post ခေါင်းစဉ်သုံးတာ ရိုင်းသွား၇င် ခွင့်လွှတ်ပါ။

သူမ၏ဆောင်ကြာမြိုင်၊ဇာခန်းဆီးနောက်ကွယ်မှ ဇတ်လမ်းများအား အွန်လိုင်းပေါ်တွင် မျှဝေခံစားတင်ပြ
လေ့ ရှိသည့် တရုတ်နိုင်ငံမှ ပြည့် တန်ဆာ ဘလော့ ဂ်ဂါ ရိုရှောင်အန် ဟာရဲတပ်ဖွဲ့ ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ 
ရပါပြီ…..
သူမ အဖမ်းခံရသည့် သတင်းဟာ (တရုတ်နိုင်ငံရဲ့ )အင်တာနက်ကမ္ဘာကိုတုန်လှုပ်ချောက်ခြားသွားရုံမျှမက
သူမရဲ့ ဘလော့ ဂ်ပရိတ်သတ်များအနေနှင့် သူမအားကူညီ၊ ကယ်တင်ပါရန် တောင်းဆိုပန်ကြားခဲ့ ကြသလို၊
(သူမနှင့် အိပ်စက်ပျော်ပါးခဲ့ ကြသည့် ) ဟန်ကျိုးမြို့ မှ ထိပ်တန်းနိုင်ငံရေးသမားများနှင့် ပညာရေးဌာနဆိုင်
ရာ အရာရှိကြီးများလည်း စိတ်အနှောက်အယှက်ဖြစ်ခဲ့ ကြပါတယ်…
ရဲတပ်ဖွဲ့ အနေဖြင့် သူမ၏ ဖုံးထဲမှ အစိုးရအရာရှိကြီးများနှင့် တက္ကသိုလ်ပါမောက္ခများအပါအ၀င်အထူးအ
ရေးကြီးပုဂ္ဂိုလ်များစွာတို့ ၏ဖုံးနံပါတ်များအားတွေ့ ရှိခဲ့ ရတယ်လို့ သတင်းများကဖော်ပြခဲ့ ပါတယ်….
ထိုအချက်အလက်ကြောင့် သူမ၏ပုံမှန်အားပေးသူဖောက်သည်များတွင် အစိုးရထိပ်ပိုင်းဆိုင်ရာပုဂ္ဂိုလ်များ
ပါဝင်နေလိမ့် မည်ဟု စုံစမ်းစစ်ဆေးသူများအား သံသယရှိစေခဲ့ ပါတယ်…

ဘလော့ ဂ်ရွာထဲက…သပေါ့ ဖျာသည်မလေး မနှင်းဆီ အဲလေ…ရိုရှောင်အန်…

အသက် ၂၂ နှစ်အရွယ်ရှိ ရို ဟာခုနှစ်တာကာလအတွင်း အမျိုးသားပေါင်း ၃၀၀၀ ခန့် နှင့် အတူအိပ်စက်
မွေ့ လျော်ဖျော်ဖြေခဲ့ တယ်လို့ ဆိုပါတယ်…
စာရေး၊စာဖတ်တာကို စွဲလမ်းနှစ်သက်တဲ့ မိန်းကလေးဟာ သူမရဲ့ ကိုယ်ပိုင်ဘလော့ ဂ်မှာ သူမနှင့် ဆက်ဆံ
ခဲ့ သူများနှင့် ပါတ်သက်သည့် အကြောင်းများအားရေးသားကာ အွန်လိုင်းဘလော့ ဂ်ဖတ်သူများအားမျှဝေခံ
စားခဲ့ ပါတယ်…
သူမရဲ့ အရေးအသားကောင်းမွန်လှတာကြောင့် အစဉ်တစ်စိုက်လာရောက်ဖတ်ရှုသူပေါင်း၁သိန်း ၇သောင်း
မျှရှိပြီး သူမအား စာရေးကောင်းသလို၊ အထာပေးကောင်းသည့် ဇယားလေး လို့ နာမည်ပေးခဲ့ ကြပါတယ်..
သူမနောက်ဆုံး ပို့ စ်တင်ခဲ့ သည်က စက်တင်ဘာလ ၁၆ ရက်နေ့ မို့ သူမအားလွန်ခဲ့ သည့် ရက်သတ္တပါတ်
က ဖမ်းဆီးခဲ့ ကြသည်ဟု ယုံကြည်ရပါတယ်…
သူမ၏ဖေါက်သည်တစ်ဦးဆိုလျှင် ကားထဲတွင်ချစ်တင်းနှောရသည်ကိုကြိုက်နှစ်သက်ကြောင်း၊နောက်ထပ်
အခြားတစ်ဦးကတော့ စာဖတ်ဝါသနာကြီးသည့် ပါမောက္ခကြီးတစ်ဦးဖြစ်ကြောင်း ဖြင့် သူမကရေးသားခဲ့ ပါ
တယ်…
သူမတွင် အမျိုးသမီးဖောက်သည်တစ်ဦး(လိင်တူချင်းဆက်ဆံသူအမျိုးသမီး) ပင်ရှိသေးသည်ဟု သူမကဆို
ပါတယ်…
ရဲတပ်ဖွဲ့ ကိုတော့ သူမအားဖမ်းဆီးခဲ့ မှုနှင့် ပါတ်သက်၍ အတည်ပြုရန်ဆက်သွယ်လို့ မရခဲ့ ပါဘူး…
http://whatsonjinan.com/tag-Ruo%20Xiaoan.html အစက သူ့ blog ၇ှိတဲ့နေ၇ာပါ။ အခုတော့ ဖျက်လိုက်ပါပြီ………….
Tony

About Tony

Tony has written 4 post in this blog.

လောကတွင် ပညာတတ်သော လူတွေများပါတယ်။ သိတတ်သူတော့ တော်တော်ကို နည်းသေးတယ်။

Related posts:

  1. တရုတ်ပြည်က..ရှောင်လင်ဘုန်းကြီးများ…
  2. တရုတ်ပြည်က ထုတ်လုပ်တဲ့ အမျိုးသမီးသုံး ဆံပင်ခေါင်းစည်းကြိုး Hair Bands များ အကြောင်း
  3. တရုတ်ပြည်က ထုတ်လုပ်တဲ့ အမျိုးသမီးသုံး ဆံပင်ခေါင်းစည်းကြိုး Hair Bands များ အကြောင်း။
  4. တရုတ်ပြည်က အမြီးနဲ့ ကလေး
  5. မန္တလေးမှာ တရုတ်-မြန်မာ ကုန်သည်တွေ ရိုက်ပွဲ ဖြစ်ခဲ့ဆိုပြီး တင်ခဲ့တဲ့သတင်းနှင့် …..