ဘိုးတော်လေလား၊ လူလိမ်လား
ဒီတစ်ခေါက်တော့ ကျွန်မအဒေါ်ကြုံခဲ့တဲ့အကြောင်းလေး ဖောက်သည်ချတာပါ
တနေ့ကမှ ဈေးထဲသွားရင်းတွေ့တာတဲ့
ဖြစ်ပုံက ဒီလို………….။
————————————————————————
ဈေးနားတစ်နေရာမှာ လူတွေစုအုံနေကြတယ်၊
ဘာလဲဆိုတော့ တွေ့လိုက်တာက လူအုပ်အလယ်မှာ လူနှစ်ယောက်၊ ပခြုပ်တစ်လုံး
အထဲမှာမြွေလည်း ရှိတယ်ပြောတယ်
အဲဒီလူနှစ်ယောက်မှာ တစ်ယောက်ကဆရာ၊ တစ်ယောက်ကတပည့်
ဆရာလုပ်သူက စတစ်ကော်လံနဲ့ ယောပုဆိုးနဲ့
တပည့်က ဆံရှည်ကို နောက်စုစီးထားတယ်
ဒီလိုနဲ့ ပရိသတ်ထဲက ကောင်လေးတစ်ယောက်ကိုခေါ်တယ်
အဆောင်ဆိုတာလေးပေးပြီး ပါးစပ်ထဲငုံခိုင်းတယ်
ပြီးတော့ ဒီအဆောင်လေးငုံရင် စီးပွားတက်မယ်၊
ဘာပြုညာပြု စဖောတယ်၊ ကိုယ့်ကိုမကြိုက်တဲ့မိန်းကလေးဆိုရင် ကိုယ့်ရှေ့တောင်ခြေစုံလာရပ်မယ်
ပီယဆေးအနေနဲ့လည်း စွမ်းသတဲ့
ဒါနဲ့ပဲ ဘယ်သူလိုချင်လဲလို့မေးတယ်၊ အတင်းမတိုက်တွန်းပါဘူးတဲ့ ဒါလည်းပြောတယ်
ပရိသတ်ထဲက လိုချင်သူတွေက တောင်းကြတယ်
အဲဒီမှာ တပည့်လုပ်သူက “ဆရာ၊ လက်ဖွဲ့က သိပ်မကျန်တော့ဘူး”
“ဆရာ ကုန်တော့မယ်ဗျ”
ဆရာလုပ်သူကလည်း “မင်းကလည်း ကိစ္စမရှိဘူး၊ အသာနေစမ်းပါ”တဲ့
ပရိသတ်ကလည်း မရလိုက်မှာစိုးလို့ အလုအယက်
ဆရာလုပ်သူက စည်းဝိုင်းတစ်ခု ၀ိုင်းလိုက်တယ်
ဘာလုပ်မှာလဲလို့ ပရိသတ်ကတော့ စိတ်ဝင်စားလို့
“ကဲ ကဲ၊ အားလုံးအဆောင်လက်ဖွဲ့တွေရပြီးပြီဆိုတော့ ယူထားတဲ့လူတွေ ဒီစည်းထဲကို ၀င်ထိုင်ပေးပါ”
အဲဒီမှာ ၂ယောက်က မ၀င်သေးဘူး၊
ဆရာလုပ်သူက ဆက်ပြောတယ်
လက်ဖွဲ့၂ခုစာလိုနေတယ်နော်၊ ၀င်လာပါတဲ့
ဒါနဲ့ ဟို၂ယောက်လည်း ၀င်တာပေါ့
“ကဲ အားလုံးပဲ ၄နဲ့ ၅နဲ့ပေါင်းတော့ ဘယ်လောက်လဲ”
“၉”
“ဟုတ်ကဲ့၊ ၉ဆိုတော့ ၉န၀င်းပေါ့နော၊ ဒီတော့ လက်ဖွဲ့ဖိုးကျနော့်ကို ၉၀၀စီပေးကြပါ”
၁၀၀၀တန်တွေ၊ ၁၀၀၀တန်တွေ ပေးလိုက်ကြတာ၊ တပည့်လုပ်သူက လာကောက်တာပေါ့
၁၀၀လည်းမအမ်းတော့ဘူးပေါ့
ပြီးတော့ ပြောသေးတယ် “ကျနော် ဒီပိုက်ဆံတွေကို ဘယ်သူ့ကိုလှူရမှာပါ၊
တကယ်လို့ ကျနော်စားခဲ့ရင် ဘာဖြစ်ပါစေ ညာဖြစ်ပါစေ” ကျိန်ပါသေးတယ်
ဒီလိုနဲ့ နောက်ထပ်ပရိတ်ကြိုးလိုလို ကြိုးလေးတွေ ရောင်းပြန်ရော
