ရုပ်ရှင်ရုံ ထဲ မှ အတွေးများ
|1333- Hits|ဒီတပတ် ပိတ်ရက်က ရည်ရွယ်မထားပဲ ဂျန်းရှင်းမော်တင် ကို ရောက်သွားပါတယ် အိမ်နဲ့ဝေးလို့ ရောက်ခဲပါတယ် ဒီတစ်ခါရောက်တာ ( ၃ ) ကြိမ်မြောက်ပါ ပထမနှစ်ကြိမ် က ဂျန်းရှင်းမော်တင် ကို သွားမယ်ဆိုပြီး ရည်ရွယ်သွားကြတာ ရုပ်ရှင်ကြည့်မယ်ဆိုတဲ့ စိတ်ကူးလဲပါတယ်
လူပျိုဘ၀က ခဏခဏ ကြည့်ဖြစ်ပေမဲ့ အိမ်ထောင်ကျပြီးနောက်ပိုင်း မလှည့်နိုင်တာကြာပြီ အသစ်ဖွင့်တဲ့ ဈေးဝယ်စင်တာ သွားရင်း မီနီသီရေတာ ဆိုတာတွေရဲ့ အရသာလေးစမ်းကြည့်မယ်ပေါ့ ပထမအကြိမ်က “မိုးညအိပ်မက်မြူ” ဒုတိယက သက်မွန်မြင့်ပါတဲ့ “ အာဒမ် ဧ၀ ဒသ ” ကား နှစ်ခါလုံး မကြည့်ဖြစ်လိုက်ဘူး အခုတစ်ခါကျတော့ သွားတာက တစ်နေရာ နီးနေတာနဲ့ တစ်ခါထဲ ဂျန်းရှင်းမော်တင် ကို ၀င်ဖြစ်သွားတယ် ဒီတစ်ခါတော့ ရည်ရွယ်မထားပဲ ရုပ်ရှင် ကြည့်ဖြစ်လိုက်တယ် လောကကြီးက တစ်ခါတစ်ခါတော့ ရီစရာကောင်းရဲ့ လုပ်ချင်ပါတယ် လုပ်ပါမယ် ဆိုပေမဲ့ လုပ်ခွင့်မရဘူး မျှော်လင့်မထားတော့မှ လုပ်ခွင့်ရချင် ရတတ်တာရယ်……
ပြနေတာက ရုံ-၁ မှာ “ Pirates of the Carribian” ရယ် ရုံ-၂ မှာ “ အငိုမျက်လုံး အပြုံးမျက်နှာ” ဆိုတဲ့ နှစ်ကား မြန်မာကားမှာ ဒါရိုက်တာ၊ဇာတ်ညွှန်း၊မင်းသားက မင်းအုပ်စိုး၊ မင်းအုပ်စိုး ကားရယ်လို့ တစ်ခါမှ မကြည့်ဘူးပေမဲ့ ဒီလူက လူစိတ်ဝင်စား အောင် ၊ပွဲဆူအောင် လုပ်တတ်တဲ့ သူ ( အယ်ဒီတာအလုပ်ကို မိန်းကလေး ၁၀ တန်းအောင်ရန် မလို ဆိုပြီး ခေါ်လို့ ဂျာနယ်တွေမှာ ပွဲဆူသွားသေးတယ်) ၊ ထူးထူးဆန်းဆန်း စကားလုံးတွေနဲ့ ကြော်ငြာတတ်တဲ့သူ ဆိုတာတော့ သိတယ်
ဟိုတစ်ကားက ကြည့်ဘူးပြီးသားမို့ မြန်မာကားကြည့်ဘို့ ရွေးဖြစ်လိုက်တယ် ၊ အရင်ဆုံး လက်မှတ်ဝယ်တော့ ကွန်ပျူတာမှာ ထိုင်ခုံတွေပြထားတဲ့ထဲက ကိုယ်ကြိုက်တဲ့ ခုံလက်ညှိုးထိုးပြီး ဒီခုံယူမယ်လို့ ပြောလို့ရတာလေး သဘောကျမိတယ် တခြားရုံတွေမှာတော့ ရုံရှေ့က လက်မှတ်မှောင်ခိုတွေ ဆီကပဲ ၀ယ်ကြည့်ရတာကို လက်မှတ်ခက ၁၅၀၀၊၂၀၀၀၊၂၅၀၀ နဲ့ နောက်ဆုံး နှစ်ယောက်တွဲက ၆၅၀၀ မို့ မိသားစုလိုက် ခဏခဏ ကြည့်ဘို့တော့ မလွယ်ဘူး (ဖွင့်ရက် ဆိုရင်တော့ ဈေးသက်သာတယ်) ၊
အထဲရောက်တော့ အဲယားကွန်းကလဲ အေး ခုံလေးတွေက သပ်သပ်ရပ်ရပ်နဲ့ဆိုတော့ ဒါလဲမဆိုးဘူး ဒီလောက်တော့ ပေးရမှာပေါ့လို့လဲ တွေးမိပါတယ် ကလေးဘ၀က ကြည့်ခဲ့ရတဲ့ ငါးမူး၊တစ်ကျပ်ခုံတွေကတော့ ကြမ်းပိုးလဲထိုး သေးစော်လဲနံ ဆိုတာမျိုးပဲ …. ရုံထဲမှာ
ခုံ ၂၄၀ လောက်ရှိပေမဲ့ အဲဒီပွဲမှာတော့ လူကြီး ၂၇ ယောက်နဲ့ ကလေး ၅ ယောက်လောက်ပဲ ရှိတယ် ကလေးတွေက ငြိမ်လို့ တော်သေးတယ် ကလေးတွေ ငိုကျ ဂျီကျ ကျနဲ့ ဆို အာရုံနောက်ရော ၊ အဲ ကလေးတွေကြောင့် အာရုံမနောက်ရပေမဲ့ ကြော်ငြာတွေကြောင့်တော့ အာရုံနောက်တယ် တီဗီက အလကားလွှင့်ပေးတဲ့ ဇာတ်ကား ကောင်းလေး တွေ ကြည့်မိလို့ ကြော်ငြာကြည့်ရတာ လက်ခံလို့ ရသေးတယ် ရုပ်ရှင်ရုံမှာက ပိုက်ဆံလဲ ပေးရသေး မျက်စေ့ နောက်စရာ တွေကို စာအုပ်လို ကျော်မရ တီဗီလို့ ပိတ်မရနဲ့ သည်းခံပြီးတော့ ၁၅ မိနစ်လောက် ကြည့်လိုက်ရတယ် ကုန်ပစ္စည်း တစ်ခုထဲကို ၂ ခါ ၃ ခါ လာတာတော့ အဆိုးဆုံးပဲ နောက်တစ်ခု ဆိုးတာက ရုံကျဉ်းကျဉ်းလေးကို အသံက တော်တော်ဆူတာပဲ တောက စကားနဲ့ ပြောရရင် လော်ကြီးရှေ့တည့်တည့်ထိုင်နေရသလိုပဲ ငါတို့ရုံရဲ့ အသံစနစ်က ဒေါ်လှဘီကွ လို့ ကြွားချင်တာလားတော့ မသိပါဘူး
ကြော်ငြာပြီးတော့ နောက်ပြမဲ့ ဇာတ်ကား နမူနာလေးတွေပြတယ် ၊ ကျွန်တော်က ရုပ်ရှင်ဝေဖန်ရေးသမား မဟုတ်ပေမဲ့ မြင်ရတာ တွေးမိတာလေးတွေ တော့ ပရိသတ်တစ်ယောက်အနေနဲ့ အားနာနာနဲ့ ပြောချင်ပါတယ် နမူနာပြတာ တစ်ခုက “ဖလန်းဖလန်းဖြစ်တဲ့အချစ် ” ၊ ဟာသကားတွေ ရိုက်နေကြ ဒါရိုက်တာ မင်းသား မင်းသမီးတွေပါပဲ ၊ မြန်မာ မှာ “ ဟော့ရှော့” ဆိုတဲ့ ကားပေါက်ဖူးတယ် မကြည့်လိုက်ရဘူး “ ဟော့ရှော့ -၂ ” ဆိုတာ ထပ်ထွက်တော့ ကြည့်ဖြစ်တယ် လာကြည့်တဲ့ လူတွေက အများကြီးမို့ တော်တော်ကောင်းမှာလို့လဲ မျှော်လင့်ထားတယ် အင်း မျှော်လင့်ထားတဲ့အတိုင်းလဲ ကောင်းပါတယ် စိတ်ပျက်ဘို့ တ၀က်လောက်နဲ့ ပြန်ထွက်လာဖြစ်တယ် ပွင့် လို ထူးခြားတဲ့ သရုပ်ဆောင်မျိုးနဲ့ လိုတာထက်ပိုတဲ့ အမူအယာတွေနဲ့လုပ်ပြ ဘာဇာတ်လမ်းမှ မရှိ ဘာရည်ရွယ်ချက်မှ မရှိ သမိန်ပေါသွတ် ကာတွန်းဖတ်သလောက်တောင် မရီရဘူးလို့ပြောရမယ် အခု ဖလန်းဖလန်း လဲ ဒီပုတ်ထဲက ဒီပဲ ဘဲ ကုလားလိုဝတ် ဟို က ဒီ က လုပ် ပွင့်လို လူကောင်ကြီးကြီးက လူကောင်သေးသေးနဲ့တွဲပြ ပြီး ဟာသလုပ် သူတို့ကြွေးကြော်ကြတာက ပြည်သူတွေရဲ့ ဘ၀အမောတွေ ပြေအောင် ပေါ့ပေါ့ပါးပါး ရီရအောင်ပါတဲ့ ပေါ့တာကတော့ အပေါ့လွန်ပြီး ဘာမှ ကို အရသာ မရှိတော့ဘူး ဂျာနယ်တွေမှာ ပြောတယ် ကလိထိုးပြီး ရီခိုင်းနေကြတယ်တဲ့ ကျွန်တော်မြင်တာကတော့ သာမန်ကလိထိုးရင် ထွက်ပြေးမှာစိုးလို့ ကြိုးတုတ်ပြီးမှ ကလိထိုးသလိုပဲ ကြာတော့ သူတို့ထိုးတာက မယားပဲ နာလာတယ် ၊ နောက်ကြည့်တဲ့သူတွေကို အထင်သေးတာလဲ ပါမယ် လူတွေ က ပညာနိမ့်တယ် အတွေးအခေါ်နိမ့်တယ် မြင့်မြင့်လုပ်လို့မရဘူး လို့ ယူဆထားပုံရတယ် နောက်ဆုံး တကယ်နိမ့်တယ် ဆိုရင်တောင် အနုပညာရှင်ဆိုတာ ပရိသတ်အပေါ် စေတနာထားရမယ် ပရိတ်သတ် အလိုမလိုက်ပဲ ကောင်းတဲ့လမ်းကို စိတ်ဝင်စားပြီး လိုက်လာအောင် ဆွဲခေါ်ရမယ် ….
