17
အမေရိကတွင် မြန်မာ၁သိန်းနေပါသည်..
|1358- Hits|အမေရိကပြည်ထောင်စုမှာ..(တရားဝင်စာရင်းအရ) မြန်မာ ၁သိန်းကျော်နေထိုင်ပါသည်။
အောက်မှဇယားကြည့်ပါ..။
စာရင်းသည် ပြိးခဲ့သောနှစ်၂၀၁၀က သန်းကောင်စာရင်း ကောက်ယူထားချက်အရဖြစ်ပြီး အစိုးရမှတရားဝင်ထုတ်ပြန်ထားသောစာရင်းဖြစ်သည်။
အမေရိကနိုင်ငံ၏ လက်ရှိလူဦးရေမှာ312,397,089 ယောက်.. ၃၁၂သန်းကျော်ရှိသည်။
| STATE | Burmese (including Two or more race) |
| ALABAMA (AL) | 146 |
| ALASKA (AK) | 30 |
| ARIZONA | 2,675 |
| ARKANSAS | 53 |
| CALIFORNIA (CA) | 17,978 |
| COLORADO (CO) | 1,822 |
| CONNECTICUT (CT) | 763 |
| DELAWARE (DE) | 51 |
| DISTRICT OF COLUMBIA | 134 |
| FLORIDA | 2,578 |
| GEORGIA | 2,646 |
| HAWAII (HI) | 281 |
| IDAHO | 399 |
| ILLINOIS | 2,950 |
| INDIANA | 7,868 |
| IOWA | 1,260 |
| KANSAS (KS) | 1,204 |
| KENTUCKY | 1,524 |
| LOUISIANA | 270 |
| MAINE | 65 |
| MARYLAND | 3,450 |
| MASSACHUSETTS | 1,072 |
| MICHIGAN | 1,856 |
| MINNESOTA | 3,763 |
| MISSISSIPPI | 37 |
| MISSOURI | 842 |
| MONTANA | 14 |
| NEBRASKA (NE) | 2,250 |
| NEVADA | 349 |
| NEW HAMPSHIRE | 67 |
| NEW JERSEY | 1,197 |
| NEW MEXICO | 89 |
| NEW YORK | 12,174 |
| NORTH CAROLINA (NC) | 3,779 |
| NORTH DAKOTA | 28 |
| OHIO | 1,356 |
| OKLAHOMA | 1,146 |
| OREGON | 977 |
| PENNSYLVANIA (PA) | 1,822 |
| RHODE ISLAND | 108 |
| SOUTH CAROLINA | 425 |
| SOUTH DAKOTA | 669 |
| TENNESSEE | 1,324 |
| TEXAS | 10,451 |
| UTAH | 1,090 |
| VERMONT | 126 |
| VIRGINIA | 1,668 |
| WASHINGTON | 2,058 |
| WEST VIRGINIA | 109 |
| WISCONSIN | 1,197 |
| WYOMING (WY) | 10 |
| Grand Total | 100,200 |
http://www.census.gov/
Related posts:


အမေရိက မှာြ မန်မာတွေ ဘယ်နှစ်ယောက်နေလဲဆိုတာ သဂျီးစာရင်းအရ သိရပြီဆိုတော့ … .. မြန်မာနိုင်ငံမှာရော .. နိုင်ငံခြားသား ဘယ်နှစ်ယောက်နေလဲ စာရင်းလေး သိတော့ သိချင်သား
Was this answer helpful?
LikeDislikeိDV ကံစမ်းမဲပေါက်တဲ့ သူတွေရဲ့
USA မှာ နေထိုင်မှုနဲ့ ရပိုင်ခွင့်လေးတွေသိချင်ပါတယ်ဗျာ
သူကြီးရှင်းပြလို့ရရင် မြန်မာလိုရှင်းပြစေချင်ပါတယ်..။။
Was this answer helpful?