“ဒီကြိုးလေးတွေအတွက်ကတော့ ကျနော့်ကို လက်ဖက်ရည်ဖိုးလေးပဲ မ,စပါခင်ဗျ၊
ဘယ်လောက်ပဲဖြစ်ဖြစ်ပါ”တဲ့
ပေးကြတာပါပဲ ၂၀၀တန်၊ ၅၀၀တန်တွေ၊ လူတွေလည်း ဒါမျိုးကျတော်တော်ငွေပေါနေလားပဲ
ပခြုပ်ထဲကမြွေလည်း မပြသေးဘူး
လူတွေလည်း အကြာကြီးဘယ်စောင့်နိုင်တော့မလဲ
အလျှိုလျှိုပြန်ကြ သွားကြပြီပေါ့
မပြန်သေးတာ ကျွန်မအဒေါ်၊ သူကပွဲပြီးထိစောင့်ကြည့်တာ
အဲဒီပရိသတ်ထဲမှာပါတဲ့ လင်မယားနှစ်ယောက်မှာ မိန်းမဖြစ်သူက စောစောက လက်ဖွဲ့ယူပြီး
စည်းဝိုင်းထဲဝင်တော့ ၉၀၀ပေးရတယ်၊ နောက်က ယောက်ျားလုပ်သူကလည်း အဆင်သင့်
ပိုက်ပိုက်ထုတ်ပေးတယ်
နောက်တစ်ခါ ကြိုးဖိုးတောင်းပြန်တော့လည်း နောက်ကယောက်ျားက ထုတ်ပေးရှာတယ်
ဒါနဲ့ ကျွန်မအဒေါ်လည်း မနေနိုင်မထိုင်နိုင် အဲဒီယောက်ျားကိုသွားပြောတယ်
“ရှင်တို့ တရားလေးဘာလေး မနာကြဘူးလား၊ ဒါဖြစ်နိုင်မဖြစ်နိုင် စဉ်းစားပါဦး၊
လူလူချင်း ဘယ်လူကဘယ်လောက်စွမ်းလို့ ဘာလုပ်ပေးလို့ရမှာတုန်း”တဲ့
နောက်တော့ ဆရာတပည့်နှစ်ယောက်မှာ တပည့်လုပ်သူက “ဆရာရေ၊ အချိန်မရတော့ဘူး၊
မြန်မြန်လုပ်ပါတော့၊ သွားကြရအောင်” ဘာညာသာရကာ လုပ်တယ်
သူတို့ပခြုပ်ထဲက မြွေလည်း ပြတော့ပြသွားပါတယ်
မြွေအရွယ်ကို ကျွန်မအဒေါ် လက်နဲ့နမူနာပြတယ်၊ လက်မနှစ်ဖက်ထိ၊ လက်ညှိုးနှစ်ဖက်ထိပြီး
ဝိုင်းပြတယ်၊ အစတုန်းက ပါးစပ်ထဲ လက်ဖွဲ့ငုံခိုင်းတဲ့ကောင်လေးကိုလည်း ဘာမှမလုပ်ဘူး
သူလည်း အူကြောင်ကြောင်နဲ့ ပွဲပြီးသွားတယ်
ကျန်တဲ့လူတွေကို လက်ဖွဲ့ညာရောင်းလိုက်တာပဲရှိတယ်
တပည့်လုပ်သူက ခုနကတောင်းလို့ရတဲ့ ပိုက်ပိုက်တွေကို ပါလာတဲ့ အိတ်အနက်ကြီးထဲ စုပြုံထည့်ပြီး
ဆရာတပည့်နှစ်ယောက် ဒိုးကြလေသတည်းပေါ့
ကျွန်မအဒေါ်လည်း မချင့်မရဲနဲ့ ပြန်လာခဲသည်ပေါ့
သူ့စိတ်ထဲတော့ ပြောနေတာ “အဲဒါလိမ်နေတာ၊ လိမ်နေတာ”လို့
ပါးစပ်ကလည်း အော်မပြောရဲဘူး၊ သူကကြောက်တတ်ပါဘိသနဲ့၊ ဟိုဆရာတပည့်က အညှိုးနဲ့ရန်ရှာမှာ စိုးလို့တဲ့
ရွာသူားများကတော့ လည်ပြီးနပ်ပြီးသားဆိုတော့ ဒါမျိုးအလိမ်ခံရမယ်တော့ မထင်ပါဘူး
နို့ပေသည့် ဗဟုသုတလေးလည်းရအောင် နီးစပ်ရာလေးလည်း လက်တို့ရအောင်
