မောင်မိုးပြာ၏ဆရာ ဘာ့ကြောင့် ပြာ (၃)
|1074- Hits|ဗုဒ္ဓဘာသာဝင်သည် အနည်းဆုံး ကမ္မဿကတာဥာဏ်ဟု ဆိုအပ် သော ကံနှင့် ကံကျိုး ဆက်သွယ်မူ၌ အသိဥာဏ်ရှိရမည့်သူ ဖြစ်ပါသည်။ တပည့်တော်တို့ ဗုဒ္ဓဘာသာဝင်များသည် ဤအသိဥာဏ်မျှ မရှိသူများ ဖြစ် နေကြပါသည်။ တပည့်တော်တို့ ဗုဒ္ဓဘာသာဝင်များ ပြောရိုးစကားပင်ရှိပါ သည်။ ကံထမ်းလာသည်ကိုမမြင်ရ၊ လှံထမ်းလာသည်ကိုသာမြင်ရသည်ဟူ၍ ဖြစ်ပါသည်။ ထို့ပြင်လည်း ဗုဒ္ဓဘာသာဝင်များသည် ကမ္မ၀ိသယော အစိန္တေ ယျောဟုဆိုပြီး ကံအရာမကြံရဟူလည်း ဆုံးမခဲ့ကြသည်။ ကံကို အရိယာများ မှသိနိုင်သည်ဟုလည်း ဆိုခဲ့ကြပါသည်။ ဤသို့ပင် ကံမှ မသိလျှင် ကံနှင့် ကံအကျိုး ဆက်သွယ်မှု၌သာဖြစ်သော ကမ္မဿကတာဥာဏ် ဘယ်သို့မျှ ဖြစ် ရန်အကြောင်း မရှိပါ။ ဗုဒ္ဓဘာသာဝင်လောက၌ ဤအသိဥာဏ်သည် အောက် ထစ်ဆုံးဥာဏ်ဖြစ်ပါသည်။ ဤဥာဏ်မျှမထင်လျှင် ဗုဒ္ဓဘာသာဝင်ဖြစ်ရန်ပင် အားနည်းလှမည်ဖြစ်ပါသည်။ ဤသို့ဖြစ်သော်လည်း ဗုဒ္ဓဘာသာဝင်များသည် ဤအသိဥာဏ်မျှမရှိ ဖြစ်နေကြပါသည်။ မမွေးမှီကပြုခဲ့သောကောင်းမှု ကြောင့် ယခုကောင်းစားရသည်၊ မမွေးမှီကပြုခဲ့သောဆိုးမှုကြောင့် ယခုဆိုး ၀ါးရသည်၊ ဤယခု ကောင်းဆိုးနှစ်ခုသည် သေပြီးနောက် ကောင်းဆိုးနှစ်မျိုး ကို ဖြစ်စေလိမ့်ဦးမည်။ ဤသို့ ယုံကြည်မှုကို ကမ္မဿကတာဥာဏ် ထင်မှတ် ပြီး တင်းတိမ်နေကြပါသည်။ အကယ်၍ ဤအသိများသည် အကယ်သိသော အသိများမဟုတ်သောကြောင့် အသိဥာဏ်ပင် မဖြစ်နိုင်သောအရာများ ဖြစ်ပါ သည်။
ဤအရာကို ရှင်းလင်းရှောက်ထားရပါမည်။ လူသည် ကံနှင့် ကံ၏အ ကျိုးဆက်သွယ်မှုကို အကယ်သိလျှင် အသေးအဖွဲမကောင်းမှုကို ရံခါပြုသည် မှအပ ပြုရန်ခဲယင်းပါသည်။ မည်သူမဆို ကိုယ်ဒုက္ခရောက်မည်သိလျှင် ကြဉ် ရှောင်မြဲဖြစ်ပါသည်။ ကိုယ်ဒုက္ခရောက်မည့်အရာကို ရှောင်ကြဉ်နိုင်ခြင်းမရှိ လျှင်ကား အကယ်မသိ၍သာဖြစ်မည် အမှန်ဖြစ်ပါသည်။ အကျင့်အကြံပျက် ပြား၍ မှားကြခြင်းသည် ကမ္မဿကတာဥာဏ် အကယ်မပေါက်၍ဖြစ်ပါသည် ကမ္မဿကတာဥာဏ်ပေါက်လျှက် အကျင့်အကြံပျက်ပြား မှားယွင်းသည်ဆို လျှင် ထိုသူသိသော ကမ္မဿကတာဥာဏ်သည် အတုမျှသာဖြစ်ရန် မလွဲဧ ကန်ဖြစ်ပါမည်။