LikeDislikeလေဆိပ်က၀င်လာပြီး.. ၃လအတွင်း.. အစိမ်းကဒ်ခေါ်တဲ့..အမြဲနေထိုင်ခွင့်လက်မှတ်ရပါတယ်..
(အကြမ်းအားဖြင့် )..မဲပေးခွင့်မရှိတာကလွဲလို့.. ကျန်တဲ့နိုင်ငံသားတွေနဲ့..ခံစားခွင့်အားလုံးတူတူပါပဲ..။
အဲဒီကနေ..နောက်၅နှစ်ကြာတဲ့အခါ.. အမေရိကနိုင်ငံသားအဖြစ်လျှောက်ခွင့်ရှိပါတယ်.။
အဲဒီနောက်.. အရည်အချင်းရှိရင်..
သမ္မတဒုသမ္မတအထိ တက်လုပ်လို့ရတဲ့.. အမေရိကန်ဖြစ်ပါတယ်..။တရားဝင်ခေါ်မယ်ဆိုရင်.. Burmese – American ပေါ့..။
Was this answer helpful?
LikeDislikeသူကြီးက နောက်ပြန်ပြီ ဒုသမ္မတအထိပဲ ထားလိုက်ပါ သူကြီးရ
ဖွဲ့စည်းပုံအခြေခံဥပဒေ အပိုဒ်….စာမျက်နှာ ….. အရ အမေရိကန်မှာ မွေးတဲ့သူပဲ သမ္မတလုပ်လို့ရတယ်လို့ သူကြီးပဲ ရှင်းပြထားပြီးတော့
Was this answer helpful?
LikeDislikeအမ်..
လောဘကြီးသွားတယ်..။ ဆောရီး..။
ဟိုမှာ.. မင်းကိုနိုင်တို့လွတ်သွားသလား.. ချပ်နေတာ..။
Was this answer helpful?
LikeDislikeအန်ကယ်ခိုင် က တော့
အမေရိကန် ရှိ မြန်မာ များအတွက်
ဆယ်လီဘရီတီ ဖြစ်နေမှာ
မြင်ရောင်နေတယ် ဗျို့ 
ဆယ်ဘီဘရီတီ ခိုင် / ပက်ဘလစ်ရှာ ခိုင်
Was this answer helpful?
LikeDislikeအမေရိကန်ဆိုတာ.. အမေရိကား(အမေရိက)မှာနေတဲ့ နိုင်ငံသားဖြစ်နေသူတွေကို..ခေါ်တာပါခင်ဗျ…။
အမေရိကန်တွေကိုယ်တိုင်က.. ဇာတိမာန်ပြတဲ့အချိန်မှာ.. ယူအက်စ်အေ( USA)ဆိုပြီး အော်ကြတယ်..။
တခြားနိုင်ငံကလူတွေက.. ဒီတိုင်းပြည်ကို. အမေရိက ခေါ်တာရှိသလို.. ယူအက်စ်( U.S – United States) ခေါ်ကြတာလည်းရှိတယ်..။
ဂျပန်လိုတော့ ..တိုင်းပြည်ကို.. အ,မယ်(Ame).ဒါမှမဟုတ်.. ဘဲကောကု(BeiKoKu- 米国လို့ခေါ်တယ်..။
စတိတ်စ် (States) သွားမယ်ဆိုပြီး.. သုံးကြတာလည်း ရှိတယ်..။
အမေရိကန်တွေကိုတော့.. အမေရိကားဂျင် アメリカ人 လို့ခေါ်ပါတယ်..။:lol:
Was this answer helpful?