သဂျီးဂေဇက်မှ မောင်းခတ်လိုက်ရလေတော့သတည်း။။။။။။။။။။။။။



ပန်ပန်ရေ… လှိုင်သာယာမှာ အဲ့ဒီလို ဘာမှန်း ညာမှန်းမသိတဲ့ လူတွေရှိတယ် … ကိုယ်တောင် ယောင်လည်လည်နဲ့ စပ်စပ်စုစု ရှေ့တိုးပြီး မယုံမကြည် သံသယစိတ်နဲ့ .. ပါးစပ်ဟောင်းလောင်း ဟပြီး …. သွားကြည့်သေးတယ် …အတူပါတဲ့လူက ပါးစပ်ဟောင်းလောင်းနဲ့ မကြည့်နဲ့ မတော်လို့ ဟိုကမြွေ ပါးစပ်ထဲဝင်လာမယ်ဆိုပြီး ဂုတ်ဆွဲ ခေါ်ထုတ်တော့မှ … မကျေမနပ်နဲ့ ပြန်ခဲ့ရတယ် … ။ နေ့တိုင်း နီးပါး (မိုးမရွာတဲ့ရက်) ဆိုလျှင် … လူတွေ အုံခဲနေအောင် မြွေလင်ပ္ပါယ်လိုလိုဘာလိုလိုပြတယ် .. ပြီးတော့ .. ဦးထုတ်ချွတ်ပြီး ပိုက်ဆံ အလှူခံတယ် :P
ပန်ပန်ပြောတဲ့ ဘာအစီရင်လည်း မသိတဲ့ဟာကြီး ပါးစပ်ထဲ ထည့်ထားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး .. ဘာပိုး ညာပိုးတွေ ကပ်နေလို့ ၀မ်းလျှောနေဦးမယ် …. ရွံစရာကြီး
Was this answer helpful?
LikeDislikeအစကတော့ ကောင်လေးပါးစပ်ထဲ အဆောင်ဆိုတာကြီး ငုံခိုင်းပြီး ဘာလုပ်မလဲလို့ စိတ်ဝင်စားကြမှာပေါ့
ပခြုပ်ထဲက မြွေနဲ့များ စမ်းသပ်မလားလို့ ပရိသတ်ကတော့ ထင်ကြမှာပေါ့
နောက်တော့ အဆောင်ညာရောင်းသွားတယ်
မtoneပြောသလိုပဲ၊ သူတို့အဆောင်ကြီးက ဘာကြီးမှန်းမသိ
ရွံပ့ါ
Was this answer helpful?
LikeDislikeကျွန်တော်လဲရန်ကုန်သွားတုန်းကတွေ့ ခဲ့တာဒီလိုလူပုံစံတွေပဲ…
ကောင်လေးတစ်ယောက်ကိုမြွေထည့်ထားတဲ့ သွပ်ပုံးလိုလေးကိုလှပ်ပြတယ်မြွေဖြစ်လားဖြစ်လားနဲ့ မေးတယ်..
ပြီးတော့ကွမ်းယာကိုနို့ ဆီခွက်ထဲကိုထည့်လိုက်တာဖားဖြစ်သွားရော.. ဖားကတော့ထွက်မလာဘူးပုံစံလေးပဲပြတာ…ပြီးတော့အဆောင်ရောင်းတယ် ပြီးရင်ဟိုစနေသားကမယုံဘူးသူ့ ခြေရာသွားယူခဲ့ဘာညာနဲ့ ရွှီးကြသေးတယ်… အဆောင်လဲဝယ်လိုက်ကြတာ အတူသွားတဲ့သူငယ်ချင်းကယောင်တောင်ပေါင်တောင်နဲ့  ၀င်ဝယ်သေးတယ်…
နောက်ဆုံးတော့ထွက်လာပြီးအဲအဆောင်ကိုလွင့်ပစ်ခိုင်းလိုက်ရတယ်… ဘာလုပ်ထားမှန်းမသိဘာမှန်းမသိဘုရားစင်ပေါ်တင်ထားခိုင်းတယ်လေ…. ကြိုးကနေတော့မြွေဖြစ်မဖြစ်မသိလိုက်ရဘူးလေပေါနေတာကများနေတာ
Was this answer helpful?