တပည့်တော်တို့ ဗုဒ္ဓဘာသာဝင်များသည် အခြားသော မိစ္ဆာဒိဋ္ဌိဘာ သာများနှင့်မခြား အကျင့်အကြံပျက်ပြားကြခြင်းမှာ ကမ္မဿကတာဥာဏ်မျှ မရကြသောကြောင့် ဖြစ်ပါသည်။ အထက်ထက်ဖြစ်သော မဂ်ဥာဏ်၊ ဖိုလ် ဥာဏ်၊ ကိလေသာများကို ပယ်လှန်ရန်ဥာဏ်များကား ဝေးထက်ဝေး ဖြစ်ရာ ပါမည်။ တပည့်တော်တို့ ဗုဒ္ဓဘာသာသည် အကျင့်အကြံကို ယုံကြည်ချက် ဖြင့်တည်ဆောက်ခဲ့သော ဘာသာမဟုတ်ပါ။ အသိဥာဏ်ဖြင့် တည်ဆောက် ခဲ့သော ဘာသာဖြစ်ပါသည်။ သီလ၊ သမာဓိ၊ ပညာဟူ၍ သိက္ခာသုံးရပ်ရှိ သော ဘာသာဖြစ်ပါသည်။ သီလသည် သမာဓိ၊ ပညာကို ကျေးဇူးပြုပါသည်။ သမာဓိသည် သီလ၊ ပညာကို ကျေးဇူးပြုပါသည်။ ပညာသည် သီလ၊ သမာဓိ ကိုကျေးဇူးပြုပါသည်။ ထို့ကြောင့် သီလကို သမာဓိ၊ ပညာတို့ဖြင့် စင်ကြယ် စေရန် ဟောဆိုသော ဘာသာဖြစ်ပါသည်။ ပညာမရှိလျှင် သမာဓိမတည်နိုင်၊ သမာဓိမတည်လျှင် သီလ၌ မမြဲနိုင်ပါ။ တပည့်တော်တို့ ဗုဒ္ဓဘာသာများ အကျင့်အကြံပျက်ပြားနေကြသည်မှာ ပညာမဟုတ်သည်၌ ပညာလုပ်နေကြ သောကြောင့်ဖြစ်ပါသည်။
ဤနေရာ၌ တပည့်တော်တို့ ဗုဒ္ဓဘာသာများ ပညာမရှိရခြင်း၏ အကြောင်းကို ထင်ရှားစေရန် လျှောက်ထားရပါမည်။ ဗုဒ္ဓဘာသာဝင်များ သည် ဗုဒ္ဓဘာသာ ဆရာသမဏတို့၏ အဆိုအဆုံးမကို ရကြလျှက် အဘယ့် ကြောင့် ပညာမရှိဖြစ်နေကြရသနည်း စီစစ်ဖွယ်ရှိပါသည်။ သာသနာတော်၏ ယနေ့အခြေအနေသည် မကောင်းတော့၍ဟု ဆိုရပါမည်။ ဤအကြောင်းကို ဆရာတော်တို့ သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း၏ နိဒါန်းမှ စကားပိုဒ်ကို ကိုးကား၍ လျှောက်ထားရပါမည်။ ဤစကားပိုဒ်မှာ အောက်ပါအတိုင်း ဖြစ်ပါ သည်။
