17
အိမ်သုံး compact digital camera ကို ဘယ်လို ရွေးချယ် ၀ယ်ယူမလဲ(၃) Personal Advice
|1194- Hits|
တတိယအပိုင်း ကို ရေးဖို့ ကျနော် စာလျောက်ဖတ်ဖြစ်ပါတယ်..
Online shopping ဒါမှမဟုတ်လဲ online ကရှာပြီး အပြင်ကနေ ဆိုင်သွားဝယ်မယ်
ဆိုတဲ့ သူငယ်ချင်းတွေအတွက် အကောင်းဆုံး အကြံပေးချင်တာကတော့
၁)amazon.com ကိုသွားပါ
electronics အောက် က camera & photo ကိုသွားပါ
အဲ့သည့်မှာ price range ရိုက်ထည့်ပြီး search လုပ်နိုင်ပါတယ်ခင်ဗျား
brand crazy ဆိုရင်လည်းပဲ သည် price range အတွင်းက
ဘယ် brand ပဲ ပြပေးပါ ဆိုပြီး filter လုပ်ယူလို့ရပါတယ် ..အဲ့သည့်ကတဆင့်
mega pixelဘယ်လောက်နှင့် အထက် တို့ zoom ဘယ်လောက်နှင့် အထက်တို့
တဆင့်ခြင်းစီ filter လုပ်ယူနိုင်ပါတယ်ဗျ.
စိတ်ကြိုက်ဖြစ်ဆုံး အကိုက်ညီဆုံး model ၁ခု ကိုရွေးပါ
သူနဲ့ (price/ performance)မတိမ်းမယိမ်း ၂ခု၃ခု ကိုလည်း ရွေးပါ
(ဒါနောက်ပိုင်း step မှာ အသုံးဝင်ပါလိမ့်မယ်)
၂)စိတ်ကြိုက်တွေ့ပြီ ဆိုပါစို့
maker site ကိုသွားပါ (canon ဆို canon, sony ဆို sony အစရှိသဖြင့်ပေါ့ဗျာ)
အဲ့သည့်မှာ site-internal search ဆိုတဲ့ textbox ရှိပါတယ် ကိုယ် ရွေးထားတဲ့
model ကို ရိုက်ထည့်ပါ ..model ဆိုတဲ့နေရာမှာ series သက်သက်မဟုတ်ဘဲ
အဲ့သည့်နောက်က နံပါတ်ပါ ပါဖို့လိုအပ်ပါတယ် ဥပမာ Nikon Coolpix L22 ဆိုပါစို့
Nikon - Brand
Coolpix - Series name
L22- model name သည်လိုသွားပါတယ် ... Coolpix L22 ဆိုပြီး ရှာနိုင်ပါတယ်
အဲ့သည့်မှာ technical specification in detail ပါဝင်ပါတယ် ..
