တရုတ်နားရွက်ကိုတံတွေးဆွတ်လိုက်တဲ့ဗီယက်နမ်
|917- Hits|ရွာသားတို့Saturday, 29 October 2011 မောက္ခပညာရေးမဂ္ဂဇင်းမှဆောင်းပါရှင်ဝင့်ထန်းရဲ့(တရုတ်နားရွက်ကိုတံတွေးဆွတ်လိုက်တဲ့ဗီယက်နမ်)ဆောင်းပါလေးကိုသဘောကျလွန်းလို့
ကူးယူတင်ပေးလိုက်ပါတယ် တရုတ်ကြီးတို့ကိုဒီလို့အာခံရဲတဲ့ဗီယက်နမ်ရဲ့သတ္တိကိုကျုပ်တို့နိုင်ငံခေါင်းဆောင်များအားကျနိုင်ကြပါစေ….
တရုတ်အစိုးရပိုင် Global Times သတင်းစာက ဗီယက်နမ်နဲ့ အိန္ဒိယ အစိုးရပိုင် ရေနံကုမ္ပဏီ (ONGC) တို့ မကြာခင်က စာချုပ်ချုပ်တဲ့အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။
တရုတ်က သူ့ရေပိုင်နက်လို့ ကြေငြာထားတဲ့ တောင်တရုတ်ပင်လယ်က နေရာအချို့မှာ ဗီယက်နမ်နဲ့ အိန္ဒိယက သဘာဝဓာတ်ငွေ့ တူးဖော်ဖို့ စာချုပ်ချုပ်လိုက်တဲ့အတွက် ဒေါသထွက်နေခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ဒီနှစ်နိုင်ငံစာချုပ်က တရုတ်ရဲ့ ပင်လယ်ပြင် အချုပ်အခြာကို ကန့်သတ်လိုက်တဲ့ သဘောပင်။
တရုတ်အစိုးရ ဒေါသထွက်မယ်ဆိုလည်း ထွက်စရာ။ ဒီလအစောပိုင်းမှာ ဗီယက်နမ် ကွန်မြူနစ်ပါတီခေါင်း ငုယင်ဖူကျောင်း ပေကျင်းမြို့ကို အလည်သွားရောက်ပြီး တရုတ်ခေါင်းဆောင်တွေနဲ့ ပင်လယ်ပြင်ပိုင်နက် အချင်းများမှုကို အဖြေရှာဖို့ ဆွေးနွေးစကားတွေ ပြောခဲ့သည်။ ပေကျင်းခရီးက ပြန်လာပြီး တစ်ရက်ပဲရှိသေး ဗီယက်နမ်က အိန္ဒိယနဲ့ စွမ်းအင်ပူးပေါင်းဆောင်ရွက်ဖို့ စာချုပ်ချုပ်လိုက်ခြင်း ဖြစ်သည်။
Global Times သတင်းစာက “ဗီယက်နမ်ခေါင်းဆောင်ပိုင်းက မလေးမခန့်နဲ့ ထိပ်တိုက်တိုး လုပ်ဆောင်မှုကို တရုတ်အစိုးရက အရေးယူဖို့ စဉ်းစားနေပြီ” ဟု အပြင်းအထန် ထိုးနှက်ရေးသားခဲ့သည်။
နောက် တရုတ်ကွန်မြူနစ်ပါတီထုတ် People’s Daily သတင်းစာကလည်း အိန္ဒိယရဲ့ စွမ်းအင်မဟာဗျူဟာက အန္တရာယ်ဇုံအတွင်း ကျရောက်နေပြီဖြစ်ကြောင်း အိန္ဒိယကို သတိပေး ရေးသားခဲ့သည်။
အဲဒီ တရုတ်သတင်းစာတွေရဲ့ မာမာထန်ထန် ပြောဆိုမှုနောက်ကွယ်မှာ တရုတ်အစိုးရ ထိတ်လန့်မှု နှစ်ခု ရှိသည်။ ပထမတစ်ခုက တောင်တရုတ်ပင်လယ် ရေပိုင်နက်အပေါ် တရုတ်နဲ့ ဗီယက်နမ်၊ ဖိလစ်ပိုင်တို့ အငြင်းပွားနေမှုကို အခု အိန္ဒိယကပါ တိုက်ရိုက် ပါဝင်ပတ်သက်လာမှု ဖြစ်သည်။ ဒုတိယက အိန္ဒိယနဲ့ ဗီယက်နမ် နီးနီးကပ်ကပ် ဆက်ဆံမှု ရှိလာခြင်းဖြစ်သည်။