“ယခုသာသနာအခြေအနေ”မျက်မှောက်ခေတ်သာသနာတော်၏ အခြေအနေကို ကြည့်ရှုသုံးသပ်မည်ဆိုပါလျှင် သာသနာတော်
ကြီး ဂုဏ်သိက္ခာနိမ့်ကျ ညိုးနွမ်းဆုတ်ယုတ်သွားစေရန်လည်း
ကောင်း၊ သာသနာတော်ကြီး ပျက်စီးကွယ်ပျောက်သွားစေရန်
လည်းကောင်း၊ ကျင့်ကြံလုပ်ဆောင်နေကြသူ၊ ပြောဆိုဟော
ပြောနေကြသူ၊ ရေးသားထုတ်ဝေနေကြသူ၊ ရှင်လူအချို့ ပေါ်
ထွက်စပြုနေသည်ကို မျက်ဝါးထင်ထင် တွေ့မြင်ကြားသိ၊ ဖတ်
ရှုနေကြရပေသည်။
ယနေ့ သာသနာတော်၏ အခြေအနေသည် အမှန်ပင် ဤအတိုင်းဖြစ် နေပေသည်။ ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာ၊ ပဋိဝေဒသာသနာဟူ၍ သာသနာတော်သုံးရပ်ရှိသည့်အနက် ယနေ့အခြေအနေ၌ ပဋိဝေဒသာသနာ ဆောင် ပုဂ္ဂိုလ်ဟူ၍ မည်မည်ရရ မရှိပါ။ ပဋိပတ္တိသာသနာဆောင်ပုဂ္ဂိုလ်များ ကား အများအပြားရှိသော်လည်း ဘုရားတရားခြင်းတူလျှက် တစ်ပါးနှင့် တစ် ပါးပင် မကွဲပြားအောင် မတတ်နိုင်ကြ ရှိနေပါသည်။
ပဋိပတ္တိသာသနာဆောင် ပုဂ္ဂိုလ်တစ်ဦး၏ ပဋိပတ်ကို၊ အခြား ပဋိပတ် ဆောင် ပုဂ္ဂိုလ်တစ်ဦးသည် အမှန်မထင် အမှားမြင်သည်။ ဤသို့ အမှားမြင်ခံ ရသော ပဋိပတ်ဆောင် ပုဂ္ဂိုလ်ကလည်း၊ မိမိ၏ပဋိပတ်ကို အမှားမြင်ပြသူ ပဋိ ပတ်ဆောင် ပုဂ္ဂိုလ်၏၊ ပဋိပတ်ကို အမှားပင် မြင်ပြန်ပါသည်။ ဤပုဂ္ဂိုလ်နှစ်ဦး သည် နှစ်ဦးလုံးမမှားပဲ တစ်ဦးသာမှားလျှင် မှားသောတစ်ဦး၏ ပဋိပတ်သည် သာ အပြစ်တင်ခံရ ရာပါသည်။ အဘယ့်ကြောင့်ဆိုသော် မြတ်စွာဘုရား ဟောကြားအပ်သော တရားတော်သည် သန္ဒိဋ္ဌိကဂုဏ်နှင့် ပြည့်စုံရုံမျှမက ဧဟိပဿိကဂုဏ်တော်နှင့်လည်း ပြည့်စုံသောကြောင့် ဖြစ်ပါသည်။