နိုင်ငံတော်အလံလာတဲ့အချိန်မှာတော့ အီးဒုံ ပို့စ် လေးကို သွားသတိရတယ် သူတို့ကြည့်ခဲ့တဲ့ ရုံနဲ့ ငါတို့ကြည့်တဲ့ ရုံ မတူပေမဲ့ အလံကတော့ အတူတူပါပဲလို့လေ.. အလံကတော့ နောက်ပြောင်းထားတဲ့ အလံ ၊ အလံသေးသေးတစ်ခုကို တိုင်မှာချည် ပန်ကာနဲ့မှုတ် ပြီးတော့မှ နောက်ကကောင်းကင်တစ်ခုမှာ ပြန်ထပ်ထားတယ် အလံပြောင်းတာ မကြာသေးတော့ ရိုက်ထားတာလဲ မကြာလောက်သေးဘူး ဒါပေမဲ့ မှုန်ဝါးဝါး ခန့်ညားထယ်ဝါမှုမရှိ တကယ်ဆို နိုင်ငံတော်အလံ ကို တွေ့လိုက်ရတဲ့အချိန် နိုင်ငံတော် သီချင်းကို ကြားလိုက်ရတဲ့ အချိန်မှာ အားလုံး က စိတ်ဓါတ်တွေ တက်ကြွ၊ မျိုးချစ်စိတ်တွေ တဖွားဖွားပေါ်လာပြီး တပြိုင်နက်တည်း ၀ုန်း ကနဲ နေအောင် ထပြီး အလေးအမြတ်ပြုရမှာ အခုတော့ မတ်တပ်ရပ်တဲ့သူ ၇ ယောက် မပြည့်ဘူး အဲဒီ ၇ ယောက် မပြည့်တာမှာ တ၀က်လောက်က သီချင်းမပြီးခင် ပြန်ထိုင်လိုက်ကြတယ် နိုင်ငံတော်အလံကို အရိုအသေပေးတာ အလေးအမြတ်ပြုရတာကို ရှက်စရာလို့များ မြင်နေသလားမသိ
ကျွန်တော့်ရှေ့က တစ်ယောက်က လုပ်သေးတယ် “ငါက ၈၈ ပြီးကတဲက အလံအလေး မပြုတော့တာတဲ့” ၊ ဘာမှ မဆိုင်ဘူး အုပ်ချုပ်နေတဲ့ အစိုးရကို မကြိုက်ရင် မကြိုက်တဲ့အကြောင်းပြော နည်းလမ်းတကျ ဆန့်ကျင် ရတယ် … အလံအလေးပြုတာ အစိုးရကို အလေးပြုတာမဟုတ်ဘူး ၊ကျွန်တော်တို့ ရဲ့ လွတ်လပ်မှု အချုပ်အခြာပိုင်မှုကို ဂုဏ်ယူတာ နိုင်ငံတော်ကို အလေးအမြတ်ပြုတာ ၊ အစိုးရဆိုတာတော့ တဖွဲ့ပြီး တဖွဲ့ ပြောင်းနေမှာပဲ ကြိုက်ချင်ကြိုက် မကြိုက်ချင်နေ ရတယ် ဘယ်အစိုးရတက်တက် ကိုယ့်နိုင်ငံရဲ့ ဖြစ်တည်မှုအတွက် ဂုဏ်ယူတတ်ရမယ် ချစ်မြတ်နိုးတတ်ရမယ် ဒီလို ကိုယ့်နိုင်ငံအလံကို တလူလူလွှင့်နိုင်အောင် အလေးအမြတ်ပြုနိုင်အောင် ကျွန်တော်တို့ရဲ့ ဘိုးဘွားဘီဘင် တွေ ဘယ်လောက်ပေးဆပ်ခဲ့ရလဲ ဒါတွေကို မေ့ပစ်လိုက်လို့မရဘူး
အခုဆို ပါလက်စတိုင်း ဒီအခွင့်အရေးမျိုးရဘို့ ကြိုးစားရတဲ့ နှစ်တွေမနဲဘူး ပေးဆပ်ရတာတွေအများကြီး အခုထိ အလှမ်းဝေးတုန်းပဲ ရှိသေးတယ် ၊ ဒါက ပြည်သူအပိုင်း အုပ်ချုပ်တဲ့ အစိုးရမင်းများ အပိုင်းကလည်း ဒီလောက် အရုပ်ထွက်တွေ အသံတွေကောင်းအောင် ရိုက်လို့ရတဲ့ခေတ်ကြီးမှာ ဆိုဒ်ပြည့်ဂိုက်ပြည့် အလံနဲ့ အရုပ်တွေ အသံတွေကောင်းအောင် သေသေချာချာရိုက် နိုင်ငံတော် တီးဝိုင်းကြီးနဲ့ ကြားရတဲ့သူ ကြက်သီးမွေးညှင်း ထသွားရလောက်အောင် တီးလိုက်စမ်းပါ ၊ နိုင်ငံတော်ကို ချစ်ဘို့ အလံအလေးပြုဘို့ဆိုတာတွေက ဥပေဒေ ပြဌာန်းရုံနဲ့ ရတာမဟုတ်ဘူး ရင်ထဲအသဲထဲ ကကို ချစ်လာအောင် လုပ်မှ ရမှာ The Voice မှာ အခန်းဆက်ဖော်ပြဘူးတဲ့ စင်ကာပူ အကြောင်းရေးထားတဲ့ ဆောင်းပါးတပုဒ်ထဲ စင်ကာပူ အမျိုးသားနေ့ အခမ်းအနားမှာ စင်ကာပူအလံကိုလဲတွေ့ရော ကျောင်းသားလေးတွေက ဟေး လို့ တပြိုင်တည်းအော်ပြီး မတ်တတ်ရပ် အရိုအသေးပေးကြတယ်တဲ့ ၊ ဒါမျိုးလုပ်ရမယ်လို့လဲ သင်မထားဘူး လုပ်ပါလို့လဲ မခိုင်းဘူး သူတို့လေးတွေရဲ့ ရင်ထဲက အလိုအလျှောက်ဖြစ်လာတဲ့ ဆန္ဒ ၊ အဲဒါမျိုး ဖြစ်နေအောင် အစိုးရက လုပ်ရမှာ ကိုယ့်ပြည်သူတွေကို အမှန်တကယ် တိုင်းပြည်ချစ်အောင်မှ မလုပ်တတ်ရင် မလုပ်နိုင်ရင် ဘယ်လိုလုပ်ရမလဲ မသိရင် အစိုးရလုပ် မအုပ်ချုပ်သင့်ဘူး ၊ရုပ်ရှင်ရုံထဲမှာ ထိုင်စဉ်းစားနေတာတွေ များသွားပြီးလာတောင် မသိ ဒီကိစ္စကတော့ ပြောချင်နေတာ ကြာပါပြီ အခုမှာ စုပြောဖြစ်သွားလို့ပါ ….
