29/10/2011 စနေ နေ့ ည ပွဲစဉ်များ
|357- Hits|မင်္ဂလာပါ ခင်ဗျာ ။
ဒီနေ့ ည ကန်မယ့် အသင်းတွေ နဲ့ အချိန်တွေ ကတော့
၅:၃၀ အဲဗာတန် - မန်ယူ
၆:၁၅ ချဲဆီး - အာဆင်နယ်
၈:၃၀ မန်စီးတီး - ဝုဗ်
။ နော့ဝစ် - ဘလက်ဘန်း
။ ဆန်းဒါးလန်း - အေဗီလာ
။ ဆွမ်ဆီး - ဘော်တန်
။ ဝီဂန် - ဖူဟမ်
၁၁:၀၀ ဝက်ဘရွန်း - လီဗာပူး
၁၀:၃၀ ကာတားနီးယား - နာပိုလီ
။ ရိုးမား - အေစီမီလန်
။ အင်တာမီလန် - ဂျူဗင်တပ်
၁၀:၃၀ ဗလင်စီယာ - ဂီတာဖေး
။ ဗီလာရီးရဲ - ဗယ်လကာနို
၀၀:၃၀ ဘာစီလိုနာ - မာယော့ကာ
၂:၃၀ ဆိုစီဒက် - ရီးရဲမက်ဒရစ်
အထက်ပါ ပွဲစဉ်များထဲ မှ ပရိသတ်များ နဲ့ တစ်ထပ်တည်း အကြိုက်တူနိုင်မယ့် ပွဲစဉ်များကို ရေးပြချင်ပါတယ် ။
************************************************
အဲဗာတန် (၁၃) - မန်ယူ (၂)
ပုံမှန် အတိုင်းဆိုရင်တော့ အဲဗာတန် အသင်းကို ပဲ အားပေးသင့်တဲ့ ပွဲပါ ။ အဲဗာတန် အသင်းဟာ ပရီးမီးယားလိဂ် မှာ ဖျက်မြင်း အသင်းမျိုးပါ ။
အသင်းကြီးတွေ နဲ့ တွေ့ ရင် အသားကုန် ခံခတ်လေ့ ရှိပြီး ၊ အသင်းသေးတွေ နဲ့ မှ ရှုံးလေ့ရှိခဲ့ပါတယ် ။ ဒါပေမယ့် ဒီရာသီ အစမှ အဲဗာတန် အသင်းဟာ ကာလာ သိပ်မလှ ခဲ့ဘဲ
ပြီးခဲ့တဲ့ အပတ် ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ ဖူဟမ် အသင်းရဲ့ အိမ်ကွင်း မှာ အနိုင်ကစားနိုင်ခဲ့တာ ကို တွေ့ ရပါတယ် ။
မန်ယူ အသင်းကတော့ ပြီးခဲ့တဲ့ အပတ် အိမ်ကွင်းမှာ မန်စီးတီး အသင်းကို ၆-၁ ဂိုး နဲ့ ရှုံးခဲ့ပါတယ် ။
အဲဗာတန် အသင်းဟာ ကြားရက် ကာလင်းဖလားပွဲ မှာ ချဲဆီးအသင်းကို ရှုံးနိမ့်ထားပြီး နောက်ဆုံး၅ ပွဲ ရလဒ်မှာ ![]()
![]()
![]()
![]()
![]()
မန်ယူ အသင်း ကတော့ ကြားရက် ကာလင်းဖလားပွဲ မှာ အယ်ဒါရှော့ အသင်းကို နိုင်ထားပြီး နောက်ဆုံး၅ ပွဲ ရလဒ်ကို ကြည့်ရင် ![]()
![]()
![]()
![]()
။
ပြီးခဲ့တဲ့ နှစ်နှစ် အဲဗာတန် ကွင်း တွေ့ ဆုံခဲ့မှု မှတ်တမ်းအရ လည်း ၃-၃ သရေ တစ်ပွဲ နဲ့  ၃-၁ နဲ့ မန်ယူ က ရှုံးထားတာကို တွေ့ ရပါတယ် ။
ပုံမှန် အတိုင်းသွားမယ် ဆိုရင် အဲဗာတန် အသင်း ဟာ သရေ အနည်းဆုံး ကန်နိုင်ပေမယ့် ၊ အဆင့်၁ မန်စီးတီး အသင်းနဲ့  ဒီထက်ပို အမှတ်ပြတ်ခံတော့မှာ မဟုတ်တဲ့
မန်ယူ အသင်းကိုဘဲ အားပေးချင်ပါတယ် ။ ဂိုးပေါင်းလည်း များနိုင်ပါတယ် ။ ခန့် မှန်း ရလဒ် အဲဗာတန် ၁-၃ မန်ယူ
************************************************
ချဲဆီး (၃) - အာဆင်နယ် (၇)
ပြီးခဲ့တဲ့ အပတ်က ချဲဆီး တို့ ကံဆိုးမိုးမှောင်ကြခဲ့ရပါတယ် ။ ပင်နယ်တီ တစ်လုံး ပေးရတယ် ။ ၂ ယောက် တိုက်ရိုက် အနီ ၊ ၁၁ ယောက် ၉ ယောက် ကစားခဲ့ရပြီး ၁-၀ နဲ့ ရှုံးခဲ့ပါတယ် ။
ကြားရက် ကာလင်းဖလားပွဲ မှာတော့ အဲဗာတန် ကို ၂-၁ နဲ့ အနိုင်ကစားခဲ့ပါတယ် ။
အာဆင်နယ် အသင်းကတော့ ပြီးခဲ့တဲ့ အပတ် တုန်းက မာလှပါတယ် ဆိုတဲ့ စတုတ် ကို ကိုယ့်ကွင်းမှာ ၃-၁ နဲ့ အနိုင်ယူထားပါတယ် ။
ကြားရက် ကာလင်းဖလားပွဲမှာ ဘော်တန် အသင်းကို ၂-၁ နဲ့ အနိုင်ကစားထားပါတယ် ။