ဒီနှစ်နိုင်ငံ တပူးတွဲတွဲ ဖြစ်လာတဲ့ အကြောင်းက တရုတ်ကို ထိန်းချုပ်ဖို့ အမေရိကန်ရဲ့ နောက်ကွယ်မဟာဗျူဟာ အစီအစဉ်ဖြစ်သည်။ ဒီတော့ ဗီယက်နမ်နဲ့ အိန္ဒိယ လုံးနေပြီဆိုတဲ့ အသံကြားတာနဲ့ကို တရုတ်အဖို့ ပင်လယ်ပြင်ထိန်းချုပ်ရေးအတွက် စိုးရိမ်စိတ်အားကြီးလာခဲ့သည်။
နောက် ဗီယက်နမ်ကွန်မြူနစ် ပါတီခေါင်းဆောင် တရုတ်ပြည်ရောက်နေတဲ့အချိန်မှာ၊ ဗီယက်နမ် သမ္မတကလည်း အိန္ဒိယကို တပြိုင်နက်ထဲ ရောက်နေသည်။ ရည်ရွယ်ချက်ကတော့ အာရှနိုင်ငံကြီး နှစ်နိုင်ငံလုံးကို မဟာဗျူဟာမိတ်ဖက်အဖြစ် စည်းရုံးဖို့ဟု ဆိုသည်။
၁၉၈၈ ခုနှစ်မှာ တောင်တရုတ်ပင်လယ် စပရက်တလေကျွန်းကိစ္စအတွက် တရုတ်နဲ့ ဗီယက်နမ် ပစ်ခတ်မှုတွေ ဖြစ်ပြီး ဗီယက်နမ်စစ်သား ၇၀ ကျော် သေဆုံးခဲ့ရသည်။ အဲဒီကတည်းက တင်းမာမှုတွေ ဆက်ရှိနေပြီး၊ ဒီနှစ်အစောပိုင်း ဟနွိုင်းနဲ့ ဟိုချီမင်းမြို့တော်မှာ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေအထိ ဖြစ်ခဲ့သည်။
ဒါကြောင့် ဗီယက်နမ်က အခု အိန္ဒိယရဲ့ ၀ိုင်းရံကူညီမှုကို ၀မ်းသာအယ်လဲ ကြိုဆိုခဲ့သည်။ နောက် အာစီယံ ပါတနာတွေဖြစ်တဲ့ ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်တို့ကလည်း တောင်တရုတ်ပင်လယ်မှာ တရုတ်နဲ့ ကျွန်းလုနေကြရတာမို့၊ ဗီယက်နမ်က အဲဒီနိုင်ငံတွေနဲ့ပါ ညီညွတ်ရေးတပ်ဦး တည်ဆောက်ပြီး တရုတ်ကို ကျားကန်ဖို့ လုပ်ထားသည်။
အဲဒီဇာတ်လမ်းနောက်ကွယ်မှာ အိန္ဒိယက မဟာဗျူဟာ အခွင့်ရေးကောင်းကို ရယူခဲ့တာ ဖြစ်သည်။ တရုတ်က ပြိုင်ဖက် အိန္ဒိယကို ထိန်းချုပ်ဖို့ ပါကစ္စတန်ကို ကိုင်ထားသလို၊ အိန္ဒိယကလည်း တန်ပြန်အဖြစ် ဗီယက်နမ်ကို သစ္စာခံအဖြစ်ထားဖို့ ကြိုးစားလာသည်။ ယခု အိန္ဒိယ ဗီယက်နမ် ပါတနာဖွဲ့မှုနောက်ကွယ် ဇာတ်ဆရာက အမေရိကန် ဖြစ်သည်။
ဝင့်ထန်း(ဆောင်းပါးရှင်)
Related posts:


တစ်ကယ်တော့ကဗ္ဘာပေါ်မှာ ဘယ်အင်အားကြီးမှ မကောင်းပါဘူး၊သူတို့နိုင်ငံ၊သူတို့ပြည်သူအတွက်ပဲ ပထမထားစဉ်းကြတာ၊ ကျုပ်တို့ အိမ်နီးချက်းတွေဆိုလည်းကျုပ်တို့ပြည်သူတွေ အပေါ်ထက်။ သူတို့နိုင်ငံ ကောင်းကျိုးပဲ အရင်စဉ်းစားကြတာပဲ၊ ကျုပ်တို့နိုင်ငံက အုပ်ချုပ်သူတွေသာ ပြည်သူနဲ့တိုင်းပြည်အ တွက် ကနဲနဲ၊ သူတို့တည်မြဲဘို့ကများများ။ ကဗ္ဘာ့နိုင်ငံတော်တော်များများနဲ့တော့ လုံးဝပဲ တိုင်းပြည်/ပြည်သူ ကို ချစ် ပုံ ပြော တာ။ခုသမ္မတကြီးကတော့ လောလောဆယ်မဆိုးသေးပါဘူး၊မျှော်လင့်ရတာပဲ။ သူ တိုင်း ပြည်တစ်ကယ်ချစ်ပြီးပြည်သူတွေကိုတစ်ကယ်မြတ် နိုးစိတ်နဲ့ လောက၊ ဓမ္မ အတွက်စွန့်စား ဖေါက်ထွက်နိုင် သော သူရဲ ကောင်းဖြစ် ပါစေလို့ဆုတောင်းကြရမယ်။ တရုတ်နဲ့ အမေရိကန်ဘာကွာ သလည်းဆိုရင် နှစ်နိုင်ငံစလုံးက လက်ဝါးကြီးအုပ်တာတူတယ်၊ အမေရိကန်တွေမဒိမ်းမှုရှိကြသလို၊ တရုတ်လည်း ကျူးလွန် တာ ပါပဲကျုပ်တို့အမျိုးသ္မီး တွေအများကြီးရောင်း စားခံနေရတယ်၊ မယားငယ်လုပ်ခံနေ ကြတယ်၊ ကိုးကန့်၊ (၀)ဆိုပြီးနိုင်ငံသားလုပ်လာကြတယ်၊ သူတို့က ပိုနီးတော့ခြံစည်းရိုးခွကျော်တာနဲ့ ကိုပိုလုပ်ခွင့်သာ တယ်၊ ပိုလွယ်တယ်၊ သူတို့နှစ်နီုင်ငံရဲ့အဓိကကွာခြားချက်က အမေရိကန်က သူတင်တဲ့အစိုးရဟာ(သို့)သူနဲ့ပေါင်း
တဲ့နီုင်ငံအစိုးရဟာ ပြည်သူလူထုကိုဒုက္ခပေးပြီး။အဲသည်ပြည်သူကလုံဝမလိုလားတော့ဘူးဆိုရင် အဲ သည် အစိုးရ(သို့)ဦးဆောင်သူကို နှုတ်ထွက်ဘို့/မရရင်ဖြုတ်ချရာမှာပြည်သူကဘက်က၀င်ရပ်တော့တာပဲ။
အဲတရုတ်ကြီးကတော့ သူ့အကျိုးပြုအစိုးရဆိုရင် မပြုတ်ကျရေးကိုဥာဏ်စွမ်းရှိသလောက်ဝင်ကူပြီး
ပြည်သူကိုနှိပ်စက်ဘို့၊ ကုလသမဂ္ဂမှာ အဲသည်အစိုးရကိုကာကွယ်ဘို့လုပ်တော့တာပါပဲ။သည်တော့ အဲသည်နှစ်နိုင်ငံစလုံးဟာ မပေါင်းလည်းခက်၊ပေါင်းလည်းခက်မို့၊ အစွန်းရောက်အောင် ဖင်ပေးပေါင်း တာ မျိုးမလုပ်ပဲ သံခင်းတမန်ခင်း မူအရသင့်မြတ်စွာပေါင်းပြီး၊ကိုယ့်နိုင်ငံတွင်း စည်းလုံးညီညွတ်၊ အင်အား တောင့် တင်းအောင်အဖက်ဖက်ကပြုလုပ်ထားကြဘို့ပါပဲ။
Was this answer helpful?
LikeDislikeဘုရား ဘုရား ဘုရား
ကမ္ဘာကြီးကတော့ မျက်ခုံးလှုပ်နေရှာပြီ ထင်ပေါ့ ကိုရင်မောင်ရေ
Was this answer helpful?