ရုပ်ရှင် မပြခင်( မြန်မာလို) ကြေငြာပေးတာ တစ်ခုရှိတယ် လက်ကိုင်ဖုံးတွေပါရင် ဖုံးသံပိတ်ထားပေးပါ ဆိုတာ ၊ တကယ် ဆို ဒီကိစ္စမျိုးက ပြောစရာတောင် မလိုပါဘူး အလိုလိုသိနေရမှာ အများပြည်သူနဲ့ဆိုင်တဲ့ နေရာမှာ ကိုယ့်ကြောင့် ပတ်ဝန်းကျင် အနှောက်အယှက် မဖြစ်သင့်ဘူးဆိုတာ လူ့အခြေခံကျင့်ဝတ်ပါ ဒါပေမဲ့ဗျာ ဖုံးသံတွေက ၃၊၄ ခါလောက် ထွက်လာသေးတယ် အော်ကြီးဟစ်ကျယ် မပြောလို့တော့ တော်သေးရဲ့ Silent လုပ်နည်း မသိလို့လဲ ဖြစ်မယ်ထင်ပါတယ် ၊ တချို့ကတော့ လူထူထူ ဆို ဖုံးကြီးထုတ်ပြီး ပတ်ဝန်းကျင်ကြားအောင် အော်အော်ပြောသေးရဲ့ ဒီလိုလုပ်တာ သူတို့ရဲ့ အဆင့်အတန်းကို ဖော်ပြနေတယ်ဆိုတာကိုရော သိမှ သိပါလေစ..
တွေးမိတာလေးတွေနဲ့ အတူ ဇာတ်ကားလေးအကြောင်း နဲနဲပြောကြည့်ရအောင် အနုပညာချစ်တဲ့ ယဉ်ကျေးမှုကို မြတ်နိုးတဲ့ မိဘမဲ့မောင်နှမ (မင်းအုပ်စိုးနဲ့ လင်းဇာနည်ဇော်) ရယ် ဇတ်အဖွဲ့ တစ်ခုအကြောင်းပေါ့ ကားထဲမှာတော့ ပါဝင်သူတွေ အားလုံးရဲ့ ကြိုးစားအားထုတ်မှုကို မြင်ရပါတယ် လင်းဇာနည်ဇော် ကတော့ အကောင်းဆုံးပဲ သူလဲ မြင်ကွင်းကနေ ပျောက်နေတာ ကြာလှပြီ ပြန်ပေါ်လာတဲ့ အချိန်မှာ အကောင်းဆုံး သရုပ်ဆောင်ထားပါတယ် လူရွှင်တော်အဖွဲ့ကတော့ သမ္ဘာရင့် ၀ါရင့်တွေဆိုတော့ ပြောစရာကို မလိုပါဘူး မင်းအုပ်စိုးက ရွာစားကျော်နေရာမှာ သရုပ်ဆောင်တာ သိပ်အံမ၀င်သလိုပုံမျိုး တောင့်တောင့်ကြီးဖြစ်နေတာ၊ ဇာတ်ဆရာဘေးက ဘာအလုပ်မှ မရှိတဲ့ ဇာတ်မန်နေဂျာရဲ့ ပြူးပြူးပြာပြာ လုပ်ပြတာ ၊ ပြသနာတက်တော့ ရဲတွေ ချက်ချင်းရောက်လာတာ (ကားဝယ်ပြီးရင် ရော်ဘာခြံကို သွားကြည့်မဲ့သူက ပြသနာတက်တော့ ရောက်လာတဲ့ ရဲ ရဲ့ တံဆိပ်က စစ်ကိုင်း မုံရွာဘက်က ဖြစ်နေတာ လဲ နဲနဲတော့ ..)၊ ရန်ဖြစ်ခါနီး သဘာဝထက် ပိုနေတဲ့ သရုပ်ဆောင်မှုလေးတွေ ရယ်ကလွဲပြီး တကားလုံးခြုံကြည့်ရင် လက်ခံလို့ရတယ် ကြည့်လို့ကောင်းတယ် ပြောရမယ်ထင်ပါတယ် အဲ ပျော်ချင် ရီချင်သူတွေအတွက်တော့ မကိုက်ဘူးပြောရမယ် ပြန်ထွက်လာတော့ တော်တော်များများ မျက်လုံးလေးတွေ နီနေကြတာကို …..
ဇာက်ကားက အသံပိုင်းကောင်းပေမဲ့ ရုပ်ကတော့ တုန်လိုက် ကောင်းလိုက်ပဲ ကလေးဘ၀က မောင်နှမ နှစ်ယောက် ဆိုင်းတီးလိုက် ကလိုက် အခန်းဆို နောက်ခံသီချင်းလေးရော သရုပ်ဆောင်တာရော သဘောကျမိပေမဲ့ အဲဒီအချိန် တုန်တာက အဆိုးဆုံးပဲ အခုဆို မြန်မာပြည်မှာလဲ ကင်မရာကောင်းကောင်းတွေ ရှိနေပြီပဲဟာ ကောင်းကောင်းလေးတော့ ရိုက်စေချင်ပါတယ်… ရုပ်ရှင်ကြည့်နေရင်းနဲ့ ကြာလာတော့ တော်တော်အေးလာတယ် နွေရာသီ၊ ရုံလူပြည့်ဆိုရင်တော့ အတော်ပဲနေမှာ အခုဟာ လူကလဲနဲ ၊အပြင်မှာ ရာသီဥတုကလဲ မိုးဖွားဖွားဆိုတော့ အေးရုံတောင်မဟုတ်ပဲ ချမ်းတောင် ချမ်းလာတယ် ကိစ္စတစ်ခုကို တရားသေ မလုပ်ပဲ အခြေအနေ အချိန်အခါကြည့်ပြီး တာဝန်ရှိသူတွေက အမြဲကြည့် လိုက်လျောညီထွေ ဖြစ်အောင် လုပ်ပေးသင့်တယ် အသံကျယ်တာမျိုးရောပေါ့
ဒါပေမဲ့ အဆင်မပြေတာ နဲနဲက လွဲလို့ ရုပ်ရှင်ရုံအနေနဲ့ရော ရုပ်ရှင်ကား အနေနဲ့ရော လာကြည့်ရတာ ပိုက်ဆံကုန်ရတာ တန်တယ်လို့တော့ ပြောလို့ရပါတယ်..
ဒါက ရုပ်ရှင်ရုံထဲမှာ တွေးမိတာလေးတွေ ကို ရွာသားအချင်းချင်း ပြောပြမိတာ ၊ပြောပြပြီးတော့မှ ရွာသားတွေရော ဒါလေးဖတ်ပြီး ဘာတွေးမိလဲ သိချင်လာပြန်ရော….
Related posts:



ကောင်းလိုက်တဲ့ ဆောင်းပါးလေး။ လိုအပ်ချက်တွေကို ထောက်ပြထားတာ တာဝန်ရှိသူတွေ ဖတ်မိရင်ကောင်းမယ်။ ရယ်စရာကားကို မရယ်ရတဲ့ အကြောင်း။ ရယ်ခိုင်းတာကလည်း ရိုးရိုးကလိထိုးတာမဟုတ်ပဲ ကြိုးတုတ်ပြီး ကလိထိုးတာလို့ ခိုင်းနှိုင်းသွားတာလေးကို တော်တော် သဘောကျတယ်။ ကိုယ့်စိတ်ထဲမှာ ခံစားခဲ့ရတာကို ကိုယ်က အဓိပ္ပါယ်မဖော်တတ်တာကို နိုဇိုမီက ရှင်းပြလိုက်သလိုပဲ။
Was this answer helpful?