မြတ်စွာဘုရားတော်မှန်လျှင် လူ၌ဖြစ်ပွားသော အရှိများကို အခြေခံ သောကြောင့် ငြင်းခုံဖွယ်မရှိသော တရားတော်ဖြစ်ပါသည်။ ငြင်းခုံတင်းကြမ်း ပြည့်လျှက် ပဋိပတ္တိဆောင် ပုဂ္ဂိုလ်များ၏ ပဋိပတ္တိသည် သာသနာတော်၏ စည်းလုံးညီညွှတ်မှု “သမဂ္ဂ သမောဓာနကို” ပျက်ပြားစေရုံမျှဖြစ်၍ မလွမ်းနိုင် စရာ ဖြစ်ပါသည်။ ဤမျှ ပဋိပတ္တိသာသနာဆောင် ပုဂ္ဂိုလ်များ ချွတ်ချုံကျနေ ကြသောကြောင့်ပင် တပည့်တော်တို့ သာသနာတော်၌ ပဋိဝေဒဆောင် ပုဂ္ဂိုလ်ဟူ၍ သွားဆဲထက် ပိုပြောနိုင်သူ မရှိဖြစ်နေခြင်း ဖြစ်ပါသည်။ သောတာပန်၊ သကဒါဂါမ် ဟူသော ပဋိဝေဒဆောင်ပုဂ္ဂိုလ်အထက် တဆင့် တက်၍ ကြေငြာဝံသူကား မည်မည်ရရ မရှိ ဖြစ်ရပါသည်။ အနည်းအပါး ကြေ ငြာသူများလည်း အတိမ်းတိမ်း အပါးပါးဖြစ်ကြောင်း သူတို့သဘောတရားအရ ထင်ရှားလှပါသည်။
““““““““““““““““““““““““““““““““““““““““““““““““““““““““““““““““““““““““
သာသနာတော်တွင် အမှန်တကယ်ဖြစ်ပျက်ခဲ့သော ဖြစ်ရပ်များကို သိရှိနိုင်ကြစေရန် ရည်သန်၍ သာသနာတော်၌ အဓမ္မဟု အဆုံးဖြတ်ခံခဲ့ရ သော အခြားသော ကြောင်းပန်း၊ ကျောက်သဘောင်္၊ ကျောက်ပုံ၊ ရှင်ဥက္ကဋ္ဌ စသော ၀ါဒများကိုလည်း ဖော်ပြပေးရန်ရှိပါကြောင်း။
Related posts:


လာပြန်ပြီ ဆိုတော့
ထုံးစံအတိုင်း ဖြေပေးပါရစေ
အိုဗျာ
ဒီလောက် လွယ်နေတဲ့ မေးခွန်းကို
အပြာကား
အပြာစာအုပ် စသည်ဖြင့် အသုံးအနှုန်းရှိတယ်မလား
အဲဒါပဲပေါ့
ရှင်းရှင်းလေးရယ်ဟာ
Was this answer helpful?
LikeDislikeဗုဒ္ဓဘုရားရဲ့ အဆုံးအမနောက်ကိုလိုက်နေပါတယ်………ဗုဒ္ဓဘာသာဝင်ပါ……..အယျဉ်ကျေးဆုံးပါဆိုပြီး…..
ဒီလိုစကားမျိုးတွေ ထွက်ဝံ့တာအတွက် ဗုဒ္ဓဘုရားသာ သိတော်မူလျှင်…………ဒီစကားတွေဟာ ဗုဒ္ဓဘာသာတစ်ခုလုံးကို ကိုယ်စားပြုနေတယ်ဆိုတာတော့ သတိထားစေချင်ပါတယ်။
Was this answer helpful?
LikeDislikeအရင်ဆုံးပြာပါမယ်….ပြာပြီးရင် ပျောက်သွားတော့မှာပါ
ဒါကတော့ ကာလာတွေရဲ့သဘောတရားပေါ့ ပျောက်သွားရင်တော့
ဖြူပြီးကျန်ခဲ့မှာပါ…ကျုပ်တိုတွေဖြူမယ်အချိန်ကိုစောင့်ကြည့်ပါမယ်
Was this answer helpful?
