9
ရခိုင့်ရိုးရာ ကျင်ကိုင်ပွဲ
|424- Hits|ပြီးခဲ့တဲ့ ၄ လပိုင်းတုန်း က ရွာပြန်တုန်း ရွာဘုရားပွဲ မှာ ရိုက်ထားတာ ပါ။ ကျင်ရဲ့ အဓိပ္ပာယ် ကိုတော့ သေချာ မသိပါ ။ ရခိုင့်ရိုးရာ အားကစား တစ်မျိုးလို့ပဲ သိထားပါတယ်။ သေသေချာချာ သိချင်ရင်တော့ အင်တာနက် မှာ ရှာကြည့်နိုင်ပါတယ်။
အောက်ပါလင့်ခ် တွင် ကျင်၏ အဓိပ္ပာယ် ကို ကြည့်ရှုနိုင်ပါသည်။
http://kyaukphrunet.blogspot.com/2011/01/blog-post_2129.html ကျေးဇူးတင်ပါသည်။
we R one
Related posts:








အဏ္ဏဝါ စိုးမိုး ရေးတဲ့ စာတစ်ပုဒ် မှာ ဖတ်ဖူးတာ
ဒီ ကျင်ကိုင် တာဟာ အခန့် မသင့်ရင်
အသက်ဆုံးတဲ့အထိ ဆုံးရှုံးမှု များနိုင်တယ် တဲ့
ဆိုတော့
ဒီ အားကစား / ကစားနည်း ကို ကြည့်ခြင်းအားဖြင့်
ရခိုင်လူမျိုးတွေ ဟာ သွေးမကြောင်ဘူး
သတ္တိကောင်းတယ် ဆိုတာ တန်းသိနိုင်ပါတယ်
Was this answer helpful?
LikeDislikeကျင်ကိုင်ရာမှာ အခံနဲ့အအုပ်ဆိုပြီးရှိတယ်ဗျ ။ ပြိုင်ဘက်နှစ်ယောက်ဟာ အခံတစ်လှည့် ၊ အအုပ်တစ်လှည့်ကစားရတယ် ။အအုပ်သမားက အခံသမားရဲ့ပခုံး နဲ့ နံကြားကိုပထမဆုံးဆုပ်ကိုင်ခွင့်ရတယ် ။ ကျင်မှာ ရွှေမောင်တန်း ၊ ငွေမောင်းတန်းလို့ရှိပြီး ရွှေမောင်းတန်းတွေက တစ်ကယ့်ပညာရှင်အဆင့်တွေဖြစ်သွားကြတယ် ။ တစ်ယောက်နဲ့တစ်ယောက်ရှောင်ပြေးလို့မရဘူး ။ စည်းဝိုင်းထဲမှာ သတ္တိရှိရှိ ဇွဲကောင်းကောင်းနဲ့ယှဉ်ပြိုင်ရတယ် ။ လက်ဝှေ့ထက် ကြောက်စရာကောင်းပြီး နပန်းထက်ပြိုင်ဆိုင်မှုပြင်းထန်တယ် ။ အခန့်မသင့်ရင်အသက်ပေးရတယ်ဆိုတာကတော့တစ်ကယ်ပါ ။
Was this answer helpful?
LikeDislikeကျင်ကိုင်ရာမှာ အခံနဲ့အအုပ်ဆိုတာရှိတယ်ဗျ ။ ယှဉ်ပြိုင်သူနှစ်ဦးက အခံအအုပ်တစ်လှည့်စီလုပ်ရတယ် ။ အအုပ်သမားက အခံသမားရဲ့ ပခုံး ပေါ်ကိုလက်စတင်ခွင့်ရှိတယ် ။ ကျင်မှာရွှေမောင်းတန်း ၊ ငွေမောင်းတန်းဆိုပြီးရှိတယ်ဗျ ။ ရွှေမောင်းတန်းကတော့ ပညာရှင်အဆင့်တွေပေါ့ ။ လက်ဝှေ့ထက်ပြင်းထန်သလို နပန်းထက်လည်းကြောက်စရာကောင်းတယ် ။ စည်းဝိုင်းထဲကထွက်ပြေးလို့လဲမရဘူး ။ အခန့်မသင့်ရင်သေတယ်ဆိုတာ တစ်ကယ်ပါ ။ ရွှေမောင်းတန်း ပထမဆုရှင်ကတော့ ရခိုင်တွေရဲ့သူရဲကောင်းတွေပေါ့ ။ ခြေထောက်ရဲ့မြဲမြံမှု ၊ လက်ရဲ့ဆုပ်ကိုင်အားကောင်းမှု ၊ ကိုယ်ခန္ဓာတောင့်တင်းခိုင်မာမှု ၊ ပညာသားပြည့်ဝမှု ဒါတွေပြည့်စုံမှကျင်ပညာကိုသင်ယူယှဉ်ပြိုင်လို့ရတယ် ။ ကျင်ပွဲမှာနိုင်တဲ့သူက ကျင်ဝိုင်းပြီးတော့ ပရိတ်သတ်ကိုကန်တော့ရတယ် ။ ကျင်ဝိုင်းတဲ့အချိန်မှာဆုတော်ငွေချီးမြှင့်တာတွေပြုလုပ်ကြတယ် ။ တစ်ခါကကျင်ဝိုင်းတာကို ကွင်းတစ်ပတ် ဂျွမ်းမနားတမ်းပစ်ပြီး ကျင်ဝိုင်းသွားတဲ့သူတစ်ယောက်မြင်ဖူးတယ် ။ ရခိုင်ပြည်နယ်ကိုရောက်ရင်လေ့လာသင့်တဲ့အားကစားတစ်မျိုးပါ ။
Was this answer helpful?