LikeDislikeအဲဒီလူလိမ်မျိုးတွေက တောရော မြို့ပါ အနှံ့မှာလိုက်လိမ်နေကျပါ။
လွန်ခဲ့တဲ့ နှစ်၂၀ ကလဲ ဒီအဆင်ပဲ။ အခုလဲ ဒီအဆင်ပဲ။
အရင်က မြောက်ဥက္ကလာမှာကို တော်တော်တွေ့သေးတယ်။
အဲဒါနှင့်စာရင် မျက်လှည့်ပြပြီးပိုက်ဆံတောင်းတာကမှတော်သေးတယ်။
Was this answer helpful?
LikeDislikeဒါမျိုးတွေက ဟိုးအရင်ကလည်း ရှိပါတယ်
မျက်လှည့်ပြသလိုလို၊ အစီအရင်ပစ္စည်းရောင်းသလိုလိုနဲ့ ညာရောင်းတာ
မျက်လှည့်လည်း မပြဘူး
လေကန်တာနဲ့ကြာနေတာ
လူတွေလည်း ကိုယ့်ကိစ္စနဲ့ကိုယ်
ဘယ်သူမှအကြာကြီးမစောင့်နိုင်ကြဘူး
ခုဟာတောင် ကျွန်မအဒေါ်က တမင်ကိုအစအဆုံးကြည့်နေတာ
ဆရာလုပ်တဲ့လူလေဖောနေတာလည်း တော်တော်ကြာတယ်ဆိုပဲ
Was this answer helpful?
LikeDislikeပန်ပန်ရေ ဒါဘိုးတော်တော့ မဖြစ်နိုင်ဘူး လူလိမ်ပဲ ဖြစ်မှာကျိန်းသေတယ်
လူတွေ ရိုးရိုးသားသား အမှန်တကယ် အလှူခံရင်သာ မယုံကြတာ
ဒီလို လူလိမ်တွေဆို ဘာမှတောင် မလုပ်ပြရသေးဘူး သူတို့က ကြိုပြီးယုံနေကြပြီးသားလေ …
Was this answer helpful?
LikeDislikeတွေ့ဖူးတယ် တခါတလေဈေးသွားမိရင်လူအုံခဲနေတာမျိုးကြုံဖူးတာပေါ့
ကိုယ်ကစပ်စုချင်ပေမယ့် အချိန်ကုန်ခံရပ်မကြည့်နိုင်လို့ဘယ်တော့မှသေချာ
မမြင်ဖူးဘူး အာပလာတွေဆိုတာသိပေမယ့်လူတွေကတော့ဝိုင်းနေတာဘဲ
Was this answer helpful?
LikeDislikeဗိုလ်အောင်ကျော်လမ်း ဘက်ကို သွားရင် အမြဲ မြင်နေကျ မြွေ ပိစိညှောက်တောက် အရောင်လေးတွေနဲ့.. ပြီးတော့ ထိုင်ပြီး ဘာရောင်းနေလဲ မသိဘူး။
Was this answer helpful?
LikeDislikeအဲဒါ အိမ်တွင်း အလှမွေး မြွေလေးတွေလေ အမရဲ့
နွားနို့ပဲ သောက်တယ် ။ အဆိပ်မရှိဘူးလို့ ပြောတယ် ။
ကိုင်ကြည့်ချင်ရင်တောင် ကိုင်ကြည့်လို့ ရပါတယ် ။။
ကျွန်တော်လဲ ၀ယ်တော့မ၀ယ်ဖြစ်ပေမယ့် သေသေချာချာတော့ ကိုင်ကြည့်ခဲ့တယ် ။
အမှတ်တမဲ့ ကြည့်ရင် အရုပ်လေးတွေလိုပဲ …
Was this answer helpful?
LikeDislikeအမလေး
မြွေပွေးပဲ အိမ်မှာမွေးရဦးမယ်
ကြံကြံဖန်ဖန် တောက်တီးတောက်တဲ့တော်
အဆိပ်မရှိပေမယ့် အကောင်သေးလေးတွေဆိုတော့ ဟိုထဲဒီထဲ ၀င်ကုန်ရင်အခက်
Was this answer helpful?