(amazon မှာ ရေးထားတဲ့ spec ဟာ အမြဲတစေ ပြည့်စုံ မနေပါဘူး .. maker site ထဲဝင်ဖတ်မှသာ
အပြည့် အစုံ သိရမှာပါ)
maker site ထဲမှာ တခု သတိပြုရမှာက ကိုယ့်ပစ္စည်းကိုယ် အလွန်အမင်း ချီးမွမ်းထားတာတွေ ကိုအချိန်ကုန်ခံ
ဖတ်မနေဘဲ ..ဘာပစ္စည်း/ ဘာ function ပါဝင်လဲ ..ဒါဘာအတွက် ကောင်းမွန်လဲ ဆိုတာကို ရှာဖတ်ပါ
နောက်ဆုံးတခုကတော့ ကိုယ်ရွေးထားတဲ့ model ရဲ့ နောက်ပိုင်းမှာ အသစ်ထပ်ထုတ်တာ ရှိသလား ဆိုတာ ရှာပါ
(maker site internally မဟုတ်လဲ google/amazon ကနေပဲရှာ နိုင်ပါတယ်) အထက်ပါ ဥပမာ ကို ပြန်ကောက်ရရင်
Coolpix ဆိုတဲ့ series နာမည်ကိုပဲ သုံးပြီး ရှာလို့ရပါတယ် L22 အပြင် အရင်ကထွက်ခဲ့တဲ့ L21,20 တွေရော ..နောက်
ထွက်တဲ့ L23,24 အစရှိတာတွေ တွေ့ရမှာပါ ..အရင် model ထက် ပါပိုထူးလဲ ဈေးဘယ်လောက်ပိုလဲ နောက် model
အောက်ရော ဘယ်လောက် ဈေးချိုပြီး ဘာတွေ မပါဝင် သလဲ ဆိုတာ တွေ့ပါလိမ့်မယ် model switch or
budget လိုတိုးပိုလျှော့လုပ် နိုင်ပါလိမ့်မယ်
၃) Pros' reviews တွေကိုကြည့်ပါ
ကမ္ဘာကျော် review sites တွေရှိပါတယ် camera မှမဟုတ်ပါ computer အပါအ၀င် အခြား electronics တွေ ကို review
လုပ်တဲ့ sites တွေ အများကြီးပါ သူတို့ ဘာပြောသလဲ ဖတ်ကြည့်ပါ အားနည်းချက် အားသာချက်တွေ ချိန်ထိုးကြည့်ပါ
- www.dpreview.com
- www.reviews.cnet.com
- www.imaging-resource.com
- www.steves-digicams.com/camera-reviews
သည်လောက် ဆိုရင် လုံလောက်ပြီ ထင်ပါတယ်။
amazon.com မှာ product ရွေးချယ်ခဲ့တုန်းကလည်း အဲ့သည့် productရဲ့ page အောက်မှာ user review တွေရှိပါတယ်
Out of 5 Stars အထိ ranking လုပ်တာတွေလည်း ရှိပါတယ် .အဲ့ဒါတွေကို မယုံပါနဲ့ user review ပါ pros' review မဟုတ်ပါ
review လုပ်တဲ့ userအရေအတွက် ပေါ်မူတည်ပြီး bias ၀င်တတ်ပါတယ်။
၎) မှတ်ကျောက်.. contrast
ပထမအဆင့်မှာ အရံ အဖြစ် ၂ခု၃ခု ရွေးခဲ့မယ်ထင်ပါတယ် အဲ့သည့် အရံစာရင်းထဲကို အဆင့်(၃)က pro's review မှာတုန်းက
သူတို့ ယှဉ်ထိုးသုံးသပ်ထားတဲ့ model တွေထပ်ထည့်နိုင်ပါတယ် နောက်ဆုံး အရံ ၄-၅ခု ရလာပြီ ဆိုပါတော့ဗျာ
www.snapsort.com/compare ကိုသွားပါ
အဲ့သည့်မှာ camera A & camera B ဆိုတဲ့ space ၂ခုရှိပါတယ် အဲ့သည့်မှာ model name ရိုက်ထည့်ပြီး compare လုပ်ကြည့်နိုင်ပါတယ်
camera အမျိုးအစား အတော်စုံလင်ပြီး free သုံးလို့၇ပါတယ်
(camera တွေရဲ့ specificationတွေ ကို site ရဲ့ databaes ထဲမှာ သိမ်းထားပြီး automatically compare and contrast လုပ်ပေးတာပါ)
physical features ရော technical features တွေပါ ယှဉ်ထိုးပေးပြီး score လုပ်ပေးထားပါတယ် ..
model ၂ခုကြားက အနိုင်အရှုံးသက်သက် မဟုတ်ဘဲ ဘယ်ဟာက ဘာအတွက် ပိုကောင်းတယ်ဆိုတာ ကိုပါ ညွှန်ပြပေးပါတယ် ..ဥပမာ
Camera A ကwider lensဖြစ်ပြီး Camera B က larger zoom ဆိုတာမျိုးပါ
ကျနော်တို့ ကိုယ်တိုင် နှိုင်းယှဉ်ချိန်ထိုးကြည့်ခဲ့တဲ့နေရာမှာ လွတ်သွားတဲ့အချက်တွေ ပေါ်လာတတ်ပါတယ် ..
