သေချာ သိချင်ရင် http://mandalaygazette.com/rules-for-writers အဲ့ဒီမှာ သေချာစွာဖတ်လိုက်ပါ။ ဆရာလုပ်ခြင်းမဟုတ်ပါ… ပုလင်းတူဘူးဆို့… အဲ .. ယောင်လို့… ဘ၀တူတွေမို့လို့… လက်တို့ပြောရခြင်းဖြစ်ပါတယ်… ရွာသားအစစ်အမြန်ဖြစ်ပါစေ.. ဆုတောင်းပေးပါတယ်…
Was this answer helpful?
LikeDislikeDear Small Cat,
I already sent new gmail account & pass word
to your mail —hanhtweg.t@gmail.com—
Kindly reply me, whether you get it or not.
Was this answer helpful?
LikeDislikeသူကြီးရေ ကြောင်တော့ ၂ကောင်ပြည့်သွားပြီ။ ကြောင် ၂ကောင် ခေါက်ဆွဲကြောဆိုင်ဖွင့်လို့ရပြီ။
Was this answer helpful?
LikeDislikehttp://mandalaygazette.com/rules-for-writers
အဲဒီအပေါ်လင့်ကိုသွား စာနာနာဖတ်ပါကွယ်..။
Was this answer helpful?
LikeDislikeသူကြီးရေ ကြောင်တော့ ၂ကောင်ပြည့်သွားပြီ။ ကြောင် ၂ကောင် ခေါက်ဆွဲကြော်ဆိုင်ဖွင့်လို့ရပြီ။
Was this answer helpful?
LikeDislikeဒီကြောင်လေးလည်း စာရေးကောင်းမယ့်ပုံပါ၊ကြောင်ကြီး တပည့်လို့တော့မထင်ပါဘူး၊
category က ဒီလိုစာမျိုးဆိုရင် ကိုယ်ပိုင်အတွေးစစ်စစ်ဆိုတော့ creative writing သုံးရင် ပိုကောင်းမလားလို့ပါ၊
နောင်ရေးမယ့်စာတွေလည်းစောင့်ဖတ်ပါမယ်၊
ကျွန်မတို့လည်း ဂေဇက်မှာ စာရေးသင်နေကြတာပါ၊
ကြောင်လေးရဲ့ မဟေသီတော့ နှုတ်ခမ်းပိုစူလာပါလိမ့်မယ်၊
Was this answer helpful?
LikeDislike” ကြောင်လေးရဲ့ မဟေသီတော့ နှုတ်ခမ်းပိုစူလာပါလိမ့်မယ် ”
Yes, me too, having problem.
Was this answer helpful?
LikeDislikeသဂျီးက ပွိုင့်မပေးချင်လို့ သီးသန့်ပို့စ်တင်ပေးထားလည်း မေးတာပဲ။ ကြောင်လေးကမေး၊ ရွာသားတွေကမန်း၊ ကြောင်ကြီးလည်း မနေနိုင်လို့ ထပ်မန်း၊ ကြော်ငြာကမဝင်၊ ပွိုင့်တွေကတက်၊ အလှူငွေနည်း၊ သဂျီးခင်မျာ အိပ်ပေါက်နဲ့ဖါးကောက်သလို ဖြစ်နေရှာပြီ။ အတိတ်ဝဋ်ကျွေးလို့ပဲမှတ်ဗျို့။ အရင်ဘဝက ကျုပ်တို့ဆီက မတရားယူထားလို့ အခုဘဝ ပြန်ပေးရတာ။ နိုးကွန်ပလိန်း နိုးအကုသိုလ် ဂိုးနတ်ပြည်
Was this answer helpful?
LikeDislikeတောသားအချင်းချင်း လာတွေ.နေတယ် ရွာထဲမှာ လိုတာရှိရင်ပြောပေါ.နော် သူကြီးနဲ. ဦးကြောင်ကြီးက
ကူညီတတ်ပါတယ်
Was this answer helpful?
LikeDislikesmall cat ရေ လက်စမ်းတယ်ဆိုတာတောင် စာရေးကောင်းတဲ့ လူမှန်း သိသာပါတယ် … ။
ရွာထဲမှာတော့ … ကြောင်သူပုန်ကြီးရှိတယ် …သူ့ ရန်ပဲ ကြောက်ရတာကိုး
ငါဟဲ့ကြောင်ကြီး တစ်ကောင်တည်း
ရွာမှာ သေနတ်ထုပ် အလုပ်ရှုပ်
တွေ့သမျှ အပျိုကို သရေယို
အဆီစားပြီး အသားမြို
ကုလား အပျိုကို မယားအပိုနေရာမှာ ထားချင်လို့ …
တရုတ်မရဲ့ လင်လုပ်ပါရစေဆိုလားပဲ … ရပ်သိရွာသိ ဟစ်ကြွေးနေတာ … သူကြိုက်တာလေး ရှောင်ပေးလိုက်လျှင် စမော့ကတ် အနေချောင်ပါပြီ
Was this answer helpful?
LikeDislike