LikeDislikeအဲဒီဂျန်းရှင်းမော်တင်မှာ တစ်ခါကြည့်ဖူးတယ် … ကိုနိုဇိုမိပြောတဲ့ ခံစားချက်အတိုင်း ခံစားခဲ့ရပါတယ် … ၂၅၀၀ တန်းက ၀ယ်ကြည့်ပေမယ့် သီရေတာက ကျဉ်းလွန်းတော့ ခေါင်းမော့ကြည့်ရသလို ဖြစ်ခဲ့တဲ့ ခံစားချက်ကတော့ ဆိုးတယ် … ငယ်ငယ်တုန်းက ဈေးပေါပေါနဲ့ ရှေ့ဆုံးတန်းက ၀ယ်ကြည့်ခဲ့သလိုမျိုးဖြစ်နေတယ် … အခုထက် ပိုကျယ်တဲ့ သီရေတာဖြစ်ရင် ပိုကောင်းမယ်လို့ထင်မိတယ် … လက်မှတ်ကလဲ တစ်တန်းထဲပဲ ရောင်းထားတာဆိုတော့ လူ ၃၀ ထက်တော့ မပိုဘူး … အဲဒါတောင်မှ ဖုန်းသံမြည်ပြီး အားလုံးကြားအောင် အကျယ်ကြီး ဖုန်းပြောတဲ့သူပါလာသေးတယ် (အလိုက်ကန်းဆိုး တော်တော်မသိ) ….
ကြည့်ပြီးမှ ခံစားမိတာတစ်ခုက အဲဒီမှာ အဲဒီဗမာကားကို သွားကြည့်ပါတယ်လို့ ပြောရမှာရှက်လောက်အောင်ပဲ တကယ်ရှက်ပါတယ် … ဟာသကားပါ .. ရန်အောင်နဲ့ နေတိုးပါတဲ့ကား .. နံမည်တောင် မေ့သွားပြီ …
Was this answer helpful?
LikeDislikeဟုတ်ပ မဝေ ရေ
၂၅၀၀ ရှေ့ဆုံးတန်းဆိုရင်တောင် ကြည့်ရတာ မော့နေသေးတယ်
နောက်ဆုံး ၂၊၃ တန်းလောက်ပဲ အဆင်ပြေတယ်
အဲဒီနေ့က သတိထားမိတာ ညာဘက် အစွန်ဆုံးက ခုံနံပတ် ၂၁ ဆိုတော့ တတန်းကို
၂၁ ခုံ ရှိမယ်ထင်တယ်
Was this answer helpful?
LikeDislikeတကယ့်ကို ရေးထားတာ အရမ်းကောင်းပါတယ်
အခုရုပ်ရှင်ရုံတွေမှာ ပြနေတဲ့ မြန်မာဟာသကားတွေ
တော်တော်များများကတော့ ဒီလိုပါပဲ ကိုnozomi ရေ
အခုနောက်ပိုင်း ဇာတ်ကား တော်တော်များများက
အဲလို အရည်မရ အဖတ်မရတွေချည်းပဲ ရိုက်ပြနေကြတာ
တာဝန်တစ်ခုလို ဖြစ်နေကြပြီလား မပြောတက်တော့ပါဘူး
ရုပ်ရှင် တစ်ခါကြည့်ဖို့ဆိုတာကလည်း အချိန်ရော ငွေရော
လူရော အားမှ ဖြစ်တာမို့မကြည့်ဖြစ်ရတဲ့အထဲ ကြည့်ရတဲ့ကားက
ကောင်းဦးမှဆိုတဲ့ အတွေးနဲ့ အခုနောက်ပိုင်း ရုပ်ရှင်ရုံမှာ မကြည့်ဖြစ်တာ
တော်တော်ကို ကြာနေပါပြီ ….
Was this answer helpful?
LikeDislikeရေးထားတာ အရမ်းကောင်းပါတယ်။ တကယ့်ကို ပရိတ်သတ်တော်တော်များများခံစားမိနေတာလေးတွေပါပဲ။ အမရာက ရုပ်ရှင်အလွန်ကြိုက်သူပါ၊ ဇာတ်လမ်းကောင်းကောင်းလေးတွေကြည့်မိပြီးရင် စိတ်ထဲမှာ တသသနဲ့ သဘောကျနေတတ်ပါတယ်။ နာမည်ကြီးမင်းသား၊မင်းသမီးကားမို့ ကောင်းမလားကြည့်မိပါတယ်….တော်တော်ပေါတဲ့ကားက တော်တော်ပေါပြီး၊ တစ်ခါတစ်လေ ငိုတဲ့အခန်းတွေကြည့်မိရင်…သူတို့က ငိုလေ၊ ကိုယ်က ရီချင်လေဖြစ်လာပါတယ်။ သရုပ်ဆောင်မကောင်းဘူးဆိုတာထက် သူတို့ဇာတ်လမ်းတင်ပြပုံက မပီပြင်တော့ ကိုယ့်မှာဘယ်လိုမှကို သနားလို့မရဘူးဖြစ်နေပါတယ်။ အဲဒါနဲ့ပဲ တော်ပါပြီ….မြန်မာကား။ နောက်မကြည့်တော့ဘူးလို့တွေးပြီးဖြတ်လိုက်ပါရော။ ဒါပေမဲ့ မေ့လောက်ရှိတော့ အင်းးးး…ကားကောင်းလေးတွေတော့ ရှိလောက်ပါရဲ့ဆိုပြီး၊ တစ်ခါပြန်ကြည့်မိ။ စိတ်ကုန်ပြီး မကြည့်ပဲနေလိုက်နှင့်ပဲ သံသရာလည်နေတော့တာပဲ။ ခုတောင် မြန်မာကားမကြည့်ဖြစ်တာကြာနေပြီ။ အခွေဆိုင်ဖက် ခြေဦးလှည့်ဦးမှပဲ…..
Was this answer helpful?
LikeDislikeအဖြောင်ယူ ရေးသွားတာ ကောင်းပါတယ် …. သက်ဆိုင်သူတွေဖတ်မိပြီး ပြုပြင်သင့်တာလေးတွေ ပြုပြင်မယ်ဆို အတော် အကျိုးများမှာပါ … ။
အခုနောက်ပိုင်းထွက်လာတဲ့ကားတွေက ဈေးကွက်အရ အခြေခံပြီး ဟာသကားပဲ ရိုက်တာများတယ် … တချို့ကားတွေဆို ပင်လယ် ကမ်းခြေမှာတင် ဇာတ်လမ်းအစဆုံးရိုက်သွားတယ် … ။ ရယ်ရတဲ့ အခန်းကလည်း … စိတ်ထဲဖြစ်လို့ ရယ်ချင်တာမျိုးမဟုတ်ပဲ ..လုပ်ကြံဇာတ်ကြီးနဲ့ ရယ်ရတာဆိုတော့ … ပိုက်ဆံပေးပြီး ရုပ်ရှင်တိုးကြည့်ရတဲ့ အချိန် မတန်ဘူးလို့ပဲ တွေးပြီး သွားမကြည့်ဖြစ်တော့ဘူး … ။
Was this answer helpful?
LikeDislikeလုပ်တာကိုင်တာအတော်လေး စေ့စပ်မဲ့ပုံပဲ ရုပ်ရှင်ရုံထဲရောက်တာတောင် လူကို အတိအကျရေနိုင်တယ်။ အရင်ပိုစ့်တွေတုန်းကလည်း တော်တော်လေး စေ့စေ့စပ်စပ်သေသေချာချာရေးတာတွေ့တယ်။
မြန်မာ ကားတွေ ကြည့်ရတာ စိတ်ကုန်လို့ မကြည့်ဖြစ်တာ တော်တော်ကြာပြီ။
“အလံအလေးပြုတာ အစိုးရကို အလေးပြုတာမဟုတ်ဘူး ၊ကျွန်တော်တို့ ရဲ့ လွတ်လပ်မှု အချုပ်အခြာပိုင်မှုကို ဂုဏ်ယူတာ နိုင်ငံတော်ကို အလေးအမြတ်ပြုတာ ” သိပ်ကောင်းတဲ့ အတွေးပါတဲ့ စကားလေးပါ။
ကျမတို့ နိုင်ငံသားတိုင်း ရဲ့ ရင်ထဲမှာ ထားရမဲ့ စိတ်ကလေး။
ပြီးတော့ အပြုသဘောဆောင်တဲ့ အတွေးပါတဲ့ ဝေဖန်ထောက်ပြမှုပါ။ ဆိုင်ရာလူတွေ ဖတ်မိရင်ကောင်းမယ်နော်။
Was this answer helpful?