LikeDislikeတရုတ်ကလဲ အမေရိကန်ခြေ၀င်ရှုပ်မှာကို အစောကြီးကတည်းက မျှော်လင့်ပြီးသားလို့ ထင်ပါတယ်။
သူလုပ်နိုင်တာ ပြန်လုပ်မှာပေါ့။ (ပြန်လုပ်လျှက်ရှိပါတယ်)။
ဒီမှာ တရုတ်ကံဆိုတာက စပရတ်တလီကျွန်းတွေကိစ္စမှာ အာဆီယံ ၃ နိုင်ငံ တိုက်ရိုက်ပါနေတာ။
နောက်တဆင့်မှာတော့ မြန်မာကံဆိုးတာက အာဆီယံအဖွဲ့ဝင်လဲဖြစ် တရုတ်ကိုအားကိုးနေရတဲ့ အိမ်နီးချင်းနိုင်ငံလဲဖြစ်နေတာ။
Was this answer helpful?
LikeDislikeEleven ကသတင်းပါ တွဲဖတ်သင့်တယ်ထင်လို့ ။
တောင်တရုတ်ပင်လယ်အငြင်းပွားမှုတွင် ပါဝင်သည့်နိုင်ငံများအနေဖြင့် အမြောက်သံများအတွက် ပြင်ဆင်ထားရန် တရုတ်သတင်းစာတစ်စောင် သတိပေး
တောင်တရုတ်ပင်လယ်ရှိ ကျွန်းစုများပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အငြင်းပွားနေမှုတွင် ပါဝင်သည့်နိုင်ငံများသည် တရုတ်နှင့်ထိပ်တိုက်ရင်ဆိုင်မှု ဆက်လက်ပြုလုပ်နေပါက အမြောက်သံများအတွက် စိတ်ပိုင်းဆိုင်ရာအရ ကြိုတင်ပြင်ဆင်ထားရန် တရုတ်သတင်းစာ Global Times က အောက်တိုဘာလ ၂၅ ရက်နေ့တွင် သတိပေးခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ၏ အာဘော်များကိုသာ ဖော်ပြလေ့ရှိသော People’s Daily သတင်းစာ၏ လက်အောက်တွင် Global Times သတင်းစာကို ထုတ်ဝေခြင်းဖြစ်သည်။
တောင်တရုတ်ပင်လယ်အရေးတွင် ဗီယက်နမ်နှင့် ဖိလစ်ပိုင်ကဲ့သို့သော နိုင်ငံများသည် တရုတ်၏သံတမန်ရေးရာ ပျော့ပျောင်းစွာချဉ်းကပ်မှုအပေါ် အခွင့်အရေးယူနေသည်ဟု Tabloid သတင်းစာအရွယ်အစားနှင့် အင်္ဂလိပ်၊ တရုတ်နှစ်ဘာသာဖြင့် ထုတ်ဝေခဲ့သော Global Times သတင်းစာ အယ်ဒီတာ့အာဘော်တွင် ရေးသားခဲ့သည်။ လတ်တလောတွင် တရုတ်နိုင်ငံသည် အခြားနိုင်ငံများနှင့် စေ့စပ်ဆွေးနွေးသည့်လမ်းကြောင်းအတိုင်း ဆောင်ရွက်နေကြောင်း၊ အကယ်၍ အခြေအနေဆိုးရွားလာပါက စစ်ရေးဖြင့်အရေးယူရန် လိုလာမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
တရုတ်နှင့် ထိပ်တိုက်ရင်ဆိုင်နေသော နိုင်ငံများသာ လမ်းကြောင်းပြောင်းလဲရန် ဆန္ဒမရှိပါက အမြောက်သံများကို စိတ်ပိုင်းဆိုင်ရာအရ နားစွင့်ထားရန် လိုအပ်ကြောင်း Global Times သတင်းစာ အယ်ဒီတာ့အာဘော်တွင် ရေးသားခဲ့သည်။ ယင်းသတင်းစာ၏ဖော်ပြမှုနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာတွင် တရုတ်အစိုးရသည် တောင်တရုတ်ပင်လယ်အရေးကို ငြိမ်းချမ်းစွာဖြေရှင်းရေးမူဝါဒအား စွဲကိုင်ထားသည် ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ ပြောခွင့်ရပုဂ္ဂိုလ် ကျန်းယုက ဖြေကြားခဲ့သည်။
Was this answer helpful?