LikeDislikeWhy were they wearing both Underwear & Myanmar Longyi together? Is it not better to wear short pant and underwear?
Was this answer helpful?
LikeDislikeရှော့ပင်က ဆွဲမိရင် ကျွတ်ကျသွားနှိုင်တယ်ဗျ . ပုဆိုးက ခုတောင်း မြှောင်အောင် ကျိုက်ထားရင် ပြန်ဖြည်ရင်တောင် မနဲ ပြန်ဖြည်ရတာ ။ ကြည့်ပါလား အစွန်းအစ မရှိအောင် တင်းနေအောင် ကျိုက်ထားတာလေ …..ဘေးကလူ ကျိုက်ထားပုံနဲ့ ကစားသမားတွေ ကျိုက်ထားပုံ မတူဘူး
Was this answer helpful?
LikeDislikeသြ .. ။ မြန်မာပြည်သားလဲ ကျင်ပညာကိုတော်တော်လေ့လာထားတာပဲ ။ ကျင်သမားလားဗျ ။ ရခိုင်မှန်ရင်ကျင်ပညာကိုနားလည်တာကောင်းပါတယ်ဗျာ ။ ကျွန်တော့ကတော့ မတတ်ဘူးဗျ ။ ၀ါသနာပါလို့လေ့လားထားတာ ။ ကိုယ့်လူမျိုးယဉ်ကျေးမှုဆိုပြီးတော့လေ ။
Was this answer helpful?
LikeDislikeကျင်ကိုင်ပွဲဆိုလို့ ဘယ်ကျင်တာကြီးကိုင်တာလဲလို့ဝင်ကြည့်တာ
လတ်စသတ်တော့
ရခိုင်တွေရဲ့ အားကစားပဲကို ။ အဆင်သင့်ရင် ၀င်နွဲချင်တယ်ဗျာ ပွဲကြည့်အဖြစ်နဲ့ပေါ့ ။
Was this answer helpful?
LikeDislikeအင်း တော်တော်များများ ကျင်ကိုင်တဲ့ပုံ အမျိုးစုံကို ရခိုင်က မောင်လေးတစ်ယောက်ရဲ့ဖေဘွတ်မှာ မြင်တွေ့ရပါတယ်။ ရိုးရာဓလေ့တစ်ခုပဲနော်။ ဗဟုသုတရရှိပါတယ်။
Was this answer helpful?
LikeDislikeမြန်မာ့ တိုင်းရင်း သားတွေ အားလုံး- သူ့လူမျိုး၊ သူ့ဘာ၊ သူ့ယုံကြည်မှုအလိုက် ချစ်စရာ၊လေးစားစ ရာ တစ်ရွာတစ်ပုံစမ်းဆိုသလိုရှိကြပါတယ်၊ ရခိုင်ရိုးရာတွေ ယ္ခုထိရှင်သန်ထိမ်းသိမ်း ကြသလို၊ အခြားတိုင်း ရင်းသားများလည်းထိမ်းသိမ်းခဲ့ကြတာ တွေ့ရမှာပါ၊ သည်လို တိုင်းရင်းသား ရိုးရာကလေးတွေ ကို ခေတ်လူငယ်တွေလက်ဆင့်ကမ်းနိုင်အောင် တင်ပေးတာ ကျေးဇူးတင်ပါတယ်၊ ရခိုင်၊မွန်၊ရှမ်းတို့ရဲ့ ရိုးရာ ယဉ် ကျေး မှု၊ ကိုးကွယ်မှု အချို့ဆိုရင် ဗမာထက်ရှေ့ကျခဲ့တဲ့အထောက်အထား တွေရှိပါတယ်၊ အားလုံးထဲမှာတော့ ကျုပ်က ရခိုင်နဲ့ ပိုနီးစပ်တယ် – ဘာကြောင့်လည်းမ မေးနဲ့ ကျုပ်အသဲလေးက ရခိုင်မကလေး — လေ — ဒါ ပေမည့် —- ( ကျင်တော့ အကိုင် မခံရ သေးပါဗျား။ )
ရွာသားတွေကို ကြုံ တဲ့ အခါ ကြက်သောက်ဆမ်းတို့ ၊ငါးရုတ်သီးစိမ်းမျှင်ငပိထောင်း တို့ ၊ ငါးနီတူသုပ် တို့ ကျွေးချင်ပါကြောင်း၊ ရခိုင်မှာမင်္ဂလာ ဆောင်ရင် ရေနွေးကြမ်းအိုးတွေထဲ အရက်ထည့် ၊ ၀က်သား ကို မျှင် ပုဇွန်ငပိသုပ်နှင့် ကြိုက်သ လောက်သောက်၊ ကြိုက်သလောက်စား၊ ကြိုက်သလောက်မူးနိုင်ပါကြောင်း၊ သူကြီး နှင့် ရွာထဲမှ ပလောင်ထင်းကြသူများကို မစားရ ၀ခမန်း ဖောက်သယ်ချပါ၏။သင်္ကြန် ကျလျှင် ရခိုင်
ရိုးရာ ရေကစားကြွကြရန်လည်း ယ္ခုကတည်းကဖိတ်ပါ၏။
Was this answer helpful?
LikeDislike