LikeDislikeအစ်မpooh ရေ အရင်က ရုပ်ရှင်ရုံထဲ ရောက်လျှင်နိုင်ငံတော်အလံပြတဲ့အခါ … အသေချာ အလေးပြုပါတယ် … နောက်ပိုင်း ကိုယ်က ထပြီး အလေးပြုတာတောင် .. နောက်ကလူက ပြတိုက်ထဲပို့မယ်တို့ … ရှေ့က ဘာလို့ မတ်တပ်ရပ်တာလဲတို့ အော်ခံထားရတော့ … နောက်ပိုင်း အလေးပြုရုံလေးထပြီး ပြန်ထိုင်တော့တာပဲ .. အမှောင်ထဲ ရေသန့်ဗူးနဲ့ ဆော်လျှင် ဘယ်သူမှန်း သိမှာ မဟုတ်ဘူးလေ .. ။
Was this answer helpful?
LikeDislikeတခြားနိုင်ငံနဲ့စစ်တိုက်နေတဲ့ကာလ မဟုတ်ရင်.. အလံကိုရုပ်ရှင်ရုံထဲ.. လွှင့်ဖို့မလိုဖူးထင်ပါတယ်..။
အရင်မဆလခေတ်က.. ရုပ်ရှင်ရုံတွေက.. အစိုးရပိုင်တော့.. သူ့စံနစ်သူ့ခေတ်အရ.. ရုပ်ရှင်ရုံကြီးပေး..ရုပ်ရှင်ကားတွေပြခွင့်ပေးတဲ့..နိုင်ငံတော်ကြီးအပေါ်…ကျေးဇူးတင်တဲ့အနေနဲ့.. အလေးပြုဖို့..လိုကောင်း လိုပေမဲ့..
ဒီခေတ်က.. ပုဂ္ဂလိကပိုင်.. ရုပ်ရှင်အစည်းအရုံး.. အစိုးရနဲ့သက်ဆိုင်တဲ့..ရုံတွေ.. အလံလွင့်-အလေးပြုခိုင်းဖို့မလိုဘူးထင်တာပဲ..။
ဒါမျိုးလုပ်နေတာကို.. ထိုက်သင့်တဲ့..အငွေကြေးပေးဝင်လာတဲ့..အပန်းဖြေချင်သူစားသုံးသူ(ကတ်စတန်မာ)ကို.. by force အတင်းခိုင်းနေတာမျိုးလို့..မြင်မိတယ်..။
ဒီလိုမလုပ်ချင်တာကို အတင်းလုပ်ခိုင်းခြင်းအားဖြင့်… နိုင်ငံတော်အပေါ်တောင်.. အကြည်ညိုပျက်စေတာပဲ..။
ရုပ်ရှင်ရုံတွေမှာ..အလံလွှင့်-အလေးပြုတာ ရှိနေသေးရင်.. ဖျက်သိမ်းစေလိုပါတယ်လို့…
Was this answer helpful?
LikeDislikeသူကြီး ပြောတာလည်း ဟုတ်တုတ်တုတ်ပါ။ အလံကို တာဝန်အရ စိတ်မပါပဲ ဖြစ်သလို ထည့်ပေးရတဲ့ ရုံပိုင်ရှင်လည်း အဆင်ပြေမယ်။ ( by force )လို့ ခံစားရတဲ့ အပန်းဖြေသူများလည်း စိတ်အနှောင့်အယှက် မဖြစ်တော့ဘူး။
ယိုးဒယားမှာ မနက်တိုင်း နိုင်ငံတော် သီချင်းကို ခဏလွှင့်ပေးတာ တွေ့ဖူးတယ်။ ကြားတဲ့နေရာ က ကြားသူမှန်သမျှ လမ်းပေါ်မှာ ကားမောင်းတဲ့သူရော လမ်းသွားလမ်းလာ များရော ရပ်ပြီး ခဏတော့ ငြိမ်နေကြတယ်။ အလေးပြုတာပေါ့။ ဘာနေ့မိုလို့လဲဆိုတော့ နေ့တိုင်းပါတဲ့။
သူတို့ကတော့ ပြည်သူက စိတ်တိုင်းကျ ရွေးချယ်ထားတဲ့ လိုလားတဲ့ အလံတခုဆိုတော့ အားလုံး တစိတ်တ၀မ်းထဲပဲ။
ကျမတို့ ဆီမှာတော့ မလိုလားတဲ့ အလံမို့ နိုင်ငံသားတွေစိတ်ထဲမှာ ဒီလို Feel ဖြစ်နေတာလို့ ထင်မိတယ် ။ ကိုယ်က အစပေါ့။
Was this answer helpful?
LikeDislikeထိုင်ဝမ် ရုပ်ရှင်ရုံ တွေမှာ နိုင်ငံတော် အလံကို မလွှင့်တင် ပါ ။ ရောက်ခါစ ကရှိတယ် အခုမရှိ ဘူး ။
Was this answer helpful?
LikeDislikeသဂျီးရေ..
အလံလွှင့်ရုံပဲမို့ တော်သေးတယ်
ဆောင်ပုဒ်တို့၊ ဦးတည်ချက်တို့ မပါတာကံကောင်း
မတော် လက်မည်းကြီးတို့ ဘာတို့ပါလာမှာလည်း စိုးရသေး
Was this answer helpful?
LikeDislikeကျနော်ကတော့…နီးတယ်ဗျ..ဂျန်းရှင်းမော်တင်နားဘဲ….
ရောက်ကိုမရောက်ဘူးသေးတာအံ့ရောဗျို့ …
ဒီလို အဆင်မပြေတာဖတ်ရတော့….
နောက်လုပ်မဲ့ သူတွေ ကိုတော့အကြံပေးလို့ ရတာပေါ့….
အခုအဲ့ ဒိနားဘဲလေ……..ဗိုလ်ချုပ်လမ်းနဲ့ ဝါးတန်းလမ်းထောင့်မှာလည်း
အခုဆောက်နေတယ်….မြ၀တီဘဏ်နဲ့ ပူးပေါင်းပြီးတော့ပေါ့…ရုပ်ရှင်ရုံပါမယ်ဆိုတော့ကား….
းးးးးးး
တဘက်ကတွေးတော့လည်း….စီးပွားရေးသမားကတော့သူ့ အတွက်နေရာကျန်အောင်တော့လုပ်ကြမှာဘဲ။
တနပ်စားဘဲတွေးရင်တော့..ဟုတ်ကောင်းဟုတ်မယ်….
ရေရှည်တွေးရင်တော့ဒီလိုလုပ်မယ်မထင်ပါဘူး….
အဲ့ ဒီ့ ဂျန်းရှင်းမော်တင်က..ဈေး(မော်တင်)အတွက်နေရာပေးရတယ်ဆိုတော့ကား….
စည်ပင်ပေးရ..ဈေးပေးရဆိုတော့…..ကန်ထရိုက်လည်း…သူလည်းခေတ်ပျက်ထဲ ဆောက်ရတာနော်…
သိသလောက်ဆို….၁၀ နှစ်နီးပါးလောက်အကောင်ထည်ဖော်နေရတယ်ဗျ…
ဆက်မလုပ်နိုင်လို့ ရပ်ထားရတာလေ..။
သူကချွေတာကောင်းချွေတာတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်….။
တဘက်ကကြည့်ရင်တော့….ပိုင်ရှင်အတွက်လည်းနစ်နာစရာလည်းဖြစ်နိုင်ပါတယ်..
ကျနော်က..နှစ်ဘက်တွေးကြည့်တာဗျနော်..
အခန်းခကဒေါ်လာနဲ့ ဌားတာကိုး……..
——–
ဒီပိုစ့်ကအလံအကြောင်းပါဆွေးနွေးမှပြည့်စုံမှာဆိုတော့ကား..
ကျနော်သာဆိုမထနိုင်ဘူးဗျာ..။
မဆိုင်ပါဘူး…ဘယ်သူကစချမှတ်သလဲတော့သိချင်သား…..။
ဒါကပိုစ့်နဲ့ မဆိုင်ပါဘူး…..
ရက်ကွက်ထဲ မီးသတ်ကလူတွေ လိုပေါ့…ကြွတ်ကြွတ်အိတ်ထဲသဲထည့် ..