(အဆင့်၂ maker site ကိုမသွားဘဲ ၃.၄ ကို ကျော်ချမယ် ဆိုလည်း သဘောပါပဲ ဆြာတို့ ..)
၅) Remarks
amazon.com ကို ရှာဖို့ recommend လုပ်ရတဲ့အကြောင်း နည်းနည်းရှင်းပြချင်ပါတယ် ။ ကမ္ဘာ့အကြီးဆုံး eC Siteဖြစ်တာနဲ့အညီ ပစ္စည်းအလွန်စုံလင်ပါတယ်
တခြား sites တွေ(eBayအပါအ၀င်) ထက် ပျမ်းမျှ ဈေးနှုန်းချိုသာပါတယ် Electronic Stores ကြီးတွေ ရဲ့ online sites တွေ လည်း ရှိပေမယ့် သူတို့ ကဈေးတင်
ထားတတ်ပါတယ် ပစ္စည်းရဲ့ 5%, 10% ကို ဈေးတင်ထားပြီး အဲ့သည့်တင်ထားတဲ့ percentage ကို point အဖြစ် စုဆောင်းပါတယ် membership ပုံစံမျိုးပါ
နောက်ပစ္စည်းတခု ၀ယ်တဲ့အခါမှာ အဲ့သည့် point နဲ့ cash လုပ်လို့ရပါတယ် ..ဒါဟာ customer loyalty programmes တခု ပါ .ပစ္စည်းပေါ်မူတည်လို့ 5%, 10%,
20% ထိကွဲပြားပါတယ် detail မသိဘဲ သည် siteတွေက ဈေးတွေကို အမှန်ယူလို့ မရပါဘူး.
ခုနောက်ပိုင်း ရန်ကုန်မှာလည်း amazon, ebay ကပစ္စည်းမှာ လို့ရတဲ့ service တွေကို လုပ်ပေးနေတဲ့ ဆိုင်တွေ companyတွေ ရှိနေပြီလို့ ကြားပါတယ် ..online က
ပေါက်ဈေး + ၀န်ဆောင်ခ(5~10% of product) ယူပြီး ၁ပါတ်အတွင်း ဆောင်ရွက်ပေးနေတယ်လို့ ကြားပါတယ် ..(စလုံးနဲ့ မလေးဘက်က လူခံကတဆင့် online က
ဝယ်ပြီး ရန်ကုန်လှမ်းပို့ပေး တဲ့ပုံစံနဲ့ ၀န်ဆောင်မှုပေးတယ်လို့ ထင်ပါတယ်) local မှာ မရှိသေးတဲ့ product မျိုးလိုချင်တယ်ဆိုရင် အတော်လေး အဆင်ပြေတဲ့ service
လို့ မြင်မိပါတယ် ...မသုံးဖူးလို့ သေချာတော့မသိပါ..သိတဲ့သူရှိရင် ၀င်ရောက်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ။
ဆြာ windtalker အပါအ၀င် မေးမြန်းထားတဲ့သူငယ်ချင်းတွေကို ဘာဝယ်ပါရယ်လို့ အတိအကျ မဖြေနိုင်တာ တောင်းပန်ပါတယ်ခင်ဗျား.ဈေးဘယ်လောက် ၀န်းကျင်နဲ့
~,~ ကောင်းတာ ဆိုတဲ့စာလုံးက ကျယ်ပြန့်လွန်းလို့ပါခင်ဗျ ... resolution များတာကို ကောင်းတာ လို့သတ်မှတ်တာလား ..ဒါမှမဟုတ် zoom လား.. wide လား..