LikeDislikeကျွန်တော်တို့ နိုင်ငံအတွက်ကလည်း တရုပ်က အိမ်နီးခြင်းနိုင်ငံပါပဲ
ကျုပ်တို့က ဆွေမျိုးပေါက်ဖေါ်ကောင်းထင်ပြီး
အစစ အရာရာနီးပါးသူတို့အပေါ်မှီခိုနေထိုင်နေကြပြီး
သူတို့က ကျုပ်တို့အပေါ်မှာ အိမ်နီးခြင်းကောင်းပီသ ခဲ့ကြသလား
ဘာပဲပြောပြော ကျုပ်တော့
ဗီယက်နမ်ကိုတောင် သဘောတော့ကျမိသားဗျ။
တိန်…
Was this answer helpful?
LikeDislikeကျုပ်တို့နိုင်ငံကိုတော့ထင်တိုင်းကြဲနေပေမဲ့
သူ့နယ်မြေရယ်လို့အတိအကျမသိသေးတဲ့
နယ်မြေလေးကိုထိမိတာနဲ့ဖြစ်ချင်တိုင်းဖြစ်နေတာကို
သိစေချင်လို့ပါ…
F R သတင်းကပိုအားဖြည့်ပေးလိုက်တာပါဘဲ…ကျေးဇူးပါ
ဗီယက်နမ်နိုင်ငံခေါင်းဆောင်တွေရဲ့စိတ်ဓါတ်ကိုသဘောကျမိပါတယ်
ကျုပ်တို့ခေါင်းဆောင်တွေအတုယူသင့်ပါတယ်….
Was this answer helpful?
LikeDislikeအဲဒါပြောတာပေါ့ ကိုယ်ပိုင် ရေပိုင်နက်က ဘာမှ မထွက်တော့ ဟိုလု ဒီလုနဲ့ အငြင်းပွားနေကြတာ..
ဒို့မြန်မာဆို အေးဆေးပဲ… ထွက်လိုက်တဲ့ သဘာဝဓါတ်ငွေ့.. စသည်ဖြင့်ပေါ့လေ.. အေးဆေးပါပဲ…
Was this answer helpful?
LikeDislikeBa Gyi ရဲ့ comment ကို ဆွေးနွေးချင်တာပါ၊
အင်အားကြီးပေမဲ့ အမေရိကန်က သူ တင်တဲ့အစိုးရ တောင် ပြည်သူက မကြိုက်ရင်ပြည်သူဘက်က နေပေး
တယ် ဆိုတာနဲ့တင် ဘယ်လောက် မှန်ကန်မျှတ တာသိသာ နေပြီ။
ကိုလိုနီ နယ်ချဲ့ ဆိုတာ ရှေးတုံးကလို အဝေးကြီးက လာချဲ့တာကို နိုင်ငံတွေက လက်မခံတော့ဘူး၊
အကြောင်းခိုင်ခိုင်လုံလုံရှိဘို့လိုတယ်၊ခက်ခဲ ပါတယ်။
ဒါပေမဲ့ခြံစည်းရိုးကပ်နေတဲ့အင်အားကြီးကျတော့လွယ်တယ်၊
ဥပမာ-တရုတ်ကဗီယက်နမ်ကို နယ်ချဲ့ချင်ရင် အကြောင်းရှာ၊အကြောင်းပြ၊အကြောင်း ဖန်တီး ဘို့လွယ်တယ်။
အဲဒီလို မဖြစ်အောင် သူ့ကို ဆရာ တင် ပေါင်းပြန် တော့လဲမြန်မာနိုင်ငံ ကို လုပ်သလို ပါးပါးလေးနဲ့ နယ်ချဲ့ဦးမှာပဲ၊
အဲဒီတော့ ဘယ်သူ့ကိုမှီတက် မလဲ၊
ဘယ်သူ့ကိုမှမမှီဘူးကွှာဆိုရင်လဲ ဘယ်မလဲ၊နည်းပညာ၊ဘယ်မလဲ၊အရင်းအနှီး??
မကောင်းတာချင်တူရင် တောင် ဘယ်အင်အားကြီးကို ကပ်မလဲ၊ အနီးလား-အဝေးလား
တရုတ်တောင် စီးပွားရေးအင်အားတောင့်တင်းတဲ့နိုင်ငံဖြစ်အောင် ဘယ်ကရင်းနှီးမြုပ်နှံမှူတွေရအောင်လုပ်ခဲ့ရလဲ??
Was this answer helpful?