ရေထည့်တာနဲ့ မီးဘေးကြိုတင်ကာကွယ်ရောလား…..။
တကယ်ဆို..ပညာပေးလိုကပြီ်းဆွေးနွေးတယ်…
အရေးပေါ်မီးသတ်ဘူးသုံးရန်အကြံပေးရင်တောင်..ကျနော်ကကျေးဇူးတင်အုံးမယ်…
ဒါကလည်းကျနော့်အမြင်ကိုး…..အမြင်ကတော့မတူနိုင်ဘူး..
အရေးမပါတာ..အရေးမကြီးတာကိုလိုက်အတုယူမမှားစေချင်ဘူးလေ..။
စာရေးထောက်ပြတဲ့ သူကိုကျေးဇူးတင်ပါတယ်….။
ကျနော့်အတွက်…တန်ဖိုးရှိတဲ့ စာပါဘဲ..ယခုလက်ရှိဆောက်နေတဲ့ မိတ်ဆွေ ကိုအကြံပေးနိုင်မယ်လေ..
ကျေးဇူးပါဗျာ
Was this answer helpful?
LikeDislikeရုပ်ရှင်ရုံမှာ နိုင်ငံတော်အလံ အလေးပြုတာနဲ့ပတ်သတ်ပြီး ခုနောက်ပိုင်း ကျနော် လဲ သိပ် ပြီး အလေးထမပြုမိဘူး…. ဘာလို့လဲဆိုတော့ ကျနော်တို့ နိုင်ငံရဲ့ အလံမဟုတ်သလိုခံစားရတယ်…လူတော်တော် များများလဲ မထကြတာတွေ့ရတယ်…အရင်တုန်း က ဆိုရင်တော့ အမြဲတမ်း တရိုတသေထပြီးသီချင်းဆုံးတဲ့ထိ..ပြုနေကြပါပဲ..စင်ကာပူအမျိုးသားနေ့မှကျောင်းသားလေးတွေ ဟေးဆြို့ပီး အလေးထပြုတာနဲ့ ပတ်သတ်ပြီး စက်တင်ဘာ အရေးအခင်းတုန်း က ဆူးလေလမ်းဆုံ မှာ နိုင်ငံတော်သီချင်း ကို အကျယ် ကြီးဆို ပြီး အလံ တွေ ဝှေ့ယမ်းနေတာကို သွားသတိရမိတယ်။ အဲ့ဒီ့တုန်းက နိုင်ငံတော်သီချင်းဆိုလို့ကောင်းတာများ စိတ်ဓါတ်တွေ တက်ကြွ၊ မျိုးချစ်စိတ်တွေ တဖွားဖွားပေါ်လာပြီး ကြက်သီးမွှေးညှင်းတောင်ထတယ်။“အလံအလေးပြုတာ အစိုးရကို အလေးပြုတာမဟုတ်ဘူး ၊ကျွန်တော်တို့ ရဲ့ လွတ်လပ်မှု အချုပ်အခြာပိုင်မှုကို ဂုဏ်ယူတာ နိုင်ငံတော်ကို အလေးအမြတ်ပြုတာ ” ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ အဲ့ဒီ့အလံ တခု ဟာပြည်သူတွေစိတ်တိုင်းကျ လွတ်လပ်စွာရွေးချယ်ခွင့် မရှိတာကတော့ ၀မ်းနည်းစရာပါပဲ။အဲ့ဒီတော့ အဲ့ဒီ့အလံ ကို မြင်ပေမဲ့ ခုဏ ကပြောတဲ့ ဖီးလ် မျိုးမဖြစ်မိ ဘူးဗျာ။
Was this answer helpful?
LikeDislikeဆက်စပ်ပြီးပြောလိုက်အုံးမယ် အဲဒီဇာတ်ကားတော. မကြည်.၇သေးပါဘူးး
အဲဒီဇာတ်ကားနဲ.ပတ်သတ်ပြီး ခွန်းဆင်.နေခြည် ကတစ်ခန်းပါသေးတာကို ရှင်းပြထားသေးတယ်
သူ.ကို လင်းဇာနည်ဇော်ရဲ့ အိမ်ပေါ်နေရာက ရိုက်ခိုင်းလို. မရိုက်နိုင်ဘူးလို.ပြောပြီး ရိုက်ကွင်းကနေပြန်လာတယ်တဲ.ဗျာ ဒါရိုက်တာကလည်း ကြိုမပြောဘူးလို.ပြောထားတယ်
ထားပါ ကျနော်ပြောချင်တာက သူက နာမည်ဘယ်လောက်ကြီးနေလို. အဲလိုနေရာက မရိုက်ရဲတာလည်း
လို.မေးချင်ပါတယ် ဒီမှာဆို နံမည်ကြီး ဒေါ်မို.မို.မြင်.အောင်တို့ ဒေါ်မေသန်းနုတို့တောင် ရိုက်သေးတာ
အဲလိုတွေ ရှိနေသ၍လည်း ဘယ်တော.မှ တိုးတက်မှာမဟုတ်ပါကြောင်း
Was this answer helpful?
LikeDislikeနာမည်ကြီးတော့ မဟုတ်ပေမဲ့ … ခွန်းဆင့်နေခြည်က အနုပညာလောကထဲကို သီချင်းတွေဆိုပြီး ပရိတ်သက်လက်ခံရာက ရောက်လာတာလေ … အိမ်ဖော်နေရာက ရိုက်မယ်ဆိုလျှင် …. အညွှန့် ကျိုးသွားမှာ စိုးလို့ နောက်ပိုင်း အဲ့နေရာချည်း လာငှားမှာ စိုးလို့နေမှာပေါ့ … ။
ပြောမယ့်သာပြောတာ .. သူ့ရုပ်လေးလည်း မဆိုးပါဘူး … လူကလည်း တောင့်တောင့်ဖြောင့်ဖြောင့်ပါပဲ … ။ မိုင်တိုင် 76 မှာတောင် အဓိကနေရာကနေ သူဝင်သရုပ်ဆောင်တာ ပီပြင်သားပဲ
Was this answer helpful?
LikeDislike@ etone
လုပ်သင့်တာကို ကိုယ်လဲ မလုပ်၊ လုပ်တဲ့ သူကိုလဲ ကဲ့ရဲ့တတ်တာ တလွဲ ဆံပင်ကောင်းတဲ့ အကျင့်ဆိုးတွေပါ
ကျွန်တော်ကတော့ အခုချိန်ထိ နိုင်ငံတော် သီချင်း အစ/ဆုံး ကို မတ်တတ်ရပ် အရိုအသေ ပေးပါတယ် ကံကောင်းတယ် ပြောရမယ် ဘယ်သူလှောင်တာမှ မခံရသေးဘူး လှောင်လဲ ဆက်လုပ်ဖြစ်မှာပါ
သူတို့တွေရဲ့ စိတ်ထဲ လှောင်ချင်စိတ်ရှိနေတာကိုက ကျွန်တော်တို့ရဲ့ လူမှုပတ်ဝန်းကျင်မှာ အသိပညာပေးမှု အားနည်းသေးတယ် လိုအပ်ချက်တွေ ရှိတယ်ဆိုတာ ပြနေတာပါ တကယ်ဆို အမှိုက်ကို အမှိုက်ပစ်ရမဲ့နေရာမှာပဲ ပစ်ဘို့၊ကွမ်းတံတွေးမထွေးဘို့၊ အများနဲ့ဆို တိုးကြိတ် မနေပဲတန်းစီပြီး စည်းကမ်းတကျရှိဘို့ ဆိုတာမျိုးတွေက ငယ်ငယ် ကလေးဘ၀မှာ ကတဲက စွဲနေတဲ့အကျင့်ဖြစ်ရမှာပါ မတော်တဆ မလုပ်နိုင်ခဲ့ရင်၊ စည်းကမ်းဖောက်မိရင်တောင် ငါလုပ်တာ မှားတယ် နောက်မလုပ်ဘူးဆိုတဲ့ အသိလေးတော့ ရှိသင့်တယ် အခုတော့ ငါလုပ်တာ မှန်တယ်ဆိုတဲ့ မျက်နှာပေးတွေနဲ့ အမှားတွေ လုပ်နေတာကတော့ တော်တော်ဆိုးပါတယ်
တခါ Ocean မှာ မုန့်ဝယ်တော့ ငွေရှင်းဘို့ ကိုယ့်အလှည့်ရောက်အောင် တန်းစီနေတာ ရှေ့မှာ နှစ်ယောက်ရှိသေးတယ် အဲဒီအချိန် နာမည် ၄ လုံးနဲ့ ရှေ့မှာ ကြာသာပတေးနံနဲ့ စတဲ့ မင်းသမီးကြီးက (နွယ်ပင်ကို အားကျလို့ ..