LikeDislikeဟုတ်ပါတယ်။ လူတွေအတွက် အသုံးမတဲ့ဘူးဆိုလျှင် မြန်မြန်ဖြူသွားပါစေ၊ မြန်မြန်ပျောက်သွားပါစေ။ မောင်မိုးပြာတို့ကလည်း ဝမ်းမြောက်ဝမ်းသာ ကြိုဆိုမှာပါ။ လူတို့အတွက် ဘာအကျိုးမှ မဖြစ်ထွန်းဘူးဆိုလျှင် ဘာအတွက် ဆုပ်ကိုင်ထားကြမှာလည်း။
Was this answer helpful?
LikeDislikeကိုမိုးပြာရေ
ဘာကြောင့်ပြာရသလဲ ဆိုတာသာ နားလည်လွယ်အောင် လင်းစေချင်ပါ၏
ဝေ့လည်ချောင်ပတ်နှင့် ဗုဒ္ဓဘာသာတွေကိုတော့ မိစ္ဆာဒိဋ္ဌိ ဟု မဆိုစေချင်ပါခင်ဗျ
ဘယ်ဘာသာဝင်မဆို….အကျင့်အကြံပျက်ပြားတဲ့လူရှိမယ်…အကျင့်ကောင်းတဲ့လူလဲ ရှိမှာပဲဗျ..ဘာမှမဆန်းပါဘူး..
ဘယ့်နှယ့်ကြောင့် ကျုပ်တို့  ဗုဒ္ဓဘာသာဝင်တွေကို အသိဥာဏ်မျှ မရှိသူများ ဟုဆိုရလေသနည်းဗျာ
Was this answer helpful?
LikeDislikeပြောဆိုချက်စကားတွေထဲက စကားလေးတစ်ခွန်းထဲကို ကွက်ကွက်ကလေးထုတ်ပြီး မပြောမိဖို့ လိုမယ်ထင်ပါတယ်။ ဥပမာ မောင်ဖြူ ဝမ်းလျှောနေသည်ကို ဆရာဝန်နှင့်ပြ၍ ကုသလိုက်သောကြောင့် သက်သွား၏။ ဒီစကားမှာ မောင်ဖြူ ဝမ်းလျှောနေသည် ဆိုတဲ့ စကားကို သာ နားထောင်ပြီး တစ်ခြားစကားတွေကို နားမထောင်ဘူးဆိုပါက နားလည်မှုတွေလွဲစေပါလိမ့်မယ်။ ဗုဒ္ဓဘာသာဆိုတာ ဗုဒ္ဓရဲ့အသိဥာဏ်ကို ရရှိပါမှ ဗုဒ္ဓဘာသာစစ်စစ်ဖြစ်ကြမယ် မဟုတ်ပါလား။
Was this answer helpful?
LikeDislikeဟိုက်…. ဤသို. ပြောယုံဖြင့်လွယ်ကူစွာ အမှန် ရှာဖွေနိုင်လျင် ဗုဒ္ဓသည် အပိုအလုပ်များ လုပ်ခဲ့လေသလော
Was this answer helpful?
LikeDislikeလွယ်လှချည်လားလို့ ပြောနေတဲ့ ကိုယ့်လူရေ.. စိတ်ကူးယဉ်အတွေးတွေကို မြောင်းထဲ၊ ကျောင်း ထဲမှာသာ မျောပြစ်လိုက်ပါလို့ပဲ အကြံပြုပါရစေ။ ဘုရားသွား၊ ကျောင်းတက်တိုင်း ဘုရားတရားကို မသိနိုင်ဘူးဆိုတာ သိထားသင့်ပါတယ်။ တရားမသိသူဟာ ဘုရားနောက်လိုက်မဟုတ်ဘူးလို့ ပဲ ပြောလိုက်ပါရစေ၊ မိမိကိုယ်ကိုယ်ကို တရားသိသူလို့ ၀န်ခံနိုင်ပါသလား..၀ဋ်(၃)ပါးကို လူမကျော် ပဲ လှည့်ပြနိုင်ပါသလား၊ ကိုယ်တိုင်သိနှင့်လောကအမှန် ထိုနှစ်တန်ကို မကျော်လွန်ဖို့ တောလိုမယ်ထင်ပါတယ်။ ကျော်ရင်ဖြစ်ဖြစ် လျှော်ရင်ဖြစ်ဖြစ် ဘုရားတရားနှင့် တခြားစီလို့ပဲ ပြော ပါရစေ။ ၆နှစ်ကျင့်လို့တရားရတာလား။ ဒါမှမဟုတ် ရိပ်သာသွားလို့တရားရတာလား ဖြေကြစေ ချင်ပါသည်။
Was this answer helpful?