LikeDislikeအလို…
ဘယ်တွေထဲ ဝင်ကုန်ရင် ခက်ကုန်မှာပါလိမ့်
ကြောင်အိမ် တို့ ဗီရိုထဲ တို့ ထင်ပါရဲ့ 
မြွေပွေးတော့ မမွေးလိုက်ပါနဲ့ ညီမငယ်ရေ
နော်… ဟီဟိ
Was this answer helpful?
LikeDislikeအဲဒီမြွေပိစိညှောက်တောက် ၁ ကောင် ငယ်ငယ်က မွေးဘူးပါတယ်။ အဲဒီတုန်းက တကောင် ၂၀၀၀ ပါ … ကိုင်ကတာတော့ အသဲယားစရာပါ။ ဘာလို့ လဲဆိုတော့ သူကလေထဲမှာတာင့်တောင့်ကြီး ခေါင်းကလဲဟိုရမ်းဒီရမ်းနဲ့ ။ အိမ်
မှာ ငါးမွေးတဲ့မှန်ကန်ကြီးနဲ့  မွေးတာပါ။ ၂ ရက်ပဲ မွေးကပါသေးတယ် အိမ်ကမကြိုက်လို့  ပြန်လွှတ်
ပေးလိုက် ပါတယ်။ မြွေပွေးတော့ မမွေးပါဘူး။ ကြောက်လို့ ။
Was this answer helpful?
LikeDislikeအဲဒီမြွေကို မြွေသူတော်လို့ခေါ်တယ်
နွယ်ပင်တို့လဲ အိမ်မှာမွေးဘူးတယ် အရောင်က အစိမ်းဘက်
နည်းနည်းလေး သမ်းတယ် သူကအမှတ်တမဲ့ ကြည့်ရင် မြွေရုပ်နဲ့တော်တော်တူတယ် တော်တော်လေးလဲ လှတယ် သူက နို့နဲ့ ရေပဲသောက်တယ်လေ ။
အိမ်မှာ မွေးတုန်းက သေသေချာချာလေးမွေးတာပါ အချိန်မှန်နို့တိုက်
ရေတိုက်နဲ့ပေါ့ ဒါပေမယ့် ဘာဖြစ်လို့မှန်းမသိဘူး (3) လလောက်နေတော့
သေသွားတယ်လေ ။
Was this answer helpful?
LikeDislikeBAK ရှေ့မှာ ရောင်းတာမို့လား မြွေရောင်စုံလေးတွေ … သူတို့ပြောတော့ မြွေသူတော်လေးတွေတဲ့ … ။မြွေနဲ့မတူပဲ သနားစရာတောင်ကောင်းတယ် … သူ့ခမျာ ပိစိညှောင့်တောင့် …တီကောင် ဆိုဒ်ကြီးလေးလောက်ပဲရှိပြီး ရှည်ပဲ ရှည်တာ… ။
ရှောပင်းစင်တာတွေရောက်လျှင် အိတ်ဖွင့်ဖွင့်စစ်တာကို အမြင်ကတ်လို့ … အဲ့မြွေတကောင်လောက်ဝယ်ပြီး အိတ်ထဲထည့်ဦးမလား တွေးသေးတယ် … ။ မြွေလေးတွေကို သနားလို့ … မလုပ်တော့ပါဘူးလို့ လက်လျှော့လိုက်ရတယ် … ။ စတိုးဆိုင်က စက်ကျူရတီတွေ အရမ်းစစ်လွန်းလို့ သောင်ညင်တောင် ကတ်တယ် … တကယ့် ဗုံးပါတဲ့ လူကျလျှင် မိကို မမိပဲနဲ့
Was this answer helpful?