လား .. အဲ့လို လားတွေများလွန်းနေလို့ .ဆြာတို့ ကိုယ့် ဖာသာကိုယ် အသင့်တော်ဆုံး (best-fit) ကိုရွေးချယ်ဝယ်ယူနိုင်ပါစေကြောင်း ဆန္ဒပြုလိုက်ပါတယ်ခင်ဗျား ..
P.S Spect:ပေးပြီး ရှာခိုင်း မယ် လို့လဲ မလုပ် ကြ ပါနဲ့ဆြာတို့ ... ကျနော် ကိုယ်တိုင်လည်း ဒီ ပုံထဲက ကိစ္စနဲ့ ပါတ်သတ်ပြီး ရေရေလည်လည် ညစ်နေလို့ပါခင်ည...
Related posts:



ဒီစာကို.. မန္တလေးဂေဇက်သတင်းစာထဲ သုံးချင်ပါတယ်..။
နိုင်ငံခြားနေသူဖြစ်တာမို့.. စာမူခမရပေမဲ့ ပွိုင့်တော့ ၅၀၀၀ တိုးပေးထားပါမယ်..။
ဖြစ်နိုင်မယ်ဆိုရင်..
၁) စာလုံးအဖြတ်အတောက်နဲ့ စာလုံးပေါင်းတွေပြန်စစ်ပေးပါ..။
၂) ရွာသားနာမယ်တွေညွှန်းထားတာ.. ဖြုတ်ပေးပါ..။
၃) ဒေါ်လာ ၂၀၀ကနေ ၅၀၀ကြားမှာ.. ကိုရင်ကစိတ်ကြိုက်ရွေးတဲ့.. ကင်မရာမိုဒယ် ၅ခု ချပြပေးပါခင်ဗျား.။
၎) စာမူကို.. editor@mandalaygazette.com ဆီ တိုက်ရိုက်ပို့ပေးစေလိုပါတယ်..။
Was this answer helpful?
LikeDislikeသူကြီး ….
သူကြီးဆိုက်ဒ်ကို ချစ်လို့ ယုံလို့ ရွာသားတွေကိုခင်လို့
တတ်စွမ်းသမျှ ရေးခဲ့ပြီး တင်ခဲ့ပြီးပြီ .. ဂေဇက် မူပိုင် ရယ်လို့ ရည်စူးပြီးသားပါဗျာ ..
နောက် …သူကြီး သဘောကျလို့ နှစ်သက်လို့ သုံးမယ်ဆိုလည်း သဘောဗျ..
ကျနော် က knowledge sharing ဆန္ဒတခုပဲ ရှိတာ …
ကျနော် ချစ်ခင်တဲ့ သူငယ်ချင်းတွေကို ကျနော်ချစ်ခင်တဲ့ media ကတဆင့်
ကျနော် တတ်ကျွမ်းထားသမျှလေး မျှဝေပေးရတာ ကျနော် ပီတိဖြစ်ရပါတယ်ဗျာ …
လုပ်ပါဆြာ …စိတ်ကြိုက်ဖော်ပြပါ …သင့်တော်သလိုလဲ ပြင်ဆင်ပါ …
အစ်ကို ကောင်းသလို လုပ်မယ်ဆိုရင် မူပိုင်ခွင့်ဆိုတာ ကလေးကလားပါဗျာ..
အားလုံးအတွက် အကျိုးရှိမယ်ဆို ကျနော် က ကျေးဇူးတင်ရမှာပါဗျ။
အစိမ်း ၂၀၀ ကနေ ၅၀၀ ကြား ရွေးမပေးနိုင်တာကိုတော့ နားလည်ပေးပါခင်ဗျား ..