) ရှေ့ကို ရောက်လာပြီး ရှင်းမယ်လုပ်ရော ကျွန်တော်က အမ အရေးကြီးတဲ့ ကိစ္စ ရှိလား မရှိရင် တန်းစီပါ ဆိုတော့ မျက်နှာက စူပုတ်ပုတ်နဲ့ တို့က တန်းစီရမှာလားတဲ့ မေး မှ မေးရက် ပလေတယ် သူတို့လို နိုင်ငံကျော် အနုပညာရှင်က အားလုံးရှေ့မှာ စံပြ နေပြ လုပ်ပြရမှာ နောက်တော့ သူနဲ့ အတူပါတဲ့ ကောင်မလေးက ၀င်တန်းစီပေးတယ် ( အဲလို ဆိုလဲ အစကတဲက သူများစီခိုင်းပေါ့ )
@ သူကြီး
အလံကို ရုပ်ရှင်ရုံထဲ ပြသင့် မပြသင့် ဆိုတာတော့ ပြည်သူလူထု တစ်ရပ်လုံးရဲ့ ဆန္ဒအပေါ်မှာ မူတည်မယ်
ပြစေချင်ရင် ဆက်ပြ ၊ မပြသင့်ပါဘူး ဆို မပြနဲ့တော့ပေါ့
အစိုးရဆိုတာကတော့ လူတွေလိုက်နာသင့်တဲ့၊လိုက်နာနိုင်တဲ့ အမိန့်မျိုးကိုပဲ ထုတ်သင့်တယ် ကိုယ်ထုတ်ထားတာ ကြီး မလိုက်နာရင် ၊ ထုတ်တာ ငါတို့အလုပ် လိုက်နာတာ၊မလိုက်နာတာ မင်းတို့ အလုပ်ဆိုတာမျိုးတော့ မဖြစ်သင့်ဘူး ၊ လိုက်နာသင့်လို့ ထုတ်ပြီဆိုရင်တော့ အားလုံးလိုက်နာအောင် စီမံသင့်တယ်
ပြည်သူတွေ အပိုင်းကလဲ ကိုယ်ကြိုက်တဲ့ အစိုးရ ဖြစ်အောင်ရွေး
တက်လာတဲ့ အစိုးရဆီမှာ ဖြစ်သင့်တာ တောင်းဆို ၊ ပြင်သင့်တာ ပြင်နိုင်အောင်လုပ်
ကိုယ့်တာဝန်တော့လဲ ကိုယ်ကျေရမယ်
Was this answer helpful?
LikeDislikeDear Nozomi,
Sorry, me too
“၈၈ ပြီးကတဲက အလံအလေး မပြုတော့တာ”
No feeling, No respect.
Was this answer helpful?
LikeDislikeအင်း… ဇာတ်လမ်းဇာတ်ကွက်လေးတွေ ပြောပြသွားရုံနဲ့ မြင်ယောင်ကြည့်မိတာ ရုံဝင်ခမပေးရပဲနဲ့ တကယ်တန်သွားတယ်လို့ ပြောလို့ရပါတယ်။ ရုပ်ရှင်က မကြည့်တာ ကိုယ့်တစ်သက်ဖြစ်တော့မယ်။ ရယ်တဲ့ကားတွေကြည့်ရတာလည်း တစ်ခါတလေ အိုဗာဖြစ်နေလို့ မကြည့်ဖြစ်တော့တာ အတော်ကိုကြာပါပြီ။ ခုလို ပြောပြတော့လည်း ရုပ်ရှင်ရုံထဲ ရောက်သွားသလို ခံစားမိတယ်။ အဲဒီဇာတ်လမ်းကတော့ ကြည့်ပြီးတဲ့သူတိုင်းက ကောင်းတယ်လို့ အပြောများပါတယ်။ တစ်ခါမှတော့ မကြည့်ဖြစ်ပါဘူး။ ခုလို ဇာတ်လမ်းဇာတ်ကွက်နဲ့ အားသာချက်၊ အားနည်းချက်လေးတွေကို အနုပညာရှင်တွေလည်း သိရှိပြီး ပြုပြင်လိုက်ရင် နောက်ပိုင်းကားတွေ ပိုမို ကောင်းမွန်လာမယ်လို့ မြင်မိပါတယ်ရှင်။
Was this answer helpful?
LikeDislikeအမှန်ပြောရရင် ကိုယ့်နိုင်ငံအလံကို အလေးပြုရတာပျော်တယ်၊ အလံကြီးလေထဲ တလူလူလွင့်နေတာကို နိုင်ငံတော်သီချင်းသံနဲ့ဆို ဘယ်လိုစိတ်တက်ကြွမှန်းမသိဘူး။ သို့ပေမဲ့ ရှစ်ဆဲ့ရှစ် နောက်ပိုင်းမှာတော့ ဆောရီးပဲ။ အခုအလံဆို ပိုဆိုးသွားပြီ။ တရားခံက နိုင်ငံတော် အမှတ်တံဆိပ်တွေကို အာဏာတည်မြဲရေး ကိုယ်ကျိုးစီးပွားအတွက် နင်းချအသုံးပြုခဲ့တဲ့ စစ်ဗိုလ်များ ဖြစ်ပါတယ်။ သူတို့က ဘက်ပေါင်းစုံက ဖိနှိပ်ချုပ်ချယ်နေမှတော့ လူထုအနေနဲ့ တတ်နိုင်တဲ့ နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်ပြတာ ဘာဆန်းလည်းဗျာ…။
Was this answer helpful?
LikeDislikeရှစ်ဆဲ့ရှစ် နောက်ပိုင်းမှာတော့ ဆောရီးပဲ။
နိုင်ငံတော် အမှတ်တံဆိပ်တွေကို အာဏာတည်မြဲရေး ကိုယ်ကျိုးစီးပွားအတွက် နင်းချအသုံးပြုခဲ့တဲ့ စစ်ဗိုလ်များ ဖြစ်ပါတယ်။
Was this answer helpful?
LikeDislikeကိုယ်တိုင်းပြည်ကိုယ်စားပြုတဲ့ အလံကိုမှအလေးအမြတ်မပြုချင်ကြတာ၊ တွေ့ရက်နဲ့ ငုတ်တုတ်မေ့သလိုလုပ်နေတတ်ကြတာတွေ တွေ့နေရတာတော်တော်စိတ်ပျက်စရာပါ။ ဒီမြေမှာနေ၊ ဒီရေသောက်၊ ဒီမှာသင်ကြားပြီး တိုင်းတပါးမှာ နိုင်ငံသားခံထားရင်တော့ တမျိုးပေါ့ဗျာ။ ကျေးဇူးရှိရင်ကျေးဇူးဆပ်တတ်ရပါတယ်…… ကျေးဇူးကန်းတဲ့အလုပ်လုပ်ကြတောတော့ တယ်မကောင်းဘူးပေါ့ဗျာ။ အလံတော်ဟာနိုင်ငံတော်ကို ကိုယ်စားပြုတာပါ… အစိုးရကို ကိုယ်စားပြုတာမဟုတ်ဘူးဆိုတာတောင် မတွေးတတ်တဲ့ နလဘိန်းတုန်းတွေ များလာတာ တိုင်းပြည်တော်တော်လေးတာဘဲ
Was this answer helpful?
LikeDislikeDear “moegyothwar “,
“ကိုယ်တိုင်းပြည်ကိုယ်စားပြုတဲ့ အလံကိုမှအလေးအမြတ်မပြုချင်ကြတာ”
Don’t pay respect to the Flag is their optional & personal “right”.
May be, you don’t understand the Democracy Value & Etiquette.
Behave yourself,
” နလဘိန်းတုန်း ”
you are very rude.
Was this answer helpful?