LikeDislikeအင်း…………အဲလိုဆိုတော့လည်း မြွေလေးတော့ မွေးချင်သား
တီကောင်ဆိုဒ်ကြီးအရွယ်ဆိုတော့လည်း တော်တော်ကိုသေးတာပဲ
မွေးထားပြီး ဂရုမစိုက်နိုင်ရင် သင်းလေးဒုက္ခများမှာစိုးရသေး
ဟိုတပတ်လောက်ကပဲ အိမ်မှာ ဘဲပေါက်လေးနှစ်ကောင် ဆတ်ဆော့ပြီးမွေးတာ
တစ်ပတ်လောက်နေတော့ သူများပေးလိုက်တယ်
အိမ်မှာလည်း တနေကုန်လူရှိတာမဟုတ်
စက္ကူပုံးထဲထည့်ရမှာလည်းသနားလို့ ဒီတိုင်းလွှတ်ထားတာ ဟိုချေးပါ၊ ဒီချေးပါနဲ့
ဒဏ်မခံနိုင်တော့ဘူး
Was this answer helpful?
LikeDislikeဘာမြွေ မွေးမှာလဲ ပန်ပန် …
လူရှိန်အောင် ကော်ဘရာ လောက်မွေး သိလား …..
ခစ်ခစ်….
သိပ်ဝေးဝေးသွားရှာစရာ မလိုဘူးနော့်…
Was this answer helpful?
LikeDislikeကိုဇာ
:P
အချွန်နဲ့ မ,နေလေရော့သလား
ကော်ဘရာတော့ ကြောက်ပါရဲ့
တော်ကြာ မြွေကိုက်ခံရပြီး လွတ်လပ်စွာ သွားလာပိုင်ခွင့်အပိတ်ခံရလို့ ရွာထဲတောင်ဝင်မရဖြစ်သွားမှာစိုးရသေး
Was this answer helpful?
LikeDislikeတိဝူးလေ မွေးချင်ဒယ် ဆိုလို့
နီးစပ်ရာမှာတင်ရှိတာ မေ့နေမှာ စိုးလို့
ပြပေးတာ …အဟီး ..
Was this answer helpful?
LikeDislikeကိုဇာပဲမွေးထားလိုက်ပါတော့
အဲဒီကိုလာတုန်း ဖမ်းထားလိုက်
ဒီကိုပြန်မလွှတ်နဲ့တော့ :P
Was this answer helpful?
LikeDislikeကော်ပရာကတော့ ရွာထဲကနေပျောက်နေတယ် မြွေဖမ်းမယ့်လူတွေရှိလို့ပါတဲ့ :P
အရင်က ကျွန်တော်တို့အိမ်မှာ ယုန်မွေးဖူးတယ် ။ နှစ်ဆန်း တစ်ရက်နေ့ ဈေးထဲသွား သတ်မယ့်ငါးလွှတ်မလို့သွားဝယ်ရင်း ယုန်ရောင်းနေလို့ အိမ်ကို ကိုယ်မှမ၀ယ်လာလျှင် ချက်စားမယ့်ပုံနဲ့ပြောပြီး ၀ယ်လာလိုက်တယ် ။ နှစ်လ သုံးလလောက်ကျတော့ တစ်ကောင်သေတယ် မြေကြွက်ကိုက်လို့ ၊တကောင်တည်းအထီးကျန်မှာစိုးလို့ ကျန်တဲ့ကောင်ကိုပါ တိရိစ္ဆာန်ရုံပို့ပြီး လှူလိုက်ရတော့တယ် ။
ဘာကောင်မွေးမွေး သံယောဇဉ်ဖြစ်တယ် မမွေးတာအကောင်းဆုံးပါပဲ။
Was this answer helpful?
LikeDislikeအင်း..
လိမ်တာဆိုပြီး မြင်နေတာကိုး..။
လှူတာလို့ဖြစ်သွားအောင် လုပ်လို့လွယ်လွယ်လေး..။ အဆရာတောင်ချီရနိုင်သေးတယ်..။
အဟမ်း..။ ဒီလောက်ပဲ..။
Was this answer helpful?
LikeDislikeကျမဘိုကလေးမှာအလုပ်ဝင်နေတုန်းကလည်း မြွေပြပြီး ဘာရောင်းညာရောင်းတွေ နေ့တိုင်းလိုလိုတွေ့တယ်။ ရောက်လာပြီဆို လင်ကွင်း ၂ချပ်တဗြန်းဗြန်းတီးပီး ဆူညံလိုက်တာမှလွန်ရော။ စိတ်ဝင်စားတဲ့သူကလည်းမနည်းဘူးဗျာ။
Was this answer helpful?