ကျနော့် camera ကို သည်မှာ Kiss x4 လို့ခေါ်ပါတယ် … global brand name က
cannon EOS 550Dပါ .. အမေရိက မှာတော့ T2i လို့ အမည်ပေါက်ပါသည်ခင်ဗျား…
အဲ့သည့်တော့ မြောက်များလှစွာသော
Compact camera တွေအားလုံးကို ကျနော် model name ကအစ ခရေစေ့တွင်းကျ
လိုက် မဖတ်ပေးနိုင်တာ ဆြာ နားလည်ပေးမယ်ထင်ပါသည်ခင်ဗျား
(ကျနော့် အခက်အခဲနဲ့ တုန့်ပြန်ချက်ကိုတော့ စိတ်မဆိုးပါနဲ့လို့တော့ တောင်းပန်ချင်ပါသည် သူကြီးခင်ဗျား)
Was this answer helpful?
LikeDislikeကဲ မောင်ရင်- အလျှောက်ကောင်းလို့ အထောင်းသက်သာတယ်မှတ်ပါ။
သဂျီးက ပွိုင့်ပေးပြီး ကင်မရာရွေးခိုင်းတော့ စောင့်ကြည့်နေတာ။ ရွေးပေးရင် သဂျီးတော့ ရွေးပေးတယ်လို့ ပြောပြီး ကိုယ့်စိတ်ကြိုက် အချက်အလက်တွေပေးပြီး ရွေးခိုင်းတော့မလို့။ :p
Was this answer helpful?
LikeDislikeအားပေးတာ ကျေးဇူးပါဆြာမ…
ဒါနဲ့
ဂျပန်က ဒါ့ပုံဆြာတွေရဲ့ဘွ ကို သနားကြပါဗျ…
ပွိုင့်တော့ လိုချင်ဝူး သဂျီးရေ ဖိုက်ဒီ မာခ့်တူး ပေးမယ်ဆိုရင်တော့ လိပ်စာပို့လိုက်မယ် .ခစ်ခစ်…
Was this answer helpful?
LikeDislikeဒီပို့စ်အတွက် ကျေးဇူးဘဲ အင်ဇာဂီရေ…။ ကင်မရာဝယ်မလို့စဉ်းစားနေတာ.. cannonကို အနိမ့်ဆုံးဈေးဘယ်လောက်နဲ့ ဖန်ရှင်ဘယ်လောက်ပြည့်ပြည့်စုံစုံရနိုင်မလဲ..ပြီးတော့ကန်နွန်မှာမဂ္ဂါပစ်ဆယ်ဘယ်လောက်ဆို၇င် ၇ုပ်ထွက်ကောင်းနိုင်မလဲ..ဒီမန်မိုရီကဒ်တွေကတော့ဆိုင်ကပေးမှာမှလား၊ ပြောပြပေးဦးနော်.။ အိမ်သုံးဖို့အတွက်ပါဘဲ.။
Was this answer helpful?
LikeDislikeဒီနေ့ Best Buy သွားရင်း ကင်မရာတွေကြည့်တာ…
ဟိုကိုင်ကြည့်ဒီကိုင်ကြည့်နဲ့.. အဲဒီက၀န်ထမ်းနဲ့ လေကန်ပြီးမှ… Canon Powershot S95 $390 8GB Card ပါပြီး ၀ယ်လိုက်တယ်..။
ဝယ်ချင်တာ..mirrorless ဈေးတွေကကြီးတာရယ်ကြောင့် ပြန်ချခဲ့တယ်..။
မသွားခင်အပေါ်က inz@ghi အကြံပေးချက်အတိုင်း အကုန်လုပ်ကြည့်ပြီးပြီ..။
http://snapsort.com/recommend#!brand=Canon မှာ စစ်တာ.. Canon ထဲ နံပါတ်၆ ရှိတာမို့လည်း ပါတယ်..။
သာမန်Pro digicam တွေထဲ ၅၀၀အောက်မှာ နံပါတ် ၁ဖြစ်တာလည်း ပါပါတယ်..။:lol:
သတင်းပုံလေးဘာလေး.. လွယ်လွယ်ပေါ့ပေါ့ပါးပါး ရိုက်ချင်လို့..။ လစ်ရင် ဗီဒီယိုလေးလည်း ရိုက်မလို့ပါ..။ အခုက.. ဆဲလ်ဖုံးချည်းနဲ့ပဲ ဖြစ်နေတာလေ..။
အဲဒါ..