LikeDislikeတို့ကတော့ ပြာပြာ၊ ၀ါဝါ… စိတ်မ၀င်စားဘူး…။ ကံ..ကံ၏ အကျိုးကို ယုံကြည်တယ်။ ဗုဒ္ဓရဲ့ အဆုံးအမကို နာခံမယ်..။ ဒါပဲ နားလည်တယ်။ တရားတော်က နှလုံးသားနဲ့ လက်ခံနားလည် ကျင့်ဖို့ပဲ လိုတယ်။ ၀ါဒီများနေရင် ဘုရားရှင်လက်ထက်က ငါးကြီးလို ဖြစ်သွားဦးမယ်…. ဘာငါးကြီးလဲတော့ စာအုပ်မှာ ရှာဖတ်တော့…
Was this answer helpful?
LikeDislikeမောင်မိုးပြာတို့ကလည်း ကံ ကိုပဲပြောနေတာပါ Koyin Sithu။ ကာယကံ၊ ဝစီကံ၊ မနောကံ ဒီကံသုံးပါးရဲ့ လူကို ဒုက္ခရောက်စေပုံကို ပြောနေတာပါ။ ဘယ်နည်း ဘယ်ပုံ ထိမ်းသိမ်းရမယ်ဆိုတာကတော့ Koyin Sithu တို့ကို သွင်သင်ပြနေကြတဲ့သူတွေတောင် မတူကြဘူးမဟုတ်လား။
Was this answer helpful?
LikeDislikeမိုးပြာကတော့
အကျိုးမပါတဲ့
သူခိုးစာတွေနဲ့(ကိုယ့်ဘာသာက လာသည်မဟုတ်သော စာပေကျမ်းဂန်များကို အကြောင်းယုတ္တိမဲ့ယုံကြည်)
တစ်မျိုးလာပြန်လေပြီ။
Was this answer helpful?
LikeDislikeကိုnan shin ရေ အကျိုးမပါတဲ့စာဆိုတာ ဘုရားတရားစာလား၊ ဘုရားက ကံ (၃)ပါးကို ရှင်းလင်းတာနော်။ကံသုံးပါးကို နားမလည်ရင် သူ့ရဲ့ ကောင်းကျိုးဆိုးပြစ်တွေကို မသိတာ သေချာတယ်။ မသိလို့လည်း တိုက်ခိုက်ခိုးဆိုးနေတာပေါ့။ ဘာမှ မလုပ်ပဲနေတာ ဟာလည်း တရားနှင့် နေသူမဟုတ်ပါ။ ရှောင်သင့်တာ ရှောင်ပြီး၊ ဆောင်သင့်တာလုပ်သင့်တာ လုပ်တာမှသာ တရားနှင့်နေသူလို့ ဆိုရမှာပါ။ အမှန်တရားကို ကျမ်းဂန်စာပေနှင့်မတိုင်းသင့်ပါ။ အမှန်တရားဟာ စာပေမဟုတ်သလို၊ ကျမ်းဂန်လည်းမဟုတ်ပါဘူး။ အမှန်တရားဟာ တရားသာ(အလယ်လမ်း)ဖြစ်ပါတယ်။ လုပ်ငန်းတစ်ခုကို ဘက်လိုက်စဉ်းစားနေတာဟာ အမှား မြင်သူသာဖြစ်ပါတယ်။ ဒါကို ဘုရားက အလကားကောင်လို့ သတ်မှတ်ပါတယ်။
Was this answer helpful?