LikeDislikeသူဂျီးခင်ဗျား—- အဲသည်အထဲမှာ ၊ အကယ်တန်တုပေါ့လေ၊ တစ်ကယ်လို့များ မြန်မာပြည်ကြီးမှာ
ဒီမိုကရေစီ ခဲ့ပြီဆိုရင် ဘယ်နှယ်ရာခိုင်နှုန်းလောက်များ မြန်မာပြည်ကိုပြန်လာဘို့မြင်ပါသလည်း၊ အဲ –အဲ– မြင်ရင်မြင်တဲ့အကြောင်း၊ မမြင်ရင် မမြင်တဲ့အကြောင်းလေး မြွက်ကြားပေးပါအုန်းခင်ဗျား၊ သူကြီးအ ပါအ ၀င် ပေါ့ — သူကြီးသာပါလာရင် လေယာဉ်ကွင်းမှာ ဘူတိုဇာနှင့် လာကြို ပါမ ဗျား။ (သူများထက်ပေါ်လွင်အောင်)
Was this answer helpful?
LikeDislikeမြန်မာမရှိဘူးဆို.. ယူအက်စ်မှာ..၂သိန်းအထက်ရှိတယ်..။
အခုလူတွေက.. သူတို့ကိုယ်သူတို့..မြန်မာစိတ်ရှိလို့..မြန်မာလို့ စာရင်းဖြည့်လိုက်ကြသူတွေပါ…။
ဆိုတော့…
အရင်ကတည်းက..တနှစ်တနှစ်.. ၄-၅သောင်းမက..ပြန်နေကြတယ် ထင်တာပဲ..။
သွားလိုက်..လာလိုက်ပေါ့..။
အပြီးပြန်ကြဖို့ကတော့.. သိပ်မလွယ်သေးဘူး..။
ယူအက်စ်လိုနိုင်ငံမျိုးက.. နိုင်ငံသားတွေကန်ထုတ်တဲ့တိုင်းပြည်စံနစ်မဆွဲထားတော့.. ယူအက်စ်နိုင်ငံသားဖြစ်ပြီးရင်.. အင်မတန်ပြန်ထွက်ရခက်ပါတယ်..။
အကြွေးတွေပေး..ယူ..စာရင်းတွေရှုပ်နေတာ..။
ကျမ်းမာရေးတွေ..အာမခံတွေ….ဆိုရှယ်တွေမှာလည်း.. ငွေတွေ..အကုန်မြုတ်ကုန်တာလေ…။
ကျုပ်ကတော့.. ဒေါ်စုပါတီမဲဆွယ်ပွဲမှာ.. အကြံဥာဏ်တောင်းလာရင်.. ပြန်လာပေးမယ်စဉ်းစားတာပဲ..။
အဲ..အဲ.. ပြည်ခိုင်ဖြိုးကတောင်းရင်လည်း..ပေးမှာပဲ..။
အချင်းချင်း..လွတ်တော်ထဲ.. နောင်ဂျိန်ချခိုင်းပြီး… တိုင်းပြည်ကောင်းအောင်.. မီဒီယာနဲ့.. ချွန်တွန်းလုပ်ပေးမယ်လေ…။
ဘူဒိုဇာနဲ့လာကြိုဖို့မလိုပါဘူး..။ ဆိုက်ကားလောက်ဆိုဖြစ်ပါတယ်..။
Was this answer helpful?
LikeDislikeကိုခိုင်ရေ….. လာကြိုဖို့တော့ စက်ဘီးအစုတ်လေးပဲရှိတယ်..။ ဘီးစုတ်လေး လေဖြည့်ပြီးလာကြိုမယ် ခဏစောင့်………. နေပြည်တော် လေဆိပ်ကိုတန်းလာရင်ပေါ့….. ဟီးးးးး
Was this answer helpful?
LikeDislikeယူအက်စ်မှာ မြန်မာတွေအတွက် ဘယ်ပြည်နယ်တွေက နေထိုင်လို့ အဆင်ပြေဆုံး ဖြစ်မလဲ သူကြီးရ၊ လူမှုရေး၊ စီးပွားရေး၊ အလုပ်အကိုင်အခွင့်အလမ်းတွေ အားလုံးအတွက်ပေါ့….
Was this answer helpful?
