ခွေးကိုရိုက်သူခွေးနဲ့ တူ
ရိုက်သူလဲခွေး ခွေးလဲခွေး…..တဲ့
ပရမတ္ထမိုးကုတ်စက်ဝိုင်းကြီးအောက်က
အချို့ အချို့ သောသူတွေ သိမှသိပါလေစ………..

Rensselaer မှတ်တမ်းလို့ ပဲပြောပြော
ကာရံမဲ့မိုးများလို့ ပဲ ဆိုဆို
နှမ်းတလုံးနဲ့ ဆီမဖြစ်ပေမဲ့
တခေါက်သာတုန်း တခါသောက်မိလို့ 
သမားဂုဏ်အမြှောက်ခံလိုက်ရတဲ့
လူတစ်ယောက်ရဲ့ ရာဇဝင်မှာ
သူ့ ခြံထဲကပန်း ကိုယ်မနမ်းမိလို့ လဲ
တရားခံဖြစ်ခဲ့ဘူးတယ်………….
ကိုယ့်ခြံထဲကပန်း ကိုယ်နမ်းမိလို့ လဲ
ရာဇဝတ်မှုမြောက်ခဲ့ဘူးတယ်………..
ကြိုးစားလို့  ကျားဆိုးအထင်ခံရတာလဲ
ဒါ………ပထမဆုံးပဲ……..

ပက်လက်လှန်ပြီး ကဆုန်ပေါက်နေတဲ့
လိပ်တကောင်လို
Technics မဲ့ Knowledge မဲ့တဲ့
ပညာရှင်အချို့ ရဲ့ 
လျှာဖျားပေါ်မှာ စီးမျောဘူးတယ်………..
မိုးထက်ညံ ပရမတ်ပြန်
ဆံတိုကြီးတယောက်ရဲ့  အရိပ်အောက်မှာလည်း
နေလောင်ဒဏ်သင့်ခဲ့ဘူးတယ်……….
ဒီမိုကရေစီကို ခါးပိုက် ပိုက်ပြီး
ထောက်လှန်းရေးကြောက်တဲ့ ရောဂါသည်တစ်ယောက်ရဲ့ 
ခြိမ်းခြောက်မှုကြောင့်လည်း
အသက်ရှူသုံးခါရပ်တန့် ဘူးတယ်……….
လူဆုံတိုင်းငါ့သိက္ခာကိုအစိမ်းလိုက် ဝါးစားဖို့ ချောင်းနေတဲ့
ရွှေအိုရောင် ကြက်တူရွေးကြီး……………
အမေရိက က Force Labor
ဂျိုးဖြူမနဲ့ ရည်းစားထားတဲ့
ခပ်ရင့်ရင့်လိမ္မော်သီးကြီးတစ်လုံး
ပြီးတော့……..
ရွာလေးတရွာက
Service မဲ့ Media များ
ရှိစေတော့…..ရှိစေတော့ ဆိုပြီး
အားလုံးကိုဂုတ်သပ်ချော့ သိပ်ရင်း
သင်္ခါရအဖြစ် နမ်းရှိုက်ခဲ့တာ
မနေ့ ကအထိ ရက်ပေါင်းခုနှစ်ရာကျော်ခဲ့ပြီပဲ……….
ဒီလိုနဲ့ …….
နေ့ ပေါင်းများစွာကိုကျော်ခွ
ကိုယ့်ကိုယ်ကိုလည်းချော့သိပ်
အတွေးစိတ်တွေကို ဘေးချိတ်
ဆေးလိပ်နဲ့ မှေးအိပ်ရင်း
လေပြေလေးတချက် ဝှေ့ မယမ်းမချင်းတော့
သည်းခံခြင်းနဲ့ Phone တလုံးကို
Remix လုပ်ပြီး
အသက်ဆက်ဖို့ ဆုံးဖြတ်လိုက်တယ်။

နန်းရှင်

About Nan Shin

nan shin has written 24 post in this blog.

Related posts:

  1. လွတ်လပ်ရေး Independence
  2. တခါတုန်းက အေသင်ချိုဆွေ နဲ့ ဖွေးဖွေး…
  3. တိမ်တွေ ရွာတတ်တဲ့ မိုး
  4. About Blog
  5. မြန်မာပြည် စတား အပျိုလေးများ…