အကြံလေး ကျန်နေရင်..ပေးပါဦး..။
ပြန်ပြီး return လုပ်လို့ရသေးတယ်..။
Was this answer helpful?
LikeDislikehttp://snapsort.com/recommend#!general=price&price=500&type=digicam
ဝက်ဘ်ဆိုက်က digicam ထဲTop 5 ကအောက်ကအတိုင်း ရထားပါတယ်..။
#1 Canon PowerShot S95
#2 Nikon Coolpix P500
#3 Canon PowerShot G12
#4 Panasonic Lumix DMC-LX5
#5 Sony Cybershot DSC-HX9v
Was this answer helpful?
LikeDislikeDigit 4 ဖြစ်တာရယ်
ISO 80 ကစရတာရယ်
ှStereo recording ရတာရယ်
HD 720 ရယ်
28mm wide-angle ဖြစ်တာရယ်
မိုက်ဒလယ် သဂျိုင်ခီး ရေ ..
S100 နဲ့ ဈေးကွာသေးတာမို့
best မဟုတ်ပေမယ့် ဘတ်ဂျက်နဲ့ စွမ်းဆောင်ရည်အရပြောရရင် best-fit ဖစ်တယ်လို့
ထင်ပါသည်ခင်ဗျ..
လစ်ရင် ဗီဒယို ဆွဲမယ် ဆိုတော့ ….(လေသံကြီးကိုက အကြံ ဆိုးကြီးနဲ့)
SD card Class 4ရဲ့ အထက် ဟုတ်မဟုတ်တော့ ပြန်စစ်ပါဦးလို့
PS
အဟိ. …မာကတ်တာပီပီ ကျပ်ပေးလိုက်တာ ထိပ်ဆုံး သူဂျီးဈေးဦးပေါက်ပီ …ငါကွ …
(ခွိခွိ )
Was this answer helpful?
LikeDislikeSanDisk Class 6 လို့ရေးထားတယ်..။ ၂၀လောက်နဲ့ရလာတာ..။
အတင်းကာရော ထိုးရောင်းလို့ ၀ယ်လာတာ.. ဘာမှန်းမသိညာမှန်းမသိ.. ခုသိပြီမို့.. ကျေးဇူး.။
ပြန် Return မလုပ်တော့ဘူးနော..။
ဗီဒီယိုဆွဲပြီး.. ၀က်ဘ်ဆိုက်ပေါ်တင်ပေးမယ်.။
Was this answer helpful?
LikeDislikeကို inz@ghi ရဲ့
မေးစရာ တော်တော်ထွက်လာတယ် ။
Digit 4 ဆိုတာ ဘာတုန်းဗျ ။
ISO ကများလေကောင်းလေ ဟုတ်ဘူးလား ။
သဂျီးကို အခုချက်ချင်းပြန်ပြောတဲ့ အချက်တွေကို
ဘယ် Web Site ကရှာလိုက်တာတုံး ။
Was this answer helpful?