LikeDislikeရှေ့လျှောက်
မြန်မာက တရုတ်ကိုဆက်ဆံရာမှာဖြစ်ဖြစ်
တရုတ်အကျိုးစီးပွားတွေနဲ့ ပတ်သက်ရတာပဲဖြစ်ဖြစ်
အလွန်သတိထားပြီး ကိုင်တွယ်ရတော့မှာလို့ ယူဆပါတယ်။
တရုတ်က မြန်မာနိုင်ငံကို တိုက်ရိုက်အသုံးချဘို့အပြင်
သူများက လာအသုံးမချအောင်လဲ သတိထားနေမှာပါ။
သူတို့ ကိုင်တွယ်ရခက်လာရင် နယ်စပ်အသီးသီးက တိုင်းရင်းသားအုပ်စုတွေကို ထောက်ပံ့မြှောက်ပေးပြီး
မြန်မာနိုင်ငံကို အစိတ်စိတ်ခွဲပစ်စရာ ရှိပါတယ်။
ဒါအရမ်းလွယ်ပါတယ်။
ဘင်လာဒင်ကိစ္စအပြီးမှာ အမေရိကန်နဲ့ အနောက်အုပ်စုက ပါကစ္စတန်ကို စိတ်ကောက်ပြဘို့ ကြံတုန်းရှိသေး-
တရုတ်က ဘီလီယံငါးဆယ် အသာလေးပစ်ပေးလိုက်တာ သတိပြုသင့်တယ်။
မြန်မာနိုင်ငံကိုဖျက်ချင်ရင် အဲဒါရဲ့ ဆယ်ပုံတစ်ပုံတောင် မကုန်လောက်ဘူး။
Was this answer helpful?
LikeDislikeဟုတ်ပါတယ် ။
နယ်စပ်အသီးသီးက တိုင်းရင်းသားအုပ်စုတွေကို ထောက်ပံ့မြှောက်ပေးပြီး
မြန်မာနိုင်ငံကို အစိတ်စိတ် ခွဲပစ်လိုက်မှာပါ ။
မြန်မာ့ တပ်မတော် အကြောက်ဆုံး သူပုန်အုပ်စုထဲမှာ ဝ လည်းပါပါတယ် ။
ဝ တွေ ခွန်ဆာရဲ့ ဌာနချုပ်ကို ဝင်သိမ်းပြစ်တုန်းက
ဝ တွေရဲ့ ရဲစွမ်းသတ္တိကို စစ်တပ်ကလူတွေ လက်ဖျားခါခဲ့ရတာပါ ။
အဘသိသလောက် Gunnery မှာ ဝ တွေက စစ်တပ်ထက် ပိုကောင်းပါတယ် ။
မျက်ကန်းမျိုးချစ်စိတ်နှင့် ပါးစပ်ကနေ တိုင်းပြည်ချစ်ပြရတာ လွယ်ပါတယ် ။
တကယ်သွားတိုက်ကြည့်ပါလား ။
ကိုယ့်ဆီကလူတွေ လေးငါးဆ ပိုမသေရင်
အဘကို ကြိုက်သလို လာပြောလှည့် ။
Was this answer helpful?
LikeDislikeMaung ‘Ko Ko’ Aung, are you from the CIA?
Was this answer helpful?
LikeDislikeလူတယောက် တောင်ထိပ်ရောက်အောင် တက်ချင်ရင် ကိုယ့်အားကိုယ်ကိုးပြီး နည်းလမ်းရှာပြီး ကုပ်ကပ်တက်ရတယ်တဲ့..
သူများအားကိုးပြီး တောင်ထိပ်မှာ တွဲလွဲခိုထားရင် အပေါ်က ဆွဲထားရတဲ့လူကလည်း အချိန်ကြာလာတော့
အားကုန်ပြီး လက်မနိုင်ပဲ လွှတ်ချတတ်သလို..
သူများလက်ကို ဟီးလေးခိုပြီး ဆွဲထားရတဲ့ အောက်ကလူကလည်း လက်အံသေပြီး လက်မခိုင်တော့ပဲ သူ့အလိုလို ပြုတ်ကျတတ်ပါတယ်တဲ့…
အဲ့ဒီတော့ ကိုယ့်အားကိုယ်ကိုးပြီးတက် တခါတရံမှာတော့ သိပ်မောလာရင် ရေလေးလောက်တောင်းသောက်
အမောဖြေ အားမွေး ပြီး ကိုယ်လမ်းကိုယ်ဖောက်နိုင်ရင်တော့ အကောင်းဆုံးပါပဲ…….
Was this answer helpful?