ချဲဆီး နောက်ဆုံးငါးပွဲ ရလဒ်များမှာ ![]()
![]()
![]()
![]()
![]()
အာဆင်နယ် နောက်ဆုံးငါးပွဲရလဒ်များမှာ ![]()
![]()
![]()
![]()
![]()
ချဲဆီးကွင်း မှာ ပြီးခဲ့တဲ့ နှစ်နှစ်ဆက်တိုက် ၂-၀ နဲ့ ရှုံးထားပါတယ် ။ အာဆင်နယ် ဟာ ပြီးခဲ့တဲ့ ရာသီတွေ တုန်းကလောက် အဆိပ်မရှိတော့တာ အသေအချာပါဘဲ ။
ချဲဆီးမှာ ဒရော့ဘာ မပါဘူး ဆိုပေမယ့် စတာရစ် နဲ့ ဂိုးသွင်းနေပြီ ဖြစ်တဲ့ တောရက်စ် တို့ ရှိနေပါတယ် ။ ကွင်းလယ်ကစားသမား ချင်း ယှဉ်ရင်လည်း ချဲဆီးက သာပါတယ် ။
ပရီးမီးယားလိဂ် မှာ ၂ ပွဲဆက် အခြေအနေ အဆိုးမခံမယ့် ချဲဆီးအသင်းကို ပဲ အားပေးပါမယ် ။ ဂိုးလည်း များသွားနိုင်ပါတယ် ။ ချဲဆီး ၂-၁ / ၃-၁ ဖြစ်နိုင်ပါတယ် ။
************************************************
ကာတားနီးယား (၁၀) - နာပိုလီ (၄)
ကာတားနီးယား နောက်ဆုံး ငါးပွဲ ရလဒ်များမှာ ![]()
![]()
![]()
![]()
![]()
နာပိုလီ နောက်ဆုံး ငါးပွဲ ရလဒ်များမှာ ![]()
![]()
![]()
![]()
![]()
ဈေးဖွင့်လှစ်မှု အရ သရေဆိုလျှင် နာပိုလီ အသင်းက ခပ်ပါးပါးရှုံးမည် ။
ကားတားနီးယား ငါးပွဲကန်အပြီး ရဂိုး ၉ ဂိုး ၊ ပေးဂိုး ၈ ဂိုး ရှိသည် ။
နာပိုလီ ငါးပွဲကန်အပြီး ရဂိုး ၇ ၊ ပေးဂိုး ၃ ဂိုး ရှိသည် ။
နာပိုလီ အသင်းသည် ပြီးခဲ့သော ပွဲစဉ်တွင် ခြေစွမ်းအထူးကောင်းမွန်နေသော အူဒီးနီးစ် လို အသင်းမျိုးကို ၂-၀ ဖြင့် အနိုင်ကန်ထားသည် ။
ကာတားနီးယား ကတော့ လာဇီယို နှင့် ၁-၁ သရေကျထားသည် ။
ယခု ပွဲသည် သရေကျရန် ရာခိုင်နှုန်း များနေပြီး အနိုင်ဆိုပါက နာပိုလီ ကို ရွေးခြယ်ထားပြီး ၊ နှစ်ဘက် သွင်းဂိုးလည်း များနိုင်သော ပွဲ ဖြစ်သည် ။
************************************************
—————– ဘောလုံးပွဲ ချစ်သူတိုင်း အောင်မြင်မှုများ သိမ်းပိုက်နိုင်ကြပါစေ —————–
Related posts:


ဘောလုံး အကြောင်းတွေ စောင်.ဖတ်နေပါတယ်
ကျေးဇူးတင်ပါတယ်…….
Was this answer helpful?
LikeDislikeအဲဒီညရဲ့ ဘောလုံးပွဲစဉ်ထက် မျှော်စင်ကျွန်းက ဇာဂနာဦးဆောင်တဲ့ သီးလေးသီးပွဲစဉ်ကို ပိုစိတ်ဝင်စားမိတယ်။
Was this answer helpful?
LikeDislikeအင်း.မြင့်တော့မြင့်လာဘီ..
ဂေဇက် ကလပ် ထောင်ရင် မန်နေဂျာ ခန့် ဦးမယ်..
ကြိုးစားထား
Was this answer helpful?
LikeDislikeအသင်းဘေးမှာ အိမ်ကွင်း၊ အဝေးကွင်း ဆိုတာနဲ့ ကစားသမား အနာတရ ရှိထားမှု၊ ကစားပွဲရမှတ် အရေးပါမှု တွေပေးထားရင် ခန့်မှန်းလို့ ပိုကောင်းမယ် ထင်တယ်နော်။ အသင်းနာမည်ကိုပဲ ကြည့်ပြီးပြောလို့ ဖြစ်နိုင်ဘူးလေ။ အသင်းကြီးတွေကလွဲရင်ပေါ့..။
Was this answer helpful?
LikeDislikeအင်း ပေါက်သွားပြီဗျို.။
နောက်တခါဆို ဘက်ကန်မယ်။
Was this answer helpful?
LikeDislikeမန်ယူ = အပြည့်နိုင်
မန်ယူဂိုးများ = အပြည့်ရှုံး
ချဲဆီး = အပြည့်ရှုံး
ချဲဆီးဂိုးများ = အပြည့်နိုင်
နာပိုလီ = အပြည့်ရှုံး
နာပိုလီဂိုးများ = အပြည့်နိုင်
Was this answer helpful?
LikeDislike