LikeDislikeDIGIT 4 ဆိုတာ Canon ရဲ့နောက်ဆုံးပေါ် image processor ခင်ည
(DIGIT 5 က ၂၀၁၂မှ ထွက်မှာ… ဟိုလူတွေ ပြောသလို ၂၀၁၂မှာ doomsday ဖြစ်လာလို့ judgement day discount promotion ပေါ် လာလို့ကတော့ ၀ယ်ကိုင်ပီး ဘယ်တလုံး ညာတလုံး ရိုက်ပစ်လိုက်ဦးမယ်)
EOS 7D image processor တွင် Dual Digit 4 ထွက်ပါသည် …တစက္ကန့်ကို ၈ပုံကျတယ် ခင်ဗျ…
sports ရိုက်ရင် အဲ့ဒါပဲ အသုံးများတယ် landscape သမားတွေကတော့ 5D Mark II သူက DIGIT 4၁လုံးထဲပေမယ့်
fullframe sensor ဖြစ်လို့ ၀ိုက်ဒ်ပါသည်…
ISO ကများလေ ကောင်းလေ တော့ ဟုတ်ပါတယ် ဒါပေမယ့် ၃၂၀၀ထိ ရလို့ ၃၂၀၀ထိ တင်ရိုက်ရင် digital noise
တွေ ထွက်ပြီး ပုံရိပ်ကြည်လင်ပြတ်သားမှု ထိခိုက်တယ်ခင်ဗျ…
ဆြာ့ဆြာကြီးတွေက ISO ကို ၄၀၀ ၈၀၀ ထိပဲ ကစားဖို့ မှာတာ ကြားဖူးပါသည်
နေ့ဘက် လင်းလင်းချင်းချင်း ရိုက်ရင် ISO တတ်နိုင်သလောက် နှိမ့်ထား တာကောင်းတယ်ဗျ…
သူများ အနိမ့်ဆုံး ၁၀၀ကနေ အမြင့်ဆုံး ၁၆၀၀ ရတာကို
သဂျိုင်ခီး ၀ယ်လာတာက ၈၀ ကနေ ၃၂၀၀ဆိုတော့ ..
အချက်အလက်တွေကတော့ သည် ပို့စ့် ရဲ့ နံပါတ် ၃အချက်က ဆိုက်ဒ် တွေကနေရှာကြောင်းပါခင်ဗျား…
အဘ ဆေး၁ခါထိုးရင် ဘ ချစ်ချစ်က ၁၅၀ရချို …
၁၀လုံးပြူးလောက် ထိုးရင် ဖိုက်ဒီ(၀ိုဒ်သည်) ၀ယ်ကိုင်လို့ရပီအဘ …
LOL
ခင်တဲ့
iNZAGHI
Was this answer helpful?
LikeDislikeမလုပ်ပါနှင့် ကို inz@ghi ရယ်
အဘ ၃၅ ဒေါ်လာ လို့ရေးထားတာပါကွယ် ။
ပြန်ဖတ်ကြည့်ပါအုံး ။
Was this answer helpful?
LikeDislikeဟုတ်…
ဘွာတေး အဘ…
ဒါဆိုရင်တော့ အလုံး၅၀ ….
တေပီဆြာ ပဲ..
Was this answer helpful?
LikeDislikeဆြာဇာ ကောင်းမှု စေတနာနဲ့ ကင်မရာ ဘယ်လို ရွေးရမယ် ၊ ဘယ်လို ဝယ်ရမယ် ဆိုတာ သိခွင့်ရပေမယ့်
ဝယ်ဖို့ ကေလိုနေသေးတယ် ဗျာ ။ သဂျီးဆီက ပွိုင့်ကြိုထုတ် ဝယ်ရင်လဲ ဝယ်မှ ဘဲ …:)
Was this answer helpful?
LikeDislikeအနော်တော့ ကင်မရာ အဟောင်းကလေး ရေထဲ ပလုံ သွားလို့ ဟိုနေ့ကပဲ Canon SX230 ၀ယ်လိုက်ပါတယ်….
zoom ကောင်းတယ် ဒါပေမယ့် focus ကို ဖမ်းရတာ အတော်လေး ဒုက္ခပေးနေလေရဲ့
နောက်ပြီး DSLR ဆိုရင်ကော ဘယ်လိုဟာမျိုးက သင့်တော်တယ် ဆိုတာလေး ပြောပြပေးပါဗျာ….