LikeDislikenozomi ရေ။
နေပြည်တော်ရောက်တုန်းက အချိန်လည်းပိုနေတာနဲ့ အောင်သပြေရုပ်ရှင်ရုံမှာ
ဗမာကားဝင်ကြည့်ဖြစ်တယ်ဗျ။ ရုံလေးက သေးသေးလေးပဲ။
ပထမနေ့ ပထမရှိုးကို ၀င်ကြည့်တာနော်။ ရန်ကုန်မှာ မပြသေးတဲ့ ဗမာကားသစ်ပါ။
လူက နှစ်ဆယ်လောက်တောင်မရှိဘူး။ နေပြည်တော်က ဆယ်ကျော်သက် ကောင်လေး၊ ကောင်မလေးတွေ
ပါပဲ။ နိုင်ငံတော်အလံအလေးပြုရမယ့်အချိန်ကျတော့ တစ်ယောက်မှ အလေးမပြုပါဘူး။
ကျွန်တော်က သူငယ်ချင်းကို ပြောပါတယ်။ ဟေ့ကောင်ထကွ၊ ငါတို့က ရန်ကုန်မြို့ကြီးသား စစ်စစ်တွေကွ။
ဆိုပြီး နှစ်ယောက်သား မတ်တပ်ရပ်ကြပါတယ်။ အလေးပြုတာမဟုတ်ဘူးနော်။
အားလုံးကျွန်တော်တို့ကို အထူးအဆန်းဖြစ်ပြီး ၀ိုင်းကြည့်ကြပါတယ်။
နိုင်ငံတော်အလံပြရင်တော့ မတ်တပ်ရပ်ဖြစ်တယ်ဗျ။ အလေးပြုတာတော့ လုံးဝမဟုတ်ပါဘူး။ သေချာပါတယ်။
Was this answer helpful?
LikeDislikeရိပ်သိမ်းခွင့် မရတော့ တဲ့  အပြာရောင် စပါးနှံလေးကို………..ကြယ်ဖြူတွေခင်းတဲ့ လမ်းမှာ……………ငါ့ နှလုံးသာရဲ့ စက်သွားတွေနဲ့ ………..ရဲရင့် စွာတူးဖော်နေမယ်
Was this answer helpful?
LikeDislikeတကယ်တော့ ဒီ စပါးနှံကလည်း ဦးနေ၀င်း လက်ထက် မဆလ ပါတီမှာ ပြောင်းသွားတာပါ.
ွှအဲ့ဒီ မတိုင်ခင်က အနီအောက်ခံမှာ ကြယ်ဖြူ ကြီး တစ်လုံး နဲ့ ကြယ်သေး ၄ လုံး ပါ။
Was this answer helpful?
LikeDislikeJunctionမှာကdiscountချတဲ့ရက်တွေရှိပါတယ်……………အဲ့လိုနေ့ဆိုရင်တော့သက်သာလို့အဲ့နေ့တွေကြည့်တယ်
အသံကတော့တော်တော်ဟိန်းတယ်
Was this answer helpful?
LikeDislikeကျွန်တော်ကတော့ ပြုတယ်။ နိင်ငံတော်အလံကို အလေးပြုတာဟာ နိင်ငံကို အလေးပြုခြင်း လို့ခံယူလို့ပါ။
အလံက အမှတ်အသားပါ။
Was this answer helpful?
LikeDislikeသူများတွေ ရုပ်ရှင်ရုံအကြောင်း ရေးကြလိုက်တာ အားကျစရာ ..
အရင်တုန်းက ရုပ်ရှင်ကို နိုင်ငံခြားကားတွေ အကြည့်များခဲ့ဘူးတယ် ..
first day first show ဆိုပြီး ကိုယ်ကြိုက်တဲ့ ဇာတ်လမ်းမျိုး ဆိုရင် သောကြာနေ့ ၁၀ နာရီခွဲပွဲ သွားကြည့်ခဲ့ဖူးတယ် ..
အခုတော့လဲ ပုံပြင်လေး ဖြစ်သွားပြီ .. နောက်ဆုံး ကြည့်ဖြစ်တာက stall ကို ၄၀ ကျပ် ပေးရတဲ့ ခေတ် .. နောက်ပိုင်း မကြည့်ဖြစ်တော့ဘူး
Was this answer helpful?
LikeDislikeကျွန်တော်လည်း မကြည့်ဖြစ်တာကြာပါပြီ ဒေါက်တာကြီးရယ်
တော်တော်များများလည်း ဒီအတိုင်းဖြစ်မယ်ထင်ပါတယ် ( ကျွန်တော်ကြည့်ခဲ့ရတဲ့ နေ့တောင် ပိတ်ရက်ကို လူ ၃၀ မှ မပြည့်တာ)
- အိမ်တိုင်း ကိုယ့်အိမ်မှာ အခွေကြည့်ရတာ ပို အဆင်ပြေလာတယ်
- ငွေ များများ မသုံးနိုင်တော့ဘူး
- အပန်းဖြေဘို့ထက် အရေးကြီးတာတွေက အခုခေတ်ပိုများလာတယ်
- အချိန်ကုန် ငွေကုန်ခံပြီး ကြည့်ရလောက်အောင် နှလုံးအိမ်ကို လာထိတဲ့ ကားတွေ နဲလာတယ် (မရှိသလောက်လို့တောင် ပြောရမလိုလို ပဲ )
ဇာတ်ကားတွေလဲကောင်း ၊ လူတွေလဲ အဆင်ပြေ၊ စိတ်တွေလဲချမ်းသာ ၊ အေးအေးလူလူ သာ ရှိလာလို့ကတော့ မြန်မာလူမျိုးဆိုတာ .. ဟိုသီချင်းထဲကလို ..
..လာလေ ..စောစောသွားမှ ..တို့နေရာရမယ်လေ… လို့ ပြောရလောက်အောင် အပျော်အပါး မက်ကြသူတွေပါ
Was this answer helpful?
LikeDislikeအိုဗျာ မင်းသား၊ မင်းသမီးတွေက အကောင်းဆုံးဝတ်စုံဝတ်မယ်၊ အကောင်းဆုံးကားစီးပြမယ်၊
အကောင်းဆုံးဆိုတဲ့ ခေတ်မီ အဆောက်အဦးတွေ ဖေါ်ရှိုးပြမယ်၊
ကြွားလုံးထုတ်တဲ့ ဟာတွေပဲ အဓိကထားနေကြသကိုးဗျာ၊
ဇတ်လမ်း၊ ဇတ်ကွက၊် အမူအရာတွေက ချာတူးလန် ဖြစ်နေတာဖြင့်ကြာလှပြီ၊
ဒါရိုက်တာတွေရော ဇတ်ပို့ ဇတ်ဆောင်တွေရော အားလုံးဗျာ ..
**** ဘယ်လိုပြောမှ ခင်ဗျားတို့ နားလည်မှာလဲ၊ သဘောပေါက်မှာလဲ****
Was this answer helpful?
LikeDislikeကျွန်တော် က တော့
ရုပ်ရှင်ရုံ ဆိုရင်
နိုင်ငံခြားကား တင်မှ ပဲ သွားကြည့်ဖြစ်တော့တယ်
ငယ်တုန်း ကတော့ မြန်မာဇါတ်ကားတွေ ကြည့်ခဲ့ပေမယ့်
ယနေ့ ခေတ်
မြန်မာကား တွေ ကို တော့
ကြည့်ချင်စိတ် မရှိတော့တာ အမှန်ပဲ
ရုံထဲမှာ နမူနာ ပြရင်ကို
ဘာတွေ မှန်း နားမလည်ဘူး ဗျို့ 
အရေးထဲ အခုချိန်ထိ
မြန်မာကား တွေ က အသံစနစ် က
မကောင်းသေးတော့
ဘာတွေ ပြောနေကြမှန်း ကို
မသိရတာ အမှန်ပဲ
Was this answer helpful?
LikeDislikeအခုချိန်မှာ အဆင်ပြေတာက EVD ၀ယ် တစ်ကားတည်းပါတဲ့ DVD ၅၀၀ ကျပ်နှုန်းနဲ့ ၀ယ်ကြည့် .. ဘယ်လိုကြည့်ကြည့် ဘယ်အချိန် ကြည့်ကြည့် .. ကျော်ကြည့်ကြည့် ရပ် ကြည့်ကြည့် ပြန်ရစ်ကြည့်ကြည့် အဆင်ပြေနေတာ ..
ဒါပေမယ့်လဲ ဟို ကျောင်းတက်တုန်းက ငါးမူးတန်း၊ သုံးမတ်တန်း၊ တစ်ကျပ်ခွဲတန်းတွေကို အောင့်မေ့ မိပါတယ် .. အလုပ်ရခါစက ၄ကျပ်တန်း .. နောက် ၂၅ ကျပ်တန်း ၄၀ ကျပ်တန်းတွေကိုပါ ပေါ့
ဆယ်တန်းဖြေပြီးတော့ ရိုမီယို ဂျူးလိယက် သမတရုံမှာ ပြတော့ တကျပ်ခွဲတန်းမှာ တိုးကြည့်ခဲ့ဖူးတာ အမှတ်ရပါတယ်
Was this answer helpful?
LikeDislike