LikeDislikeမိုးပြာပိုစ်များတွင် တခြားဘာသာဝင်များကို မိစ္ဆာဒိဋ္ဌိဘာသာဟူပြီး သုံးနှုန်းနေမှုသည် တခြားဘာသာကို နှိမ်ချသော ခွဲခြားသော အသုံးအနှုန်းဖြစ်ပြီး
MG ၏ နံပါတ်ခြောက်စည်းမျဉ်းကို ဖောက်ဖျက်သော (လူမျိုးရေး၊ဘာသာရေး၊ ခွဲခြားမုန်းတီးမှုဖြစ်စေသော အသုံးအနှုန်း) ဖြစ်သဖြင့် ဒီလိုပိုစ်မျိုးကို ကန့်ကွက်ပါသည်။
Was this answer helpful?
LikeDislikeမိစ္ဆာဒိဋ္ဌိဆိုတဲ့ စကားနက်ကိုတောင် အမှန်ကျသိမြင်မှု မရှိကြတော့ဘူလား။ တကယ်တော့ မိစ္ဆာဒိဋ္ဌိ ဆိုတာ အမြင်မှားကိုပြောတာ မဟုတ်ဘူးလား။ ဘယ်မှာ အမြင်မှားတာလဲ…ကံအပေါ်မှာ၊ ဘ၀အပေါ်မှာ၊ သင်္ခါရအပေါ်မှာ၊ ခန္ဓာအပေါ်မှာ….ဒါတွေအပေါ်မှာ အမြင်မှားတာကို မိစ္ဆာဒိဋ္ဌိလို့ ဆိုတာလောက်တောင် နားမလည်ကြတောဘူးဆိုတော့ ကိုယ်ထင်ချင်ရာထင်၊ ကိုယ်မြင်ချင်ရာမြင်ဖြစ်ပြီး ဟိုရမ်းဒီရမ်းနဲ့ ရမ်းကြတော့တာကိုး။
Was this answer helpful?
LikeDislikeဘုရားတရားမျက်စိလည်ကြပုံ (သဲအင်းဂူဆရာတော်ကြီး)
http://www.mediafire.com/?nmhogyjjkmk
Was this answer helpful?
LikeDislikeအပေါ်ကပို့စ်က… နိုင်ငံတော်သံဃမဟာနယက (မဟန) အဖွဲ့ကိုတင်တဲ့စာကို ပြန်ဖေါ်ပြနေတာဆိုရင်တော့.. သမိုင်းအချက်အလက်ဖြစ်တယ်လို့.. ယူဆရမှာပါ..။ ပြန်ပြင်ဆင်ခြင်း..တည်းဖြတ်ခြင်း မလုပ်ရ/သင့် ပါဘူး..။
မိုးပြာဆရာတော်က.. ဒီအတိုင်းရေးခဲ့တယ်လို့.. မှတ်တမ်းကျန်ရစ်ပါစေ..။
=
သာသနာတော်အတွက်.. ပွင့်လင်းမြင်သာ ရှိစေလိုတဲ့အတွက်..History Category အောက်လည်း.. ပြောင်းထည့်လိုက်ပါတယ်..။
Was this answer helpful?
LikeDislikeကြိုးစားပြီး ဖော်ပြပေးဖို့ ရည်ရွယ်ထားပါတယ်။ ရှေ့က သွားခဲ့တဲ့သူတွေကို ကြည့်ပြီးတော့ သင်္ခန်းစာယူနိုင်ကြစေဖို့ပါ။
Was this answer helpful?
LikeDislike