ကျနော်က စလုံးမှာဆိုတော့ SGD 1500 to 2200 ၀န်းကျင်လောက် စဉ်းစားထားပါတယ်…
ညဘက် ရိုက်လို့ကောင်းရမယ်
portrait ရိုက်လို့ ကောင်းရမယ်
landscape ကိုလဲ မဆိုးရဘူးပေါ့လေ..း)
zoom ကတော့ သင့်တင့်သော လောက် ရရင် တော်ပါပြီ
မရွေးပေးချင်ဘူးဆိုတဲ့ ဆြာအင်လဲ စိတ်ရှည်သည်းခံပြီးတော့
နည်းနည်းလောက် အကြံပေးကြပါဦးနော့….း)
ပထမဆုံးသော ကောမန့်ဆိုတော့ မှားတာရှိလဲ ခွင့်လွှတ်
Was this answer helpful?
LikeDislikeစင်းဒေါ်လာ ကို ဂျပွန်ယန်း ပြောင်းပြီး တွက်ကြည့်နေတာဗျို့…..
သည်ဈေးနဲ့တော့ full-frame ဆို Nikon D7000 body + 18-105mm lens ရတယ်ဗျို့ ..
APS-C ပဲ Canonလိုချင်ရင်တော့ 7D, 60D, 600D ကို ညွှန်းချင်တယ်ဗျ
Body ကို lens kit အမျိုးမျိုးတွဲဖက် ရောင်းချတာဆိုတော့
ဈေးကလည်း range ထဲမှာ အစားစားပေါ့ဗျာ double lens kit တွေလည်းရှိပါတယ်။
DSLRပါတွေက ..ဆြာပြောတဲ့ဟာတွေက ရိုက်လို့ရပါတယ်ဗျ…
တခု ချိန်စေချင်တာက landscape သမားဆို angle ပို wide တဲ့
35mm full-frame(Nikon D7000) ကိုရွေးသင့်ပြီး Zoom ပိုများတာကို
နှစ်သက်မယ်ဆိုရင်တော့ APS-C တွေထဲက ရွေးဗျ Sports လိုမျိုး
Action ရိုက်ချင်ရင်တော့ image sensor 2လုံးပါတဲ့( Canon 7D သိပ်မြန်တဲ့)
ကိုညွှန်းချင်ပါတယ်..တခြား မော်ဒယ်တွေကတော့ ပေါ့ပါးကျစ်လစ်
တာကလွဲရင် သီးခြား ဖော်ပြစရာ မရှိပါဘူး ဈေးတော့ချိုပါတယ်..
သည်တော့ ဘတ်ဂျက်ကို bodyမှာ ခြွေတာပြီး lens ထပ်ဝယ်လို့
ရပါသေးတယ်ဗျာ ….
ကျနော် က 550Dကို (10-17mm,18-55mm, 55-250mm, portrait အတွက် 50mm)
နဲ့တွဲသုံးတယ်ဗျ. ….wide ရော zoomပါ အတော်လေး coverဖြစ်ပါတယ်…
national geographic ရိုက်စားတဲ့ ဆြာတွေလိုတော့ premium lens, body တွေမဟုတ်ဘူးပေါ့
Was this answer helpful?
LikeDislikeအဟီး.. ကျနော်က ဘာသမားမှ မဟုတ်သေးဘူးဗျ….. သူငယ်ချင်း DSLR ကင်မရာကြီး ကိုင်ကြည့်ပြီးတော့ ရောဂါထနေတဲ့ ခုမှ စလုံးရေ စမယ့် ၀ါသနာရှင်ပါ….
ဒီမှာက အဲ့ဒီ ကင်မလာ ရောဂါ ထနေကြတာကြာပြီလေ… ဘယ်သွားသွား အဲ့ဒီ ပြောင်းကြီးတွေပဲ တွေ့နေတော့ သွားရည်လဲ ယိုတာနဲ့…….
ဒီဇင်ဘာ အလုပ်က ဘောနပ်စ်လေး ရရင်တော့ ကြံစည်ဦးမယ်ဗျာ… ပြီးမှ ဘယ်လို ဘယ်ဝါ လုပ်ရတယ် ဆိုတာ ဆက်ပြီး စပ်စု အရစ်ရှည် မေးမြန်း ပါဦးမည်…. ဆက်ရန် ပေါ့….း)
Was this answer helpful?
LikeDislike