LikeDislikeပန်ပန်ရေ
အဲလိုလိမ်တဲ့ လူတွေကအဖွဲ့နဲ့ရှိတတ်ပါတယ်
သူတိုဟာ(၃)ယောက်ကနေ (ရ)ယောက်ထိ ပါလာတတ်ပါတယ်
မျက်စိ အ၀တ်စီးပြီး လိမ်တဲ့အဖွဲ့တွေဆို(၇)ယောက်လောက်ပါပါတယ်
နှစ်ယောက်ကပြတယ်ပြောတယ် (၃)ယောက်ကအလံရှုးလုပ်ပါတယ်
ခါးပိုက်နှိုက်လဲ အဖွဲ့ရှိပါတယ် အနှိမ့်ဆုံး(၃)ယောက်ပါ တစ်ယောက်ကလူကြည့်ပေးပါတယ်
တစ်ယောက်ကလူကာပေးပါတယ် တစ်ယောက်ကနှိုက်ပါတယ် ပြီးရင်ပစ္စည်းကိုလက်လွှဲပါတယ်
အဓိက ကတော့ လမ်းဘေးကဟာဆို ဘာမှမယုံတာကောင်းပါတယ်..။။။
Was this answer helpful?
LikeDislikeဟုတ်ပ
တချို့များကားပေါ်မှာ ခါးပိုက်နှိုက်ခံရတာသိသိနဲ့ ဘာမှမပြောနိုင်ဘဲ ခံလိုက်ရတာ
ဟိုက အုပ်စုနဲ့လုသလိုလုပ်တာ
အများနဲ့တစ်ယောက်ဆိုတော့
Was this answer helpful?
LikeDislikeဟုတ်တယ် . .ခါးပိုက်အနှိုက် မခံရအောင် ပိုက်ဆံအိတ် မသုံးရင် အကောင်းဆုံးဘဲ .. ဟီး ..
Was this answer helpful?
LikeDislikeပန်လေးရေ ဦးကြောင်ကြီးက လူအစစ်ပါကွယ်၊ လိမ်နေတာ ဟုတ်ရပါဘူး..။ ဦးကြောင်ကို ဆောင်ထားရင် စွမ်းသကွဲ့၊ မယုံရင် ဆောင်ကြည့်၊ ဝါလည်းကျွတ်သွားပြီဆိုတော့။ ရွာသားများခင်ဗျာ လက်ဖွဲ့အစား ပွိုင့်ပေးခြင်းသီးခံပါ။
Was this answer helpful?
LikeDislikeဦးကြောင်ကလူအစစ်ဆိုတာ မယုံဘူး၊ ကြောင်အကြီးကြီး :D
ဆောင်ထားရင်စွမ်းမစွမ်းတော့မသိ
အိမ်မှာကြောင်မွေးရင်ကိုဘီလူးရဲ့ရေမွှေးသည်အန်တီအနံ့ သင်းမှာတော့သေချာတယ် :P
Was this answer helpful?
LikeDislikeရိုးလွန်းလှတဲ့လိမ်နည်းလေးတခုပါဗျာ
ဘာဘိုးတော်မှမဟုတ်ပါဖူး
အကောင်းဆုံးကစပ်စုချင်စိတ်သိချင်စိတ်ကိုချုပ်တည်းထားပါလို့ပဲပြောချင်ပါတယ်
Was this answer helpful?
LikeDislikeုခုချိန်ထိကို အဲ့လူလိမ်တွေရှိနေတုန်းပါဘဲ ဘာလို့လည်းဆိုတော့တွေ့နေရတုန်းမို့ပါ ကြုံဖူးတယ် စနိုးဆို မီတာဆောင်ခိုင်းလိုက်တာ အဲ့လိုမျိုး လူလိမ်တွေလေမှာမြောသွားတာ လူတွေမှများကြီးဘဲ အုံနေအောင်ကြည့်နေလို့စနိုးလည်းဝင်ကြည့်မိလိုက်တာ အရုပ်ခေါင်းကို ကြိုးနဲ့ဆွဲပြီးတော့ သမီးလေးဘာစားမလဲ မုန့်ဟင်းခါင်းစားမယ်ဆိုခေါင်းညိတ်လို့ပြောတယ် ကြည့်တော့ကြည့်နေတာ ဘဲ ဘာနဲ့ဘယ်လိုလုပ်ထားလည်းတော့ မသိဘူး ကြည့်နေ၇င်းနဲ့ခေါင်းညိတ်ပြပါတယ် ဟီးးးးးးးးးးးးးးးးအလိမ်ခံထိဘူးတယ် …
Was this answer helpful?
LikeDislike