LikeDislikeအဘ
“တရုတ်ကြီးနားရွက်ကို တံတွေးဆွတ်ရဲရဲ့လား”
ဆိုပြီး Post ထပ်တင်ထားပါတယ်ကွယ် ။
အားပေးကြပါအုန်း ။
Was this answer helpful?
LikeDislikeDuring the long Vietnam war, America dropped more bomb tonnage on North and South Vietnam, than all the bombs dropped in World War II. Now, the ingrate Vietnamese are running to America (calling them ‘ah pe, ah pe’) to confront China who gave them arms, aid, and martyrs during their takeover of South Vietnam. Talk about ungrateful Viets! Will Burma emulate the Vietnames? Remember, Chinese KMT troops fought the Japanese and over 70,000 Chinese troops DIED in Burma!
There is a war cemetery, nine miles or so north of Yangon, “Tauk Kyant” for British, Indian and some Burmese soldiers but NONE for brave Chinese soldiers! Go figure!
Was this answer helpful?
LikeDislikeတရုတ်နဲ့ ဗီယက်နမ်ရန်ဖြစ်တာ ကမ္ဘောဒီးယားနိုင်ငံ အရေးကြောင့်ပါ။ တရုတ်၊ ဗီယက်နမ်နိုင်ငံတို့ရဲ့ ထောက်ခံမှုနဲ့ ပိုပေါ့ဦးဆောင်တဲ့ ခမာနီကူမြူနစ်တွေ ကမ္ဘောဒီးယား ဘုရင်သီဟာနုအစိုးရကို ဖြုတ်ချလိုက်တယ်။ နောက်တော့ သိတဲ့အတိုင်း လူတွေသန်းနဲ့ချီပြီး သတ်ပစ်တယ်။ လက်လွတ်စပယ်ဖြစ်လာပြီး ဗီယက်နမ်က သူ့အကျိုးစီးပွား ထိခိုက်လာလို့ ဝင်တားတယ်။ မရဘူး။ ဒါနဲ့ ဗီယက်နမ်တွေ ဝင်လာပြီး သူ့လူ ဟွန်ဆန်အစိုးရ ဖွဲ့ပေးတယ်။ နိုင်ငံအတွင်းမှာ ဗီယက်နမ်စစ်တပ် အခြေစိုက်တယ် (ဗိယက်နမ်တပ်များ နောက်ပိုင်းအတော်ကြာမှာ ရုပ်သိမ်းသွားပေမဲ့ အခုအချိန်ထိ ဟွန်ဆန်သည် ဝန်ကြီးချုပ်ဖြစ်နေဆဲ။ ဒီမိုကရေစီ ဆိုပေမဲ့ ဦးသိန်းစိန်ပုံစံပါ။ အတိုက်အခံများ နေရာမရပါဘူး)။ ပိုပေါ့တို့အဖွဲ့ သူပုန်ဘဝရောက်သွားတယ်။ တရုတ်ကြီးက လုံးဝမကျေနပ်ဘူး။ သူ့ကို အာခံတဲ့ ဗီယက်ကောင်းတွေကို ပညာပေးရမယ်ဆို အကန့်အသတ်နဲ့ စစ်ပွဲဆင်နွှဲတယ်။ ဗီယက်နမ်များက အမေရိကန် ဂြိုလ်တုဓာတ်ပုံ အကူအညီများနဲ့ တရုပ်စစ်တပ် အနေအထား စစ်ခင်းပုံကို သိပြီး ခံစစ်လုံအောင်ပြင်တယ်။ တရုတ်တိုစစ်မြူတဲ့နောက် မလိုက်ဘဲ မြို့တော်ခံစစ်စည်းကို လုံအောင်ပြင်တယ်။ နယ်စပ်မှာ တိုက်ပွဲများ အကြီးအကျယ်ဖြစ်တယ်။ လူတွေသိန်းချီသေတယ်လို့ အတည်မပြုနိုင်တဲ့ သတင်းများမှာဆိုတယ်။ နှစ်ဖက်စလုံးက အမြဲတမ်းစစ်တပ်များမသုံးဘဲ ပြည်သူ့စစ်များ၊ အရန်တပ်များသုံးတိုက်ကြတယ် ပြောတယ်။ နောက်ဆုံးတော့ တရုတ်တွေ အားသာပေမဲ့ ရည်မှန်းချက် ဖြစ်တဲ့ မြို့တော်ခံစစ်ကြောင်းကို ဖောက်ခွင့်မရခဲ့ဘူး။ (ဗီယက်နမ်တို့က ထွက်မတိုက်လို့)။ ဒါနဲ့ပဲ စစ်ပြီးသွားတယ်။ အရှုံးအနိုင် မသဲကွဲဘူး။ တရုတ်က ဗီယက်နမ်နယ်ထဲ ဝင်တိုက်ပြီး နယ်မြေသိမ်းနိုင်လို့ အရေးသာတယ်ဆိုပေမဲ့ မြို့တော်သိမ်းပြီး သင်ခန်းစာပေးမယ်ဆိုတဲ့ ရည်မှန်းချက် မပေါက်ဘူး။ ပိုသိသာတာ စစ်ပွဲဖြစ်ပေမဲ့ ကမ္ဘောဒီးယားကနေ ဗီယက်နမ်တပ်တွေ ဆုတ်မသွားဘူး။ ဗီယက်နမ်နဲ့ တရုတ်က အတိတ်သမိုင်းမှာကထဲက မတည့်ပါ။ ဗီယက်နမ်ကို တရုတ်က ရှေးရာစုနှစ်များမှာ ကိုလိုနီကျွန်ပြုခဲ့လို့ ရန်ငြိုးရှိတယ်။ ပိုဆိုးတာ ဗီယက်နမ် – အမေရိကန်စစ်ပွဲကာလအတွင်း ရုရှားက တရုပ်နယ်စပ်ဖြတ်ပို့ပေးတဲ့ စစ်လက်နက်များကို တရုတ်တို့က မောင်ပိုင်စီးတယ်၊ ဖြတ်သုံးတယ်၊ ဒီဇိုင်းနည်းပညာတွေကို ခိုးယူဖို့ အချိန်ဆွဲလို့ ဗီယက်နမ်တို့ မကျေနပ်ဘူး။ မဟာမိတ် မပီသလို့ မြင်တယ်။ တရုတ်လက်ကလွတ်တတာနဲ့ ဗီယက်နမ်လည်း သူ့ကြိုက်တာသူလုပ်တယ်။
နောက်တချက် စိတ်ဝင်စားဖို့ကောင်းတာက တရုတ်ခေါင်းဆောင် (မော်စီတုံးလား၊ တိန်လျောက်ဖိန်လာ မသိဘူး) အမေရိကန်ကိုလာတော့ စီအိုင်အေအဖွဲ့က ဗီယက်နမ် – တရုတ် စစ်ပွဲအတွင်း ရိုက်ထားတဲ့ တရုတ်တပ်အပြောင်းအရွှေ့ ဂြိုလ်တုဓာတ်ပုံတွေကို ထုတ်ပြပြီး မှန်မမှန် အတည်ပြုချက်တောင်းတယ်။ အချက်အလက်တွေအားလုံး တခုမှ မလွဲဘူး၊ ပြည်သူ့စစ် တပ်မဟာနာမည်တွေ၊ ဒေသတွေကအစ အကုန်မှန်နေလို့ တရုတ်တွေဖျားသွားတယ်။ တရုတ်ခေါင်းဆောင် သူ့တိုင်းပြည်ပြန်လည်းရောက်ရော အရင်က ထိပ်တန်းလျှို့ဝှက်အဖြစ်သိမ်းထားတဲ့ စစ်ရေးသတင်းတွေကို ဖွင့်ချပေးလိုက်ရတယ်။ ရန်သူသိသွားမှတော့ ကိုယ်ပြည်သူပြည်သားတွေကို ဖုံးထားစရာ မလိုတော့ဘူးလေ။ အမေရိကန်က လိမ်မာပါးနပ်စွာနဲ့ တရုတ်ကြီးကို သတိပေးလိုက်တာ။ ငါတို့ နင်နဲ့ မိတ်ဆွေလုပ်ချင်တာ ကြောက်လို့မဟုတ်ဘူး၊ ကုန်သွယ်စီးပွားရှာချင်တာလို့။။။။။
ဝီခီပီးဒီးယားမှာ ဖတ်ဖူးတာနဲ့ အခြားသိထားတဲ့ အချက်အလက်များကို ဝေငှလိုက်တာပါ။
တရုတ်ထီးကို
အဟုတ်တီး
တရုတ်မကို
အဟုတ်…အဲနေအုံး
အင်းရပြီ..
အဟုတ်မချင်တဲ့
ကျွန်ုပ်ကြောင်ကြီး..
Was this answer helpful?
LikeDislike