LikeDislikeမြန်မာအများဆုံးပြထားတဲ့.. ပြည်နယ်က နေလို့အကောင်းဆုံးပေါ့..။
မြို့ပြန်ခွဲရင်တော့.. နယူးယောက်လို့ ပြောရမယ်ထင်တယ်..။
ထူးဆန်းတာက…
မြန်မာဗုဒ္ဓဘာသာဘုန်းကြီးကျောင်းအရေအတွက်နဲ့.. မြန်မာအဖြစ်မှတ်ပုံတင်တဲ့လူဦးရေ ပြောင်းပြန်အချိုးကျနေတာပါ..။
ဆိုတော့..
အယ်လ်အေက.. ဘုန်းကြီးကျောင်းအများဆုံး… (တကယ်က မြန်မာအနေအများဆုံး)..ပေမဲ့.. စာရင်းထဲ.. လော့စ်အိန်ဂျလိစ်မြို့နယ်မှာ.. ၅၀၀၀ကျော်ယုံလေးပဲပြတယ်…။
နယူးယောက်က ..ဘုန်းကြီးကျောင်း အနည်းဆုံးဖြစ်မယ်….. အဟမ်း..
လူအများဆုံး..။
Was this answer helpful?
LikeDislikeစကားမစပ်.. ဘုန်းကြီးကျောင်းတွေမှာ ဘယ်လို အချိန်လူစီလဲ.. တခါတရံ အခါ အခွင့်သင့်လို့ လေယာဉ်ကြုံ လိုက်စီးရလို့ ရောက်ရင် ဘုန်းကြီးကျောင်းသွားပြီး ဘာသာရေး လိုက်စားချင်လို့..
ဘာသာရေး လိုက်စား = ဘုန်းကြီးကျောင်းမှာ အလကားစား
Was this answer helpful?
LikeDislikeကျွန်တော် သည်နေ့ပဲ သည် Site ကိုရောက်တာ ကျွန်တော် အခင်ဆုံး သူတစ်ယောက် City of Oranges မှာနေတယ်လို့ သိရပါတယ်။ ရန်ကုန်ပြန်မလာတာလည်း 2 နှစ်လောက်ရှိနေပြီ ။ ချစ် ကိုကြီးကို သူငယ်ချင်းများဖြစ်တဲ့ ဇော်ကြီး ၀င်းနိုင် ကြည်သန်း ဖိုးထောင် အောင်မြင့် ဂျပု ( မောင်ဗေဒါ ) တို့ က သတိရ ကြောင်း နဲ့ email address လေး add လိုက်စေချင်ပါတယ်။ တရက် ၂ ရက်နေရင် ကြည့်မြင်တိုင် သတင်းတွေ တင်လိုက်မယ် ။ ချစ်ကိုကြီး william T M ( St Johns ) or Mr Too . KMD ကို ချစ်သူများ။
Was this answer helpful?
LikeDislikeအောရင့်ကောင်တီက.. လော့စ်အိန်ဂျလိစ်နဲ့..ကပ်ရက်ပါ..
ကောင်တီဆိုတာ..မြို့နယ်ခေါ်ရမလားပဲ..
အဲဒီမှာ.. မြန်မာ ၅၀၀လောက်နေပါတယ်..။
Disneyland ရှိတဲ့.. မြို့နယ်ပေါ့..။
Was this answer helpful?
LikeDislikeဟုတ်ကဲ့ အမေရိက ကမြန်မာလူဦးရေကို စာရင်းကောက်ပေးသလို
မြန်မာနိုင်ငံက အမေရိကလူမျိုး စာရင်းကိုလည်း ကောက်ပေးပါဦးရှင့် ယှဉ်ကြည့်ချင်လို့ပါ
Was this answer helpful?
LikeDislikeများတို့ အမေရိကန်ဗီဇာပေါက်ရင် သူကြီးကိုအကူအညီတောင်းမယ်နော်။ ဒီနှစ်ကြိုးစားပမ်းစား DVထည့်ထားတာ။ ဟဲဟဲ…
Was this answer helpful?
LikeDislike